Galaxy Watch4 စီးရီးဖြင့် သင်၏ခန္ဓာကိုယ်ဖွဲ့စည်းမှုကို တိုင်းတာပါ။

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 05.09.2021

လက်ရှိအချိန်တွင် Galaxy စမတ်နာရီများသည် သင်၏ကျန်းမာရေးကို ပိုမိုကောင်းမွန်လာစေရန် များစွာ အဆင့်မြှင့်တင်ထားပါသည်။ Galaxy Watch4 series တွင် သင့်ခန္ဓာကိုယ်ကို ပိုမိုတိကျစွာခွဲခြမ်းစိတ်ဖြာရန် အဆင့်မြင့်အာရုံခံကိရိယာများ ပါ၀င်သည်။ အထူးသဖြင့် Bioelectrical Impedance Analysis (BIA) အာရုံခံကိရိယာအသစ်သည် သင့်ခန္ဓာကိုယ်အဆီနှင့် အရိုးကြွက်သားများကို တိုင်းတာပေးနိုင်သည်။ Galaxy ၏ ခန္ဓာကိုယ်ဖွဲ့စည်းမှုကိုတိုင်းတာရန် အောက်ပါလမ်းညွှန်ချက်အတိုင်းလိုက်နာပါ။

အောက်ပါညွှန်ကြားချက်များ လိုက်မလုပ်မီ ဖုန်းတွင် နောက်ဆုံးဆော့ဖ်ဝဲလ်အက်ပ်ဒိတ် တင်ထားပေးရန်နှင့် အသုံးပြုရမည့် အက်ပ်များအား နောက်ဆုံးဗားရှင်းသို့ တင်ထားပေးရန် လိုအပ်ပါသည်။ ဖုန်း ဆော့ဖ်ဝဲလ်အက်ပ်ဒိတ်တင်ရန် အောက်ပါအတိုင်း လုပ်ဆောင်ပါ။

အဆင့်၁Setting > Software update သို့သွားပါ။

အဆင့်၂။  Download and Install ကိုနှိပ်ပါ။

အဆင့်၃။  ညွှန်ကြားသည်များအား ဆက်လက်လုပ်ဆောင်ပါ။

သင်၏ခန္ဓာကိုယ်ကို Bioelectrical Impedance Analysis (BIA) ဖြင့် တိုင်းတာပါ။

watch4 body composition

စမတ်ကျသောတိုင်းတာမှုများအရ  Bioelectrical Impedance Analysis (BIA) sensor သည် သင်၏အရိုးကြွက်သားထု သို့မဟုတ် အဆီထု အစရှိသော ခန္ဓာကိုယ်ဖွဲ့စည်းမှုကိုတိုင်းတာနိုင်သည်။ အာရုံခံကိရိယာသည် ခန္ဓာကိုယ်ရှိကြွက်သားများ၊ အဆီနှင့် ရေပမာဏကို တိုင်းတာရန် ခန္ဓာကိုယ်သို့ microcurrents များပို့သည်။ ထိုအရာသည် လူအား အန္တရာယ်မဖြစ်စေသော်လည်း ကိုယ်ဝန်ဆောင်နေစဉ် ကာလအတွင်း သင်၏ခန္ဓာကိုယ်ဖွဲ့စည်းမှုကို မတိုင်းတာပါနှင့်။

Galaxy Watch4 series သည် သင်၏လက်ရှိခန္ဓာကိုယ်အခြေအနေကို ၁၅ စက္ကန့်အတွင်း တစ်ချက်ထိရုံဖြင့် စစ်ဆေးနိုင်သည်။

သင်၏ခန္ဓာကိုယ်ဖွဲ့စည်းမှုကိုမတိုင်းတာမီ အောက်ပါအခြေအနေများကိုသတိပြုပါ။

အောက်ပါအချက်များကို လိုက်နာခြင်းအားဖြင့် ခန္ဓာကိုယ်ဖွဲ့စည်းမှုရလဒ်ကို ပိုပြီးတိကျစေနိုင်သည်။

  •      တစ်နေ့တာ၏ ပုံမှန်တစ်ချိန်တည်းတွင် တိုင်းတာရန်။ (နံနက်ခင်းတွင်တိုင်းတာရန်အကြံပြုသည်)
  •      အစာမစားရသေးခင် တိုင်းတာရန်။
  •      ဆီးဝမ်းသွားပြီးချိန် တိုင်းတာရန်။
  •      ရာသီစက်ဝန်းချိန်တွင် မတိုင်းတာသင့်ပါ။
  •      လေ့ကျင့်ခန်းလုပ်ခြင်း၊ ရေချိုးခြင်း၊ သို့မဟုတ် ချွေးထုတ်ခန်းသို့သွားခြင်းကဲ့သို့ သင်၏ခန္ဓာကိုယ်အပူချိန် မြင့်တက်စေသော လှုပ်ရှားမှုများ မပြုလုပ်မီ တိုင်းတာရန်။
  •      လည်ဆွဲကဲ့သို့သော သင်၏ခန္ဓာကိုယ်မှ သတ္တုအရာဝတ္ထုများကို ဖယ်ရှားပြီး တိုင်းတာပေးရန်။

သင့်ရဲ့ခန္ဓာကိုယ်ဖွဲ့စည်းမှုကို ဘယ်လိုတိုင်းတာမလဲ။

သင့်ခန္ဓာကိုယ်ဖွဲ့စည်းမှုကိုတိုင်းတာရန် အောက်ပါအဆင့်များကိုလိုက်နာပါ။

အဆင့် ၁။ အက်ပ်များထဲကမှ Samsung Health ကိုရွေးချယ်ပါ။

watch4 measure step2 watch4 measure step2

အဆင့် ၂။ Body composition ကိုရွေးချယ်ပါ။

watch4 measure step3 watch4 measure step3

အဆင့် ၃။ Measure ကိုနှိပ်ပါ။

watch4 measure step4 watch4 measure step4

အဆင့် ၄။ သင်၏ကိုယ်အလေးချိန်ကိုရိုက်ထည့်ပြီး Confirm.ကိုနှိပ်ပါ။

watch4 measure step5 watch4 measure step5

အဆင့် ၅။ သင့်ခန္ဓာကိုယ်ဖွဲ့စည်းမှုကိုစတင်တိုင်းတာရန် သင်၏လက်ခလယ်နှင့်လက်ချောင်းကို Home နှင့် Back keys များပေါ်တွင် တင်ထားပါ။

watch4 measure step6 watch4 measure step6

Sအဆင့် ၆။ မျက်နှာပြင်ပေါ်တွင်တိုင်းတာထားသော ခန္ဓာကိုယ်ဖွဲ့စည်းမှုရလဒ်များကိုစစ်ဆေးပါ။

မှတ်ချက်။ သင်သည်ခန္ဓာကိုယ်ဖွဲ့စည်းမှုကို ပထမဆုံးအကြိမ် တိုင်းတာမည်ဆိုလျှင် အရပ်နှင့်ကျား/မကိုထည့်ရမည်။ How to measure ကို နှိပ်၍ မျက်နှာပြင်တွင် တိုင်းတာပုံအသေးစိတ်ကို ကြည့်နိုင်သည်။

ခန္ဓာကိုယ်ဖွဲ့စည်းမှုနှင့်သက်ဆိုင်သော နောက်ထပ်သတင်းအချက်အလက်များအားကြည့်ရန် bezel ကိုသုံးပါ (သို့) နာရီမျက်နှာပြင်ကို အပေါ်အောက်ပွတ်ဆွဲပါ။

တိုင်းတာမှုမှန်ကန်စေသည့် ကိုယ်နေဟန်ထား

  • သင့်ရဲ့လက်နှစ်ဖက်ကို ရင်ဘတ်နဲ့တည့်တည့်ထားပါ၊ ဒါကြောင့် သင့်ရဲ့ချိုင်းကြားတွေကို ခန္ဓာကိုယ်နဲ့ ထိတွေ့ခြင်းမလုပ်ဘဲ ဖွင့်ဟထားပါ။
  • Home နှင့် Back ခလုတ်များပေါ်တွင် တင်ထားသော လက်ချောင်းနှစ်ချောင်းသည် အချင်းချင်း ထိတွေ့စရာမလိုပါ။ ခလုတ်များ မှလွဲ၍ သင်၏နာရီ၏ အခြားအစိတ်အပိုင်းများကို လက်ချောင်းများဖြင့် မထိထားရန် သတိပြုပါ။
  • တည်ငြိမ်အောင်နေပါ။ တိကျသောတိုင်းတာမှု ရလဒ်များအတွက်လှုပ်ရှားခြင်းမပြုပါနှင့်။
  • သင်၏လက်ချောင်းများ ခြောက်သွေ့နေသောအခါ တိုင်းတာခြင်းခက်ခဲနိုင်သည်။ ထို့ကြောင့် လက်များခြောက်သွေ့နေခြင်း မရှိ‌စေရန် toner (သို့) lotion သုံးပြီး သင်၏ ခန္ဓာကိုယ်ဖွဲ့စည်းမှုကိုတိုင်းတာနိုင်ပါသည်။
  • တိကျမှန်ကန်သော တိုင်းတာမှုရလဒ်များအတွက်တိုင်းတာမှုမပြုမီ နာရီ၏အနောက်ဘက်ကို သန့်ရှင်းပေးပါ

 

မှတ်ချက်

  • တိုင်းတာမှုများကို အထွေထွေ ကျန်းမာကြံ့ခိုင်ရေး တိုင်းတာရန် အတွက်သာရည်ရွယ် ထား သည်။ ရောဂါရှာဖွေခြင်း၊ ရောဂါစစ်ဆေးခြင်းနှင့်၊ မည်သည့်ကျန်းမာရေးအခြေအနေ (သို့) မည်သည့်ရောဂါကုသမှုကိုမဆို တိုင်းတာရန် မရည်ရွယ်ပါ။ တိုင်းတာမှုများသည် သင်၏ကိုယ်တိုင်စောင့်ကြပ်ကြည့်ရှုနိုင်ရန်သာဖြစ်သည်။ ကျေးဇူးပြု၍ ဆေးပညာဆိုင်ရာ အကြံပေးချက်များအတွက် ဆရာဝန်နှင့်တိုင်ပင်ပါ။
  • သင့်မှာ ခန္ဓာကိုယ်အတွင်း နှလုံးခုန်နှုန်းထိန်းစက်၊ နှလုံးအကူစက်၊ သို့မဟုတ် အခြားအီလက်ထရောနစ် ဆေးဝါးပစ္စည်းများ ထည့်သွင်းထားလျှင် မတိုင်းတာပါနှင့်။
  • ကိုယ်ဝန်ဆောင်နေစဉ် မတိုင်းတာပါနှင့်။
  • သင့်အသက် ၂၀ အောက်ဆိုလျှင် တိုင်းတာမှုရလဒ်များ မတိကျနိုင်ပါ။
  • ဆော့ဝဲဗားရှင်း၊ နိုင်ငံ (သို့) ဒေသအလိုက် မူတည်၍ ယခုဖော်ပြထားသောပုံများနှင့်မီနူးများကွဲပြားနိုင်သည်။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ