Galaxy ခေါက်ဖုန်းများ အသုံးပြုသည့်အခါ သတိ ပြုရမည့် အချက်များ

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 05.09.2021

Galaxy ခေါက်နိုင်သော ပစ္စည်းများသည် Ultra-Thin Glass ကို အခြေခံ၍ Infinity Flex Display အား တပ်ဆင်ထားသည်။ ထိုဖုန်းများကို ခေါက်ချိုးနိင်အောင် ထုတ်လုပ်ထားသောကြောင့် အကောင်းဆုံး အရည်အသွေးဖြင့် အသုံးပြုနိုင်ရန် ပိုမိုဂရုစိုက်ခြင်းနှင့် ထိန်းသိမ်းခြင်း လိုအပ်သည်။ အောက်တွင်ဖော်ပြထားသည့် အရေးကြီးသောအချက်များကို လိုက်နာပါက သင့်ရဲ့ခေါက်ချိုးလို့ရသော ဖုန်းများသည် အကောင်းဆုံး အသွင်အပြင် နှင့် စွမ်းဆောင်ရည်ကို ပေးပါလိမ့်မည်။

အောက်ပါညွှန်ကြားချက်များ  လိုက်မလုပ်မီ ဖုန်းတွင် နောက်ဆုံးဆော့ဖ်ဝဲလ်အက်ပ်ဒိတ် တင်ထားပေးရန်နှင့် အသုံးပြုရမည့် အက်ပ်များအား နောက်ဆုံးဗားရှင်းသို့ တင်ထားပေးရန်လိုအပ်ပါသည်။ ဖုန်းဆော့ဖ်ဝဲလ်အက်ပ်ဒိတ်တင်ရန် အောက်ပါအတိုင်းလုပ်ဆောင်ပါ။

အဆင့်၁ Setting > Software update သို့သွားပါ။

အဆင့်၂Download and Install ကိုနှိပ်ပါ။

အဆင့်၃။ ဖန်သားပြင် ညွှန်ကြားချက်များအား ဆက်လက်လုပ်ဆောင်ပါ။

သတိပြုရန် ၁။ မျက်နှာပြင်ကို ချွန်ထက်သောအရာနှင့် မဖိနှိပ်ပါနှင့်

ဘောပင် (သို့) သင်၏လက်သည်းကဲ့သို့ စူးရှသောအရာနှင့် မျက်နှာပြင် (သို့) ရှေ့ကင်မရာမှန်ဘီလူးကို အလွန်အကျွံဖိခြင်းအားမပြုလုပ်ပါနှင့်။ ကျေးဇူးပြု၍ သတိပြုရန် ကျေးဇူးပြု၍ အဓိကမျက်နှာပြင်ပေါ်ရှိကိရိယာကို သုံး၍ အလွန်အကျွံဖိအားပေးခြင်းသည် ခြစ်ရာများနှင့် ပျက်စီးခြင်းများဖြစ်စေနိုင်သည်ကိုသတိပြုပါ။

foldable precaution

သတိပြုရန် ၂။ အတွင်းမျက်နှာပြင်မှ ပြင်ပအရာဝတ္တုများကို ဖယ်ရှားပါ

ဖုန်း ကိုခေါက်သည့်အခါ ကတ်များ၊ ဒင်္ဂါးများ (သို့) သော့ အစရှိသော အရာဝတ္ထုများကို ဖုန်းမျက်နှာပြင်ကြားတွင်မထားပါနှင့်။ ဖုန်းမှန်အတွင်းသို့ ထည့်ခြင်း (သို့) သိမ်းခြင်းမပြုလုပ်ရပါ။ ပြင်ပအရာဝတ္ထုများသည် မျက်နှာပြင်ကိုကုတ်ခြစ်ရန် (သို့) ထိုးဖောက်ရန် အခွင့်အလမ်းရှိသောကြောင့် ဖုန်းကိုအမြဲ ဖွင့်ဟမထားပါနှင့်။ ဖုန်းမှန်ကို ဖန်သားပြင်အကြား၌လက်ညှိုးကိုသုံးပြီး ဖွင့်ခြင်းကို အားမပေးပါ။

foldable precaution2

သတိပြုရန် ၃။ အရည်နှင့်ဖုန်မှုန့်များ စက်ထဲသို့မ၀င်စေရန်သတိပြုပါ

Galaxy Z Fold3 5G နှင့် Z Flip3 5G သည် IPX8 အဆင့် သတ်မှတ်ထားသော ရေစိမ်ခံနိုင်စွမ်းရှိသည်။  သင့်ဖုန်း၏ ရေစိုခံနိုင်မှုကိုထိန်းသိမ်းရန်နှင့် ပျက်စီးမှုကိုကာကွယ်ရန် အထူးသတိထားရမည်။

  • ၁.၅ မီတာထက်နက်သော ရေချိုတွင်မိနစ် ၃၀ ထက်ပိုမနှစ်ပါနှင့်။ အကယ်၍ သင်သည် ရေချိုမဟုတ်သော ဆားရေ၊ သံသတ္တုရေ (သို့) အရက်ယမကာကဲ့သို့သော အခြားအရည်များတွင် နှစ်မြှုပ်ပါက အရည်သည် စက်ထဲသို့လျင်မြန်စွာ၀င်လာပြီး ဖုန်းကိုပျက်စီးစေနိုင်သည်။
  • အကယ်၍ စက်သည် သန့်ရှင်းသောရေနှင့်ထိတွေ့ပြီးပါက သန့်ရှင်း၊ နူးညံ့သောအ၀တ်ဖြင့် ခြောက်အောင်သုတ်ပါ။ အကယ်လို့များ ဖုန်းသည် ဆားရေ၊ ရေကူးကန်၊ ဆပ်ပြာရည်၊ ဆီ၊ ရေမွှေး၊ နေရောင်ကာလိမ်းဆေး၊ လက်သန့်စင်ဆေးသို့မဟုတ် အလှကုန်အပါအဝင် ဓာတုဗေဒပစ္စည်းများကဲ့သို့ အခြားအရည်များနှင့်ထိတွေ့ပါက ရေသန့်ဖြင့်ပြန်ဆေးပါ။ နူးညံ့သောအဝတ်စဖြင့်သုတ်ပါ။ ဤညွှန်ကြားချက်များကို မလိုက်နာပါက ဖုန်းကိုပျက်စီးစေနိုင်ပြီး စက်၏စွမ်းဆောင်ရည်နှင့် အသွင်အပြင်ကို ထိခိုက်စေနိုင်သည်။ အာမခံချက်ထဲတွင်လည်းမပါဝင်ပါ။
  • ဖုန်းအား အရှိန်ဖြင့်စီးဆင်းနေသော ရေနှင့်ထိတွေ့ခြင်း မပြုပါနှင့်

ထို့အပြင်ဤဖုန်းများသည် ဖုန်မှုန့်ဒဏ်ခံနိုင်ခြင်းမရှိပါ။ သဲကဲ့သို့ အမှုန်လေးများထိတွေ့ခြင်းသည် မျက်နှာပြင်ပေါ်ခြစ်ရာများ သို့မဟုတ် ချိုင့်ရာများဖြစ်ပေါ်စေနိုင်သလို ဖုန်းကိုလည်းပျက်စီးစေနိုင်သည်။

water resistant

မှတ်ချက်။ IPX8  သည် ရေချို ၁.၅ မီတာမှမိနစ် ၃၀ အထိ ရေအောက်၌ စမ်းသပ်မှုအခြေအနေများအပေါ် အခြေခံသည်။ ကမ်းခြေ (သို့) ရေကူးကန်တွင် အသုံးပြုရန် အကြံမပြုပါ။

သတိပြုရန် ၄။ ဖန်သားပြင်တွင်အုပ်ထားသည့် ဖလင်ပြားကိုမဖယ်ရှားပါနှင့်

ဖန်သားပြင်တွင် အုပ်ထားသည့် ဖလင်ပြားကို မဖြုတ်ပါနှင့်။ ပြင်ပအရာများ သို့မဟုတ် စတစ်ကာများကို မတပ်ဆင်ပါနှင့်၊ ထိုသို့လုပ်ဆောင်ခြင်းများသည် device ကိုပျက်စီးစေနိုင်ပါသည်။ အတည်မပြုထားသည့် screen protector များသည် အာရုံခံကိရိယာများကို ချို့ယွင်းစေပါသည်။

သတိပြုရန် ၅။ သံလိုက်ဆိုင်ရာ ပစ္စည်းများနှင့် ခပ်လှမ်းလှမ်းတွင်ထားပါ

သင့်ဖုန်းတွင် သံလိုက်များပါ၀င် ကြောင့် credit card များ ၊ ကိုယ်ထဲထည့်သွင်းရသော ဆေးဘက်ဆိုင်ရာကိရိယာများ၊ သံလိုက်များ အစရှိသည့် ထိခိုက်နိုင်သောအရာများကို လုံခြုံ စိတ်ချရသော အကွာအဝေးတွင်ထားပါ။ သင့်ကိုယ်ထဲတွင် ဆေးဘက်ဆိုင်ရာကိရိယာ ထည့်သွင်းထားလျှင် အသုံးမပြုမီ ဆရာဝန်နှင့်တိုင်ပင်ပါ။

သတိပြုရန် ၆။ ကြိုးမဲ့အားသွင်းနေစဉ် ဖုန်းကိုခေါက်ပြီးအနေအထားမှန်အောင်ပြုလုပ်ပါ။

ကြိုးမဲ့အားသွင်းနေစဉ် ဖုန်းကိုခေါက်ပြီး ကျောဘက်ကိုအားသွင်းကြိုး၏အလယ်ဗဟိုတွင်ထားပါ။ ဖုန်းတွင် မူလပါဝင်လာသော သံလိုက်ပါရှိပြီး ကြိုးမဲ့အားသွင်းကွိုင်၏ တည်နေရာသည် ဖုန်းမော်ဒယ်ပေါ် မူတည်၍ ကွဲပြားသည်။ အောက်ပါပုံအတိုင်း စက်၏အနေအထားကို ချိန်ညှိပါ။

သို့မဟုတ်လျှင် ဖုန်းကို မှန်မှန်ကန်ကန် အားမသွင်းနိုင်သလို အပူလွန်ကဲနိုင်သည်။ ပြထားသောပုံနှင့်မတူပဲ ကွဲပြားသောအနေအထား (သို့) တိမ်းညွတ်စွာထားလျှင် ကိရိယာသည် ၎င်း၏ သံလိုက်စွမ်းအားနှင့် ယိမ်းယိုင်မှုတို့ကြောင့်  လွဲချော်သွားနိုင်သည်။

foldable charging tip

Galaxy Z Fold3 5G

foldable charging tip2

Galaxy Z Flip3 5G

မှတ်ချက်။

  • အကယ်၍ သင်သည် သတ္တုအကာအကွယ်အဖုံး (သို့) စတစ်ကာ၊ သို့မဟုတ် စက်ပေါ်ရှိသတ္တုကွင်းပါသော အဖုံးကိုသုံးနေပါက ကြိုးမဲ့အားသွင်းခြင်းမပြုမီ ဖယ်ရှားပေးပါ။ သတ္တုနှင့်သံလိုက်ကဲ့သို့သော လျှပ်ကူးပစ္စည်းများကို ကြိုးမဲ့အားသွင်းစက်ပေါ်တွင်မထားပါနှင့်။
  • ကြိုးမဲ့အားသွင်းကွိုင်၏ တည်နေရာသည် ကိရိယာပေါ် မူတည်၍ ကွဲပြားနိုင်သည်။

သတိပြုရန် ၇။ Samsung Pay ကိုသုံးသောအခါ သင်၏ Galaxy Z Fold နှင့် Galaxy Z Flip3 5G ကိုပိတ်ထားပါ

သင်၏ Galaxy Z Fold တွင် Samsung Pay အတွက် ဖုန်းကို ပိတ်ပြီး အသုံးပြုပေးရန် အကြံပြုပါသည်။ Galaxy Z Flip3 5G သည် Samsung Pay ကိုအောက်ခြေတွင် Scan ဖတ်သောကြောင့် ကတ် (သို့) NFC Reader ကို ဖုန်း၏အနောက်ဘက်ဖြင့် ဖတ်ပါ။

foldable samsung pay
  • Samsung Pay ဖြင့်ငွေပေးချေရန် device သည် ဒေသပေါ် မူတည်၍ Wi-Fi (သို့) မိုဘိုင်းကွန်ယက် ဆက်သွယ်မှု လိုအပ်လိမ့်မည်။
  • ၀န်ဆောင်မှုပေးသူ သို့မဟုတ် နိုင်ငံပေါ် မူတည်၍  ဤအင်္ဂါရပ်ကို မရနိုင်ပါ။

မှတ်ချက်။ ပြသထားသောပုံများနှင့် မီနူးများသည်  စက်ပစ္စည်းမော်ဒယ်နှင့် ဆော့ဝဲဗားရှင်းပေါ် မူတည်၍ ကွဲပြားနိုင်သည်။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ