ကျွန်ုပ်၏ Galaxy Watch ပေါ်ရှိ လက်ပတ်နာရီမျက်နှာပြင်ကို မည်သို့ စိတ်ကြိုက်ပြင်ဆင်နိုင်မည်နည်း။

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 28.07.2022

သင့် Galaxy Watch ကို စိတ်ကြိုက်ပြင်ဆင်နိုင်ရန်အတွက် အစွမ်းထက်ဆုံးသော လုပ်ဆောင်ချက်များထဲမှတစ်ခုမှာသင့်လက်ပတ်နာရီ၏မျက်နှာပြင်ကိုပြောင်းလဲနိုင်စွမ်းရှိခြင်းပင် ဖြစ်သည်။သင့်စမတ်ဖုန်း သို့မဟုတ် သင့် Galaxy Watch မှ ကျယ်ပြန့်သော နာရီမျက်နှာပြင်များကို သင်ရွေးချယ်နိုင်သည်။၎င်းကိုမည်သို့လုပ်ဆောင်ရမည်ကို သိရှိရန် အောက်ပါအချက်အလက်များကို ဖတ်ရှုပါ။

စိတ်ကြိုက် ပြင်ဆင်ထားသော Galaxy Watch စခရင်၏ မြင်ကွင်း။

သင်၏ Galaxy Watch သို့မဟုတ် စမတ်ဖုန်းကို အသုံးပြု၍ သင့်လက်ပတ်နာရီမျက်နှာပြင်ကို စိတ်ကြိုက်ပြင်ဆင်နိုင်သည်။

သင်၏ Galaxy Watch မှ-

သင်၏Galaxy Watch မှ လက်ပတ်နာရီမျက်နှာပြင်ကို စိတ်ကြိုက်ပြင်ဆင်ရန်၊ ဤအဆင့်များကို လိုက်နာပါ-

အလယ်ရှိ အိုင်ကွန်ကို နှိပ်၍ ဖိထားသည့် လက်ပတ်နာရီမျက်နှာပြင်တစ်ခု၏ မြင်ကွင်း။ အလယ်ရှိ အိုင်ကွန်ကို နှိပ်၍ ဖိထားသည့် လက်ပတ်နာရီမျက်နှာပြင်တစ်ခု၏ မြင်ကွင်း။

အဆင့် ၁ . ပင်မစခရင်ပေါ်တွင် နှိပ်ပြီး ဖိထားပါ။

ဘယ်ဘက်သို့ ပွတ်ဆွဲပါ အိုင်ကွန် ဖြင့် စိတ်ကြိုက်ပြင်ဆင်သည့် စခရင် ကို ကြည့်ပါ။ ဘယ်ဘက်သို့ ပွတ်ဆွဲပါ အိုင်ကွန် ဖြင့် စိတ်ကြိုက်ပြင်ဆင်သည့် စခရင် ကို ကြည့်ပါ။

အဆင့် ၂ . ဘယ်ဘက်သို့ပွတ်ဆွဲပြီးသင်ကြိုက်နှစ်သက်သည့်လက်ပတ်နာရီမျက်နှာပြင်ကို ရွေးချယ်ပါ။

"စိတ်ကြိုက်လုပ်ရန်" ခလုတ်ကို မီးမောင်းထိုးပြထားသည့် ကိုယ်ပိုင်စတိုင်လ် လက်ပတ်နာရီမျက်နှာပြင်၏ မြင်ကွင်း။ "စိတ်ကြိုက်လုပ်ရန်" ခလုတ်ကို မီးမောင်းထိုးပြထားသည့် ကိုယ်ပိုင်စတိုင်လ် လက်ပတ်နာရီမျက်နှာပြင်၏ မြင်ကွင်း။

အဆင့် ၃. သင်အသုံးပြုလိုသော လက်ပတ် နာရီမျက်နှာပြင်ကို ရွေးချယ်လိုသောအခါ၊ သင့် Galaxy Watch ၏ ပင်မစခရင်တွင် ဤမျက်နှာပြင်ကို ပြသရန် "စိတ်ကြိုက် လုပ်ရန်" ခလုတ်ကို နှိပ်ပါ။

ကျေးဇူးပြု၍ သတိပြုပါ- သင်ရွေးချယ်ထားသော လက် ပတ် နာရီ ၏မျက်နှာပြင်ပေါ် မူတည်၍ နာရီလက်များ၏အရောင်၊ အသင့်အနေအထား နောက်ခံအရောင် သို့မဟုတ် အချို့သော အပလီကေးရှင်းဖြတ်လမ်းများကို သင်ဆန္ဒရှိသလို ပြောင်းလဲနိုင်ပါသည်။ လက်ပတ်နာရီ၏မျက်နှာပြင်များအားလုံးသည် ဤစိတ်ကြိုက်ပုံစံကို ခွင့်ပြုမည် မဟုတ်ကြောင်းကိုသတိရပါ။

သင့်စမတ်ဖုန်းမှ -

သင်၏စမတ်ဖုန်းမှသင့်လက်ပတ်နာရီ၏မျက်နှာပြင်ကိုတိုက်ရိုက်စိတ်ကြိုက်ပြင်ဆင်နိုင်သည်- Galaxy Wearable အက်ပ်ကိုဖွင့်ပါ → လက်ပတ်နာရီမျက်နှာပြင်များ ရွေးချယ်စရာကို နှိပ်ပါ → သင့်အကြိုက်ဆုံး လက်ပတ်နာရီမျက်နှာပြင်ကို ရွေးချယ်ပြီး သင်၏ Galaxy Watch တွင်ပြသရန် ၎င်းကို နှိပ်ပါ။

Galaxy Wearable အက်ပ်ကိုသင်၏Galaxy Watch မှ တိုက်ရိုက်ဝင်ရောက်ခြင်းကိုသင့်ဖုန်းနှင့်လည်း လုပ်ဆောင်နိုင်ပါသည်။ ဒီလိုလုပ်ဖို့၊ ဒီအဆင့်တွေကို လိုက်နာပါ-

အလယ်ရှိ အိုင်ကွန်ကို နှိပ်၍ ဖိထားသည့် လက်ပတ်နာရီမျက်နှာပြင်တစ်ခု၏ မြင်ကွင်း။ အလယ်ရှိ အိုင်ကွန်ကို နှိပ်၍ ဖိထားသည့် လက်ပတ်နာရီမျက်နှာပြင်တစ်ခု၏ မြင်ကွင်း။

အဆင့် ၁ . ပင်မစခရင်ကို နှိပ်ပြီး ဖိထားပါ။

ဖုန်းပေါ်ရှိ တည်းဖြတ်မှုအိုင်ကွန် ကို မီးမောင်းထိုးပြထားသည့်  စိတ်ကြိုက်ပြင်ဆင်သည့် စခရင် ကို ကြည့်ပါ။ ဖုန်းပေါ်ရှိ တည်းဖြတ်မှုအိုင်ကွန် ကို မီးမောင်းထိုးပြထားသည့်  စိတ်ကြိုက်ပြင်ဆင်သည့် စခရင် ကို ကြည့်ပါ။

အဆင့် ၂ . သင့်စမတ်ဖုန်းပေါ်ရှိ “လက်ပတ်နာရီမျက်နှာပြင်များ” စခရင်ကို ဖွင့်ရန် ဖုန်းပေါ်ရှိ တည်းဖြတ်မှုအိုင်ကွန် ကို နှိပ်ပါ။

စမတ်ဖုန်းပေါ်ရှိ “လက်ပတ်နာရီမျက်နှာပြင်များ” စခရင်ကို ကြည့်ပါ။ စမတ်ဖုန်းပေါ်ရှိ “လက်ပတ်နာရီမျက်နှာပြင်များ” စခရင်ကို ကြည့်ပါ။

အဆင့် ၃ . သင်၏စမတ်ဖုန်းတွင်၊ သင့် Galaxy Watch တွင် မိမိအသုံးပြုလိုသော မျက်နှာပြင်ကို ရွေးချယ်ပြီး ပြသရန် ကို နှိပ်ပါ။သင်အသုံးပြုလိုသောမျက်နှာပြင်အတွက် စိတ်ကြိုက်ပြင်ဆင်ခြင်းလုပ်ဆောင်ချက်ကို ရနိုင်ပါက၊ သင်သည် "စိတ်ကြိုက် ပြင်ဆင်ရန်" ခလုတ်ကိုနှိပ်ခြင်းဖြင့် စခရင်၏ထိပ်တွင် ပြုလုပ်နိုင်ပါသည်။

သင်ဆန္ဒရှိသလိုအချိန်တိုင်းတွင် လက်ပတ် နာရီမျက်နှာပြင်များကို ပိုမိုရရှိနိုင်ပါသည်။သင်၏လက်ပတ်နာရီပေါ်တွင် မျက်နှာပြင်အသစ်ထားလိုပါက အကြံပြုချက်ကဏ္ဍတွင် မှန်ကန်သော အချက်ကို ရှာမတွေ့ပါက၊ အောက်ပါအဆင့်များကို လိုက်နာပါ-

“လက်ပတ်နာရီမျက်နှာပြင်များ” ရွေးချယ်မှုကို နှိပ်ခြင်းဖြင့် Galaxy Wearable အက်ပ်ကို ကြည့်ရှုပါ။ “လက်ပတ်နာရီမျက်နှာပြင်များ” ရွေးချယ်မှုကို နှိပ်ခြင်းဖြင့် Galaxy Wearable အက်ပ်ကို ကြည့်ရှုပါ။

အဆင့် ၁ . သင်၏ Galaxy Wearable အက်ပ်ကိုဖွင့်ပြီး “လက်ပတ်နာရီမျက်နှာပြင်များ” ရွေးချယ်မှုကို နှိပ်ပါ။ ယခင်အဆင့်များအတိုင်း သင့် Galaxy Watch မှ အက်ပ်ကိုဖွင့်နိုင်ပါသည်။

စမတ်ဖုန်းပေါ်ရှိ “လက်ပတ်နာရီမျက်နှာပြင်များ” စခရင်ကို ကြည့်ပါ။ စမတ်ဖုန်းပေါ်ရှိ “လက်ပတ်နာရီမျက်နှာပြင်များ” စခရင်ကို ကြည့်ပါ။

အဆင့် ၂ . " လက်ပတ်နာရီမျက်နှာပြင်များ" စခရင်ပေါ်တွင် အောက်သို့ဆင်းပြီး "နောက်ထပ် လက်ပတ် နာရီမျက်နှာပြင်များရယူပါ" ရွေးချယ်မှုကို နှိပ်ပါ။

ရရှိနိုင်သော လက်ပတ် နာရီမျက်နှာပြင်များထဲမှ တစ်ခုကို မီးမောင်းထိုးပြထားသည့် “Google Play” စခရင်၏ မြင်ကွင်း။ ရရှိနိုင်သော လက်ပတ် နာရီမျက်နှာပြင်များထဲမှ တစ်ခုကို မီးမောင်းထိုးပြထားသည့် “Google Play” စခရင်၏ မြင်ကွင်း။

အဆင့်၃. သင့်စမတ်ဖုန်းသည်သင့်အားရရှိနိုင်သောလက်ပတ်နာရီမျက်နှာပြင်များအားလုံးကို တွေ့စေနိုင်မည့် “Google Play” သို့ ပြန်လည်ညွှန်းပြပေးပါမည်။ သင်ရဲ့အကြိုက်ဆုံးကို နှိပ်ပါ။

“ထည့်သွင်းရန်” ခလုတ်ကို နှိပ်ခြင်းဖြင့် ရွေးချယ်ထားသော လက်ပတ် နာရီမျက်နှာပြင်ကို ကြည့်ပါ။ “ထည့်သွင်းရန်” ခလုတ်ကို နှိပ်ခြင်းဖြင့် ရွေးချယ်ထားသော လက်ပတ် နာရီမျက်နှာပြင်ကို ကြည့်ပါ။

အဆင့်4. "ထည့်သွင်းရန်"ခလုတ်ကိုနှိပ်ပါ။ဒေါင်းလုဒ်လုပ်ပြီးသည်နှင့်၊သင်၏လက်ပတ်နာရီမျက် နှာပြင်အသစ်ကို သင့်နာရီပေါ် နှင့် "လက်ပတ်နာရီမျက်နှာပြင်များ" မီနူးရှိ Wearable အက်ပ်တွင် ရရှိနိုင်မည်ဖြစ်သည်။

ကျေးဇူးပြု၍သတိပြုပါ - အချို့သောလက်ပတ်နာရီမျက်နှာပြင်များသည် သင့်တယ်လီဖုန်းအော်ပရေတာနှင့် စာချုပ်ချုပ်ဆိုထားသည့်ပမာဏထက်အခကြေးငွေပိုများနိုင်ပါသည်။ လက်ပတ် နာရီမျက်နှာပြင်များ၏ရွေးချယ်မှုများနှင့် အက်ပ်လီကေးရှင်းများသည် သင့်စက်ကိရိယာ မော်ဒယ်ပေါ်မူတည်၍  ကွဲပြားနိုင်ပါသည်။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ