ပုံများကို Instagram သို့မျှဝေသည့်အခါ ရုပ်ပုံအရည်အသွေးကျဆင်းနေခြင်း

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 13.01.2022

Instagram တွင်မျှဝေသည့်ပုံများကို တိကျသည့်ဒေါင်လိုက်အလျားလိုက် ရုပ်ပုံရှုထောင့်ဖြင့် ကန့်သတ်ထားပါသည်။ ထားရှိရမည့် ရုပ်ပုံအလျားအနံကို Instagram မှသတ်မှတ်ထားပြီးဖြစ်ပြီး ရှုထောင့် ၄ မျိုးထားရှိထားပါသည်။ ပိုမိုသည့်အသေးစိတ်အချက်အလက်များအတွက် အောက်ဖော်ပြပါရှင်းထားချက်ကို ကြည့်ပါ။

အောက်ဖော်ပြပါ အကြံပြုချက်များအတိုင်း မလုပ်ဆောင်မီ သင့်ကိရိယာ၏ ဆော့ဖ်ဝဲလ်နှင့် သက်ဆိုင်ရာ အက်ပလီကေးရှင်းများအား နောက်ဆုံးဗားရှင်းသို့ အဆင့်မြှင့်ထားကြောင်း သေချာစွာလုပ်ဆောင်ပါ။ သင့်မိုဘိုင်းဖုန်းဆော့ဖ်ဝဲလ်အားအပ်ဒိတ်လုပ်ရန် အောက်ပါအချက်များအတိုင်းလုပ်ဆောင်ပါ။

အဆင့် ၁။ Settings > Software update သို့သွားပါ။

အဆင့်၂။ Download and install ကိုနှိပျပါ။

အဆင့် ၃။ ပေါ်လာသည့်လမ်းညွှန်ချက်များအတိုင်း လုပ်ဆောင်ပါ။

Instagram ၏ ဒေါင်လိုက်အလျားလိုက်ရုပ်ပုံရှုထောင့်များ

အင်စတာဂရမ်သည် အသုံးပြုသူများထံသို့ ရုပ်ပုံရှုထောင့် ၄ မျိုးကိုအကြံပြုပေးထားပါသည်။ 1:1, 4:5, 1.91:1, နှင့် 9:16 တို့ဖြစ်သည်။ အဆိုပါရှုထောင့်များထက်ကျော်နေသည့် ရုပ်ပုံများကိုမျှဝေပါက မူလသတ်မှတ်ထားသည့် ရှုထောင့်သို့ အလိုအလျောက် ချိန်ညှိသွားခြင်းနှင့် လုပ်ဆောင်နေစဉ်တွင် ဖြတ်ထုတ်သွားခြင်းတို့ဖြစ်နိုင်ပါသည်။

Instagram ၏ ဒေါင်လိုက်အလျားလိုက်ရုပ်ပုံစံနှုန်းများ

မူလအချိုး 10:16 ရှိသည့်ပုံကို Instagram သို့တင်လိုက်သည့်အခါ 1:1 သို့ချိန်ညှိထားသည့် ရုပ်ပုံနမူနာ

Instagram ရုပ်ပုံ၏အချိုး

Instagram တွင်အမြင့်ဆုံးမျှဝေနိုင်သည့်ရုပ်ပုံအချိုးမှာ 1080 pixels ဖြစ်သည်။ အကယ်၍အသုံးပြုသူသည် အရည်အသွေးမြင့်ပုံကိုမျှဝေပါက ရုပ်ပုံအရည်အသွေးသည် အလိုအလျောက် 1080 pixels သို့ချုံ့သွားမည်ဖြစ်သည်။ ယခုလုပ်ဆောင်ချက်မှတဆင့် ရုပ်ပုံအရည်အသွေးကို အထူးသဖြင့်မူလပုံနှင့်ယှဉ်လျှင် လျော့နေပါလိမ့်မည်။

မူလရုပ်ပုံ မူလရုပ်ပုံ

မူလပုံ

အင်စတာဂရမ်သို့တင်ပြီးပုံ အင်စတာဂရမ်သို့တင်ပြီးပုံ

အင်စတာဂရမ်သို့တင်ပြီးပုံ

မှတ်ချက် -

  • Instagram အက်ပ်၏နောက်ဆုံးဗားရှင်းကိုဒေါင်းလုဒ်ရယူပါ။ ဓာတ်ပုံအချိုး 1080 pixels အထိချိန်ညှိပြီးပုံအား Instagram မှ အကြံပြုထားသည့်စံများအတိုင်း ချိန်ညှိပါ။
  • ဖုန်း စခရင်ရှော့များနှင့် မီနူးများသည် ဖုန်းမော်ဒယ်နှင့်ဆော့ဖ်ဝဲလ်ဗားရှင်းပေါ်မူတည်၍ ကွဲပြားနိုင်ပါသည်။

Samsung Members အက်ပ်ကို ဘယ်လိုသုံးရမလဲ။

Samsung မိုဘိုင်းလ်ဖုန်းများ၊ တက်ဘလက်များနှင့် ဝတ်ဆင်နိုင်သော ပစ္စည်းများတွင် အခက်အခဲများကြုံရပါက Samsung Members အက်ပ်တွင် ကျွန်ုပ်တို့ထံ မေးမြန်းနိုင်ပါသည်။ Error များကိုတိုင်ကြားခြင်းနှင့်ပတ်သက်ပြီး ပိုမိုရှာဖွေလိုက်ပါ။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ