လေအေးပေးစက်သုံးတဲ့အခါ သိသာလာတဲ့အပူချိန်ကို ဘယ်လိုလျှော့ချမလဲ

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 27.09.2021

သင့်ရဲ့အခန်းအပူချိန်မြင့်တက်နေတယ်လို့ခံစားရပြီး လေအေးပေးစက်သည်အနိမ့်ဒီဂရီတွင်လည်ပတ်နေသော်လည်း လေကပိုပူလာသောအခါ 'အာရုံခံအပူချိန်' နဲ့ဆိုင်တဲ့ပြသနာရှိနေတာမျိုးဖြစ်နိုင်ပါတယ်။ အာရုံခံအပူချိန်ကဘာလဲ၊ ဘယ်လိုရှောင်ရှားမလဲဆိုတာ အောက်တွင် ဆက်လက်ဖတ်ရှုပါ။

လေထုအပူချိန်၊ ပတ်ဝန်းကျင်စိုထိုင်းဆနှင့် လေတိုက်နှုန်းတို့၏သက်ရောက်မှုများ

လေထုပူနွေးလာလျှင် ၎င်းသည်အစိုဓာတ်ကိုပိုမိုစုပ်ယူနိုင်သည်။ သင်၏အခန်း၌ အမှန်တကယ်အပူချိန်သည် ၂၅ ဒီဂရီစင်တီဂရိတ်၊ ပတ်ဝန်းကျင်စိုထိုင်းဆ ၆၀ ရာခိုင်နှုန်းရှိသောနေ့၌ ကျွန်ုပ်တို့၏ ကိုယ်ခန္ဓာခံစားမှုအာရုံခံစားမှုသည် ၃၀ ဒီဂရီစင်တီဂရိတ် ရှိလိမ့်မည်။ စိုထိုင်းဆနှင့်အပူချိန်ပိုများလေလေ သာမိုမီတာပေါ်ရှိ အပူချိန်နှင့် သင်ခံစားရသည့်အပူများ ကွာခြားချက်ပိုများလေဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော်မြင့်မားသောအပူချိန်များနှင့်ပေါင်းစပ်လိုက်သောလေထု၏အစိုဓာတ်ပမာဏကြောင့်ဖြစ်သည်။

နိဂုံးချုပ်အနေနှင့် သင်ခံစားရသောအပူပြဿနာသည် အပူချိန်ကြောင့်သာမဟုတ်ဘဲ စိုထိုင်းဆလွန်ကဲခြင်းကြောင့်လည်းဖြစ်သည်။

လေအေးပေးစက်သုံးခြင်းဖြင့် လေထုစိုထိုင်းဆ (ဆိုလိုသည်မှာရေငွေ့) ကိုလျှော့ချရင်း အပူချိန်ကိုလျော့ကျစေနိုင်သည်။ သင်လိုချင်သောအပူချိန်ကိုသတ်မှတ်လိုက်သောအခါ သင်သည် ပိုမိုအေးသောပတ်ဝန်းကျင်ကို မကြာမီ ခံစားရတော့မည်ဖြစ်သည်။ သို့သော် သင်၏လေအေးပေးစက်သည် လေထုမှစိုထိုင်းဆများကိုဖယ်ရှားရန် အချိန်အနည်းငယ်လိုပေလိမ့်မည်။ ထို့အပြင် လေအေးပေးစက်သည် သင့်လျော်မှန်ကန်စွာအလုပ်လုပ်ရန် စစ်ဆေးဖို့လိုအပ်သောအရာအချို့ရှိသည်။ အောက်ပါအဓိကစစ်ဆေးချက်များကိုကြည့်ပါ။

samsung air conditioner

မှတ်ချက်။

  • လေအေးပေးစက်ပါဝါ မလုံလောက်မှုနှင့်ဆိုင်သောကိစ္စရပ်များတွင် မိမိကိုယ်တိုင် စစ်ဆေးရန် ဦး စွာအကြံပြုလိုပါသည်။
  • အဓိကလိုအပ်ချက်များကို စစ်ဆေးပြီးနောက် ပြဿနာများရှိနေသေးလျှင် ကျေးဇူးပြု၍ သင်၏အနီးဆုံး Samsung ၀န်ဆောင်မှုဌာနသို့ဆက်သွယ်ပါ။

အပူချိန်အာရုံခံကို လျှော့ချရန် စစ်ဆေးချက်များ

လေ၀င်လေထွက်ပေါက် အနည်းငယ်ဖန်တီးပြီး ပုံမှန်လေဝင်လေထွက်မှုပေးပါ။ ၎င်းသည် လေလှည့်ပတ်မှုကိုမြှင့်တင်ပေးပြီး သင်၏အိမ်ခန်းအတွင်း၌ စိုထိုင်းဆများမဖြစ်ပေါ်အောင်ကာကွယ်သည်။ ထို့အပြင် ပါဝါထောက်ပံ့မှုကိုစစ်ဆေးပြီး လေအေးပေးစက်သည် ဗို့အားနိမ့်သောပတ်ဝန်းကျင်တွင်မရှိကြောင်း သေချာအောင်စစ်ဆေးပါ။

checklist for reducing the sensory temperature of air conditioner

အထူးသဖြင့်နွေရာသီတွင် လေအေးပေးစက်များကိုမကြာခဏသုံးသောအခါ ဓာတ်အားထောက်ပံ့ရေးပြဿနာများကြောင့် လျှပ်စစ်ပစ္စည်းများသည်ဗို့အားနိမ့်သောပတ်ဝန်းကျင်တွင်ရှိနိုင်တတ်သည်။

ဓာတ်အားထောက်ပံ့ရေးပြဿနာတစ်ခုတွင် လေအေးပေးစက်သည် လည်ပတ်မှုကြိမ်နှုန်းကိုလျှော့ချခြင်းဖြင့် အခန်းတွင်းရှိလေထုအပူချိန်ကိုမြင့်တက်စေသောကြောင့်အခန်းကပိုပူလာတယ်လို့ သင်ထင်လာပါလိမ့်မယ်။

ပါဝါထောက်ပံ့ပေးမှုတည်ငြိမ်ရန် သေချာပါစေ။ ဗို့အားအတက်အကျရှိ၊ မရှိစစ်ဆေးသင့်သည်။ တည်ငြိမ်သောပါဝါထောက်ပံ့မှုရရှိရန်လိုအပ်ပါက မီးအားထိန်းညှိစက် များကိုတပ်ဆင်နိုင်သည်။

ဗို့အားနိမ့်သောအခြေအနေများ

  • မကြာခဏဓာတ်အားပြတ်တောက်မှုဖြစ်သောအခါ
  • လေအေးပေးစက်ရဲ့ အိမ်အပြင်ဘက်ရှိ ပါဝါထောက်ပံ့မှုပြတ်တောက်သွားသောအခါ
  • မီးအားထိန်းညှိစက် (Stabilizer) ကိုမတပ်ဆင်ဘဲ လေအေးပေးစက်ကိုအသုံးပြုနေသောအခါ (Stabilizer ကိုမချိတ်ဆက်ထားလျှင် ဗို့အားနိမ့်သောအခြေအနေများတွင် အအေးပေးမှုကိုပိုမိုလျော့ကျစေလိမ့်မည်။ )

မှတ်ချက်။ ဗို့အားထိန်းစက်သည် လေအေးပေးစက်အား ဗို့အားအတက်အကျများမှကာကွယ်ပေးနိုင်ပါသည်။

စွမ်းအင်အသုံးပြုမှုများပြားလာခြင်းသည် ဓာတ်အားလိုင်းများကိုပိုလျှံစေပြီး လျှပ်စစ်ဓာတ်အားပြတ်တောက်စေနိုင်ပါသည်။ ဓာတ်အားပြတ်တောက်မှုကြောင့် လေအေးပေးစက်၏ပါဝါထောက်ပံ့မှုကိုဖြတ်တောက်လိမ့်မည်။ ပါဝါပြန်ရသောအခါ လေအေးပေးစက်သည် ယခင်ဆက်တင်များအတိုင်း အလိုအလျောက် ပြန်လည်လုပ်ဆောင်လိမ့်မည်။

  • လေအေးပေးစက်သုံးနေစဉ် ဓာတ်အားပြတ်တောက်မှုကြောင့် ဗို့အားပြတ်တောက်ပါက လျှပ်စစ်ဓာတ်အားပြတ်တောက်ပြီး အနည်းဆုံး ၃ မိနစ်ခန့်အကြာတွင် compressor ပြန်လည်လုပ်ဆောင်လိမ့်မည်။
  • ဤအခြေအနေအောက်တွင် indoor unit သည် ၃ မိနစ်ကြာလည်ပတ်လိမ့်မည်ဖြစ်ပြီး နောက်ပိုင်းတွင် compressor သည် ၃ မိနစ်အလုပ်လုပ်ပြီး အေးစက်သောလေထွက်လာလိမ့်မည်။
  • ပါဝါထောက်ပံ့မှုပြန်လည်ရရှိပြီးနောက် စက်သည်အလိုအလျောက်လည်ပတ်လိမ့်မည်။
air conditioner power cut off situation

မှတ်ချက်။ ဓာတ်အားပြတ်တောက်ပါက လျှပ်စစ်ဓာတ်အားပြန်လည်ရရှိချိန်တွင် ပါဝါပြန်လည်ရယူစဉ်ကာလအတွင်း မည်သည့်သက်ရောက်မှုအတွက်မဆို ကြိုတင်ပြင်ဆင်ရန်လျှပ်စစ်ပစ္စည်းများကို ပလပ်ပေါက်များမှဖြုတ်ထားပါ။

အခန်းအပူချိန်မြင့်ပြီး လေအေးပေးစက်မှထွက်လာသော လေအေးပေးစက်မှထွက်လေထုအပူချိန်သည် ၁၀ ဒီဂရီအောက်ကွဲပြားပါက လေအေးပေးစက်၏ပါဝါသည် အားနည်းနေသလို သင်ခံစားရနိုင်သည်။

စက်လည်ပတ်မှုနှင့်ပတ်သက်၍ ပြဿနာမရှိလျှင် သတ်မှတ်ထားသည့် operation mode ကို ဦးစွာစစ်ဆေးပါ။ စက်သည် လေအားနည်းသောအခြေအနေတွင် လည်ပတ်နေပါက အအေးဓာတ်အားပျော့သွားလိမ့်မည်။

check the remote control mode

အမြန်လမ်းညွှန်

  •  အပူချိန်ကိုလျှော့ထားပါ။
  • Turbo Mode ကိုသတ်မှတ်ပါ။ (အများဆုံးလည်ပတ်ချိန် မိနစ် ၃၀)
  • လေပမာဏ (ပြင်းအား) ကိုပြောင်းပါ

လေအေးပေးစက်ရီမုအသုံးပြုပုံနှင့်ပက်သက်ပြီး 'How do I use the remote control of my air conditioner?' တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

မှတ်ချက်။ အဝေးထိန်းကိရိယာ(remote controller) ကို Dry၊ Fan သို့မဟုတ် Cool Mode တွင် မြင့်မားသောအပူချိန်ထားပါက လေအေးပေးစက်ကောင်းစွာအလုပ်လုပ်နိုင်မည်မဟုတ်ပါ။

လေအေးပေးစက်သည် အဆက်မပြတ်လည်ပတ်နေလျှင်၊ လေအေးပေးစက် Filter များ ပိတ်ဆို့မှုသည် ပုံမှန်ထက်ပိုမြန်လာသည်။ ထို့ပြင် အပြင်ဘက်ယူနစ်ရှိပန်ကာသည် ဖုန်နှင့်အညစ်အကြေးများကို ပို မိုလျှင်မြန်စွာစုဆောင်းစေနိုင်သည်။

အကယ်၍ filter ကို တစ်လထက်ပိုကြာအောင် မသန့်ရှင်းခဲ့ပါက ၎င်းသည် လေလည်ပတ်မှုမရှိခြင်းကြောင့် ပိတ်ဆို့သော filter တစ်ခုဖြစ်စေနိုင်သည်။ filter အတွင်းရှိဖုန်မှုန့်တွေ များပြားလာသောအခါ လေကို လျော့စေနိုင်ပြီး ပုံမှန်မဟုတ်သောဆူညံသံကိုဖြစ်စေသည်။ ၎င်းသည် လေအေးပေးစက်၏ အအေးခံစွမ်းအားကိုထိခိုက်စေပြီး အပူချိန်ကိုပိုပူလာစေနိုင်သည်။

check the filter cleaning

အကြံပြုထားသော Filter သန့်ရှင်းရေးလုပ်ငန်းစဥ်

  • ကြည်နူးစရာကောင်းပြီး သန့်ရှင်းလတ်ဆတ်သောလေအတွက် ၂ ပတ်တစ်ကြိမ် လေအေးပေးစက် filter နှင့်အပေါ်အဖုံးကိုသန့်ရှင်းရန် အကြံပြုသည်။
  • indoor unit display တွင် CF code ပေါ်လာလျှင် filter ကိုသန့်ရှင်းပါ။ filter ကိုသန့်ရှင်းပြီး ပြန်လည်တပ်ဆင်ပြီးသည့်နောက်တွင်၊ filter သန့်ရှင်းရေးသတိပေးချက်ကို ပြန်လည်သတ်မှတ်ပါ။
  • သုံးစွဲသောပတ်ဝန်းကျင်တွင် ဖုန်မှုန့်များအလွန်အကျွံများပြားနေပါက Filter ဖုန်မှုန့်အကာတွင် ပိတ်ဆို့မှုများဖြစ်ပေါ်လာပြီး Indoor Unit တွင် CF Code ပေါ်လာနိုင်သည်။

လေအေးပေးစက် Filter များဆေးကြောပုံနှင့်ပက်သက်ပြီး  'How to clean the air conditioner filter' တွင် အသေးစိတ်ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

မှန်ကန်သောအရွယ်အစားရွေးချယ်ခြင်း

သင့်နေရာနှင့် လိုက်ဖက်သောလေအေးပေးစက်ကိုရွေးချယ်ရန် အရေးကြီးသည်။ မှန်ကန်သောအရွယ်အစားရွေးချယ်ခြင်းသည် စွမ်းဆောင်ရည်အမြင့်ဆုံးနှင့်လည်ပတ်မှုကုန်ကျစရိတ်ကို အနည်းဆုံးဖြစ်စေရန် အရေးကြီးသည်။ အခန်း၏အရွယ်အစားသည် လေအေးပေးစက်စွမ်းရည်ထက်ပိုကြီးသောအခါ အခန်းအတွင်းရှိ အပူချိန်ကိုကျဆင်းစေရန် လေအေးပေးစက်သည် အချိန်ပိုယူရသည်ကိုသတိပြုပါ။

ပိုကြီးတာသည် အမြဲတမ်းပိုကောင်းတာမဟုတ်သည့်အတိုင်း သေးငယ်တာသည် ပိုချွေတာတာမဟုတ်သည့်အ​ကြောင်း  အမြဲသတိရပါ။

အခန်းအတွက်လေအေးပေးစက်ကြီးလွန်းနေလျှင်

လေအေးပေးစက်သည် ရည်မှန်းထားသောအပူချိန်ကိုရောက်ရန် မကြာခဏ တိုတောင်းသော တာဝန်များကိုလုပ်ရသည်။ ထို့ကြောင့် အခန်းသည်ပိုမိုပူလာသည် (သို့) ပိုမိုအေးလာသည်။

  • လေအေးစက်သည် လေကို လုံလုံလောက်လောက် စိုထိုင်းဆမပေးနိုင်ပါ။ (ထို့ကြောင့်အခန်းသည်သက်တောင့်သက်သာမရှိပါ)
  • ဓာတ်အားသုံးစွဲမှုတိုးလာသည်
  • စက်သုံးစရိတ်များမြင့်တက်လာသည်

အခန်းအတွက်လေအေးပေးစက်အလွန်သေးနေလျှင်

လေအေးပေးစက်ကို အမြင့်ဆုံးအလုပ်လုပ်ဆောင်မှုဖြင့် မကြာခဏသုံးရန်လိုပေမည်။ ဆိုလိုသည်မှာ လေအေးပေးစက်ရဲ့လေသည် သည်လေကိုအလွန်ခြောက်စေသည်။

တပ်ဆင်မှုချို့ယွင်းမှုကြောင့် အအေးဂတ်စ်ပြတ်လပ်ပါက အအေးပေးမှုသည် တဖြည်းဖြည်းလျော့နည်းလာမည်ဖြစ်ပြီး C422 error message သည် နောက်ဆုံးတွင်ပေါ်လာလိမ့်မည်။

C422 message ပြသပါက နောက်ထပ်အကူအညီအတွက် နီးစပ်ရာ Samsung ၀န်ဆောင်မှုဌာနကို ဆက်သွယ်ပါ။

 

မှတ်ချက်။ ပြထားသောပုံများသည် သင့်တွင်ရှိသော မော်ဒယ်ပေါ်မူတည်ပြီး ကွာခြားသွားနိုင်ပါသည်။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ