Galaxy Note20 | Note20 Ultra တို့၏ ကင်မရာလုပ်ဆောင်ချက် အသစ်ကို ကြည့်လိုက်ပါ

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 31.08.2020

အလွန်ကောင်းမွန်သော ဒီဇိုင်းအပြောင်းအလဲများနှင့်အညီ Galaxy Note20 နှင့် Note20 Ultra တို့၏ ကင်မရာကိုလည်း ယခင်မော်ဒယ်များနှင့် နှိုင်းယှဉ်ပါက ပိုမိုကောင်းမွန်အောင် သိသာထင်ရှားစွာ ပြုလုပ်ထားပါသည်။ အဆင့်မြင့်ကင်မရာပါရှိသော Galaxy Note20 နှင့် Note20 Ultra တို့သည် သင့်နေ့စဉ်ဘဝကို ပိုမိုအားဖြည့်ပေးမည် ဖြစ်ပါသည်။

Galaxy Note20 နှင့် Note20 Ultra ၏ကင်မရာကို ခြုံငုံသုံးသပ်ချက်

 

Galaxy Note20 နှင့် Note20 Ultra ကင်မရာများသည် DSLR ကင်မရာတစ်လုံးကဲ့သို့ပင် ပညာရှင်အဆင့် ရိုက်ချက်များကို ရိုက်ယူနိုင်စေပါသည်။ Note20 Ultra တွင် ပိုမိုအဆင့်မြင့်သော လေဆာ AF အာရုံခံကို တပ်ဆင်ပေးထားပြီး ရိုက်ကူးသည့်အရာအပေါ်တွင် ပိုမိုလျင်မြန်တိကျသော ဆုံချက်ကို ရရှိစေပါသည်။ Pro Video ပုံစံကဲ့သို့သော လုပ်ဆောင်ချက်အသစ်များဖြင့် 8K အရည်အသွေးဖြင့် ရိုက်ထားသော ရုပ်ရှင်တစ်ကားကဲ့သို့ ဘလော့ဂ်များကို ရိုက်ကူးနိုင်ခြင်း သို့မဟုတ် ဗွီဒီယိုမှ အရည်အသွေးမြင့် ရုပ်ပုံတစ်ပုံကို ဖြတ်ယူကာ အဖိုးတန်ဓာတ်ပုံတစ်ပုံအဖြစ် သိမ်းဆည်းနိုင်ခြင်းတို့ကို ပြုလုပ်နိုင်ပါသည်။

 


Note20 Camera Spec
 

Galaxy Note20

Galaxy Note20 Ultra

ပိုမိုကျယ်ပြန့်သော ကင်မရာ

12 MP, 1.4µm, F2.2 

12 MP, 1.4µm, F2.2

ကျယ်ပြန့်သော ကင်မရာ 

12 MP, 1.8µm, F1.8

108 MP, 0.8µm, F1.8

Telephoto ကင်မရာ

64 MP, 0.8µm, F2.0

12 MP, 1.0µm, F3.0

ဇူးမ်

3x Hybrid Optic Zoom၊

30x အရည်အသွေးမြင့်Zoom

5x Optical Zoom၊ 50x အရည်အသွေးမြင့်Zoom

ရှေ့ကင်မရာ

10 MP, 1.22㎛, F2.2

10 MP, 1.22㎛, F2.2

အနက်

-

လေဆာ AF ဖြင့် ပိုမိုမြှင့်တင်ထားသည်

အဆင့်မြင့် Single Take ရိုက်ချက်ကို ခံစားလိုက်ပါ

 

အဆင့်မြင့် ဉာဏ်ရည်တုသည် တစ်ချက်နှိပ်ရုံဖြင့် အကောင်းဆုံး ဓာတ်ပုံများနှင့် ဗွီဒီယိုများကို ရိုက်ယူနိုင်စေပါသည်။ လူကို ပိုမိုထင်ရှားစေရန်အတွက် Color Picking Portrait လုပ်ဆောင်ချက်တွင် အဆင့်မြင့် Single Take ကို ထည့်သွင်းပေးထားပါသည်။ အများဆုံးအနေဖြင့် ဓာတ်ပုံနှင့်ဗွီဒီယို အမျိုးအစားပေါင်း ၁၄ မျိုးအထိ ရိုက်ယူနိုင်စေရန်အတွက် ရိုက်ကူးချိန်ကို အများဆုံး ၁၅ စက္ကန့်အထိ တိုးပေးထားပါသည်။

Single Take ပုံစံကိုအသုံးပြုနည်း

 

အဆင့် ၁။ ကင်မရာအက်ပ်ကိုဖွင့်ပါ။ မီနူးတွင် SINGLE TAKE ကိုနှိပ်ပါ။

အဆင့် ၂။ ရိုက်ကူးမည့်ခလုတ်ကိုနှိပ်၍ အကောင်းဆုံးရိုက်ကူးနိုင်ရန် ကင်မရာကိုလှည့်၍ချိန်ပါ။ ကင်မရာသည် မည်သည့်မြင်ကွင်းမဆို မြင်ကွင်းတိုင်း၏ အကောင်းဆုံးဓာတ်ပုံများကို အလိုလိုရိုက်ကူးသိမ်းဆည်းသွားမည်ဖြစ်သည်။

အဆင့် ၃။ ရိုက်ကူးပြီးပါကကြည့်ရှုမည်ကိုနှိပ်ပါ။ သင်ရိုက်ထားသည့် အကောင်းဆုံးရိုက်ချက်များကို တွေ့မြင်ရပါလိမ့်မည်။

 

အိုင်ကွန်များကိုအပေါ်သို့ဆွဲရုံမျှဖြင့် အခြားရိုက်ကူးထားသည်များကိုလည်း ကြည့်ရှုနိုင်ပါသည်။ စိတ်ကြိုက်သိမ်းယူလိုပါက Select ကိုနှိပ်၍ သင်သိမ်းဆည်းထားလိုသော ပုံများကို အမှန်ခြစ်ပြီးနောက် အောက်စိုက်နေသည့်မြားပုံကို နှိပ်လိုက်ပါ။

အဆင့်မြင့် Single Take ကို အသုံးပြုစဉ်အတွင်း အသုံးပြုနိုင်သော ပြုလုပ်ချက်များ

ဉာဏ်ရည်တုသည် ရိုက်ချက်တစ်ချက်တွင် ဓာတ်ပုံများနှင့် ဗွီဒီယိုများကို အနည်းဆုံး ၂ မျိုး၊ အများဆုံး ၁၄ မျိုး (ဓာတ်ပုံ ၁၀ ပုံနှင့် ဗွီဒီယို ၄ ခု) အထိ ရိုက်ယူပါသည်။ အဆင့်မြင့် Single Take ရလဒ်များကို ဂယ်လာရီတွင် ဖော်ပြပေးပါသည်။ S20 ပါ ပြုလုပ်ချက်များကို အသုံးပြုနိုင်ဆဲဖြစ်ပြီး အဆင့်မြင့် Single Take လုပ်ဆောင်ချက်တွင် Color Picking Portrait နှင့် Filter with My Filter တို့ကို ပေါင်းထည့်ပေးထားပါသည်။

မှတ်ချက် - ရိုက်ကူးချိန်နှင့် ရိုက်ကူးခံအရာ၀ထ္ထုအပေါ်မူတည်၍ ရလဒ်များကွဲပြားနိုင်ပါသည်။

အလွန်မြင့်မားသော အရည်အသွေးကို ခံစားလိုက်ပါ

 

Galaxy Note20 နှင့် Note20 Ultra တို့ဖြင့် ကွင်းပြင်ထဲတွင် ရိုက်ထားသည်ဟု ထင်ရလောက်သော အရောင်အသွေးစုံကာ အရည်အသွေးမြင့်သည့် ဓာတ်ပုံများနှင့် ဗွီဒီယိုများကို ရိုက်ယူလိုက်ပါ။ အရည်အသွေးမြင့် ဖရိန်များစွာ ပေါင်းစပ်မှုမှတဆင့် ပိုမိုကောင်းမွန်သော HDR ပုံစံနှင့် အနှောင့်အယှက် လျှော့ချမှု နည်းပညာတို့ကို ခံစားလိုက်ပါ။

 

အရည်အသွေးမြင့် ဓာတ်ပုံများကို ရိုက်ယူခြင်း

 

အရည်အသွေးမြင့် ဓာတ်ပုံများကို ရိုက်ယူလိုက်ပါ။ သင်လိုချင်သောအပိုင်းကို ချဲ့ယူကာ အရည်အသွေးမြင့် ဖိုင်တစ်ခုအဖြစ် သိမ်းဆည်းခြင်းဖြင့် အရည်အသွေးမြင့် ဓာတ်ပုံများကို လိုသလို ဖြတ်ယူနိုင်ပါသည်။ Quick setting မှ အရည်အသွေးအချိုးကို အလွယ်တကူ ရွေးချယ်ကာ ဓာတ်ပုံရိုက်နိုင်ပါသည်။

အရည်အသွေးမြင့် ဗွီဒီယိုများအား ရိုက်ယူခြင်း

 

အမြင့်ဆုံးဖြစ်သော 8K အရည်အသွေးဖြင့် အရည်အသွေးမြင့် ဗွီဒီယိုများ သို့မဟုတ် pro video များကို ရိုက်ကူးလိုက်ပါ။ Quick Setting မှ အရည်အသွေးအချိုးကို ရွေးချယ်ကာ ဗွီဒီယိုတစ်ခုကို ရိုက်ကူးလိုက်ပါ။ 8K ဗွီဒီယိုတစ်ခုကို ရိုက်ကူးပြီးပါက ဂယ်လာရီအက်ပ်တွင် ဖွင့်ကြည့်ပါ။ သင်နှစ်သက်သောဖရိန်တွင် CAPTURE အိုင်ကွန်ကို နှိပ်ပါက ဖရိန်ကို အရည်အသွေးမြင့် ဓာတ်ပုံတစ်ပုံအဖြစ် သိမ်းဆည်းပေးမည် ဖြစ်ပါသည်။

မှတ်ချက် - အရည်အသွေးသည် မော်ဒယ်အလိုက် ကွဲပြားခြင်း ရှိနိုင်ပါသည်။ 

 

လျင်မြန်ချောမွေ့သော Space Zoom

 

Galaxy Note20 နှင့် Note20 Ultra ကင်မရာများ၏ Zoom လုပ်ဆောင်နိုင်မှုကို တိုးမြှင့်ထားသောကြောင့် ရှင်းလင်းပြတ်သားသော ဓာတ်ပုံရိုက်ချက်ကို ရရှိရန်အတွက် အနီးကပ်ရိုက်ရန် မလိုအပ်တော့ပါ။ ပိုမိုကောင်းမွန်သော ဉာဏ်ရည်တုက ဖရိန်များစွာပေါင်းစပ်မှုကို အသုံးပြုခြင်းဖြင့် Zoomအရည်အသွေး ပိုကောင်းအောင် ပြုလုပ်ပေးပါသည်။

 

  • Galaxy Note20 - ဉာဏ်ရည်တုကို အခြေခံသည့် 30x အရည်အသွေးမြင့်Zoomနှင့် 3x Hybrid Optic Zoom
  • Galaxy Note20 Ultra - ဉာဏ်ရည်တုကို အခြေခံသည့် 50x အရည်အသွေးမြင့်Zoomနှင့် 5x Optical Zoom

မှတ်ချက် - မြင့်မားသော အရည်အသွေး သို့မဟုတ် မြင့်မားသော Zoom အချိုးဖြင့် ဓာတ်ပုံများ သို့မဟုတ် ဗွီဒီယိုများကို ရိုက်ယူပါက ရိုက်သည့်အရာနှင့် နီးကပ်လွန်းလျှင် ဆုံချက်မရှင်းလင်းမှု ရှိနိုင်ပါသည်။ ဓာတ်ပုံများ သို့မဟုတ် ဗွီဒီယိုများကို သင့်လျော်သော အကွာအဝေးမှရိုက်ပါ။

Pro Video ပုံစံဖြင့် ပညာရှင်ဆန်ဆန် ရိုက်ကူးခြင်း

 

Galaxy Note20 နှင့် Note20 Ultra တို့၏ လုပ်ဆောင်ချက်အသစ်ဖြစ်သော Pro Video ပုံစံဖြင့် အရည်အသွေးမြင့် ဗွီဒီယိုများနှင့် ပညာရှင်ဆန်ဆန် ဗွီဒီယိုရိုက်ကူးမှုတို့ကို အလွယ်တကူ ခံစားနိုင်ပါသည်။ Pro Video လုပ်ဆောင်ချက်က Zoom တစ်ခုစီကို ချိန်ညှိခြင်းဖြင့် ရိုက်ချက်အမျိုးမျိုးကို သင်ရိုက်ယူနိုင်စေကာ သင့်အား ပညာရှင်တစ်ယောက်ကဲ့သို့ ဖြစ်စေပါသည်။

 

Pro Video ပုံစံကို စတင်ရန်အတွက် ကင်မရာရိုက်ကူးမှု ပုံစံများတွင် MORE → PRO VIDEO ကိုနှိပ်ပါ။

 

ကင်မရာအတွက် နောက်ထပ်အသေးစိတ်များကို ဤနေရာတွင်ကြည့်ပါ လင့်ခ်

မှတ်ချက် - ကိရိယာ၏ Screenshot များနှင့် Menu သည် ကိရိယာ၏မော်ဒယ်နှင့် ဆော့ဖ်ဝဲဗားရှင်းအပေါ် မူတည်၍ ကွဲပြားခြင်းရှိနိုင်ပါသည်။ 

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ