Galaxy စက်များအကြား ဒေတာလွှဲပြောင်းရန် Smart Switch အက်ပ်ကို အသုံးပြုနည်း

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 12.03.2024

မကြာခဏဆိုသလို ကံမကောင်းအကြောင်းမလှစွာဖြင့် ဖုန်းနှင့် တက်ဘလက်များတွင် သိမ်းဆည်းထားသော အချက်အလက်များ ဆုံးရှုံးသွားရတတ်ပါသည်။ သို့သော် အချက်အလက်များကို ကြိုတင်အရန်သိမ်းဆည်းထားပါက ၎င်းတို့ကို ပြန်လည်ရယူနိုင်ပါသည်။ Samsung Smart Switch အက်ပ်က သင့်ကို ကူညီပေးနိုင်ပါသည်။

USB ကြိုးဖြင့် ချိတ်ဆက်ထားသော Galaxy ဖုန်းနှစ်လုံး

မှတ်ချက်: အချက်အလက်များကို အပ်လုဒ်လုပ်ရန် သို့မဟုတ် ပြန်လည်ရယူရန် Smart Switch ကို သင် ပထမဆုံးအကြိမ် အသုံးပြုခြင်းဖြစ်ပါက အက်ပ်သည် သင့်ထံမှ ခွင့်ပြုချက်အချို့ လိုအပ်နိုင်သည်။ ခွင့်ပြုချက်လိုအပ်ချက်ကို အပြီးသတ်ရန် ဤညွှန်ကြားချက်များကို လိုက်နာပါ:

  • အဆင့် ၁. Samsung Smart Switch ဟု အညွှန်းတပ်ထားသော မျက်နှာပြင်တွင် အောက်သို့ဆက်ဆွဲပါ သို့မဟုတ် နောက်ထပ်ကိုနှိပ်ပါ။ ထို့နောက် ဆက်လက်လုပ်ဆောင်ရန် ကိုနှိပ်ပါ။
  • အဆင့် ၂. Samsung Smart Switch တွင် ဤခွင့်ပြုချက်များကိုအသုံးပြုသည် ဟု အညွှန်းတပ်ထားသော မျက်နှာပြင်တွင် အောက်သို့ ဆက်ဆွဲပါ သို့မဟုတ် နောက်ထပ်ကိုနှိပ်ပါ၊ ထို့နောက် ခွင့်ပြုသည် ကိုနှိပ်ပါ။

သင့်အချက်အလက်များကို အရန်ကူးခြင်းနှင့် ပြန်လည်ရယူခြင်းနည်းလမ်းတစ်ခုမှာ Smart Switch အက်ပ်နှင့် SD ကဒ်တို့မှတစ်ဆင့် ဖြစ်သည်။ အချို့ဖုန်းများတွင် SD ကဒ် အပေါက်များ မပါရှိသဖြင့် တွဲဖက်အသုံးပြုနိုင်သော USB ကြိုးနှင့် SD ကတ် ချိတ်ဆက်သည့်စက် လိုအပ်မည်ဖြစ်သည်။

မှတ်ချက်များ :

  • SD ကဒ်ကို ကူးယူသည့်အခါ Smart Switch SD ကဒ်ဖြင့် ယခင်က အရန်သိမ်းဆည်းထားသောအချက်အလက်များကို ဖျက်ပြီး နောက်ဆုံးရက်စွဲကိုသာ အရန်အချက်အလက်များအဖြစ် သိမ်းဆည်းထားပါ။
  • အချက်အလက်လွှဲပြောင်းမှုများ အချိန်အနည်းငယ်ကြာနိုင်သောကြောင့် သင့်ဖုန်းကို အားသွင်းထားကြောင်း သေချာပါစေ။
  • SD ကဒ်နှင့် SD ကဒ် ချိတ်ဆက်သည့်စက်သည် ဖုန်းတွင်မပါဝင်ဘဲ သီးခြားစီ ဝယ်ယူရမည်ဖြစ်သည်။

အဆင့် ၁. SD ကဒ် ကို SD က်ဒ် ချိတ်ဆက်သည့်စက်ထဲသို့ ထည့်ပါ။

အဆင့် ၂. သင့် Galaxy ဖုန်းထဲသို့ SD ကဒ် ချိတ်ဆက်သည့်စက်ဖြင့် ဆက်သွယ်ထားသော USB ကြိုးကို ထိုးပါ။

ပင်မမျက်နှာပြင်ရှိ Samsung အက်ပ်များ ပင်မမျက်နှာပြင်ရှိ Samsung အက်ပ်များ

အဆင့် ၃. သင့် Galaxy ဖုန်းတွင် Smart Switch app ကို ဖွင့်ပါ။

Smart switch အက်ပ် Smart switch အက်ပ်

အဆင့် ၄. SD ကဒ် သင်္ကေတ ကို နှိပ်ပါ။

အရန်သိမ်းခြင်း နှင့် ပြန်လည်ရယူခြင်း ကဏ္ဍ စာမျက်နှာ အရန်သိမ်းခြင်း နှင့် ပြန်လည်ရယူခြင်း ကဏ္ဍ စာမျက်နှာ

အဆင့် ၅. Back up to သို့သွားပါ သို့မဟုတ် Restore from မှ > USB storage ကို ရွေးချယ်ပါ။

အရန်သိမ်းမည့်စာမျက်နှာတွင် အချက်အလက်ကိုရွေးပါ အရန်သိမ်းမည့်စာမျက်နှာတွင် အချက်အလက်ကိုရွေးပါ

အဆင့် ၆. သင် အရန်သိမ်းလိုသောအချက်အလက်ကို ရွေးပါ > Next ကိုနှိပ်ပါ > OK

အရန်သိမ်းဆည်းမှုအတည်ပြုခြင်းစာမျက်နှာ အရန်သိမ်းဆည်းမှုအတည်ပြုခြင်းစာမျက်နှာ

အဆင့် ၇. အချက်အလက်များ အရန်သိမ်းဆည်းနေပါက လုပ်ဆောင်မှုပြီးဆုံးချိန်အထိစောင့်ပါ၊ ထို့နောက် Next ကို နှိပ်ပါ။ အချက်အလက်များ ပြန်လည်ရယူနေပါက Go to the Home screen ကိုနှိပ်ပါ သို့မဟုတ် အရန်သိမ်းဆည်းခြင်းရလဒ်စာမျက်နှာ ပေါ်လာသည်အထိစောင့်ပြီး Next ကို နှိပ်ပါ။

လုပ်ငန်းစဉ်ပြီးမြောက်ခြင်း စာမျက်နှာ လုပ်ငန်းစဉ်ပြီးမြောက်ခြင်း စာမျက်နှာ

အဆင့် ၈ Done ကိုနှိပ်ပါ။

စက်ပစ္စည်းများအကြား အချက်အလက်လွှဲပြောင်းခြင်းအတွက် အခြားနည်းလမ်းမှာ Smart Switch အက်ပ်နှင့် တွဲဖက်အသုံးပြုနိုင်သော USB ကြိုးကို အသုံးပြုခြင်းဖြစ်သည်။

Galaxy ဖုန်းနှစ်လုံးကို USB ကြိုးဖြင့် ချိတ်ဆက်နည်းကို ပြသထားသည့် ပုံ Galaxy ဖုန်းနှစ်လုံးကို USB ကြိုးဖြင့် ချိတ်ဆက်နည်းကို ပြသထားသည့် ပုံ
Galaxy ဖုန်းနှစ်လုံးကို USB ကြိုးနှင့် port adapter ဖြင့် ချိတ်ဆက်နည်းကို ပြသထားသည့် ပုံ Galaxy ဖုန်းနှစ်လုံးကို USB ကြိုးနှင့် port adapter ဖြင့် ချိတ်ဆက်နည်းကို ပြသထားသည့် ပုံ

အဆင့် ၁. သင့်ဖုန်း၏ USB ကြိုးကို အသုံးပြု၍ Galaxy ဖုန်း (အဟောင်း) ကို အခြား Galaxy ဖုန်း သို့မဟုတ် တက်ဘလက် (အသစ်) ကို ချိတ်ဆက်ပါ။ သင့်ဖုန်း၏ မော်ဒယ်ဗားရှင်းနှင့် အခြား Galaxy စက်ပစ္စည်းပေါ် မူတည်၍ USB ချိတ်ဆက်ပစ္စည်း လိုအပ်နိုင်သည်။

USB စက်ပစ္စည်းအတွက် သင်အသုံးပြုလိုသည့်အက်ပ်ကို အသိပေးစာဖြင့် မေးနေသည့် Galaxy ဖုန်း USB စက်ပစ္စည်းအတွက် သင်အသုံးပြုလိုသည့်အက်ပ်ကို အသိပေးစာဖြင့် မေးနေသည့် Galaxy ဖုန်း

အဆင့် ၂. စက်များထဲမှ တစ်ခုပေါ်တွင် အသိပေးစာ ပေါ်လာသောအခါ Smart Switch ကို ရွေးပါ။

အချက်အလက် ပေးပို့ရန် သို့မဟုတ် လက်ခံရန် ရွေးချယ်မှုပြထားသော အချက်အလက်လွှဲပြောင်းမှု မျက်နှာပြင် အချက်အလက် ပေးပို့ရန် သို့မဟုတ် လက်ခံရန် ရွေးချယ်မှုပြထားသော အချက်အလက်လွှဲပြောင်းမှု မျက်နှာပြင်

အဆင့် ၃. စက်အဟောင်းတွင် Send data ကိုရွေးချယ်ပြီး စက်အသစ်တွင် Receive data ကိုရွေးချယ်ပါ။

မှတ်ချက်: သင်သည် Send data ကို ရွေးချယ်ပါက အခြားစက်ပေါ်တွင် အသိပေးစာတစ်ခု ပေါ်လာမည်ဖြစ်သည်။ Smart Switch > Receive data သို့မဟုတ် Send data ကို ရွေးချယ်ပါ။

ဤနေရာတွင် စက်ဟောင်းသည် စက်အသစ်သို့ ဒေတာလွှဲပြောင်းပေးသည့် စက်ကို ရည်ညွှန်းသည်။

စက်ပစ္စည်းချိတ်ဆက်မှုကို ကိုင်တွယ်ရန် Smart Switch ကို အသုံးပြုလိုသလား မေးမြန်းသည့် အသိပေးစာ စက်ပစ္စည်းချိတ်ဆက်မှုကို ကိုင်တွယ်ရန် Smart Switch ကို အသုံးပြုလိုသလား မေးမြန်းသည့် အသိပေးစာ

အဆင့် ၄. သင့်စက်အဟောင်းတွင် Connect ကိုနှိပ်ပါ။

သင်လွှဲပြောင်းလိုသည့်အချက်အလက်ကို တောင်းဆိုနေသည့်မျက်နှာပြင် သင်လွှဲပြောင်းလိုသည့်အချက်အလက်ကို တောင်းဆိုနေသည့်မျက်နှာပြင်

အဆင့် ၅. သင့်စက်အသစ်တွင် သင်လွှဲပြောင်းလိုသောအချက်အလက်ကို ရွေးပါ > Next ကိုနှိပ်ပါ။

မှတ်ချက်: သင့်စက်အသစ်သည် Google အကောင့်သို့မဝင်ရသေးပါက စက်ဟောင်းမှ သင့်အကောင့်များကို စက်အသစ်သို့ ကူးယူလိုခြင်းရှိမရှိ မေးမြန်းသည့် မျက်နှာပြင်တစ်ခု ပေါ်လာပါမည်။ Copy ကိုရွေးချယ်ပြီး မျက်နှာပြင်ပေါ်ရှိ ညွှန်ကြားချက်များကို လိုက်နာပါ။ အကောင့်ကူးယူခြင်းလုပ်ဆောင်ချက်ကို ကျော်ရန် စက်အသစ်တွင် Skip ကို ရွေးချယ်နိုင်သည်။

အချက်အလက်လွှဲပြောင်းမှုရလဒ်များကိုပြသသည့်မျက်နှာပြင် အချက်အလက်လွှဲပြောင်းမှုရလဒ်များကိုပြသသည့်မျက်နှာပြင်

အဆင့် ၆.အချက်အလက်အားလုံး လွှဲပြောင်းပြီးသည်နှင့် စက်အသစ်တွင်Next ကိုနှိပ်ပါ။

လွှဲပြောင်းမှုပြီးစီးမှုမျက်နှာပြင် လွှဲပြောင်းမှုပြီးစီးမှုမျက်နှာပြင်

အဆင့် ၇. Galaxy စက်နှစ်ခုလုံးတွင် Done ကိုနှိပ်ပါ။

မှတ်ချက်: အချို့အက်ပ်သင်္ကေတများသည် မှိန်နေမည်ဖြစ်ပြီး အချက်အလက်ကူးပြောင်းမှု နှင့် ထည့်သွင်းမှုမပြီးဆုံးခင်အထိ အသုံးပြု၍ မရနိုင်ပါ။

ပြင်ပဆက်စပ်ပစ္စည်းများမလိုအပ်သော အချက်အလက်လွှဲပြောင်းခြင်းနည်းလမ်းကို ပိုနှစ်သက်ပါက Smart Switch အက်ပ်မှတစ်ဆင့် ကြိုးမဲ့အချက်အလက်လွှဲပြောင်းခြင်းကို လုပ်ဆောင်နိုင်ပါသည်။

Samsung အက်ပ်ပင်မ မျက်နှာပြင် Samsung အက်ပ်ပင်မ မျက်နှာပြင်

အဆင့် ၁. သင်အရန်သိမ်းလိုသော Galaxy ဖုန်းတွင် Smart Switch အက်ပ်ကိုဖွင့်ပါ (သင်၏စက်ဟောင်း) > Send data ကိုရွေးချယ်ပါ။

ဖိုင်များလက်ခံရယူရန် ခွင့်ပြုချက်တောင်းခံနေသည့် မျက်နှာပြင် ဖိုင်များလက်ခံရယူရန် ခွင့်ပြုချက်တောင်းခံနေသည့် မျက်နှာပြင်

အဆင့် ၂. Wirelessကို ရွေးပါ။ သင့်ဖုန်းသည် ကြိမ်နှုန်းမြင့်သော အသံကို အသုံးပြု၍ အနီးနားရှိ မည်သည့်စက်ပစ္စည်းများကိုမဆို အလိုအလျောက် စတင်ရှာဖွေပါမည်။

မှတ်ချက်: စက်နှစ်ခုစလုံးသည် တူညီသော Wi-Fi ကွန်ရက်သို့ ချိတ်ဆက်ရပါမည်။

စက်ပစ္စည်းများကို ချိတ်ဆက်ရန်အတွက် ခွင့်ပြုချက်တောင်းခံနေသည့် မျက်နှာပြင် စက်ပစ္စည်းများကို ချိတ်ဆက်ရန်အတွက် ခွင့်ပြုချက်တောင်းခံနေသည့် မျက်နှာပြင်

အဆင့် ၃. ဒုတိယ Galaxy စက်ပစ္စည်း (သင့်စက်အသစ်) တွင် အသိပေးစာတစ်ခု ပေါ်လာသောအခါ Yes ကို ရွေးပါ။

အချက်အလက်လွှဲပြောင်းရန် ရွေးချယ်စရာများပါသည့် မျက်နှာပြင် အချက်အလက်လွှဲပြောင်းရန် ရွေးချယ်စရာများပါသည့် မျက်နှာပြင်

အဆင့် ၄. သင့်စက်အဟောင်းတွင် Galaxy စက်ပစ္စည်းနှစ်ခုချိတ်ဆက်နိုင်ရန် Connect ကိုရွေးချယ်ပါ။

အချက်အလက်လွှဲပြောင်းရန် ရွေးချယ်စရာများပါသည့် မျက်နှာပြင် အချက်အလက်လွှဲပြောင်းရန် ရွေးချယ်စရာများပါသည့် မျက်နှာပြင်

အဆင့် ၅. သင့်စက်အသစ်တွင် လွှဲပြောင်းလိုသည့် အချက်အလက်ကို ရွေးချယ်ပြီး Next ကိုနှိပ်ပါ။

us-23-11-9-Accd-3-Notes.png

မှတ်ချက်: သင့်စက်ပစ္စည်းအသစ်သည် Google အကောင့်သို့ မဝင်ရသေးပါက စက်အဟောင်းမှ သင့်အကောင့်များကို စက်အသစ်သို့ ကူးယူလိုခြင်းရှိမရှိ မေးမြန်းသည့် မျက်နှာပြင်တစ်ခု ပြသပါမည်။ Copy ကိုရွေးချယ်ပြီး မျက်နှာပြင်ပေါ်ရှိ ညွှန်ကြားချက်များကို လိုက်နာပါ။ အကောင့်များကို ကူးယူသည့်လုပ်ဆောင်ချက်ကို ကျော်ရန် စက်အသစ်တွင် Skip ကို ရွေးချယ်နိုင်သည်။

အချက်အလက်လွှဲပြောင်းမှုရလဒ်များကို ပြသသည့်မျက်နှာပြင် အချက်အလက်လွှဲပြောင်းမှုရလဒ်များကို ပြသသည့်မျက်နှာပြင်

အဆင့် ၆. သင့်စက်ပစ္စည်းအသစ်တွင် Next ကိုနှိပ်ပါ။

ဖိုင်လွှဲပြောင်းခြင်းပြီးဆုံးသည့် မျက်နှာပြင်များ ဖိုင်လွှဲပြောင်းခြင်းပြီးဆုံးသည့် မျက်နှာပြင်များ

အဆင့် ၇. Galaxy စက်နှစ်ခုလုံးတွင် Done ကိုနှိပ်ပါ။

မှတ်ချက်: အချို့အက်ပ်သင်္ကေတများသည် မှိန်နေမည်ဖြစ်ပြီး အချက်အလက်ကူးပြောင်းမှု နှင့် ထည့်သွင်းမှုမပြီးဆုံးခင်အထိ အသုံးပြု၍ မရနိုင်ပါ။

သင့် PC တွင် Smart Switch PC ပရိုဂရမ်ကို ထည့်သွင်းပြီးနောက် Galaxy စက်ပစ္စည်းနှင့်ချိတ်ဆက်၍ အချက်အလက်များသိမ်းဆည်းခြင်း၊ ပြန်လည်ရယူခြင်းကို အချိန်မရွေးလုပ်ဆောင်နိုင်ပါသည်။

သင့်ဖုန်းနှင့် ကွန်ပျူတာကြားတွင် အချက်အလက်လွှဲပြောင်းပါ။ သင်သည် Smart Switch ကွန်ပျူတာဗားရှင်းအက်ပ်ကို www.samsung.com/mm/apps/smart-switch မှ ဒေါင်းလုဒ်လုပ်ရပါမည်။ သင့်ယခင်ဖုန်းမှ အချက်အလက်များကို ကွန်ပျူတာသို့ အရန်ကူးပြီး ဖုန်းအသစ်ထဲသို့ကူးထည့်ပါ။

အဆင့် ၁. ကွန်ပျူတာတွင် ဒေါင်းလုဒ်လုပ်ပြီး Smart Switch ကိုဖွင့်ပါ။

မှတ်ချက်: သင့်ယခင်ဖုန်းသည် Samsung ဖုန်းမဟုတ်ပါက စက်ပစ္စည်းမှပံ့ပိုးပေးသည့်ပရိုဂရမ်ကိုအသုံးပြု၍ အချက်အလက်ကို ကွန်ပျူတာသို့ အရန်ကူးပါ။ ထို့နောက် စတုတ္ထအဆင့်သို့ ကျော်သွားပါ။

အဆင့် ၂. ဖုန်း၏ USB ကြိုးကို အသုံးပြု၍ သင့်ယခင်ဖုန်းကို ကွန်ပျူတာသို့ ချိတ်ဆက်ပါ။

အဆင့် ၃. ကွန်ပျူတာပေါ်တွင် ဖုန်းမှအချက်အလက်များကို အရန်ကူးရန် မျက်နှာပြင်ပေါ်ရှိ ညွှန်ကြားချက်များကို လိုက်နာပါ။ ထို့နောက် သင့်ယခင်ဖုန်းကို ကွန်ပျူတာနှင့်ချိတ်ဆက်မှုဖြုတ်ပါ။

အဆင့် ၄. USB ကြိုးကို အသုံးပြု၍ သင့်ဖုန်းကို ကွန်ပျူတာနှင့် ချိတ်ဆက်ပါ။

အဆင့် ၅. ကွန်ပျူတာပေါ်တွင် သင့်ဖုန်းသို့ အချက်အလက်လွှဲပြောင်းရန် မျက်နှာပြင်ပေါ်ရှိ ညွှန်ကြားချက်များကို လိုက်နာပါ။

မှတ်ချက်: သင့် Galaxy စက်၏အချက်အလက်များကို Samsung Cloud အသုံးပြု၍ အရန်သိမ်းခြင်းနှင့် ပြန်လည်ရယူခြင်းနည်းလမ်းကိုသိရှိလိုပါက ဤကဏ္ဍ ကို ဖတ်ရှုပါ။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ