ဖုန်းမော်ဒယ်နံပါတ် ၊ ထုတ်ကုန်နှင့် IMEI နံပါတ်ကိုဘယ်လိုရှာမလဲ။

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 13.01.2022

မိုဘိုင်းဖုန်းတိုင်းတွင် မတူညီသည့် ဖုန်းမော်ဒယ်နံပါတ် ၊ ထုတ်ကုန်နှင့် IMEI နံပါတ်များပါ၀င်ပါသည်။ သင့်ဖုန်းမော်ဒယ်အပေါ်မူတည်၍ ဒီအချက်အလက်ကို ဘယ်လိုရှာဖွေရမလဲဆိုတာ နည်းလမ်းအချို့ကွဲပြားနိုင်ပါသည်။

အောက်ဖော်ပြပါ အကြံပြုချက်များအတိုင်း မလုပ်ဆောင်မီ သင့်ကိရိယာ၏ ဆော့ဖ်ဝဲလ်နှင့် သက်ဆိုင်ရာ အက်ပလီကေးရှင်းများအား နောက်ဆုံးဗားရှင်းသို့ အဆင့်မြှင့်ထားကြောင်း သေချာစွာလုပ်ဆောင်ပါ။ သင့်မိုဘိုင်းဖုန်းဆော့ဖ်ဝဲလ်အားအပ်ဒိတ်လုပ်ရန် အောက်ပါအချက်များအတိုင်းလုပ်ဆောင်ပါ။

အဆင့် ၁။ Settings > Software update သို့သွားပါ။

အဆင့် ၂။ Download and install ကိုနှိပျပါ။

အဆင့် ၃။ ပေါ်လာသည့်လမ်းညွှန်ချက်များအတိုင်း လုပ်ဆောင်ပါ။

ဖုန်းမော်ဒယ်နံပါတ် ၊ ထုတ်ကုန်နှင့် IMEI နံပါတ်ဆိုတာဘာလဲ။

ထုတ်ကုန်နံပါတ်ဆိုသည်မှာ (Samsung ကဲ့သို့)ထုတ်လုပ်သူမှ ဖုန်း၊ တက်ဘလက် ၊ တီဗီ နှင့်အစရှိသကဲ့သို့ပစ္စည်းများကို ခွဲခြားသတ်မှတ်ရန် ပေးထားသည့် မတူညီသည့်နံပါတ်ဖြစ်သည်။ ဥပမာဆိုရေသော်..သင့်ဖုန်းထုတ်ကုန်နံပါတ်သည် Samsung မှထုတ်ထားသည့် အခြားထုတ်ကုန်တိုင်းနှင့် ကွဲပြားနေပါလိမ့်မည်။ ထုတ်ကုန်နံပါတ်များသည် ထုတ်လုပ်သူအား ၄င်းတို့ထုတ်ကုန်ကို ခြေရာခံခြင်းနှင့် စီမံနိုင်မှုအတွက် ပိုမိုလွယ်ကူစေပါသည်။

တဖက်ကဆိုလျှင် IMEI သို့မဟုတ် MEID ဆိုသည်မှာ ဖုန်း သို့မဟုတ် အခြားဆက်သွယ်ရေးကိရိယာများအတွက်သာ အသုံးပြုပါသည်။ ဖုန်းကိုင်ဆောင်ထားသူအပေါ်မူတည်၍ သင့်ဖုန်းတွင် IMEI သို့မဟုတ် MEID နံပါတ်များပါ၀င်ပါလိမ့်မည်။ အဆိုပါနံပါတ် ၂ ခုသည် ထုတ်ကုန်နံပါတ်နှင့် မတူပါ။ ၄င်းတို့ကို ထုတ်လုပ်သူတင်မကဘဲ နိုင်ငံတကာ သို့မဟုတ်ကမ္ဘာအဝှမ်းအသွုးပြုကြပါသည် ၄င်း နံပါတ်အမျိုးအစား ၂ ခုစလုံးသည် ခိုးခံရသည့် သို့မဟုတ်ပျောက်ဆုံးသွားသည့်ဖုန်းကို ခြေရာခံရန် ကွန်ယက်ထောက်ပံ့သူတို့ကို ကူညီနိုင်ပါသည်။

မော်ဒယ်နံပါတ်ဆိုသည်မှာ ထုတ်ကုန်အလိုက်(Galaxy Note20, Galaxy Z Fold2 စသဖြင့်) ထည့်ပေးထားသည့် နံပါတ်ဖြစ်သည်။ နံပါတ်များသည် ထုတ်ကုန်ထုတ်သည့်ခုနှစ် ၊ အရောင် ၊ ကွန်ယက် နှင့်အခြားအချက်များပေါ်မူတည်၍ ကွဲပြားနိုင်ပါသည်။ အဆိုပါ အမျိုးအစား(အရောင်တူ စသဖြင့်)တွင်ပါ၀င်သည့် မော်ဒယ်တိုင်းတွင် တူညီသည့် မော်ဒယ်နံပါတ်ရှိနေပါမည်။

အဆင့် ၁။ Settingsသို့သွား၍ About phoneကိုနှိပ်ပါ။

အဆင့် ၂။ ဖန်သားပြင်ပေါ်တွင် ဖုန်းနံပါတ် ၊ IMEI ၊ မော်ဒယ်နံပါတ်နှင့် ထုတ်ကုန်နံပါတ်များ ပေါ်လာပါလိမ့်မည်။

ဆက်တင်ထဲမှတဆင့် နံပါတ်များကိုရှာဖွေခြင်း

မှတ်ချက်-

  • ဗားရှင်းနိမ့်သည့်ဖုန်းများတွင် Statusကိုနှိပ်၍ အချက်အလက်များကြည့်ရနိုင်ပါသည်။

သင့်ဖုန်းအပေါ်မူတည်၍ IMEI ထုတ်ကုန်နံပါတ်နှင့် မော်ဒယ်နံပါတ်များသည် နောက်ဘက်သို့မဟုတ် ဖြုတ်နိုင်သည့် ဘက်ထရီအောက်တွင် ရေးထားပေးထားနိုင်ပါသည်။ ဖြုတ်နိုင်သည့်ဘက်ထရီပါ၀င်သည့် ဖုန်းများအတွက် IMEI နံပါတ်များသည် သင့်ဖုန်းမော်ဒယ်အလိုက် မတူသည့်နေရာများတွင်ရှိနိုင်ပါသည်။ များသောအားဖြင့် ဘက်ထရီအောက် ၊ ဖုန်းအောက်ခြေနားရှိနေရာတွင် ထိုးပေးထားပါသည်။

 အဆင့် ၁။ သင့်ဖုန်းနောက်ဘက်ကိုကြည့်ပါ။

သင့်ဖုန်းနောက်ဘက်ကိုကြည့်ခြင်း

အဆင့်၂။ IMEI ၊ ထုတ်ကုန်(Serial)နှင့် မော်ဒယ်နံပါတ်များကို ဖုန်းနောက်ကျောတွင် ရေးထားပေးပါသည်။

မှတ်ချက်-

  • ခေတ်မီဖုန်းများတွင် ဖြုတ်နိုင်သည့်ဘက်ထ္ထရီ မပါရှိပါ။ သင့်ဖုန်းတွင် ဖြုတ်နိုင်သည့် Battery မပါရှိပါက ဖုန်းထိခိုက်နိုင်သည့်အပြင် အာမခံကိုပါပယ်ဖျက်နိုင်သည့်အတွက် ဖြုတ်ရန်မကြိုးစားပါနှင့်။

အဆင့် ၁။ Phone အက်ပ်ကိုဖွင့်ပါ။

အဆင့် ၂။ ခလုတ်တွင် *#06# ကိုနှိပ်၍ခေါ်ဆိုပါ။

အဆင့် ၃။ သင့်ဖုန်း၏ IMEI နှင့်ထုတ်ကုန်နံပါတ်အသေးစိတ်များ အလိုလိုပေါ်လာပါလိမ့်မည်။

IMEI နှင့် ထုတ်ကုန်အမှတ်

မှတ်ချက်:  ရနိုင်သည့်ဆက်တင်နှင့်ဖန်သားပြင်များသည် ကြိုးမဲ့ဝန်ဆောင်မှုပေးသူ ၊ ဆော့ဖ်ဝဲလ်ဗားရှင်းနှင့် ဖုန်းအလိုက် ကွဲပြားနိုင်ပါသည်။

Samsung Members အက်ပ်ကို ဘယ်လိုသုံးရမလဲ။

Samsung မိုဘိုင်းလ်ဖုန်းများ၊ တက်ဘလက်များနှင့် ဝတ်ဆင်နိုင်သော ပစ္စည်းများတွင် အခက်အခဲများကြုံရပါက Samsung Members အက်ပ်တွင် ကျွန်ုပ်တို့ထံ မေးမြန်းနိုင်ပါသည်။ Error များကိုတိုင်ကြားခြင်းနှင့်ပတ်သက်ပြီး ပိုမိုရှာဖွေလိုက်ပါ။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ