Samsung စမတ်နာရီတွင် အသံမလာခြင်း သို့မဟုတ် အသံမထွက်ခြင်း။

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 11.01.2023

သင့် Samsung စမတ်နာရီတွင် အသံလုံး၀မမြည်ခြင်း သို့မဟုတ် အသံချဲ့ထားသော်လည်း စပီကာမှ မည်သည့်အသံမှ ထွက်မလာခြင်းတို့ဖြစ်ပါက ကိရိယာကို အသံပိတ်ထားခြင်းကြောင့်ဖြစ်နိုင်ပါသည်။ သို့မဟုတ် မနှောင့်ယှက်ရန် ၊ ရုပ်ရှင်ရုံအနေအထား သို့မဟုတ် အိပ်ချိန်အနေအထားတို့ကဲ့သို့ အသံပိတ်မုဒ်များ ဖွင့်ထားခြင်း။ သင်သည် အဆိုပါသတ်မှတ်ချက်များကို စစ်ဆေးပြီး လိုအပ်ပါက ပိတ်ထားနိုင်ပါသည်။

Galaxy Watch

မှတ်ချက် :ရရှိနိုင်သည့် စခရင်နှင့် သတ်မှတ်ချက်များသည် ကြိုးမဲ့ကွန်ရက်ဝန်ဆောင်မှုပေးသူ ၊ ဆော့ဖ်ဝဲဗားရှင်းနှင့် နာရီမော်ဒယ်အလိုက် ကွဲပြားနိုင်ပါသည်။ သင့် Samsung စမတ်နာရီတွင်လည်း သင့်နာရီအတွက် အကောင်းဆုံးအသုံးပြုနိုင်စေရန် အကူအညီပေးမည့် သုံးခွင့်ရမှု လုပ်ဆောင်ချက်များ များပြားစွာ ထောက်ပံ့ပေးထားပါသည်။

1 သတ်မှတ်ချက်များ ကိုဖွင့်ပါ။
  • ဖုန်း : Galaxy Wearable အက်ပ်သို့သွား၍ နာရီသတ်မှတ်ချက်များ ကိုနှိပ်ပါ။
  • နာရီ : သတ်မှတ်ချက်များ သို့သွား၍ဖွင့်ပါ။
2 အကြားအာရုံအရည်အသွေးမြှင့်ခြင်း သတ်မှတ်ချက်များ ကိုဖွင့်ပါ။

ဖုန်း သို့မဟုတ် နာရီတွင် အောက်သို့ဆွဲချ၍ သုံးခွင့်ရမှု ကိုနှိပ်ပြီး အကြားအာရုံအရည်အသွေးမြှင့်ခြင်းများ ကိုနှိပ်ပါ။

3 အသံသားလုံးတိတ်ထားပါ ကို ပိတ်ပါ။

အသံအားလုံးတိတ်ထားပါ ကိုဖွင့်ထားပါက အသံအားလုံးတိတ်ထားပါ ဘေးရှိ ခလုတ်ကို နှိပ်၍ ပိတ်ပါ။ ပိတ်ထားချိန်တွင် ခလုတ်သည် ဘယ်ဘက်နေရာတွင် ရှိနေမည်ဖြစ်ပါသည်။

မနှောင့်ယှက်ရန် ၊ ရုပ်ရှင်ရုံအနေအထား သို့မဟုတ် အိပ်ချိန်အနေအထားတို့ကဲ့သို့ အသံပိတ်မုဒ်များ ဖွင့်ထားခြင်းရှိ၊မရှိကိုလည်း စစ်ဆေးနိုင်ပါသည်။ ရုပ်ရှင်ရုံအနေအထား သို့မဟုတ် အိပ်ချိန်အနေအထား တို့ကို သတ်မှတ်ချက်များထဲမှ အဆင့်မြင့်လုပ်ဆောင်ချက်များ ကိုနှိပ်၍ ခလုတ်ကိုပိတ်ပြီး ပိတ်နိုင်ပါသည်။ မနှောင့်ယှက်ရန်အနေအထားကို ပိတ်ရန်အတွက် Quick Settings ကိုဆွဲချ၍ မနှောင့်ယှက်ရန် ပုံကို နှိပ်ပါ။

Galaxy smart watch မှ အသံအားလုံးတိတ်ထားပါ ခလုတ် ကိုပိတ်ခြင်း။
4 အသံများနှင့် တုန်ခါမှုသတ်မှတ်ချက်များ ကိုဖွင့်ပါ။

ဖုန်း သို့မဟုတ် နာရီ နှစ်ခုလုံးတွင် နာရီ၏သတ်မှတ်ချက်များ စာမျက်နှာသို့ ပြန်သွား၍ အသံများနှင့်တုန်ခါမှု ကို နှိပ်ပေးပါ။ နာရီကို အသံတိတ် သို့မထားထားရန် သေချာပါစေ။

5 ရေရှိ၊မရှိ စစ်ဆေးပါ။

နာရီရေထဲမြုပ်ထားပါက သို့မဟုတ် မိုက်ခရိုဖုန်း သို့မဟုတ် စပီကာရေစိုထားပါက ခေါ်ဆိုမှုလုပ်ဆောင်ချိန်တွင် အသံကိုရှင်းလင်းစွာမကြားရခြင်းမျိုး ဖြစ်နိုင်ပါသည်။ နာရီကို သန့်ရှင်းနူးညံ့သောအဝတ်ဖြင့် သေချာစွာခြောက်သွေ့အောင်ပြုပေးပါ။ စပီကာ ကောင်းစွာအလုပ်လုပ်သည့် အဆင့်သို့ပြန်ရောက်ရန် သင်သည် ရေများကိုဖယ်ပစ်ရန် လိုနိုင်ပါသည်။

သင့်နာရီသည် ရေသန့်မဟုတ်သည့် အခြားအရည်(ဆားရည်ကဲ့သို့) များနှင့် ထိတွေ့မိပါက ရေသန့်ဖြင့် ချက်ခြင်းဆေးကြော၍ ခြောက်သွေ့အောင်လုပ်ဆောင်ပါ။

6 ဝန်ဆောင်မှုတောင်းခံပါ။

ခလုတ်ညပ်သွားခြင်းကဲ့သို့ ပြင်ပထိခိုက်မှုများကြောင့် နာရီကိုပြန်စ၍ မရပါက ကျေးဇူးပြု၍ ဝန်ဆောင်မှုတောင်းခံရန် ဝန်ဆောင်မှုစင်တာသို့ သွားရောက်ပါ။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ