Galaxy Buds2 Pro 360 audio လုပ်ဆောင်ချက်ကဘာလဲ။

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 01.09.2022

Galaxy Buds2 Pro သည် ၎င်းတို့၏တိုးတက်မှုများနှင့် လုပ်ဆောင်ချက်အသစ်များကြောင့် သင့်အား အဆုံးစွန်သော အသံအတွေ့အကြုံကို ယူဆောင်ရန် ရောက်ရှိလာပါပြီ။ ဤ Galaxy Buds2 Pro ၏ အကြီးမားဆုံးသောလုပ်ဆောင်ချက်များထဲမှတစ်ခုမှာ အဆင့်မြင့်အသံအတွေ့အကြုံကိုစမ်းသပ်ရန် သင် စတင်ဖွင့်လှစ်တွေ့ကြုံခံစားနိုင်မည့် 360 audio လုပ်ဆောင်ချက်ပင် ဖြစ်သည်။

အမျိုးသမီးတစ်ဦး၏ နားထဲတွင် Galaxy Buds2 Pro ပါရှိသည့် မြင်ကွင်း။

360 audio ကို ပိုမိုကောင်းမွန်အောင် ပြုလုပ်ခြင်း။

Galaxy Buds2 Pro ရှိ 360 audio သည် Direct Multi-Channel၊ 5.1ch / 7.1ch / Dolby Atmos မယုံနိုင်လောက်အောင် နက်ရှိုင်းနေသော အသံကို ပံ့ပိုးပေးသည်။ သင်ကြားနေရ သောအသံသည် ယခင် Buds Pro ထက် ဘက်ပေါင်းစုံမှပိုကောင်းပြီး သင်သည် ရုပ်ရှင်ရုံ၏အလယ်တွင် ရှိနေသကဲ့သို့ ခံစားရစေသည်။ အဆင့်အသစ်တွင် Netflix၊ Disney+၊ HBO Max အကြောင်းအရာများဖြင့် 360 audio ကို ခံစားလိုက်ပါ။

360 audio ကို ဘယ်လိုဖွင့်ရမလဲ။

အသားပေးထားသော “360 audio” ဘေးတိုက်ခလုတ်နှင့် Galaxy Wearable အက်ပ်စခရင်မြင်ကွင်း

အဆင့် ၁ . Galaxy Wearable အက်ပ်ကို ဖွင့်ပြီး “360 audio” ခလုတ် ကို ဖွင့်ပါ။

360 audio သည် စွဲမက်ဖွယ်ကောင်းသော၊ ကွက်ကွက်ကွင်းကွင်း၊ spatial အသံအရည် အသွေးကို ပေးနိုင်စွမ်းရှိ သည်။ သို့သော်၊ သီးခြား 3rd အက်ပ် (Dolby အကြောင်းအရာ) ၏ချန်နယ်ပေါ်မူတည်၍ အသံအရည်အသွေး ကွဲပြားနိုင်သည်။ ဤကိစ္စ တွင်၊ ကျွန်ုပ်တို့သည် 360 audio နှင့် နားထောင်ခြင်းကို ပိတ်ရန် အကြံပြုပါသည်။

360 audio Galaxy သည် ဗီဒီယိုများအတွက် အကန့်အသတ်မရှိပါ။ သင်အလိုရှိ တိုင်း 360 audio တွင် သင့်ကိုယ်သင် စီးမြောသက်ဝင်နိုင်ပါသည်။

ဦးခေါင်းခြေရာခံခြင်း လုပ်ဆောင်ချက်ကို ဖွင့်ထားသောအခါ၊ ဦးခေါင်း၏ ရွေ့လျားမှုအ လိုက် အသံ၏ ဦးတည်ရာကို အလိုအလျောက် ချိန်ညှိပေးပါသည်။

သင်ရွေ့လျားနေချိန် သို့မဟုတ် ရွေ့လျားမှုများစွာရှိသော ပတ်ဝန်းကျင်တွင် ဦးခေါင်းခြေ ရာခံခြင်းလုပ်ဆောင်ချက်ကို ပိတ်ထားပါက၊ အသံများထစ်ခြင်း သို့မဟုတ် အသံများ တစ်ဖက်သို့ ရွှေ့ပြောင်းခြင်းမှ တားဆီးနိုင်သည်။

ဦးခေါင်းခြေရာခံခြင်းရွေးချယ်မှုနှင့်အတူ 360 audio မီနူးမြင်ကွင်း

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ