Samsung စမတ်နာရီတွင် ဆော့ဖ်ဝဲအပ်ဒိတ်လုပ်ခြင်း

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 11.01.2023

သင့် Samsung စမတ်နာရီမှာ စက်သွားများနှင့်ဂီယာများသာထည့်သွင်းထားခြင်းမဟုတ်ဘဲ ဝါယာများ ၊ ပရိုဆက်ဆာများ ၊ ဒေတာချစ်ပ် များနှင့် ဆော့ဖ်ဝဲများလည်းပါဝင်ပါသည်။ ထို့အပြင် အခြားစမတ်ကိရိယာများကဲ့သို့ပင် နာရီ၏ ဆော့ဖ်ဝဲနှင့် အက်ပ်များကိုလည်း မကြာခဏဆိုသလို အပ်ဒိတ်လုပ်ရန် လိုအပ်ပါလိမ့်မည်။ ကံကောင်းစွာပဲ သင့်တွင် ဖုန်းရှိရှိ၊မရှိရှိ အပ်ဒိတ်လုပ်နိုင်ပါပြီ။

Galaxy Watch

မှတ်ချက် : ရရှိနိုင်သည့် စခရင်နှင့် သတ်မှတ်ချက်များသည် ဖုန်း၊နာရီနှင့် ဆော့ဖ်ဝဲဗားရှင်းအလိုက် ကွဲပြားနိုင်ပါသည်။

သင့်နာရီတွင် ဆော့ဖ်ဝဲအပ်ဒိတ်လုပ်ခြင်း

သင့်ဖုန်းနှင့် နာရီချိတ်ဆက်ထားသည့်အချိန်တွင် အပ်ဒိတ်များပုံမှန်စစ်ဆေးရန်အတွက် Galaxy Wearable အက်ပ် ကိုအသုံးပြုနိုင်ပါသည်။ သို့မဟုတ်ပါက အကယ်၍အစပိုင်းတွင် နာရီကိုဖုန်းမပါဘဲ သတ်မှတ်ထားပါက သင်သည် နာရီမှနေ၍ အပ်ဒိတ်များကိုလုပ်နိုင်ပါသည်။

Android ဖုန်းဖြင့် နာရီဆော့ဖ်ဝဲအပ်ဒိတ်လုပ်ခြင်း

၁. အပ်ဒိတ်လုပ်ငန်းစဉ်မစတင်မီ သင့်နာရီတွင် ကောင်းမွန်စွာအားသွင်းထားကြောင်း သေချာပါစေ။ အနည်းဆုံး ၃၀% အားမရှိဘဲ သင်သည် အပ်ဒိတ်လုပ်၍ရနိုင်မည်မဟုတ်ပါ။

၂. ချိတ်ဆက်ထားသည့်ဖုန်းတွင် Galaxy Wearable အက်ပ်ရှိရာသို့သွား၍ ဖွင့်ပါ။

၃. နာရီ သတ်မှတ်ချက်များ ကို နှိပ်၍နာရီ ဆော့ဝဲလ် အပ်ဒိတ် ကိုနှိပ်ပါ။ ဒေါင်းလုတ်လုပ်ပြီး ထည့်သွင်းပါကိုနှိပ်ပါ။

Galaxy Wearable အက်ပ်တွင်မြင်သာအောင်ပြထားသည့် နာရီဆော့ဝဲလ်အပ်ဒိတ်

၄. ဆော့ဝဲအပ်ဒိတ်လုပ်ပြီးသည့်အခါတွင် နာရီသည် ပြန်စသွားမည်ဖြစ်ပြီး လုပ်ဆောင်မှုပြဘား သို့မဟုတ် လည်နေသည့်ပုံပြပါလိမ့်မည်။

သင့်အနေဖြင့် နာရီမှလည်းတိုက်ရိုက် နာရီအပ်ဒိတ် လုပ်နိုင်ပါသည်။ ၎င်းသည် တွဲဖက်အသုံးပြုနိုင်သည့် Android ဖုန်းနှင့် ချိတ်ဆက်ရန်တော့ လိုပါလိမ့်မည်။ သတ်မှတ်ချက်များ ကိုဖွင့်၍ အောက်သို့ဆွဲပြီး ဆော့ဝဲလ်အပ်ဒိတ် ကိုနှိပ်ပါ။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ

RC01_Static Content : This text is only displayed on the editor page