ကင်မရာအက်ပ်အမှားကို ဘယ်လိုပြဿနာရှာဖွေမလဲ။

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 22.12.2025

သင့် Galaxy ဖုန်းတွင် “ကင်မရာ ဖွင့်၍မရပါ” ဟု ပြပါက ကင်မရာအက်ပ်တွင် ယာယီအမှားတစ်ခုရှိနေသောကြောင့် ဖြစ်နိုင်ပါသည်။ အက်ပ်ဒေတာကို ဖျက်ရန်၊ ဖုန်းကို ပြန်စတင်ရန် သို့မဟုတ် Samsung Members တွင် ကင်မရာစစ်ဆေးမှုကို ပြုလုပ်ရန် အောက်ပါအဆင့်များကို လိုက်နာပါ။

ကင်မရာ အက်ပ်ဒေတာကို ဖျက်ပါ

ကင်မရာ အက်ပ်တွင် ယာယီအမှားတစ်ခုကြောင့် ဤပြဿနာ ဖြစ်ပွားနိုင်ပါသည်။ အက်ပ်ဒေတာကို ဖျက်ခြင်းသည် ပုံမှန် လုပ်ဆောင်မှုကို ပြန်လည်ရရှိရန် ကူညီပေးနိုင်သည်။

မှတ်ချက်- ကင်မရာအက်ပ်ဒေတာကို သင်ဖျက်လိုက်သောအခါ၊ ကင်မရာဆက်တင်များအားလုံးသည် မူရင်းတန်ဖိုးများထံ ပြန်သွားပါသည်။ ဓာတ်ပုံများနှင့် ဗီဒီယိုများကို မဖျက်ပါ။

သတ်မှတ်ချက်များအက်ပ်ကို နှိပ်ခြင်း သတ်မှတ်ချက်များအက်ပ်ကို နှိပ်ခြင်း

အဆင့် 1။ သတ်မှတ်ချက်များ အက်ပ်ကို နှိပ်ပါ။

အက်ပ်များကို ရွေးချယ်ခြင်း အက်ပ်များကို ရွေးချယ်ခြင်း

အဆင့် 2။ အက်ပ်များကို ရွေးချယ်ပါ။

ကင်မရာကို ရွေးချယ်ခြင်း ကင်မရာကို ရွေးချယ်ခြင်း

အဆင့် 3။ ကင်မရာကိ ရွေးချယ်ပါ။

သုံလှောင်ခန်းကို ရွေးချယ်ခြင်း သုံလှောင်ခန်းကို ရွေးချယ်ခြင်း

အဆင့် 4။ သုံလှောင်ခန်းကို ရွေးချယ်ပါ။

ဒေတာရှင်းပါကို ရွေးချယ်ခြင်း ဒေတာရှင်းပါကို ရွေးချယ်ခြင်း

အဆင့် 5။ ဒေတာရှင်းပါကို ရွေးချယ်ပါ။

ဖျက်ကို ရွေးချယ်ခြင်း ဖျက်ကို ရွေးချယ်ခြင်း

အဆင့် 6။ ဖျက်ကိုရွေးချယ်ပါ။

သင့်ဖုန်းကို ပြန်စတင်ပါ

ပါဝါမီနူးမှ ပြန်စတင်ပါ

ယာယီအမှားတစ်ခုက ကင်မရာအက်ပ်အလုပ်လုပ်ခြင်းကို တားဆီးနိုင်ပါသည်။ ပါဝါမီနူးမှ ဖုန်းကို ပြန်စတင်ပြီး ကင်မရာအက်ပ်ပုံမှန်အတိုင်း လည်ပတ်သလား စစ်ဆေးပါ။

စခရင်အပေါ်ဘက်မှ အောက်သို့ ပွတ်ဆွဲခြင်း စခရင်အပေါ်ဘက်မှ အောက်သို့ ပွတ်ဆွဲခြင်း

အဆင့် 1။ မျက်နှာပြင်အပေါ်ဘက်မှ အောက်သို့ ပွတ်ဆွဲပါ။

ပါဝါ အိုင်ကွန်ကို နှိပ်ခြင်း ပါဝါ အိုင်ကွန်ကို နှိပ်ခြင်း

အဆင့် 2။ ပါဝါအိုင်ကွန် ကိုနှိပ်ပါ။

ပြန်စပါကို ရွေးချယ်ခြင်း ပြန်စပါကို ရွေးချယ်ခြင်း

အဆင့် 3။ ပြန်စပါကို ရွေးချယ်ပါ။

ခလုတ်များကို အသုံးပြု၍ ပြန်စတင်ပါ

စက်ပစ္စည်းသည် တုံ့ပြန်မှုမရှိပါက၊ စက်ပစ္စည်းအလိုအလျောက် ပြန်စတင်သည်အထိ ဘေးခလုတ်နှင့် အသံ အတိုး၊အချဲ့ခလုတ်ကို အနည်းဆုံး 7 စက္ကန့်ကြာ ဖိထားပါ။

ဘေးခလုတ်နှင့် အသံ အတိုး၊အချဲ့ခလုတ်များကို တပြိုင်နက် ဖိနှိပ်ခြင်း

Samsung Members တွင် ကင်မရာ စစ်ဆေးမှုကို လုပ်ဆောင်ပါ

ပြဿနာ ဆက်လက်ရှိနေပါက Samsung Members အက်ပ်ကို အသုံးပြု၍ ကင်မရာ လုပ်ဆောင်ချက်ကို စစ်ဆေးပါ။

သင်၏ Galaxy ဖုန်းကို Samsung Members အက်ပ်ဖြင့် စစ်ဆေးပါ။

မှတ်ချက်-

  • Samsung Members ကို ထည့်သွင်းထားသော Galaxy စက်များတွင်သာ ဖုန်းအတွက် အကဲဖြတ်အင်္ဂါရပ်ကို အသုံးပြုနိုင်ပါသည်။
  • သီးခြားအရာတစ်ခုကို စမ်းသပ်ရန် "စတင်မည်" ကိုနှိပ်ပြီး သင် စမ်းသပ်လိုသည့် လုပ်ဆောင်ချက်ကို ရွေးချယ်ပါ။
Samsung Members အက်ပ်ကို နှိပ်ခြင်း Samsung Members အက်ပ်ကို နှိပ်ခြင်း

အဆင့် 1။ Samsung Members အက်ပ်ကို နှိပ်ပါ။

ပံ့ပိုးကူညီမှုကို ရွေးချယ်ခြင်း ပံ့ပိုးကူညီမှုကို ရွေးချယ်ခြင်း

အဆင့် 2။ ပံ့ပိုးကူညီမှုကို ရွေးချယ်ပါ။

စတင်လိုက်ပါ ကိုနှိပ်ခြင်း စတင်လိုက်ပါ ကိုနှိပ်ခြင်း

အဆင့် 3။ စတင်လိုက်ပါကို နှိပ်ပါ။

ကင်မရာကို ရွေးချယ်ခြင်း ကင်မရာကို ရွေးချယ်ခြင်း

အဆင့် 4။ ကင်မရာကို ရွေးချယ်ပါ။

စစ်ဆေးခြင်းရလဒ် စစ်ဆေးခြင်းရလဒ်

အဆင့် 5။ ရလဒ်ကိုစစ်ဆေးပါ

မှတ်ချက်- မီနူးအမည်များ၊ လမ်းကြောင်းများနှင့် မျက်နှာပြင်အပြင်အဆင်များသည် သင့်စက်ပစ္စည်းမော်ဒယ်၊ ဆော့ဖ်ဝဲလ် သို့မဟုတ် အက်ပ်ဗားရှင်းပေါ်မူတည်၍ ကွဲပြားနိုင်ပါသည်။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ

RC01_Static Content : This text is only displayed on the editor page