Galaxy Z Fold7 နှင့် Z Flip7 တွင် Nano-SIM ကတ် ထည့်သွင်းနည်း

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 26.07.2025

USIM ကတ်သည် သင့်သုံးစွဲသူအချက်အလက်ကို သိမ်းဆည်းထားပြီး သင့်စက်ပစ္စည်းကို မိုဘိုင်းကွန်ရက်နှင့် ချိတ်ဆက်နိုင်စေသည်။ Galaxy Z Fold သို့မဟုတ် Flip စက်အသစ်ကို စတင်သုံးစွဲချိန် သို့မဟုတ် SIM ကတ်အသစ်ထည့်သွင်းချိန်တွင် SIM ထည့်ခွက် မပျက်စီးစေရန်အတွက် မှန်ကန်စွာ ထည့်သွင်းရန် အရေးကြီးပါသည်။ Galaxy Fold7 နှင့် Z Flip7 တွင် USIM ကတ်ကို ဘေးကင်းစွာ ထည့်သွင်းနိုင်ရန် အောက်ပါအဆင့်များကို လိုက်နာပါ။

မှတ်ချက်-

  • SIM ကတ်ကို အပေါ်အောက် ပြောင်းပြန်မထည့်စေရန် သတိပြုပါ။
  • SIM ကတ်ကို သေချာမထည့်ထားဘဲ ထည့်ခွက်ကို စက်အတွင်းဖိထည့်ခြင်းကြောင့် ထည့်ခွက်ကွေးနိုင် သို့မဟုတ် ပျက်စီးနိုင်ပါသည်။
  • ၎င်းကို စက်အတွင်းပြန်ထည့်ရာတွင် အလှည့် မှန်၊ မမှန် အမြဲစစ်ဆေးပါ။
  • ပုံများကို သရုပ်ဖော်ရန် ရည်ရွယ်၍ ပုံဖော်ထားသည်။ အမှန်တကယ် UX/UI ကွဲပြားနိုင်သည်။

Galaxy Z Fold7 တွင် Nano-SIM ကတ် ထည့်သွင်းနည်း

သင့် Galaxy Z Fold7 စက်တွင် Nano-SIM ကတ်ကို မှန်ကန်စွာ ထည့်ရန် အောက်ပါအဆင့်များကို လိုက်နာပါ-

မှတ်ချက်- ကတ်ထည့်ခွက်သည် အလွန်ပါးလွှာပါသည်။ ဆွဲထုတ်လျှင် သို့မဟုတ် ပြန်ထည့်လျှင် မကွေးစေရန် သို့မဟုတ် မကျိုးစေရန် သတိပြုပါ။

ကတ်ထုတ်ပင် ထည့်ပါ

အဆင့် 1။ စက်ကို ခေါက်ပြီး အရှေ့နှင့် အနောက် ကင်မရာများကို ထိပ်ဘက်တွင် ရှိအောင် ဖြောင့်တန်းစွာ ကိုင်ထားပါ။ Nano-SIM ကတ်ထည့်ခွက်ကိုထုတ်ရန်အတွက် ကတ်ထုတ်ပင်ကို Nano-SIM ကတ်ထည့်ခွက်ပေါ်ရှိ အပေါက်ထဲသို့ ထည့်ပါ။ Nano-SIM ကတ်ထည့်ခွက်သည် ပုံတွင်ပြထားသည့်အတိုင်း ထိပ်ဘက်ရှိ စပီကာဘေးတွင် တည်ရှိသည်။

မှတ်ချက်- ပင်ကို SIM ထည့်ခွက်အပေါက်မှလွဲ၍ အခြားအပေါက်ထဲ မထည့်ပါနှင့်။

ထည့်ခွက်ကို ဆွဲထုတ်ပါ

အဆင့် 2။ ထည့်ခွက်ကို ထည့်ခွက်အပေါက်မှ ညင်သာစွာ ဆွဲထုတ်ပါ။

SIM တစ်ကတ် ထည့်ခွက်၏ ရှေ့ဘက်ခြမ်းကို ပြထားသည် SIM တစ်ကတ် ထည့်ခွက်၏ ရှေ့ဘက်ခြမ်းကို ပြထားသည်

SIM တစ်ကတ်

SIM နှစ်ကတ် ထည့်ခွက်၏ ရှေ့ဘက်ခြမ်းကို ပြထားသည် SIM နှစ်ကတ် ထည့်ခွက်၏ ရှေ့ဘက်ခြမ်းကို ပြထားသည်

SIM နှစ်ကတ် - SIM1

ထည့်ခွက်၏ နောက်ဘက်ခြမ်းကို ပြထားသည် ထည့်ခွက်၏ နောက်ဘက်ခြမ်းကို ပြထားသည်

SIM နှစ်ကတ် - SIM2

အဆင့် 3။ Nano-SIM ကတ်ကို ရွှေရောင်ချစ်ပ်ပြားအား အပေါ်ဘက်မျက်နှာမူအောင် ထည့်ခွက်တွင်ထည့်ပြီး ကတ်ကို ထည့်ခွက်အတွင်း ညင်သာစွာဖိထည့်၍ နေရာချပါ။

ကတ်ထည့်ခွက်ကို ပြန်ထည့်ပါ

အဆင့် 4။ ထည့်ခွက်ကို ထည့်ခွက်အပေါက်ထဲ ပြန်ထည့်ပါ။

Galaxy Z Flip7 တွင် Nano-SIM ကတ် ထည့်သွင်းနည်း

သင်၏ Galaxy Z Flip7 စက်တွင် Nano-SIM ကတ်ကို မှန်ကန်စွာ ထည့်သွင်းနိုင်ရန် အောက်ပါအဆင့်များကို လိုက်နာပါ-

ကျောဘက်ကင်မရာသည် အပေါ်ဘက်သို့ မျက်နှာမူနေသည် ကျောဘက်ကင်မရာသည် အပေါ်ဘက်သို့ မျက်နှာမူနေသည်

SIM တစ်ကတ်


အဆင့် 1-1။ ကျောဘက်ကင်မရာကို အပေါ်ဘက်မျက်နှာမူအောင် စက်ကိုဖွင့်ပါ။

ကျောဘက်ကင်မရာသည် အောက်ဘက်သို့ မျက်နှာမူနေသည် ကျောဘက်ကင်မရာသည် အောက်ဘက်သို့ မျက်နှာမူနေသည်

SIM နှစ်ကတ်


အဆင့် 1-2။ ကျောဘက်ကင်မရာကို အောက်ဘက်မျက်နှာမူအောင် စက်ကိုဖွင့်ပါ။

SIM တစ်ကတ် အတွက် ထည့်ခွက်ကိုထုတ်ရန် ကတ်ထုတ်ပင်ကို ထည့်ပါ။ SIM တစ်ကတ် အတွက် ထည့်ခွက်ကိုထုတ်ရန် ကတ်ထုတ်ပင်ကို ထည့်ပါ။

SIM တစ်ကတ်


အဆင့် 2-1။ Nano-SIM ကတ်ထည့်ခွက်ကိုထုတ်ရန် ကတ်ထုတ်ပင်ကို Nano-SIM ကတ်ထည့်ခွက်ပေါ်ရှိ အပေါက်ထဲသို့ ထည့်ပါ။ ပုံတွင် ပြထားသည့်အတိုင်း Nano-SIM ကတ်ထည့်ခွက်သည် ကျောဘက်ကင်မရာ၏ ညာဘက်တွင် တည်ရှိသည်။

SIM နှစ်ကတ်အတွက် ကတ်ထုတ်ပင်ကို ထည့်ပါ။ SIM နှစ်ကတ်အတွက် ကတ်ထုတ်ပင်ကို ထည့်ပါ။

SIM နှစ်ကတ်


အဆင့် 2-2။ Nano-SIM ကတ် ထည့်ခွက်ပေါ်ရှိ အပေါက်ထဲသို့ ကတ်ထုတ်ပင်ကို ထည့်၍ ထည့်ခွက်ကိုထုတ်ပါ။ Nano-SIM ကတ် ထည့်ခွက်သည် ပုံတွင်ပြထားသည့်အတိုင်း ရှေ့ကင်မရာ၏ ဘယ်ဘက်တွင် တည်ရှိသည်။

မှတ်ချက်- ကတ်ထုတ်ပင်ကို ကျောဘက်ကင်မရာ၏ ဘယ်ဘက်ခြမ်းရှိ အသံအတိုးအကျယ်ခလုတ်နှင့် ပါဝါခလုတ်ကြားရှိ မိုက်ခရိုဖုန်းအပေါက်ထဲ မထည့်ပါနှင့်။

SIM တစ်ကတ်အတွက် ထည့်ခွက်ကို ဆွဲထုတ်ပါ SIM တစ်ကတ်အတွက် ထည့်ခွက်ကို ဆွဲထုတ်ပါ

SIM တစ်ကတ်

SIM နှစ်ကတ်အတွက် ထည့်ခွက်ကို ဆွဲထုတ်ပါ SIM နှစ်ကတ်အတွက် ထည့်ခွက်ကို ဆွဲထုတ်ပါ

SIM နှစ်ကတ်

အဆင့် 3။ ထည့်ခွက်ကို ထည့်ခွက်အပေါက်မှ ညင်သာစွာ ဆွဲထုတ်ပါ။

SIM တစ်ကတ်အတွက် ထည့်ခွက်ကို ပြထားသည် SIM တစ်ကတ်အတွက် ထည့်ခွက်ကို ပြထားသည်

SIM တစ်ကတ်

SIM နှစ်ကတ်အတွက် ထည့်ခွက်ကို ပြထားသည် SIM နှစ်ကတ်အတွက် ထည့်ခွက်ကို ပြထားသည်

SIM နှစ်ကတ်

အဆင့် 4။ ရွှေရောင်ချစ်ပ်ပြားအား အောက်သို့မျက်နှာမူလျှက် Nano-Sim ကတ်ကို ထည့်ခွက်အတွင်းထည့်ပြီး ကတ်ကို ထည့်ခွက်အတွင်းသို့ ညင်သာစွာဖိထည့်၍ နေရာချပါ။

SIM တစ်ကတ်အတွက် ထည့်ခွက်ကို ပြန်ထည့်ပါ SIM တစ်ကတ်အတွက် ထည့်ခွက်ကို ပြန်ထည့်ပါ

SIM တစ်ကတ်

SIM နှစ်ကတ်အတွက် ထည့်ခွက်ကို ပြန်ထည့်ပါ SIM နှစ်ကတ်အတွက် ထည့်ခွက်ကို ပြန်ထည့်ပါ

SIM နှစ်ကတ်

အဆင့် 5။ ထည့်ခွက်ကို ထည့်ခွက်အပေါက်ထဲ ပြန်ထည့်ပါ။

မှတ်ချက်- SIM တစ်ကတ်နှင့် SIM နှစ်ကတ် မော်ဒယ်များတွင် အလှည့်ကွဲပြားနိုင်ပါသည်။ ထည့်ခွက်၏အပေါက်နှင့် စက်၏အပေါက် ကိုက်ညီအောင် တိတိကျကျ ချိန်ညှိပါ။

မှတ်ချက်-

  • Nano-SIM ကတ်များကိုသာ အသုံးပြုပါ။ အခြားအရွယ်အစားများ သို့မဟုတ် ပြုပြင်ထားသော SIM များသည် သင့်စက်ကို ပျက်စီးစေနိုင်သည်။
  • Nano-SIM ကတ်ကို မှန်ကန်စွာ မထည့်သွင်းပါက သို့မဟုတ် ပံ့ပိုးမထားသော SIM ကတ်ကို အသုံးပြုပါက သင့်စက်တွင် အမှားပြမက်ဆေ့ ပေါ်လာနိုင်ပြီး စက်ပျက်စီးနိုင်သည်။
  • SIM ကတ်ကို ထည့်ခွက်ထဲတွင် အပြည့်အဝထည့်ထားကြောင်း သေချာပါစေ။ သေချာမထည့်ထားပါက စက်သည် SIM ကတ်ကို အသိအမှတ်မပြုနိုင်ပါ။
  • ထည့်ခွက်စိုနေပါက မထည့်ပါနှင့်။ ထည့်သွင်းမည့်အခါ ထည့်ခွက်နှင့် စက် နှစ်ခုစလုံး ခြောက်သွေ့နေကြောင်း အမြဲသေချာပါစေ။
  • အတွင်းပိုင်း စက်ပျက်စီးမှု မဖြစ်စေရန် ကတ်ထုတ်ပင်ကို ထောင့်မှန် (အတည့်) ထည့်သွင်းပါ။
  • SIM ကတ်ကို အသုံးပြုရန် ဖွင့်၍ SIM ကတ်ဆက်တင်များကို စိတ်ကြိုက်ပြင်ဆင်နိုင်ပါသည်။ ​ဆက်တင်များ မှ ​ချိတ်ဆက်မှုများ မီနူးတွင် SIM မန်နေဂျာ ကိုနှိပ်ပါ။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ

RC01_Static Content : This text is only displayed on the editor page