ရေထုတ်ပိုက်မှ ရေကောင်းစွာမထွက်ပါက ဘယ်လိုလုပ်ရမလဲ။

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 23.09.2020

သင့်ရေခဲသေတ္တာရှိ ရေထုတ်ပိုက်တွင်ပြဿနာရှိပါက နည်းပညာဝန်ဆောင်မှုအဖွဲ့ထံ မဆက်သွယ်မီ ဖြေရှင်းနည်းများစွာဖြင့် ဖြေရှင်းနိုင်သည့်အတွက် အောက်ဖော်ပြပါ ပြဿနာအဖြေရှာနည်းများကို လုပ်ဆောင်ကြည့်ပါ။ 

အချက်ပြနေရာရှိ မုဒ်ကိုကြည့်ပါ။

  • ရေထုတ်ပိုက်မှ ရေမကျလာပါက ကလေးကာကွယ်ရေးမုဒ် ဖွင့်ထားသလား စစ်ဆေးပါ။ ကလေးကာကွယ်ရေးမုဒ်ဖွင့်ထားပါက ကလေးကာကွယ်ရေးခလုတ်ကို ၃စက္ကန့်ထက်ပို၍ဖိနှိပ်ထားပြီး လွှတ်ကြည့်ပါ။ 
  • ရေထုတ်ပိုက်မပိတ်ထားပါက ရေ ၊ ရေခဲ သို့မဟုတ် ရေခဲချေ ခလုတ်ကိုနှိပ်ရန်ကြိုးစားကြည့်ပါ။ ထို့အပြင် ရေထုတ်ရန် ခလုတ်ကို သေချာစွာရွေးချယ်ထားပေးပါ။ ( တိကျသည့် ညွှန်ကြားချက်များမှာ မော်ဒယ်အလိုက် ကွဲပြားနိုင်ပါသည်။)
  • ရွေးချယ်ထားသည့်အပူချိန် အရမ်းနိမ့်နေသည့်အတွက် ရေတိုင်ကီခဲနေခြင်းမျိုးလည်းဖြစ်နေနိုင်ပါသည်။ အချက်ပြနေရာတွင် အပူချိန်ကို အနည်းငယ်နွေးအောင် ပြောင်းလဲရန်ကြိုးစားကြည့်ပါ။
ကလေးကာကွယ်ရေးမုဒ်ပြထားပြီး ပိတ်ရန်စစ်ဆေးနေပုံ။

မှတ်ချက် ။ အချက်ပြနေရာပုံစံမှာ မော်ဒယ်အလိုက် ကွဲပြားနိုင်ပါသည်။

ရေစစ်ဇကာကို သေချာစွာတပ်ထားကြောင်း စစ်ဆေးပါ။

အတွင်းရှိ ရေဇကာအဆက်တွင် ပြဿနာတစ်ချို့ရှိနေနိုင်ပါသည်။ ရေခဲသေတ္တာအတွင်းရှိ ရေဇကာအား သေချာစွာတပ်ဆင်ထားမထား ကြည့်ပါ။ ရေဇကာအား ကောင်းမွန်စွာထည့်သွင်းတပ်ဆင်ထားခြင်း မရှိပါက ရေထုတ်ပိုက် အလုပ်လုပ်မည်မဟုတ်ပါ။ ရေဇကာကို သေချာစွာတပ်ဆင်ထားကြောင်း စစ်ဆေးပါ။ အဝတ်ရေဇကာသည် တစ်ခါတစ်ရံ ရေဖိအားနည်းသဖြင့် ပြဿနာဖြစ်နေနိုင်ပါသည်။ ရေဇကာကို မကြာခဏလဲလှယ်ပေးခြင်းဖြင့် ရေဖိအားကိုတိုးပေးနိုင်ပါသည်။

ရေဇကာသေချာတပ်ထားမထား စစ်ဆေးပါ။

ရေပိုက်အဆက်နှင့် ပိုက်အနေအထားကိုစစ်ဆေးပါ။

  • ရေထုတ်ပိုက်မှ ရေမကျပါက ရေပိုက်အဆက်ကို စစ်ဆေးရန်လိုပါမည်။
  • အပြင်ရှိ ရေထုတ်ပိုက်သည် ရေခဲသေတ္တာနှင့် သေချာစွာချိတ်ဆက်ထား မထား စစ်ဆေးပါ။ ရေသွင်းပိုက်ဖွင့်ထားရမည်ဖြစ်သည်။ 
  • ရေပိုက်တွင် အခြားအတားအဆီးများမရှိကြောင်း စစ်ဆေးပါ။ ရေထုတ်ပိုက်သည် ပြားနေခြင်းနှင့် ပျက်စီးနေခြင်းမျိုး မဖြစ်ရပါ။
  • သာမန်အားဖြင့် ရေထုတ်ပိုက်နှင့် ရေသွင်းပိုက်တို့သည် ရေခဲသေတ္တာနောက်ဘက်ရှိ ရေစုကန်အနီးတွင်ရှိနေရမည်ဖြစ်သည်။
ရေပိုက်အဆက်နှင့် ရေဖိအားကိုစစ်ဆေးပါ။

မှတ်ချက်။ 

  • ရေထုတ်ပိုက်တည်နေရာသည် ထုတ်ကုန်အလိုက်ကွဲပြားနိုင်ပြီး အိမ်တွင်းရှိ ရေသွင်းပိုက်တည်နေရာပေါ်တွင် မူတည်ပါသည်။
  • ပိုမိုအသေးစိတ်ကျသည့် အချက်အလက်များကို အသုံးပြုသူလက်စွဲတွင် ရှာဖွေနိုင်ပါသည်။ 

သင့်ရေခဲသေတ္တာရှိ ရေဖိအားကိုစစ်ဆေးနည်း။

  • ရေပိုက်အဆက်ကို စစ်ဆေးပြီးပါက ရေဖိအားကိုစစ်ဆေးပါ။ 
  • ရေကို ၁၀ စက္ကန့်အတိ ထုတ်ကြည့်ပါ။ အကယ်၍ နှစ်ခွက် သို့မဟုတ် ၃ ခွက်ထက်နည်း၍ ကျလာပါက ရေခဲသေတ္တာ၏ ရေဖိအားကိုတင်ပေးရန်လိုအပ်ပါမည်။
  • ရေဆက်ပိုက်အား ကျွမ်းကျင်သူမှတပ်ဆင်ပေးရန် အကြံပြုထားပါသည်။ ထို့ကြောင့် သင့်အနေဖြင့် အကျွမ်းတဝင်မရှိပါက ကျေးဇူးပြု၍ ဝယ်သူဝန်ဆောင်မှုစင်တာကို ဆက်သွယ်ပါ။

ရေပိုက်မှ လေထုတ်နည်းအကြံပြုချက်များ။

  • ရေပိုက်လေထုတ်ခြင်းကို ရေစစ်ဇကာ သို့မဟုတ် ရေပိုက်အား ပြန်လည်တပ်ဆင်ခြင်း သို့မဟုတ် မကြာမီကမှ တပ်ထားခြင်းတို့အတွက်သာ ပြုလုပ်ရန်လိုအပ်ပါသည်။
  • ရေပိုက်မှ လေထုတ်ခြင်းလုပ်ဆောင်ရန်အတွက် ရေထုတ်ပိုက်လီဗာကို နှိမ့်၍ ကိုင်ထားပြီး ၅ မိနစ်ခန့်ရေထုတ်ရန်ကြိုးစားရပါမည်။ ရေစတင်ကျလာပါက ရေစီးဆင်းမှုမကောင်းသေးခင်အထိ ဆက်ထုတ်ထားရပါမည်။ ( ၇ လီတာမှ ၁၀ လီတာခန့် ကုန်နိုင်ပါသည်။)

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ