မိုဘိုင်းဒေတာပြဿနာများ အဖြေရှာနည်း။

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 13.01.2022

မိုဘိုင်းဒေတာသုံးရာတွင် ပြဿနာကြုံနေရပါက သင့်ဆဲလ်ဧရိယာ သို့မဟုတ် သတ်မှတ်ချက်များတွင် ပြဿနာရှိနေခြင်းကြောင့်ဖြစ်နိုင်သည်။ သင့်ပြဿနာကို အဖြေရှာရန် အောက်ပါလမ်းညွှန်အတိုင်းလုပ်ဆောင်ပါ။

အောက်ဖော်ပြပါ အကြံပြုချက်များအတိုင်း မလုပ်ဆောင်မီ သင့်ကိရိယာ၏ ဆော့ဖ်ဝဲလ်နှင့် သက်ဆိုင်ရာ အက်ပလီကေးရှင်းများအား နောက်ဆုံးဗားရှင်းသို့ အဆင့်မြှင့်ထားကြောင်း သေချာစွာလုပ်ဆောင်ပါ။ သင့်မိုဘိုင်းဖုန်းဆော့ဖ်ဝဲလ်အားအပ်ဒိတ်လုပ်ရန် အောက်ပါအချက်များအတိုင်းလုပ်ဆောင်ပါ။

အဆင့် ၁။ Settings > Software update သို့သွားပါ။

အဆင့် ၂။ Download and install ကိုနှိပျပါ။

အဆင့် ၃။ ပေါ်လာသည့်လမ်းညွှန်ချက်များအတိုင်း လုပ်ဆောင်ပါ။

သင့်ဖုန်းတွင် မိုဘိုင်းဒေတာဖွင့်ထားခြင်းရှိမရှိ စစ်ဆေးပါ။

ပထမဆုံး သင့်ဖုန်းတွင် မိုဘိုင်းဒေတာ ဖွင့်ထားကြောင်းစစ်ဆေးပါ။

အဆင့် ၁။ စခရင်အပေါ်မှအောက်သို့ ဆွဲချပါ။
အဆင့် ၂။ မီနူးထဲမှ မိုဘိုင်းဒေတာ ဖွင့်ထားခြင်းရှိမရှိစစ်ဆေးပါ။

မိုဘိုင်းဒေတာဖွင့်ထားခြင်းရှိမရှိ စစ်ဆေးရန် အောက်သို့ဆွဲချပါ။

မိုဘိုင်းဒေတာဖွင့်ထားသော်လည်း ပြဿနာကြုံနေရသေးပါက သင့်ဖုန်းကို အတင်းပြန်စရန် ကြိုးစားကြည့်ပါ။

ဖုန်းအား ပါ၀ါပိတ်ရန် အသံတိုးခလုတ်နှင့်ဘေးခလုတ်ကို ဖိနှိပ်ထားပါ။ ဖုန်းအား ပါ၀ါပိတ်ရန် အသံတိုးခလုတ်နှင့်ဘေးခလုတ်ကို ဖိနှိပ်ထားပါ။

အဆင့် ၁။ အသံတိုးခလုတ် နှင့် ဘေးခလုတ် နှစ်ခုလုံး ကို ဖိနှိပ်၍ ပါ၀ါပိတ်ပါ ကို ရွေးချယ်ပြီး သင့်ဖုန်းကို ပါ၀ါပိတ်ပါ။

အသံတိုးခလုတ်နှင့်ဘေးခလုတ်ကို နှိပ်၍ဖိထားပါ။ အသံတိုးခလုတ်နှင့်ဘေးခလုတ်ကို နှိပ်၍ဖိထားပါ။

အဆင့် ၂။ စခရင်ပိတ်သွားသည်နှင့် အသံတိုးခလုတ် နှင့် ဘေးခလုတ် ကိုဖိနှိပ်ပါ။

Samsung ပုံပေါ်လာပါက ခလုတ်ကိုလွှတ်ပါ။ Samsung ပုံပေါ်လာပါက ခလုတ်ကိုလွှတ်ပါ။

အဆင့် ၃။ စခရင်ပေါ်တွင် Samsung တံဆိပ်ပေါ်လာပါက ခလုတ်များကိုလွှတ်ပါ။

မှတ်ချက်။

  • သင့်ဖုန်းအား အတင်းပိတ်လိုက်သော်လည်း ဒေတာနှင့်ဖိုင်များကို ကာကွယ်ထားပြီးဖြစ်သည်။
  • အသံနှင့်ဘေးခလုတ်နေရာများသည် ဖုန်းမော်ဒယ်အလိုက် ကွဲပြားနိုင်ပါသည်။

သင့် မိုဘိုင်းကွန်ရက်ချိတ်ဆက်မှု မတည်ငြိမ်ဘဲ မိုဘိုင်းဒေတာသုံးမရပါက သင့်ကွန်ရက်သတ်မှတ်ချက်များကို ပြန်လည်သတ်မှတ်ရန်ကြိုးစားကြည့်ပါ။

အထွေထွေစီမံချက် သတ်မှတ်ချက်များ အထွေထွေစီမံချက် သတ်မှတ်ချက်များ

အဆင့် ၁။ သတ်မှတ်ချက်များ သို့သွား၍ အထွေထွေစီမံချက် ကိုသွားပါ။

ပြန်သတ်မှတ်မည် ကိုရွေးပါ။ ပြန်သတ်မှတ်မည် ကိုရွေးပါ။

အဆင့် ၂။ ပြန်သတ်မှတ်မည် ကိုရွေးပါ

ကွန်ရက်သတ်မှတ်ချက်များကို ပြန်လည်သတ်မှတ်ပါ ကိုရွေးပါ။ ကွန်ရက်သတ်မှတ်ချက်များကို ပြန်လည်သတ်မှတ်ပါ ကိုရွေးပါ။

အဆင့် ၃။ ကွန်ရက်သတ်မှတ်ချက်များကို ပြန်လည်သတ်မှတ်ပါ ကိုရွေးပါ။

သတ်မှတ်ချက်များ ပြန်သတ်မှတ်မည် ကိုရွေးပါ။ သတ်မှတ်ချက်များ ပြန်သတ်မှတ်မည် ကိုရွေးပါ။

အဆင့် ၄။ ပေါ်လာသည့်အချက်အလက်များကို စစ်ဆေး၍ သတ်မှတ်ချက်များပြန်လည်သတ်မှတ်ပါ ကိုနှိပ်ပါ။

ပြန်သတ်မှတ်ပါ ကိုနှိပ်ပါ။ ပြန်သတ်မှတ်ပါ ကိုနှိပ်ပါ။

အဆင့် ၅။ ပြန်သတ်မှတ်ပါ ကိုနှိပ်ပါ။

မှတ်ချက်။

  • ကွန်ရက်သတ်မှတ်ချက်များပြန်လည်သတ်မှတ်ခြင်းသည် Wi-Fi, Bluetooth နှင့် အခြားကွန်ရက်သတ်မှတ်ချက်များကိုပါ ပြန်လည်သတ်မှတ်သွားမည်ဆိုသည်ကို သတိပြုပါ။

အထက်ပါနည်းလမ်းများအတိုင်းလုပ်ဆောင်သော်လည်း ဖုန်းတွင် မိုဘိုင်းဒေတာသုံးမရသေးပါက ဆဲလ်ဧရိယာပြဿနာကြုံနေရခြင်းဖြစ်နိုင်ပါသည်။ သင်သည် ဖုန်းတလုံးတည်းတွင် ကွန်ရက် ၂ ခု လတ်တလောကမှပြောင်းလဲအသုံးပြုထားပါက သင့်အနေဖြင့်လက်ရှိသုံးနေသည့်ကွန်ရက်ဝန်ဆောင်ပေးသူထံ သင့်ဖုန်းကိုပြန်လည်ပရိုဂရမ်ချမှတ်ပေးရန်အတွက် ဆက်သွယ်ရနိုင်ပါသည်။ အကူအညီရရန်အတွက် သင့်ဝန်ဆောင်မှုပေးသူကိုဆက်သွယ်ပါ။

မှတ်ချက်။

  • အဆင့်တခုပြီးတိုင်း သင့်ဖုန်းဖြင့် မိုဘိုင်းဒေတာကိုအသုံးပြုကြည့်ပါ။
  • အထက်ပါအဆင့်များအတိုင်းလုပ်ဆောင်သော်လည်း ပြဿနာကြုံနေရသေးပါက သက်ဆိုင်ရာအချက်အလက်များအတွက် ၀န်ဆောင်မှုစင်တာကို ကြည့်ပါ။
  • ဖုန်း စခရင်ရှော့များနှင့် မီနူးများသည် ဖုန်းမော်ဒယ်နှင့်ဆော့ဖ်ဝဲလ်ဗားရှင်းပေါ်မူတည်၍ ကွဲပြားနိုင်ပါသည်။

Samsung Members အက်ပ်ကို ဘယ်လိုသုံးရမလဲ။

Samsung မိုဘိုင်းလ်ဖုန်းများ၊ တက်ဘလက်များနှင့် ဝတ်ဆင်နိုင်သော ပစ္စည်းများတွင် အခက်အခဲများကြုံရပါက Samsung Members အက်ပ်တွင် ကျွန်ုပ်တို့ထံ မေးမြန်းနိုင်ပါသည်။ Error များကိုတိုင်ကြားခြင်းနှင့်ပတ်သက်ပြီး ပိုမိုရှာဖွေလိုက်ပါ။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ