Why Galaxy

ထူးခြားဆန်းပြားတာတွေနဲ့ နေသားတကျနေထိုင်လိုက်ပါ

ကမ်းခြေက လူငယ် အမျိုးသားတစ်ဦးက နောက်ခံမှာ ဝင်လုဆဲဆဲ နေလုံးကို ကျော်၍ ခုန်၍ ဟန်ပြင်နေပါတယ်။

သင်နှစ်သက်တာနဲ့ သင်လိုချင်တာကြား ရွေးချယ်ရခက်နေတာကို ရပ်တန့်ဖို့ အချိန်ပါ။
ကျွန်ပ်တို့ရဲ့ Device တွေကို တစ်ကြိမ်လောက် အသုံးပြုပြီးတာနဲ့ အဲဒီ Device တွေမရှိဘဲ ဘယ်လိုနေထိုင်ရမလဲ ဆိုတာတောင် တွေးမိမယ်မထင်ပါဘူး။

အခြေခံဆိုပေမယ့် အကုန်အသုံးဝင်ပါတယ်

Galaxy ကို ရွေးချယ်တာက အခြေခံကစပြီး အစကတည်းက ပိုကောင်းအောင် ဖန်တီးထားတဲ့ Device ကို ရွေးချယ်မှုပါ။

Galaxy device တွေကို တစ်နေကုန်ခံတဲ့ ဘက်ထရီနဲ့ မြန်ဆန်မှု1) အပြင် သင်လုပ်သမျှ အရာတိုင်းကို အားဖြည့်ပေးမယ့် စွမ်းဆောင်ရည်မြင့် စီစဉ်လုပ်ဆောင်မှုတို့ရရှိဖို့အတွက် ဖန်တီးကာကြိုးစားလျက်ရှိပါတယ်။

အထက်တန်းစား ဒီဇိုင်းအတွက် တာရှည်ခံ၊ အရည်အသွေးမြင့် ပစ္စည်းတွေနဲ့ ဖန်တီးထားဖို့ ကြိုးစားလုပ်ဆောင်ပြီး တင်းကျပ်တဲ့ စစ်ဆေးမှု၊ ပြုတ်ကျမှု၊ အပူချိန်၊ ရေနဲ့ တခြားအရာတွေကို လက်တွေ့ စမ်းသပ်ထားတာကြောင့် ပူသော၊ အေးသော ရာသီဥတုဒဏ်ခံနိုင်ရုံသာမကဘဲ ဖုန်နဲ့ ရေဒဏ်တွေပါ ခံနိုင်ပါတယ်။2) ဒါ့အပြင် ကျွန်တော်တို့ရဲ့ အလွှာများစွာဖြင့် ပေါင်းစည်းထားတဲ့ ဟာ့ဒ်ဝဲနဲ့ ဆော့ဖ်ဝဲဆိုင်ရာ လုံခြုံရေးပလတ်ဖောင်းဖြစ်တဲ့ Samsung Knox နဲ့ အားလုံးကို ကာကွယ်ပေးထားပါတယ်။

ဘယ်ဘက်မှာ အနီရောင်မီးရောင်နဲ့ ညာဘက်မှာ အစိမ်းရောင်မီးရောင်နဲ့အတူ အလင်းရောင်တောက်ပတဲ့ စင်မြင်မှာ မတ်တပ်ရပ်နေတဲ့ အမျိုးသား အဆိုတော်။ ပုံမှာ အနည်းငယ် မှုန်ဝါးနေပြီး လှုပ်ရှားမှုကို ပြသနေပါတယ်။

ခေတ်ရှေ့ပြေးနေတဲ့ နည်းပညာ

ဖုန်းတွေက ဒီထက်ပိုဆန်းသစ်မှုမရနိုင်တော့ဘူးလို့ သင်တွေးနေချိန်မှာပဲ ကျွန်ပ်တို့က နည်းလမ်းသစ်တွေနဲ့ ဆန်းသစ်တီထွင်နေမြဲပါ။

လုံးဝပြောင်းလဲတဲ့ 5G နည်းပညာ3) က သင့်ဂိမ်းတွေ၊ upload တွေ၊ download တွေနဲ့ လှမ်းယူကြည့်တာတွေကို အင်မတန် မြန်စေမှာပါ။ ကျွန်ပ်တို့ရဲ့ ပရိုအဆင့် ကင်မရာတွေက အပျော်တမ်းမှ ကျွမ်းကျင်သူအထိ လူတိုင်းလက်ထဲကို အံ့မခမ်း ဓာတ်ပုံနဲ့ ဗီဒီယိုဖိုင်တွေ ယူဆောင်လာမှာပါ။ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်သင်္ကေတ S Pen နဲ့ သင့်ဖန်တီးမှုတွေကို ဖော်ထုတ်လိုက်ပါ4) —အဲဒါက တခြားဖောင်တိန်တွေထက် ထူးခြားပါတယ်။

ဒီဇိုင်း ဆန်းသစ်မှုနဲ့ ပတ်သက်လာပြီဆိုရင် ကမ္ဘာမှ
တဆင့် Galaxy ကိုမြင်နေရသလိုပါဘဲ ကျွန်ပ်တို့ဘက်က တီထွင်ဖန်တီးရင်း ဖြည့်ဆည်းပေးနေပါတယ်။ Galaxy က ခေါက်ချိုးလို့ရတဲ့ ပုံစံမျိုးနဲ့ မိတ်ဆက်ပေးခဲ့တာကြောင့် မြှင့်တင်ထားတဲ့ သယ်ယူနိုင်မှုနဲ့ လွယ်ကူအဆင်ပြေမှုအတွက် ပြသမှုကို ဖန်တီးပြီး ဒီဇိုင်းဖော်ထားပါတယ်။

ရေရဲ့ နက်ပြာရောင် ကိုယ်ထည်ပေါ်မှာ အပြာရောင်တိမ်ထူကောင်းကင်ကို ရောင်ပြန်ဟပ်နေတဲ့ မှန်ဝိုင်းကို ကိုင်ထားပါတယ်။

အားလုံးအတွက် ဖန်တီးထားပြီး သင့်အတွက် အဓိပ္ပါယ်ရှိစေမှာပါ။

သုံးရလွယ်ကူတဲ့ One UI နဲ့ဆို Galaxy က ကောက်ကိုင်လိုက်တိုင်း အဆင်သင့်ဖြစ်နေမှာ ဖြစ်ပြီး သင့်စိတ်ကြိုက် ပုံစံနဲ့ အံ့ဝင်အောင် အလွယ်တကူ လုပ်နိုင်ပါတယ်။

ဗူးထဲက ထုတ်လိုက်တာနဲ့ သင့် Galaxy က Galaxy Buds၊ Galaxy Watch နဲ့ တခြား Galaxy device တွေနဲ့ အခက်အခဲမရှိ ချိတ်ဆက်မှုအတွက် အသင့်ဖြစ်နေမှာပါ။ သင့်အလုပ်နဲ့ ဆော့ကစားတာကိုသာမကဘဲ သင့်အတွက် အရေးကြီးတဲ့ အရာတိုင်းကို အကဲဖြတ်ဖို့ အချိန်ပါ။

သင်ကြိုက်တဲ့အရာကို ဖြည့်ဆည်းပေးထားကြောင့် App တွေ၊ ဂီတနဲ့ ဖျော်ဖြေမှု အပါအဝင် သင့် Galaxy အတွက် အသင့်တော်ဆုံး ချိန်ညှိထားတဲ့ အထူးသီးသန့် ကမ်းလှမ်းချက်တွေနဲ့အတူ Galaxy သုံးစွဲသူတွေကို ပါတနာ အကြောင်းအရာနဲ့ ဝန်ဆောင်မှုကို အသုံးပြုနိုင်စေပါတယ်။5)

ပြီးတော့ သင့်ကို စေ့ဆော်ပေးနိုင်ဖို့ သင့်အကြိုက်ဆုံး အနုပညာရှင်တွေ၊ ဒီဇိုင်နာတွေအပြင် အစဉ်အလာ ဖန်တီးမှုနဲ့ ကျွန်ပ်တို့ဆက်လက်၍ ပူးပေါင်းလုပ်ကိုင်ပါတယ်။

အလွန်ကျယ်ပြောလှသော ညအချိန်ကောင်းကင်နဲ့ယှဉ်ပြီး ချုံ့၍ အရှေ့မှာ မြင်နေရသည့် သစ်ပစ်များစွာ။

သင့်ဝန်ဆောင်အတွက် ပြောင်းလဲခြင်း

ပြောင်းလဲမှုက ခက်ခဲနိုင်သော်လည်း ပြောင်းလဲခြင်း သို့မဟုတ် အဆင့်မြှင့်ခြင်းက Smart Switch နဲ့ဆို လွယ်ကူပါတယ်၊ သင့်စက်အဟောင်းမှ သင့်ဒေတာကို လုံခြုံစွာ လွှဲပြောင်းပေးတဲ့ Galaxy app မှာ ပြောရရင် 1-2-3 လို ရိုးစင်းလွယ်ကူပါတယ်။

နောက်ဆုံးပေါ် OS ထုတ်ပေးမှုတွေနဲ့ အပ်ဒိတ်တို့ဖြင့် အချိန်နှင့်တစ်ပြေးညီ ရှိနေခြင်းဖြင့် သင့်စက်ကို ဆက်လက်၍ ဂရုစိုက်သွားမှာပါ၊6) ဒါပေမယ့် သင့်ဖုန်းအကြောင်း အရာအားလုံးသိတဲ့ ထိပ်တန်းအဆင့် အထောက်အပန့်လည်း ရှိနေမှာပါ။

Samsung Members အက်ပ် အိုင်ကွန်သည် အပေါ်ဘယ်ဘက်မှာ ပေါ်နေပြီး Smart Switch အက်ပ် အိုင်ကွန်မှာ အောက်ပိုင်းညာဘက်မှာ ပေါ်နေပါတယ်။ နှစ်ခုလုံးကို နူးညံ့သော အရောင်ဖျော့ နောက်ခံနှင့်ယှဉ်၍ သတ်မှတ်ထားသည်။

ဘယ် Galaxy က သင့်အတွက် သင့်တော်ပါသလဲ။

ဆန်းသစ်ပြီး ခေါက်ချိုးလို့ရတဲ့ စမတ်ဖုန်းတွေမှ တစ်ခုတည်းသော S Pen ၊ ပရိုအဆင့် ကင်မရာ နည်းပညာအထိ၊ Galaxy မှာ ပြောင်းလဲသူနဲ့ အဆင့်မြှင့်သူတိုင်းအတွက် တစ်စုံတစ်ခု ရှိပါတယ်။

အသစ်ထွက် Galaxy Device တွေကို သုံးကြည့်ပါ။

#withGalaxy နဲ့ ကမ္ဘာကြီးကို ခြားနားစွာ ကြည့်လိုက်ပါ

Galaxy ပရိုအဆင့် ကင်မရာနဲ့ဆို ပရိုတစ်ယောက်လို ရိုက်ဖို့ ပရိုဖြစ်နေစရာ မလိုတော့ပါဘူး။ ဤစာမျက်နှာမှာ မြင်ရတဲ့ ဓာတ်ပုံအားလုံးကို @mycameradoesntlie @fransiscusyana @maphornjama_2 @mblockk4 #withGalaxy နဲ့ ရိုက်ကူးထားပါတယ်။

Galaxy စက်အားလုံးမှာ အသေးစိတ်နဲ့ လုပ်ဆောင်ချက်အားလုံးတော့ မပါဝင်နိုင်ပါ။ ထုတ်ကုန် အသေးစိတ်အတွက် အသေးစိတ် ဖော်ပြချက်နဲ့ လုပ်ဆောင်ချက် အချက်အလက်ကို Galaxy ထုတ်ကုန်၏ အချက်အလက် စာမျက်နှာတစ်ခုစီမှာ မြင်တွေ့နိုင်ပါတယ်။

1) Galaxy Z Fold2၊ Galaxy Z Flip (LTE သီးသန့်)၊ Galaxy S20 စီးရီးနဲ့ Galaxy Note20 စီးရီးတွေက တစ်နေကုန်ခံသော ဘက်ထရီကို ပံ့ပိုးပါတယ်။ အမှန်တကယ် ဘက်ထရီ သက်တမ်းသည် ကွန်ရက် ပတ်ဝန်းကျင်၊ အသုံးပြုသော အင်္ဂါရပ်များ နှင့် အက်ပ်များ၊ ခေါ်ဆိုမှု နှင့် မက်ဆေ့ချ်ပေးပို့သုံးစွဲမှု အကြိမ်ရေ၊ အားသွင်းသည့် အကြိမ်ရေ နှင့် အခြားအချက်များပေါ်မူတည်ပြီး ကွဲပြားခြားနားပါသည်။
2) တာရှည်ခံနိုင်မှု စစ်ဆေးရေး အချက်တွေနဲ့ စည်းကမ်းချက်တွေက စက်နဲ့ မော်ဒယ်အလိုက် ကွဲပြားနိုင်ပါတယ်။ စစ်ဆေးမှုတွေမှာ စက်အပူပမာဏတွေ၊ ပြတ်ကျမှု၊ တာရှည်ခံမှု၊ ရေဒဏ်ခံနိုင်မှု၊ စိုထိုင်းမှုပမာဏနဲ့ အပူချိန်အပြင် တခြားအရာကဲ့သို့ ပတ်ဝန်းကျင်ဆိုင်ရာ အချက်တွေ ပါဝင်ပါတယ်။
3) အသင့်တော်ဆုံး 5G ချိတ်ဆက်မှု လိုအပ်သည်။ 5G ဝန်ဆောင်မှုကို 5G အထောက်အပံ့ရှိပြီး 5G ကွန်ရက်ရနိုင်သည့် နေရာများတွင်သာ အသုံးပြုနိုင်သည်။ အမှန်တကယ် အမြန်နှုန်းမှာ နိုင်ငံ၊ ဆက်သွယ်ရေးကုမ္ပဏီနှင့် သုံးစွဲသူ ပတ်ဝန်းကျင်ပေါ် မူတည်၍ ကွဲပြားနိုင်သည်။
4) Galaxy Note စီးရီးတွေနဲ့ Galaxy Tab စက်တစ်အချို့မှာ S Pen ပါဝင်ပါတယ်။
5) Galaxy က Microsoft၊ Netflix၊ Spotify၊ Google အပြင် တခြား ပါတနာတွေနဲ့ လက်တွဲထားပါတယ်။ ပါတနာတွေရဲ့ အကြောင်းအရာနဲ့ ဝန်ဆောင်မှု ရနိုင်မှုက Galaxy စက်နဲ့ နိုင်ငံ ဒါမှမဟုတ် ဒေသအလိုက် ကွဲပြားနိုင်တာကြောင့် အခပေး စာရင်းသွင်းမှုတွေ လိုအပ်နိုင်ပါတယ်။ အသေးစိတ် အချက်အလက်တွေကို Galaxy ထုတ်ကုန်ရဲ့ အချက်အလက် စာမျက်နှာမှာ မြင်တွေ့နိုင်ပါတယ်။ ပါတနာဖြစ်သူကိုယ်တိုင်၊ ဝန်ဆောင်မှုများ၊ ကမ်းလှမ်းချက်များ၊ အကြောင်းအရာနဲ့ ရနိုင်မှုတို့အပြင် ပါတနာဖြစ်သူဆိုင်ရာ အချက်အလက်မှာ အသိပေးချက် သို့မဟုတ် တာဝန်မရှိဘဲ ပြောင်းလဲနိုင်ပါတယ်။
6) Galaxy စက်အချို့မှာ Android OS အဆင့်မြှင့်မှု မျိုးဆက်သုံးခုအထိ သတ်မှတ်ချက်မီပါတယ်။ Android OS အဆင့်မြှင့်မှုတွေနဲ့ အင်္ဂါရပ်တွေရဲ့ ရနိုင်မှုမှာ စက်နဲ့ နိုင်ငံအလိုက် ကွဲပြားနိုင်ပါတယ်။ အဆင့်မြှင့် အချိန်ဇယားမှာ အပ်ဒိတ်ရဲ့ ရှုပ်ထွေးမှု၊ မော်ဒယ်အပြင် စျေးကွက် ထိုးဖောက်မှုနဲ့ တခြားအချက် အပြင် အခြားအကြောင်းရင်းများစွာအပေါ် မူတည်ပါမည်။

ဤတွင် ပေးအပ်ထားသော အသေးစိတ်သတ်မှတ်ချက်များ နှင့် ဖော်ပြချက်များအားလုံးသည် ထုတ်ကုန်အတွက် အမှန်တကယ် အသေးစိတ်သတ်မှတ်ချက်များ၊ ဖော်ပြချက်များနှင့် ကွဲလွှဲမှုရှိနိုင်ပါသည်။ Samsung အနေဖြင့် အသိပေးအကြောင်းကြားမှုမရှိဘဲ ဤစာရွက်စာတမ်းနှင့် ဤတွင်ဖော်ပြထားသည့် ထုတ်ကုန်အကြောင်းကို Samsung မှ ပြောင်းလဲပြင်ဆင်ခွင့်အား သီးသန့်ထားရှိပါသည်။ ဤစာရွက်စာတမ်းတွင် ပေးအပ်ထားသော လုပ်ဆောင်မှုများ၊ ဖီချာများ၊ အသေးစိတ်သတ်မှတ်ချက်များ၊ GUI နှင့် အခြားထုတ်ကုန်အချက်အလက်အပါအဝင် အကျိုးခံစားခွင့်များ၊ ဒီဇိုင်၊ ဈေးနှုန်း၊ အစိတ်အပိုင်းများ၊ စွမ်းဆောင်ရည်၊ ရရှိနိုင်စွမ်းနှင့် ထုတ်ကုန်၏ စွမ်းဆောင်မှုများကို အသိပေး၊ အကြောင်းကြားခြင်းမရှိဘဲ ပြောင်းလဲနိုင်ပါသည်။ ဖန်သားပြင်တွင်ပြသထားသော အကြောင်းအရာများမှာ သရုပ်သကန် ဖန်တီးမှုထားသော ပုံများသာဖြစ်ပြီး သရုပ်ပြပုံဖော်မှုအတွက် အသုံးပြုရန်သာ ဖြစ်ပါသည်။ © 2020 Samsung Electronics Co., Ltd. 'Samsung'၊ 'Samsung Galaxy' နှင့် တခြား Samsung Galaxy ထုတ်ကုန်စီးရီးအားလုံးမှာ Samsung Electronics ၏ ကုန်အမှတ်တံဆိပ်များ ဖြစ်ပါသည်။ တခြား ကုန်အမှတ်တံဆိပ်များနှင် လိုဂိုများကို ၎င်းတို့၏ သက်ဆိုင်ရာ ပိုင်ရှင်များ၏ ပိုင်ဆိုင်မှုပစ္စည်းတွင် ပြသထားသည်။