Samsung Smart Switch ဆိုတာ ဘာလဲ။

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 12.06.2022

နေ့စဉ်ဘ၀ကို ပိုမိုလွယ်ကူအောင်ပြုလုပ်ခြင်းသည် Samsung ၏ အဓိကအလုပ်များထဲမှ တစ်ခုဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် Samsung စက်ပစ္စည်းများနှင့် တွဲဖက်အသုံးပြုနိုင်သည့် မတူညီသောစက်ပစ္စည်းများကို ချိတ်ဆက်နိုင်စေမည့် Samsung Smart Switch အပလီကေးရှင်းကို ဖန်တီးထားခြင်းဖြစ်သည်။

View of Samsung Smart Switch logo on a mobile screen.

Samsung Smart Switch သည် သင့်အား Galaxy စက်များသို့ ကူးပြောင်းရာတွင် ပိုမိုအဆင်ပြေစေရန် ကူညီပေးသည့် ဝန်ဆောင်မှုတစ်ခုဖြစ်သည်။ ပံ့ပိုးပေးထားသည့် စက်ပစ္စည်းများတွင် Galaxy၊ Android™၊ iPhone™ နှင့် Windows Mobile™ စက်ပစ္စည်းများ ပါဝင်သည်။

Yသင်သည် သင်၏ယခင်စက်မှ ဒေတာများကို သင့် Galaxy စက်သို့ လျင်မြန်လွယ်ကူစွာ လွှဲပြောင်းနိုင်ပါသည်။ ထို့အပြင်၊ Smart Switch သည် သင့်အား Galaxy စက်ပစ္စည်းများမှ ဒေတာများကို PC သို့မဟုတ် SD ကတ်များသို့ အရန်ကူးရန် သို့မဟုတ် ပြန်လည်ရယူခွင့်ပြုသည်။

Smart Switch မှ ပံ့ပိုးပေးထားသည့် ထုတ်ကုန်များကို လေ့လာရန် ဤစာရင်းကို ကိုးကားပါ-

  • ပို့ရန် ရွေးချယ်မှု
    • Android™ / Galaxy နှင့် တက်ဘလက် ထုတ်ကုန်များ - Android™ OS 4.3 နှင့် အထက်။ 
    • iPhone™ - iOS 5.0 နှင့်အထက် (iCloud™ ပံ့ပိုးထားသော စက်ပစ္စည်း)။
    • Windows Mobile™ ဖုန်း - Windows Mobile™ OS 10။
  • လက်ခံရန် ရွေးချယ်မှု
    • Samsung စမတ်ဖုန်းများနှင့် တက်ဘလက်များအားလုံး (အခြားစက်ပစ္စည်းများကို ပံ့ပိုးမပေးနိုင်ပါ)။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ