Galaxy ဖုန်းတွင် အလိုအလျောက် လုပ်ဆောင်ခြင်းကို မည်ကဲ့သို့လုပ်ဆောင်နိုင်မည်နည်း

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 16.03.2023

သင့်ဖုန်း ‌အကောင်းဆုံးလည်ပတ်နိုင်ရန်အတွက် မမ်မိုရီကို ရှင်းလင်းခြင်းနှင့် နောက်ခံ အက်ပလီကေးရှင်းများ ပိတ်ခြင်း စသဖြင့် အမျိုး‌မျိုးသော လုပ်ဆောင်ချက်များကို Device Care စနစ်မှ အလိုအလျောက် ဆောင်ရွက်နေပါသည်။ Android 13(T) OS (One UI5) တွင် နောက်ဆုံးပေါ် အလိုအလျောက် လုပ်ဆောင်ခြင်း (Auto Optimisation) စနစ်ပါဝင်ပြီး ထိုအရာကို ဖုန်းအသုံးမပြုသည့် အချိန်တွင် အကောင်းဆုံးလည်ပတ်နိုင်ရန်အတွက် သင့်အနေဖြင့် ဖုန်းကို အလိုအလျောက် ပြန်ဖွင့်ခြင်းစနစ်ကို ပြုလုပ်ထားနိုင်ပါသည်။

Galaxy ဖုန်းများ နှင့် အလိုအလျောက် လုပ်ဆောင်ခြင်း အိုင်ကွန် (auto optimisation icon) ပါဝင်သည့် ပုံ

အလိုအလျောက် လုပ်ဆောင်ခြင်းကို ဘယ်လိုဖွင့်မလဲ/ လိုအပ်သည့် အချိန်တွင် ပြန်ဖွင့်ခြင်း (Restart)

ယခင် ဗားရှင်းများ၏ နေ့စဉ် အလိုအလျောက် လုပ်ဆောင်ခြင်းနှင့် အလိုအလျောက် ပြန်ဖွင့်ခြင်းစနစ်တွင် အသုံးပြုသူများက လုပ်ဆောင်ရန်/အစီအစဉ်ကို အစအဆုံးပြန်ထည့်သွင်းခြင်း (optimize/reboot) လုပ်ရန် နေ့ရက်နှင့် အချိန်ကို ကိုယ်တိုင် သတ်မှတ်ပေးရန်လိုအပ်သည်။ ယခုအခါ ထိုသို့သတ်မှတ်ပေးရန်မလိုအပ်တော့ဘဲ လိုအပ်သည့်အခါ ဖုန်း သည် အလိုအလျောက် လုပ်ဆောင်ခြင်းကို ကိုယ်တိုင်ဆောင်ရွက်လိမ့်မည် ဖြစ်ပါသည်။

ဖုန်းကို အသုံးမပြုသည့်အခါ (စခရင် ပိတ်ထားသည့်အခါ၊ ဖုန်းမခေါ်နေသည့် အခါ သို့မဟုတ် သီချင်းဖွင့်ထားသည့် အခါ) တွင် အလိုအလျောက်လုပ်ဆောင်ခြင်းကို ဆောင်ရွက်ပါလိမ့်မည်။ ထိုသို့ဆောင်ရွက်ခြင်းကို နံနက်အစောပိုင်းနာရီများတွင် လုပ်လေ့ရှိပါသည်။

ဆက်တင် အိုင်ကွန်ကို ဟိုက်လိုက်လုပ်ထားပုံ။ ဆက်တင် အိုင်ကွန်ကို ဟိုက်လိုက်လုပ်ထားပုံ။

အဆင့် ၁။ ဆက်တင် မီနျူးကို ဖွင့်ပါ။

ဘက်ထရီနှင့် ဖုန်းကိုထိန်းသိမ်းစောင့်ရှောက်ခြင်း ( device care) ဆက်တင်များကို ဟိုက်လိုက်လုပ်ထားပုံ ဘက်ထရီနှင့် ဖုန်းကိုထိန်းသိမ်းစောင့်ရှောက်ခြင်း ( device care) ဆက်တင်များကို ဟိုက်လိုက်လုပ်ထားပုံ

အဆင့် ၂။ "ဘက်ထရီနှင့် ဖုန်းကိုထိန်းသိမ်းစောင့်ရှောက်ခြင်း (device care)" ကို ဖွင့်ပါ။

အလိုအလျောက် လုပ်ဆောင်ခြင်း ဆက်တင်ကို  ဟိုက်လိုက်လုပ်ထား  ပုံ။ အလိုအလျောက် လုပ်ဆောင်ခြင်း ဆက်တင်ကို  ဟိုက်လိုက်လုပ်ထား  ပုံ။

အဆင့် ၃။"အလိုအလျောက် လုပ်ဆောင်ခြင်" ကို ဖွင့်ပါ။

ပြန်ဖွင့်ခြင်း (Restart) လိုအပ်သည့်ဆက်တင်ကို ဟိုက်လိုက်လုပ်ထားပုံ။ ပြန်ဖွင့်ခြင်း (Restart) လိုအပ်သည့်ဆက်တင်ကို ဟိုက်လိုက်လုပ်ထားပုံ။

အဆင့် ၄။"လိုအပ်သည့်အချိန်တွင် ပြန်ဖွင့်ခြင်း (Restart)" ကို နှိပ်ပြီး ဖွင့်ပါ။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ

RC01_Static Content : This text is only displayed on the editor page