သင်၏ Galaxy ဖုန်းတွင် Dynamic Lock Screen ကိုမည်သို့ပိတ်ရမည်နည်း

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 20.09.2021

သင်၏ Galaxy ဖုန်းကို လော့ခ်ဖွင့်သောအခါ ဖုန်းမျက်နှာပြင်ကိုပွတ်ဆွဲခြင်းသည် ပုံစံကွက် သို့မဟုတ် လက်ဗွေအသိအမှတ်ပြုမျက်နှာပြင်အစား တိရစ္ဆာန်ပုံများနှင့် ရှုခင်းများကိုပြသနိုင်သည်။ ၎င်းသည် Galaxy ဖုန်းမှပေးသော Dynamic Lock screen တစ်ခုဖြစ်သည်။ ၎င်းကို သင်အချိန်မရွေးပိတ်ပစ်နိုင်သည်။ Dynamic Lock မျက်နှာပြင်ကိုဖယ်ရှားရန် အောက်ပါလမ်းညွှန်ကိုစစ်ဆေးပါ။

အောက်ပါအကြံပြုချက်များကို မစမ်းသပ်မီ သင့်ဖုန်း၏ဆော့ဝဲ အပါအဝင် သက်ဆိုင်သောအက်ပ်များကို နောက်ဆုံးဗားရှင်း အပ်ဒိတ်လုပ်ထားပါ။ သင့်မိုဘိုင်းဖုန်းဆော့ဝဲကို အပ်ဒိတ်လုပ်ရန် ဤအဆင့်များကိုလိုက်နာပါ။

အဆင့် ၁။ Settings> Software update သို့သွားပါ။ 

အဆင့် ၂။ Download လုပ်ပြီး Install ကိုနှိပ်ပါ။

အဆင့် ၃။ ညွှန်ကြားချက်များကို လိုက်နာပေးပါ။

Dynamic Lock screen ဆိုသည်မှာအဘယ်နည်း။

Dynamic Lock Screen သည် သင့် Galaxy ဖုန်း၏ lock screen တွင် နှစ်ပတ်တစ်ခါ တိရစ္ဆာန်များ၊ ရှုခင်းများစသည်တို့ကို အလိုအလျောက် update လုပ်၍ပြသသော ၀န်ဆောင်မှုတစ်ခုဖြစ်သည်။ သင်က တူညီတဲ့ နောက်ခံပုံအစား မျက်နှာပြင်ကို ဖွင့်လိုက်တိုင်း မတူညီသောပုံများ ပြောင်းလဲအောင်ထားနိုင်သည်။

dynamic lock screen

Dynamic Lock Screen ကိုပိတ်ခြင်း။

Dynamic lock screen ကိုပိတ်ရန်အောက်ပါအဆင့်များကိုလိုက်နာပါ။

အဆင့် ၁။   Settings ကိုဖွင့်ပြီး Wallpaper ကိုရွေးပါ။

အဆင့် ၂။    Wallpaper services ကိုရွေးချယ်ပါ။

အဆင့် ၃။   None ကိုရွေးပါ။ ထို့နောက် Swipe left for info page ဘေးနားရှိ ခလုတ်ကို ပွတ်ဆွဲ၍ပိတ်ပါ။ လော့ခ်မျက်နှာပြင်ကို သင်ပွတ်ဆွဲသောအခါ Dynamic Lock မျက်နှာပြင်ရုပ်ပုံသည် ပေါ်လာတော့မည်မဟုတ်ပါ။

dynamic lock screen step

မှတ်ချက်။ ပြထားသောပုံများနှင့်  မီနူးများသည်   ဆော့ဝဲဗားရှင်းများပေါ် မူတည်၍ ကွဲပြားနိုင်သည်။ 

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ