သင့် Galaxy ဖုန်းမှာ သိမ်းထားတဲ့အသံဖိုင်ကို Ringtone ဘယ်လိုသတ်မှတ်မလဲ

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 10.10.2021

သင့် Galaxy ဖုန်းတွင်ရွေးချယ်ရန် ကြိုတင်သိမ်းဆည်းထားသောာ ringtones များစွာပါ၀င်သော်လည်း အဝင်ခေါ်ဆိုမှုများအတွက် ringtone ကို စိတ်ကြိုက်ပြုလုပ်နိုင်သည်။ မတူညီသောအဆက်အသွယ်များအတွက် ကွဲပြားသောဖုန်းမြည်သံများကိုပင် သင်သတ်မှတ်နိုင်သည်။  Default ringtones များကိုသုံးခြင်းထက် သင်ကိုယ်တိုင် download လုပ်ထားသောဂီတကို ringtone ကိုသတ်မှတ်လိုလျှင် အောက်ပါအဆင့်များအတိုင်းလုပ်ဆောင်ပါ။

အောက်ပါအကြံပြုချက်များကို မစမ်းသပ်မီ သင့်ဖုန်း၏ဆော့ဝဲ အပါအဝင် သက်ဆိုင်သောအက်ပ်များကို နောက်ဆုံးဗားရှင်း အပ်ဒိတ်လုပ်ထားပါ။ သင့်မိုဘိုင်းဖုန်းဆော့ဝဲကို အပ်ဒိတ်လုပ်ရန် ဤအဆင့်များကိုလိုက်နာပါ။

အဆင့် ၁။ Settings> Software update သို့သွားပါ။ 

အဆင့် ၂။ Download and Install ကိုနှိပ်ပါ။

အဆင့် ၃။ ညွှန်ကြားချက်များကို လိုက်နာပေးပါ။

အကြိုက်ဆုံး တေးဂီတများကို မိမိစိတ်ကြိုက် Ringtone အဖြစ်ထားခြင်း

built-in ringtones များထဲမှ နှစ်သက်သောအသံမရှိလျှင် ဖုန်း၌သိမ်းထားသောသင်၏အကြိုက်ဆုံးတေးဂီတ ringtone ကို ပြောင်းနိုင်သည်။ သင်သိမ်းဆည်းထားသော တေးဂီတသို့ ဖုန်းမြည်သံသတ်မှတ်ရန် အောက်ပါအဆင့်များကိုလိုက်နာပါ။

အဆင့် ၁။ Setting ကိုဖွင့်ပါ၊ ထို့နောက် Sound and Vibrationကိုရွေးပါ။

အဆင့် ၂။ Ringtoneကိုနှိပ်ပါ။

အဆင့် ၃။ Plus icon ကိုနှိပ်ပါ။

အဆင့် ၄။ သင်၏လက်ကိုင်ဖုန်းတွင်သိမ်းထားသော Music ဖိုင်ကိုရွေးပါ။ သီချင်း၏တိကျတဲ့အစိတ်အပိုင်းတစ်ခုသာ Ringtone သက်မှတ်ပြောင်းလဲရန် Play selected highlights only ကိုဖွင့်ပါ။ ပိတ်ထားလျှင် ရွေးချယ်ထားသော တေးဂီတသည် အစမှဖွင့်လိမ့်မည်။

အဆင့် ၅။ Doneကိုနှိပ်ပါ။

မှတ်ချက်။

  • Ringtone တစ်ခုအဖြစ်သတ်မှတ်ရန် သင့်ဖုန်း၌ Physical Song ဖိုင်များကိုဒေါင်းလုဒ်လုပ်ထားရပါမည်။ Spotify (သို့) အခြား streaming ၀န်ဆောင်မှုများ၏သီချင်းများကို ringtone အဖြစ်မသတ်မှတ်နိုင်ပါ။
  • ဖိုင်များသည် Tracks tap အောက်တွင်မပေါ်ပါက Folders ကိုနှိပ်ပါ၊ ထို့နောက် ဖိုင်နေရာကိုရှာပြီး ရွေးချယ်သတ်မှတ်ပေးရမည်။

သင့်ဖုန်း contact တစ်ဦးတစ်​ယောက်အတွက် ကိုယ်ပိုင် Ringtone ကို ဘယ်လိုသတ်မှတ်မလဲ

ဖုန်းမြည်သံကိုနားထောင်ရုံဖြင့် သင့်ကို ဘယ်သူကခေါ်နေတယ်ဆိုတာ သိလိမ့်မည်ဖြစ်သည်။ သင်သည် သီးခြားအဆက်အသွယ်တစ်ခုအတွက် ဖုန်းမြည်သံတစ်ခုသတ်မှတ်ထားလျှင်၊ ထိုလူခေါ်ဆိုသောအခါ သတ်မှတ်ထားသောအသံ မြည်လိမ့်မည်။ အဆက်အသွယ်တစ်ခုစီအတွက် ဖုန်းမြည်သံသတ်မှတ်ရန် အောက်ပါအဆင့်များကိုလိုက်နာပါ။

အဆင့် ၁။ Contact app ကိုဖွင့် ၍ သတ်မှတ်လိုသောအဆက်အသွယ်ကိုရွေးပါ။

အဆင့် ၂။ Edit ကို နှိပ်ပါ။

contact ringtone step1

အဆင့် ၃။ View More ကို နှိပ်ပါ။

အဆင့် ၄။ Ringtone ကိုရှာပြီးရွေးချယ်ပါ။  ပုံမှန် built in ပါပြီးသား ဖုန်းမြည်သံမှလွဲ၍ အခြားဖုန်းမြည်သံတစ်ခုကိုရွေးပါ။

contact ringtone step2

အဆင့် ၅။ Back ဖြင့် ပြန်သွားပါ။

အဆင့် ၆။ Save ကိုနှိပ်ပါ။ ထိုသူသည် သင့်အားခေါ်ဆိုသောအခါ သင်ရွေးချယ်ပေးထားတဲ့ အထူးဖုန်းမြည်သံတစ်ခုမြည်လိမ့်မည်။

contact ringtone step3

မှတ်ချက်။

ပြသထား​သော ပုံများနှင့် Menu တို့သည် ဖုန်း model နှင့် software version ပေါ် မူတည်၍ ကွဲပြားနိုင်သည်

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ