သင့် Galaxy ဖုန်းတွင် Samsung Members ကိုအသုံးပြု၍ ဘယ်လိုပြဿနာရှာဖွေမလဲ။

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 13.01.2022

Samsung Members ဖြင့် သင့်ဖုန်း၏စွမ်းဆောင်ရည်ကိုစစ်ဆေးပါ။ သင့်ဖုန်းတွင် သေချာအလုပ်မလုပ်သည့် လုပ်ဆောင်ချက်တခုခုရှိနေပါသလား။ သင့်လက်ရှိ ဘက်ထရီလယ်ဗယ်ကို သိလိုပါသလား။ ၀န်ဆောင်မှုစင်တာသို့မသွားရောက်မီ ကိုယ်တိုင်ပြဿနာရှာဖွေခြင်းကိရိယာကိုသုံး၍ သင့်ဖုန်း၏ စွမ်းဆောင်ရည်ကိုစစ်ဆေးကြည့်ပါ။ Samsung Members အက်ပ်၏ ပြဿနာရှာဖွေခြင်းလုပ်ဆောင်ချက်သည် ကိုယ်တိုင်ပြဿနာရှာဖွေနိုင်ရန်ထောက်ပံ့ပေးပြီး Battery, NFC, SIM card, Mobile network, Sensor, Speaker, Camera, Touch screen, Wired headphones, Face Recognition, Bluetooth စသည်ဖြင့် မတူညီသည့်လုပ်ဆောင်ချက် ၂၄ ခုနှင့်အထက်ကို ဆန်းစစ်နိုင်ပါသည်။

အောက်ဖော်ပြပါ အကြံပြုချက်များအတိုင်း မလုပ်ဆောင်မီ သင့်ကိရိယာ၏ ဆော့ဖ်ဝဲလ်နှင့် သက်ဆိုင်ရာ အက်ပလီကေးရှင်းများအား နောက်ဆုံးဗားရှင်းသို့ အဆင့်မြှင့်ထားကြောင်း သေချာစွာလုပ်ဆောင်ပါ။ သင့်မိုဘိုင်းဖုန်းဆော့ဖ်ဝဲလ်အားအပ်ဒိတ်လုပ်ရန် အောက်ပါအချက်များအတိုင်းလုပ်ဆောင်ပါ။

အဆင့် ၁။ Settings > Software update သို့သွားပါ။

အဆင့်၂။ Download and install ကိုနှိပျပါ။

အဆင့် ၃။ ပေါ်လာသည့်လမ်းညွှန်ချက်များအတိုင်း လုပ်ဆောင်ပါ။

Samsung Members အက်ပ်

Samsung Members အက်ပ်တွင် မကြာခဏမေးလေ့ရှိသောမေးခွန်းများကိုရှာဖွေနိုင်ပြီး သင့် Galaxy ဖုန်းနှင့်ပတ်သက်၍ အကြံပြုချက်နှင့်လုပ်ဆောင်ချက်များကိုကြည့်ရှုနိုင်ပါသည်။ သင့်ဒေသတွင်း Samsung လျှပ်စစ်ပစ္စည်းဝန်ဆောင်မှုစင်တာသို့မသွားရောက်မီ ပြဿနာရှာဖွေခြင်း ၊ ပြဿနာရလဒ်တင်ပြခြင်း ၊ Remote ထောက်ပံ့ပေးမှု ၊ OS အဆင့်မြှင့်တင်ခြင်း နှင့် မေးခွန်းနှင့်စိုးရိမ်မှုများအတွက် ဝေဖန်အကြံပြုချက်များကို ထောက်ပံ့ပေးပြီး အဆင်ပြေအောင်ဝန်ဆောင်မှုပေးသည့် အက်ပ်ကိုစစ်ဆေးကြည့်ပါ။ ၄င်းကို Galaxy ဖုန်းများတွင် မူလကတည်းကထည့်သွင်းထားပြီးဖြစ်ပြီး အောက်ပါလင့်ခ်မှ ၀င်ရောက်၍လည်း ဒေါင်းလုဒ်ဆွဲနိုင်ပါသည်။

Samsung Members အက်ပ်ကိုဒေါင်းလုဒ်ဆွဲရန် ဒီနေရာကိုနှိပ်ပါ။

Samsung members အက်ပ်မှ ကိုယ်တိုင်ပြဿနာရှာဖွေစစ်ဆေးခြင်း

Samsung Members အက်ပ်၏ ပြဿနာရှာဖွေခြင်းဖြင့် သင့်ဖုန်း၏အခြေအနေကိုစစ်ဆေးပါ။ သင်နှစ်သက်သည့် အမျိုးအစားတခုစီအလိုက် သို့မဟုတ် အားလုံးကိုပြဿနာရှာဖွေနိုင်ပါသည်။ ပြဿနာရှာဖွေခြင်းပြီးဆုံးသည့်နောက်တွင် သင့်ဖုန်း၏အခြေအနေနှင့် ရလဒ်ကိုကြည့်ရှုရန် သက်ဆိုင်ရာပုံကိုရွေးချယ်ကြည့်ရှုနိုင်ပါသည်။ ပြဿနာရှာဖွေခြင်းစတင်ရန် အောက်ပါအဆင့်များအတိုင်းလိုက်ပါလုပ်ဆောင်ပါ။

Samsung Members အက်ပ် အကူအညီရယူရန် Samsung Members အက်ပ် အကူအညီရယူရန်

အဆင့် ၁။ Samsung Members အက်ပ်ကိုဖွင့်ပြီးစခရင်အောက်ခြေရှိ အကူအညီရယူရန် ကိုနှိပ်ပါ။

ပြဿနာရှာဖွေခြင်းအောက်ရှိ စမ်းသပ်မှုများအားကြည့်ရှုခြင်း ပြဿနာရှာဖွေခြင်းအောက်ရှိ စမ်းသပ်မှုများအားကြည့်ရှုခြင်း

အဆင့် ၂။ Diagnostics အောက်ရှိ View tests ကိုနှိပ်ပါ

Diagnostics အားလုံးကိုစစ်ဆေးပါ။ Diagnostics အားလုံးကိုစစ်ဆေးပါ။

အဆင့် ၃။ သင်သည် Diagnostics စစ်ဆေးမှုအားလုံးလုပ်ဆောင်လိုပါက Test all ကိုနှိပ်ပါ။

Galaxy ဖုန်းကိုစစ်ဆေးခြင်း Galaxy ဖုန်းကိုစစ်ဆေးခြင်း

အဆင့် ၄။ ထို့နောက် သင့် Galaxy ဖုန်းသည်စစ်ဆေးမှုကိုလုပ်ဆောင်ပါလိမ့်မည်။

စစ်ဆေးမှုလုပ်ဆောင်နေခြင်း စစ်ဆေးမှုလုပ်ဆောင်နေခြင်း

အဆင့် ၅။ စစ်ဆေးမှုပြီးမြောက်ရန်အတွက် စခရင်တွင် ပေါ်လာသည့်အတိုင်းလုပ်ဆောင်ပါ။

အာရုံခံဆင်ဆာအသိအမှတ်ပြုခြင်း အဆင့် ၁ အာရုံခံဆင်ဆာအသိအမှတ်ပြုခြင်း အဆင့် ၁

အဆင့် ၆ လိုအပ်ပါက သင်ကိုယ်တိုင်ဖွင့်ရခြင်း သို့မဟုတ် သက်ဆိုင်ရာလုပ်ဆောင်ချက်ကိုကိုယ်တိုင်လုပ်ဆောင်ရခြင်းတို့လိုနိုင်ပါသည်။

အာရုံခံဆင်ဆာအသိအမှတ်ပြုခြင်း အဆင့် ၂ အာရုံခံဆင်ဆာအသိအမှတ်ပြုခြင်း အဆင့် ၂

အဆင့် ရ။ သင်ပြုလုပ်လိုပါက အသေးစိတ် Diagnostics လုပ်ခြင်းနှင့် ၊ စတင်ရန်အတွက်၄င်းကို တိုက်ရိုက်နှိပ်လိုက်ပါ။

အသေးစိတ်ပြဿနာစစ်ဆေးခြင်း အသေးစိတ်ပြဿနာစစ်ဆေးခြင်း

အဆင့် ၈။ တခုချင်းပြဿနာစစ်ဆေးခြင်းအတွက် စစ်ဆေးမှုပြီးသည့်အခါတွင် ရလဒ်များကိုကြည့်ရှုနိုင်မည်ဖြစ်ပါသည်။

သင့် Galaxy ဖုန်းသုံးနေစဉ် မမျှော်လင့်ထားသည့်ပြဿနာကြုံလာပါက Samsung Members အက်ပ်မှတဆင့် error ကို တိုင်ကြားစာတင်ကြည့်ပါ။ Log file ကိုပါ တွဲပေးခြင်းဖြင့် ပြဿနာအရင်းခံကိုဆန်းစစ်ရာတွင် များစွာအထောက်အကူပေးပါလိမ့်မည်။ Log file ကိုဆန်းစစ်ပြီး ပြဿနာအရင်းခံကိုအတည်ပြုပြီးပါက ကျွနု်ပ်တို့မှ Samsung Members မှတဆင့် ပြန်လည်အကြောင်းကြားပါမည်။

Samsung Members အက်ပ်မှ အကူအညီရယူပါ။ Samsung Members အက်ပ်မှ အကူအညီရယူပါ။

အဆင့် ၁။ Samsung Members အက်ပ်ကိုဖွင့်ပြီးစခရင်အောက်ခြေရှိ အကူအညီရယူရန် ကိုနှိပ်ပါ။

ပြဿနာတိုင်ကြားခြင်း အဆင့် ၁ ပြဿနာတိုင်ကြားခြင်း အဆင့် ၁

အဆင့် ၂။ ပြဿနာတိုင်ကြားခြင်း ကိုရှာဖွေရွေးချယ်ပါ။

ပြဿနာတိုင်ကြားခြင်း အဆင့် ၂ ပြဿနာတိုင်ကြားခြင်း အဆင့် ၂

အဆင့် ၃။ စာရင်းထဲမှ သင်ကြုံနေရသည့်ဖုန်းပြဿနာကိုရွေးချယ်ပါ။

ပြဿနာတိုင်ကြားခြင်း အဆင့် ၃။ ပြဿနာတိုင်ကြားခြင်း အဆင့် ၃။

အဆင့် ၄။ သင်ကြုံနေရသည့်ပြဿနာ၏ အတိုင်းအတာကိုရွေးချယ်ပြီး တိုင်ကြားစာတင်ရန် လေယာဉ်ပုံလေးကို နှိပ်လိုက်ပါ။

မှတ်ချက်- ဖုန်း စခရင်ရှော့များနှင့် မီနူးများသည် ဖုန်းမော်ဒယ်နှင့်ဆော့ဖ်ဝဲလ်ဗားရှင်းပေါ်မူတည်၍ ကွဲပြားနိုင်ပါသည်။

Samsung Members အက်ပ်ကို ဘယ်လိုသုံးရမလဲ။

Samsung မိုဘိုင်းလ်ဖုန်းများ၊ တက်ဘလက်များနှင့် ဝတ်ဆင်နိုင်သော ပစ္စည်းများတွင် အခက်အခဲများကြုံရပါက Samsung Members အက်ပ်တွင် ကျွန်ုပ်တို့ထံ မေးမြန်းနိုင်ပါသည်။ Error များကိုတိုင်ကြားခြင်းနှင့်ပတ်သက်ပြီး ပိုမိုရှာဖွေလိုက်ပါ။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ