Samsung မိုဘိုင်း၊ Buds၊ အလိုအလျောက် ဆူညံသံဖယ်ရှားခြင်း လုပ်ဆောင်ချက်၊ Galaxy Buds Live

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 03.09.2020

Galaxy Buds Live သည် အသံများနှင့် ကြေငြာချက်များကဲ့သို့သော အရေးကြီးသည့်အရာများကို ကြားနိုင်စေသည့်အပြင် မလိုအပ်သော အနှောင့်အယှက်များကိုပါ လျှော့ချပေးသောကြောင့် နေ့စဉ်ဘဝတွင် အသုံးပြုရန် ကောင်းမွန်ပါသည်။ အလိုအလျောက် ဆူညံသံဖယ်ရှားခြင်း သို့မဟုတ် ကျွန်ုပ်တို့၏အခေါ်အရ ANC for open type ကြောင့် သင်သည် အာရုံစိုက်ရန်မလိုဘဲ နားထောင်နိုင်စေပါသည်။ 

အောက်ပါအချက်များကို ဖြေရှင်းချက်များအဖြစ် မစမ်းကြည့်မီတွင် သင့်ကိရိယာ၏ ဆော့ဖ်ဝဲနှင့် သက်ဆိုင်ရာအက်ပ်များကို နောက်ဆုံးထွက်ဗားရှင်းသို့ အပ်ဒိတ်လုပ်ထားခြင်းရှိမရှိ စစ်ဆေးပါ။ သင့်မိုဘိုင်းလ်ကိရိယာ၏ ဆော့ဖ်ဝဲအား အပ်ဒိတ်လုပ်ပုံကို အောက်ပါအဆင့်များအတိုင်း စစ်ပေးပါ။    

 

အဆင့် ၁။ Settings > Software update သို့သွားပါ။

အဆင့် ၂။ Download and install ကိုနှိပ်ပါ။

အဆင့် ၃။ စခရင်ပေါ်မှာ လမ်းညွှန်ချက်များကို လိုက်လုပ်ပါ။ 

အလိုအလျောက် ဆူညံသံဖယ်ရှားခြင်း လုပ်ဆောင်ချက်ကို ခံစားခြင်း

 

သင်က သီချင်းနားထောင်လိုပါက သို့မဟုတ် ဆူညံသောပတ်ဝန်းကျင်နှင့် ဝေးဝေးနေလိုပါက သင့် Galaxy Buds Live ရှိ အလိုအလျောက် ဆူညံသံဖယ်ရှားခြင်း လုပ်ဆောင်ချက်ကို အသုံးပြုပါ။ သင့်အနီးနားရှိ ပြင်ပဆူညံသံများကို ပိတ်ပင်ထားနိုင်ပြီး အာရုံစိုက်နိုင်စေကာ အသံကို ပိုကျယ်ရန်လည်း မလိုအပ်ပါ။

 

သီချင်းနားထောင်ခြင်းကဲ့သို့သော သင့်အတွက်အနှောင့်အယှက်များကို ရှောင်ရှားလိုသည့်အခါတွင် အလိုအလျောက် ဆူညံသံ ဖယ်ရှားခြင်း လုပ်ဆောင်ချက်ကို အသုံးပြုပါ။ Galaxy Buds Live ၏ အတွင်းပိုင်းမှာ AKG အသံညှိထားသော စပီကာများဖြစ်ပြီး အားလုံးကိုအသုံးပြုရန် ရည်ရွယ်၍ ပြုလုပ်ထားပါသည်။ လေပြွန်သည် လေဝင်ပေါက်ကို အလွယ်တကူ ဝင်နိုင်စေသောကြောင့် စည်းချက်တိုင်းတွင် တုန်ခါမှုကို ခံစားနိုင်မည် ဖြစ်ပါသည်။ ANC for open type ကြောင့် ဆူညံသံပို၍ နည်းပါသည်။ ယခုအခါ သင်နားထောင်နေသည့်အရာအပေါ် ပို၍အာရုံစိုက်နိုင်မည် ဖြစ်ပါသည်။ ANC သည် ကြိမ်နှုန်းနိမ့်သော အသံများကို စစ်ထုတ်သော်လည်း လူ့အသံကဲ့သို့ ကြိမ်နှုန်းမြင့်သော အသံများကို ခွင့်ပြုပါသည်။

မှတ်ချက် - အကယ်၍ မိုက်ကရိုဖုန်းနှင့် ယင်း၏အနီးတဝိုက် (earbuds ကို ဝတ်ဆင်ထားချိန်တွင် အပြင်ဖက် မိုက်ကရိုဖုန်း) ကို လုံးဝဖုံးအုပ်ထားပါက အလိုအလျောက် ဆူညံသံဖယ်ရှားခြင်း လုပ်ဆောင်ချက်ကို စတင်ချိန်တွင် တုံ့ပြန်မှုကို ကြုံရခြင်းရှိနိုင်ပါသည်။ 

နှိပ်ကာဖိထားနိုင်သည့် ရိုးရှင်းသော ခလုတ်များ

ပြောခဲ့ပြီးဖြစ်သည့်အတိုင်း သင်သည် မလိုအပ်သော အနှောင့်အယှက်များကို လျှော့ချကာ တစ်ချက်သာနှိပ်ရန်လိုသော ခလုတ်များမှတဆင့် အရေးကြီးသောအရာများကို ကြားနိုင်စေမည် ဖြစ်ပါသည်။ နှိပ်ပြီး တစ်စက္ကန့်ကြာအောင် ဖိထားရန်သာ ဖြစ်ပါသည်။ ယင်းနောက် အလိုအလျောက် ဆူညံသံဖယ်ရှားခြင်း စတင်သက်ဝင်ကာ သင့်အနီးမှ ပြင်ပအသံများကို ပိတ်ပင်ပေးမည် ဖြစ်ပါသည်။ လုပ်ဆောင်ချက်ကို ပိတ်လိုပါက သင့် Galaxy Buds Live ကို နောက်တစ်ကြိမ်နှိပ်၍ ဖိထားကာ စမ်းကြည့်လိုက်ပါ။

မှတ်ချက် - Earbuds နှင့် လုပ်ဆောင်ချက်ကိုစတင်ရန်အတွက် ကြိုတင်သတ်မှတ်ထားသော နှိပ်ကာဖိထားသည့် လုပ်ဆောင်ချက်ကို အလိုအလျောက် ဆူညံသံဖယ်ရှားခြင်းအတွက် သတ်မှတ်ထားကြောင်း သေချာအောင်စစ်ပြီးနောက် earbud ကို နှိပ်ကာဖိထားပါ။

အဆင့် ၁။ Galaxy Wearable အက်ပ်ကို မိုဘိုင်းလ်ကိရိယာပေါ်တွင် ဖွင့်ပါ။

အဆင့် ၂။ ဖွင့်ရန်အတွက် အလိုအလျောက် ဆူညံသံ ဖယ်ရှားခြင်း ပုံစံကိုနှိပ်ပါ။

မှတ်ချက်- 

  • အကွက်တစ်ကွက် ပေါ်မလာပါက SmartThings အက်ပ်ကို နောက်ဆုံးထွက်ဗားရှင်းသို့ အပ်ဒိတ်လုပ်ပါ။
  • ချိတ်ဆက်မှုအကွက်ကို SmartThings အက်ပ်ကို ထည့်သွင်းထားသည့် Android 7.1.1 နှင့်အထက်ဖြစ်သော Samsung မိုဘိုင်းလ်ကိရိယာများတွင်သာ မြင်ရမည်ဖြစ်ပါသည်။
  • Earbuds သည် မိုဘိုင်းလ်ကိရိယာနှင့် မချိတ်ဆက်ပါက ချိတ်ဆက်မှုအကွက် ပေါ်မည်မဟုတ်ပါ။ သို့တည်းမဟုတ် သင့်မိုဘိုင်းကိရိယာက earbuds ကို ရှာမတွေ့ပါက ဘလူးတုချိတ်ဆက်မှုပုံစံသို့ ကိုယ်တိုင်ဝင်ရောက်ရန်အတွက် earbuds များအား ဝတ်ဆင်ထားစဉ်တွင် ယင်းတို့ပေါ်ရှိ ထိတွေ့နိုင်သည့် နေရာနှစ်ခုစလုံးကို နှိပ်ကာဖိထားပါ။
  • Samsung အကောင့်သို့ ဝင်ထားသော မိုဘိုင်းလ်ကိရိယာဖြင့် earbuds ကို ချိတ်ဆက်သောအခါ ယင်း Samsung အကောင့်ကိုပင် အသုံးပြုသော အခြားမိုဘိုင်းလ်ကိရိယာများထံသို့ ချိတ်ဆက်မှုသတင်းအချက်အလက်ကို ကူးပေးမည်ဖြစ်ပြီး စတင်အသုံးပြုချိန်တွင် ယင်းတို့အား ထပ်မံချိတ်ဆက်ရန် လိုအပ်မည်မဟုတ်ပါ။ 

နှိပ်ကာဖိထားသည့် လုပ်ဆောင်ချက်ကို ANC အတွက် ကြိုတင်သတ်မှတ်ပါ

လုပ်ဆောင်ချက်များကို လွယ်ကူလျင်မြန်စွာ စတင်နိုင်စေရန်အတွက် earbud တစ်ခုစီ၏ ကြိုတင်သတ်မှတ်ထားသည့် နှိပ်ကာဖိထားသော လုပ်ဆောင်ချက်တစ်ခုကို ရွေးချယ်နိုင်ပါသည်။ လုပ်ဆောင်ချက်ကို ကြိုတင်သတ်မှတ်ရန်အတွက်

 

အဆင့် ၁။ Galaxy Wearable အက်ပ် ကိုဖွင့်ကာ Touch controls ကိုနှိပ်ပါ။

အဆင့် ၂။ Touch and hold အောက်တွင် Left သို့မဟုတ် Right ကိုနှိပ်ကာ အလိုအလျောက် ဆူညံသံဖယ်ရှားခြင်း ကို ရွေးချယ်ပါ။

Open type ဖြင့် ဒီဇိုင်းဆွဲထားသော Galaxy Buds Live တွင် အလိုအလျောက် ဆူညံသံ ဖယ်ရှားခြင်းကို ဖွင့်ထားပါက earbuds များသည် သင့်နားနှင့် မှန်ကန်စွာမကိုက်ညီလျှင် သို့မဟုတ် အနီးဝန်းကျင်အပေါ်မူတည်၍ အချို့အသံများသည် ပိုကျယ်သည်ဟု ခံစားရခြင်း ရှိနိုင်ပါသည်။ မှန်ကန်စွာ တပ်ဆင်ခြင်းဖြင့် သင့်အား အကောင်းဆုံး အသံအရည်အသွေးနှင့် အလိုအလျောက် ဆူညံသံဖယ်ရှားခြင်းကို ပေးမည်ဖြစ်ပါသည်။ 

 

ဖြေရှင်းချက် ၁။ မှန်ကန်သော တပ်ဆင်ပုံနှင့် လားရာကိုစစ်ပါ

  • နားကြပ်တစ်ခုစီ၏ ဦးတည်သည့်ဖက်ကိုကြည့်ကာ အောက်ဖက်ခြမ်းများ (စပီကာ) ကို သင့်နား၏ အောက်ဖက်အပိုင်းတွင် ထားပါ။
  • အောက်ဖက်ခြမ်းနှင့် အပေါ်ဖက်ခြမ်းများကို သင်နားများ၏ သက်ဆိုင်ရာအပိုင်းများတွင် တပ်ထားရန် လိုအပ်ပြီး ယင်းနောက်တွင် နားကြပ်များကို ကိုက်ညီစေရန် ချိန်ညှိပါ။
  • စပီကာများကို အတွင်းဖက်သို့ လှည့်ထားပြီး ဘယ်နှင့်ညာ နားကြပ်များကို မှန်ကန်သောနားတွင် တပ်ဆင်ထားကြောင်း စစ်ဆေးပါ။

ⓐ စပီကာ

ဖြေရှင်းချက် ၂။ အသုံးပြုပြီးနောက် earbuds များကို သန့်ရှင်းအောင်ထားပါ

စပီကာနှင့် air duct တွင် နားဖာချေး သို့မဟုတ် အမှုန်အမွှားများ စုပုံလာပါက နားကြပ်နှစ်ခုစလုံးမှ အသံများသည် မတူညီခြင်း သို့မဟုတ် အသံအရည်အသွေး နိမ့်ကျခြင်းတို့ ရှိနိုင်ပါသည်။ သန့်ရှင်းခြောက်သွေ့ပြီး နူးညံ့သော ဘရပ်ရှ်၊ ဂွမ်းစများ သို့မဟုတ် အခြားကိရိယာတစ်ခုဖြင့် နားဖာချေး သို့မဟုတ် အမှုန်အမွှားများကို ဖယ်ရှားပါ။

 

  • အသုံးပြုပြီးနောက်တွင် နားကြပ်များကို သန့်ရှင်းစေရန်အတွက် နူးညံ့ခြောက်သွေ့သော အဝတ်စတစ်ခုကို အသုံးပြုပါ။
  • နားကြပ်များကို ခြောက်သွေ့အောင်ထားပါ။ အရည်များ နားကြပ်နှင့်ထိတွေ့ခြင်း သို့မဟုတ် နားကြပ်အတွင်း ဝင်ရောက်ခြင်း မဖြစ်အောင် ကာကွယ်ထားပါ။
  • စပီကာနှင့် air duct ပေါ်တွင် နားဖာချေး သို့မဟုတ် အမှုန်အမွှားများ စုပြုံလာခြင်း မဖြစ်စေရန်အတွက် နားကြပ်များကို ပုံမှန်သန့်ရှင်းရေးလုပ်ပါ။

① စပီကာ ② Air duct

ဖြေရှင်းချက် ၃။ ဆော့ဖ်ဝဲကို နောက်ဆုံးထွက်ဗားရှင်းသို့ အပ်ဒိတ်လုပ်ပါ

မိုဘိုင်းလ်ကိရိယာပေါ်တွင် ထည့်သွင်းထားသော Galaxy Wearable အက်ပ်၊ မိုဘိုင်းလ်ကိရိယာဆော့ဖ်ဝဲနှင့် Galaxy Buds Live ဆော့ဖ်ဝဲတို့ အားလုံးသည် နောက်ဆုံးထွက်ဗားရှင်းများဖြစ်အောင် ပြုလုပ်ထားပါ။ အကောင်းဆုံးအတွေ့အကြုံကို ရရှိစေရန်အတွက် Galaxy Wearable အက်ပ်အပါအဝင် ဆော့ဖ်ဝဲတစ်ခုစီအား နောက်ဆုံးထွက်ဗားရှင်းသို့ အပ်ဒိတ်လုပ်ထားရန် တိုက်တွန်းပါသည်။

 

နားကြပ်ဆော့ဖ်ဝဲအပ်ဒိတ်

 

သင့်နားကြပ်၏ဆော့ဖ်ဝဲကို firmware over-the-air (FOTA) ဝန်ဆောင်မှုမှတဆင့် အပ်ဒိတ်လုပ်ပါ။

မိုဘိုင်းလ်ကိရိယာပေါ်ရှိ Galaxy Wearable အက်ပ်ကိုဖွင့်ကာ Earbuds software update ကိုနှိပ်ပါ။

• ဒေါင်းလုဒ်ဆွဲကာ ထည့်သွင်းပါ - အပ်ဒိတ်များရှိမရှိ ကိုယ်တိုင်စစ်ကာ ထည့်သွင်းပါ။

• နောက်ဆုံးအပ်ဒိတ် - နောက်ဆုံးထွက် ဆော့ဖ်ဝဲအပ်ဒိတ်အတွက် သတင်းအချက်အလက်ကို ကြည့်ပါ။

 

သင့်မိုဘိုင်းကိရိယာ၏ ဆော့ဖ်ဝဲကို အပ်ဒိတ်လုပ်ရန်အတွက်

 

အဆင့် ၁။ Settings > Software update သို့သွားပါ။

အဆင့် ၂။ Download and install ကိုနှိပ်ပါ။ 

အဆင့် ၃။ စခရင်ပေါ်မှာ လမ်းညွှန်ချက်များကို လိုက်လုပ်ပါ။

မှတ်ချက် - အထက်ပါ အကြံပြုချက်များကို လိုက်နာသည့်တိုင် တူညီသောလက္ခဏာများ ရှိနေသေးပါက ကိရိယာဖြင့် Samsung ဖောက်သည် ဖုန်းခေါ်ဆိုမှုစင်တာသို့ ဆက်သွယ်ကာ သင့်လျော်သော လုပ်ဆောင်မှုများကို ရယူပေးပါ။

Samsung မိုဘိုင်းလ်ဖုန်းများ၊ တက်ဘလက်များနှင့် ဝတ်ဆင်နိုင်သော ပစ္စည်းများတွင် ပုံမှန်မဟုတ်သည်များကို တွေ့ကြုံရပါက Samsung Members အက်ပ်တွင် ကျွန်ုပ်တို့ထံ မေးမြန်းနိုင်ပါသည်။

 

ယင်းသို့ဖြင့် ဖြစ်ပွားနေသည့်အရာကို ကျွန်ုပ်တို့ပိုမို၍ အနီးကပ်သိနိုင်မည် ဖြစ်ပါသည်။ အချက်အလက်ကို အမည်မတပ်ဘဲထားမည်ဖြစ်ပြီး စုံစမ်းစစ်ဆေးနေစဉ်အတွင်းသာ အသုံးပြုမည် ဖြစ်ပါသည်။

မှတ်ချက် - ကိရိယာ၏ စခရင်ရှော့များနှင့် မီနူးသည် ကိရိယာ၏မော်ဒယ်နှင့် ဆော့ဖ်ဝဲဗားရှင်းအပေါ် မူတည်၍ ကွဲပြားခြင်းရှိနိုင်ပါသည်။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ