ကျွန်ုပ်၏ Galaxy Buds ဆော့ဖ်ဝဲလ်ကို မည်သို့ အပ်ဒိတ်လုပ်မည်နည်း။

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 28.07.2022

သင်၏ Galaxy Buds ကိုအပ်ဒိတ်လုပ်နေခြင်းသည်နေ့စဉ်သင့်၏ Buds များမှ အများဆုံးရရှိနိုင်ကြောင်း သေချာစေရန် အကောင်းဆုံးနည်းလမ်းပင်ဖြစ်သည်။ ဒီမှာ သင်၏ Buds များ အမြဲလက်ရှိဖြစ်နေကြောင်းကို သေချာစေရန် သင်၏ Galaxy Buds ဆော့ဖ်ဝဲကို စစ်ဆေးပြီး မည်သို့အပ်ဒိတ်လုပ်ရမည်နည်: အကြောင်း ပင် ဖြစ်သည်။

Galaxy Wearable ဆော့ဖ်ဝဲလ်အပ်ဒိတ် စခရင်၏ မြင်ကွင်း။

သင်၏ Galaxy Buds ဆော့ဖ်ဝဲကို အပ်ဒိတ်လုပ်နည်း။

သင်၏ Galaxy Buds ဆော့ဖ်ဝဲကို အပ်ဒိတ်လုပ်ရန် သင့်စမတ်ဖုန်းတွင် Galaxy Wearable အက်ပ်ကို ဦးစွာ ဒေါင်းလုဒ်လုပ်ပြီး ဤအဆင့်များအတိုင်းလိုက်နာရပါမည်။

  • Galaxy စတိုးလ် သို့မဟုတ် Play စတိုးလ် ကိုဖွင့်ပြီး ရှာဖွေမှုအိုင်ကွန် ကို နှိပ်ပါ။ Galaxy Wearable ကိုရှာ၍ ရွေးချယ်ပြီးနောက် အက်ပ်ဘေးရှိ တပ်ဆင်မှုအိုင်ကွန် (အောက်မြှား) ကို နှိပ်ပါ။ တပ်ဆင်မှုပြီးသည်နှင့် အက်ပ်ကိုဖွင့်ရန် Play အိုင်ကွန်ကို နှိပ်ပါ။

 

နောက်ဆုံးပေါ် လုပ်ဆောင်ချက်များအတွက် သင်၏ Galaxy Buds ဆော့ဖ်ဝဲကို အပ်ဒိတ်လုပ်ရန်၊ ဤအဆင့်များကို လိုက်နာပါ-

“Galaxy Wearable”  အက်ပ်ဖြင့် မီးမောင်းထိုးပြထားသည့် ပင်မစခရင်၏ မြင်ကွင်း။ “Galaxy Wearable”  အက်ပ်ဖြင့် မီးမောင်းထိုးပြထားသည့် ပင်မစခရင်၏ မြင်ကွင်း။

အဆင့် ၁ . သင်၏ “Galaxy Wearable” အက်ပ်ကိုဖွင့်ပါ။

“Earbuds ဆက်တင်များ” ကို မီးမောင်းထိုးပြထားသည့် “Galaxy Buds” စခရင်ကို ကြည့်ပါ။ “Earbuds ဆက်တင်များ” ကို မီးမောင်းထိုးပြထားသည့် “Galaxy Buds” စခရင်ကို ကြည့်ပါ။

အဆင့် ၂ . Galaxy Buds ချိတ်ဆက်ပြီးသည်နှင့် တပြိုင်နက် “Earbuds ဆက်တင်များ” ကိုနှိပ်ပါ။

“Earbuds ဆော့ဖ်ဝဲအပ်ဒိတ်” ကို မီးမောင်းထိုးပြထားသည့် “Earbuds ဆက်တင်များ” မီနူး၏ မြင်ကွင်း။ “Earbuds ဆော့ဖ်ဝဲအပ်ဒိတ်” ကို မီးမောင်းထိုးပြထားသည့် “Earbuds ဆက်တင်များ” မီနူး၏ မြင်ကွင်း။

အဆင့် ၃ . မီနူး၏အောက်ခြေတွင် “Earbuds ဆော့ဖ်ဝဲအပ်ဒိတ် ” ကိုရွေးချယ်ပါ။

အဆင့် ၄ . "Earbuds ဆော့ဖ်ဝဲလ်အပ်ဒိတ်" စခရင်တွင် "ဒေါင်းလုဒ်လုပ်ပြီး တပ်ဆင်ခြင်း"၊ "ဝိုင်ဖိုင် မှတဆင့် အလိုအလျောက်ဒေါင်းလုဒ်လုပ်ခြင်း" သို့မဟုတ် "နောက်ဆုံးအပ်ဒိတ်" တို့ကို ရွေးချယ်နိုင်ပါသည်။

ကျေးဇူးပြု၍ သတိပြုပါ- သင်အသုံးပြုနေသည့် မော်ဒယ်၊ ကွန်ရက်နှင့် ဗားရှင်းအချက်အလက်ပေါ် မူတည်၍ 'Earbuds ဆော့ဖ်ဝဲလ်အပ်ဒိတ်' မီနူး သည်ပေါ်လာနိုင်မည်မဟုတ်ပါ။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ