ကျွန်ုပ်၏ Samsung Soundbar ကို SmartThings အက်ပ်သို့ မည်သို့ စာရင်းထည့်သွင်းမည်နည်း။

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 17.03.2022

Samsung Soundbar သည် သင့်အား ကြည်လင်ပြတ်သားသော အသံဖြင့် ရုပ်ရှင်နှင့် ဂိမ်းများကဲ့သို့သော အကြောင်းအရာများကို ခံစားနိုင်စေပါသည်။ SmartThings အက်ပ်တွင် သင့် Sound Bar ကို စာရင်းထည့်သွင်းပါ။

သင့်အိပ်ခန်းမှ သို့မဟုတ် မီးဖိုချောင်မှ သင့်ဧည့်ခန်းရှိ Sound Bar ကို ထိန်းချုပ်နိုင်လျှင် အဆင်ပြေမည် မဟုတ်ပါလား။ သင့်စက်ပစ္စည်းကို SmartThings အက်ပ်တွင် စာရင်းသွင်းခြင်းဖြင့်၊ Sound Bar ကို အဖွင့်အပိတ်လုပ်ရန် သင့်ဖုန်းကို အသုံးပြုနိုင်ပြီး အသံအတိုးအကျယ်ကို ချိန်ညှိကာ အသံပုံစံကို ပြောင်းလဲနိုင်သည်။ အက်ပ်တစ်ခုတည်းတွင် စာရင်းသွင်းထားသော တီဗီများနှင့် Bluetooth နားကြပ်များကဲ့သို့သော အခြားစက်ပစ္စည်းများနှင့်လည်း လွယ်ကူလျင်မြန်စွာ ချိတ်ဆက်နိုင်မှာဖြစ်သည်။

connection soundbar to smartthings

ချိတ်ဆက်မှုအတွက် လိုအပ်ချက်များကိုဖြည့်ဆည်းရန် သေချာပါစေ

သင့်မိုဘိုင်းကိရိယာကို သင့် Soundbar နှင့် မချိတ်ဆက်မီ၊ အောက်ပါလိုအပ်ချက်များကို ဦးစွာဖြည့်ဆည်းထားကြောင်း သေချာဖို့လိုပါသည်။

သင့်မိုဘိုင်းစက်ပစ္စည်း၏ အလုပ်လုပ်ဆောင်မှုကို စစ်ဆေးပါ။

  • SmartThings အက်ပ်သည် Android 6.0 နှင့်အထက် ဖုန်းများအပြင် iOS 10.0 နှင့် အထက်ရှိသော ဖုန်းများနှင့် တွဲဖက်အသုံးပြုနိုင်ပါသည်။

သင့်မိုဘိုင်းကိရိယာကို ကွန်ရက်တစ်ခုတည်းသို့ ချိတ်ဆက်ပါ။

  • ပစ္စည်းတစ်ခုစီသည် တူညီသော Wi-Fi ကွန်ရက်သို့ ချိတ်ဆက်ရပါမည်။
  • သင့်စမတ်ဖုန်းပေါ်တွင်  Settings > Connection > Wi-Fi > Select a router ကို ရွေးချယ်ပါ။

SmartThings အက်ပ်ကို ထည့်သွင်းပါ။

  • အက်ပ်စတိုးမှ SmartThings အက်ပ်ကို ဒေါင်းလုဒ်လုပ်ပြီး ထည့်သွင်းပါ။

အက်ပ်ကိုရှာရန်၊ အဓိကစကားလုံး SmartThings ကိုသုံးပါ။

သင်၏ Samsung အကောင့်ကို စနစ်ထည့်သွင်းပါ။

  • SmartThings အက်ပ်ကို အသုံးမပြုမီ သင်သည် Samsung အကောင့်သို့ အကောင့်ဝင်ရပါမည်။
  • စမတ်ဖုန်းနှင့် Samsung Soundbar ကို ချိတ်ဆက်ရန် တူညီသော Samsung အကောင့်သို့ အကောင့်ဝင်ထားရန် လိုအပ်သည်။
  • သင့်တွင် Samsung စမတ်ဖုန်းရှိပါက၊ သင့်စမတ်ဖုန်း၏ ဆက်တင်အက်ပ်တွင် သင့် Samsung အကောင့်ကို သင်ထည့်နိုင်သည်။ ထို့နောက်၊ ၎င်းသည် သင်၏ Samsung အကောင့်သို့ အလိုအလျောက် လက်မှတ်ထိုးပေးမည်ဖြစ်သည်။

သင့်မိုဘိုင်းစက်ပစ္စည်းပေါ်ရှိ SmartThings အက်ပ်ကို စဖွင့်သောအခါ၊ ၎င်းသည် အနီးနားရှိ Samsung Soundbar ကို အလိုအလျောက်သိရှိနိုင်ပြီး စာရင်းသွင်းထားသောဝင်းဒိုးများကို ပြသမည်ဖြစ်သည်။

smartthings home smartthings home

အဆင့် ၁။ Samsung Soundbar ကိုဖွင့်ပြီး SmartThings အက်ပ်ကိုဖွင့်ပါ။

soundbar smartthings pop up soundbar smartthings pop up

အဆင့် ၂။ စာတန်းတက်လာသောအခါ Add now ကိုနှိပ်ပါ။

soundbar registration start soundbar registration start

အဆင့် ၃။ Start ကိုနှိပ်ပါ။

enter your location and room enter your location and room

အဆင့် ၄။ Samsung Soundbar အတွက် Location ထဲမှ Room ကိုရွေးချယ်ပေးပါ။ စာရင်းသွင်းခြင်းလုပ်ငန်းပြီးဆုံးသည်အထိစောင့်ဆိုင်းပေးပါ။

သင့်ဖုန်းတွင်ရှိသော SmartThings သည် Samsung Soundbar နှင့် အလိုအလျောက် မချိတ်ဆက်ပါက အက်ပ်သို့ Samsung Soundbar ကို ကိုယ်တိုင်ထည့်သွင်းလို့ရပါသည်။

tap the plus icon tap the plus icon

အဆင့် ၁။ SmartThings အက်ပ်ကိုဖွင့်ပြီး Add ခလုတ် (အပေါင်းပုံစံ) ကိုနှိပ်ပေးပါ။

tap device tap device

အဆင့် ၂။ Device ကိုနှိပ်ပါ။

select by device and av icon select by device and av icon

အဆင့် ၃။ By deviceကိုနှိပ်ပြီး AV ရွေးချယ်ပေးပါ။

select samsung icon select samsung icon

အဆင့် ၄။ Samsung ကိုရွေးချယ်ပါ။

agreement for registration agreement for registration

အဆင့် ၅။ Agree ကိုရွေးချယ်ပါ။

start to register start to register

အဆင့် ၆။Start ကိုနှိပ်ပါ။

enter your location and room enter your location and room

အဆင့် ၇။t Location နှင့် Room အတွက် ရွေးချယ်ပေးပါ။

searching for soundbar searching for soundbar

အဆင့်၈။ Samsung Account တွင် Samsung Soundbar ကိုစာရင်းသွင်းပြီးသည်အထိ စောင့်ဆိုင်းပါ။

မှတ်ချက်
  • သင်၏ Samsung Soundbar တွင် ပြဿနာရှိနေပါက၊ ဆော့ဖ်ဝဲလ် အပ်ဒိတ်များ ရှိမရှိကို အမြဲစစ်ဆေးသင့်ပါသည်။ နောက်ဆုံးအပ်ဒိတ်ကို ဒေါင်းလုဒ်လုပ်ခြင်းသည် သင့်ပြဿနာအတွက် ပြေလည်သွားနိုင်သည်။
  • စက်၏ ဖန်သားပြင်ဓာတ်ပုံများနှင့် မီနူးများသည် စက်ပစ္စည်းမော်ဒယ်နှင့် ဆော့ဖ်ဝဲလ်ဗားရှင်းပေါ်မူတည်၍ ကွဲပြားနိုင်သည်။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ