Galaxy Buds+ အား Galaxy ဖုန်းများဖြင့် ချိတ်ဆက်၍ အဆင့်မြှင့်တင်နည်း။

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 22.09.2020

Samsung Galaxy S20 , S20+ နှင့် S20 Ultra တို့နှင့် အဆင်ပြေစွာချိတ်ဆက်နိုင်စေရန် တည်ဆောက်ထားပြီး Galaxy Buds+ ကို သင့် Galaxy ဖုန်း ၊  Smart Watch ၊ Tablet သို့မဟုတ် Bixby ကဲ့သို့ အသံအထောက်အကူပြုစနစ်များဖြင့် ထိန်းချုပ်နိုင်ပါသည်။ သင့် Galaxy Buds အား စွမ်းဆောင်ရည်အပြည့်ရရှိစေနိုင်ရန်အတွက် သင့် Galaxy ဖုန်းဖြင့် ချိတ်ဆက်၍ အဆင့်မြှင့်တင်နိုင်ရန် မည်မျှလွယ်ကူသည်ကို ဖော်ပြပါဗီဒီယိုတွင် ကြည့်ရှုနိုင်ပါသည်။

သင့်နားကြပ်အား ချိတ်ဆက်၍ အဆင့်မြှင့်တင်ရန် ဖော်ပြပါအဆင့်များအတိုင်း လုပ်ဆောင်ပါ။

မှတ်ချက် :  

  • အရေးကြီးသောအချက် :  Google Play Store  သို့မဟုတ် Galaxy Store တွင် Galaxy Wearable & SmartThings အက်ပလီကေးရှင်းအား ဒေါင်းလုဒ်ဆွဲ၍ ဖုန်းတွင်ထည့်သွင်းထားရပါမည်။
  • အဆိုပါ အက်ပလီကေးရှင်းများသည် နောက်ဆုံးထွက်ဗားရှင်းများဖြစ်နေစေရန် သေချာလုပ်ဆောင်ပါ။
  • ယခုဗီဒီယိုတွင် ပါရှိသောပုံအား နမူနာအဖြစ် အင်္ဂလိပ်ဘာသာဖြင့်ဖော်ပြထားသော်လည်း သင့်ဖုန်းတွင် သင်ရွေးချယ်ထားသော ဘာသာစကားဖြင့်လည်း ရရှိနိုင်ပါသည်။ 
  • သင့်ဖုန်း၏ မော်ဒယ် နှင့် Galaxy Wearable အက်ပလီကေးရှင်း၏ ဗားရှင်းအလိုက် အသုံးပြုသူမှ ဆော့ဖ်ဝဲအတွင်း တွေ့မြင်ရသည့်ပုံစံ ခြားနားနိုင်ပါသည်။
  • နားကြပ်အချက်ပြမီး မလင်းပါက အားသွင်းကိရိယာကို အားသွင်းကြိုးတွင်တပ်ဆင်၍ မိနစ် ၃၀ ထက်ပို၍ အားသွင်းထားပေးပါ။

အပိုင်း ၁ Galaxy Buds+ ကို Galaxy ဖုန်းဖြင့် ချိတ်ဆက်ပါ။

သင့်နားကြပ်အား ချိတ်ဆက်နည်း

အဆင့် ၁။ Bluetooth ဖွင့်ထားခြင်းရှိ မရှိ စစ်ဆေးရန် ဖုန်း Screen အားအောက်သို့ဆွဲချ၍ အချက်ပြဇယားကိုကြည့်ရှုပါ။

အဆင့် ၂။ နားကြပ်တစ်ခုချင်းအလိုက် ဦးတည်ရာကိုကြည့်၍ မှန်ကန်သော လားရာအတိုင်းထားပေးပါ။

အဆင့် ၃။ အားသွင်းကိရိယာကိုဖွင့်ပါ

သင့်နားကြပ်သည် Bluetooth ချိတ်ဆက်သည့် စနစ်အတွင်းသို့ အလိုအလျှောက်ရောက်ရှိသွားမည်ဖြစ်ပြီး သင့်ဖုန်းတွင် အသိပေးစာပေါ်လာပါလိမ့်မည်။

အဆင့် ၄။ အသိပေးစာတွင်ပါရှိသည့် Connect ကိုနှိပ်ပါ။ Galaxy Wearable အပ်ပလီကေးရှင်း ပွင့်လာပါလိမ့်မည်။

အဆင့် ၅။ ချိတ်ဆက်မှုအောင်မြင်စေရန် ပေါ်လာသည့် ညွှန်ကြားချက်များအတိုင်း လုပ်ဆောင်ပါ။

အဆင့် ၆။ ယခုအခါ Galaxy Wearable အက်ပလီကေးရှင်းတွင် သင့်နားကြပ်အား ထိန်းချုပ်နိုင်သည့် setting နှင့် အချက်အလက်များကိုတွေ့မြင်ရပါလိမ့်မည်။

 

အပိုင်း ၂ Galaxy Buds+ ကိုသင့် မိုဘိုင်းဖုန်းဖြင့် အဆင့်မြှင့်တင်ပါ။

သင့်နားကြပ်များအား အဆင့်မြှင့်တင်နည်း

အဆင့် ၁။ သင့်မိုဘိုင်းဖုန်းတွင် Galaxy Wearable အက်ပလီကေးရှင်းကို ဖွင့်ပါ။
အဆင့် ၂။ အောက်သို့ဆွဲချ၍ Earbuds software update ကိုရွေးပေးပါ။.
အဆင့် ၃။ မိမိကိုယ်တိုင်လုပ်ဆောင်ရန် Download and install ကို ရွေးပေးပါ။

အဆင့် ၄။ သင့်ဖုန်း Wi-Fi ချိတ်ဆက်ထားသည့်အချိန်တွင် အပ်ဒိတ်များအား အလိုအလျှောက်ဒေါင်းလုပ်ဒ်ဆွဲရန် ဖွင့်ထားပေးပါ။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ