သင့် Samsung Galaxy Watch ကို Wi-Fi နှင့်ချိတ်ဆက်မရတော့ပါက ဘာလုပ်ရမလဲ

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 10.02.2023

သင့်နာရီ Wi-Fi ကွန်ရက်သို့မချိတ်ဆက်ရခြင်းအကြောင်းရင်း များစွာရှိနိုင်ပါသည်။ ဥပမာအားဖြင့် သင့်နာရီမှ Wi-Fi သတ်မှတ်ချက်များကို ပိတ်မည်ဟု သတ်မှတ်ထားခြင်း သို့မဟုတ် သင်ချိတ်ဆက်ရန်ကြိုးစားနေသည့် ကြိုးမဲ့ကွန်ရက်တွင် ပြဿနာရှိနေနိုင်ခြင်း။

Wifi ချိတ်ဆက်နေသည့် galaxy watch

၁။ နာရီ ပင်မ စခရင်၏ အပေါ်မှ အောက်သို့ဆွဲချ၍ အမြန်သတ်မှတ်ချက်များပန်နယ် ကိုဖွင့်ပြီး သတ်မှတ်ချက်များ ပုံကို နှိပ်ပါ။

၂။ ချိတ်ဆက်မှုများ ကိုနှိပ်၍ Wi-Fi ကိုနှိပ်ပါ။

  • Galaxy Watch3 နှင့် ယခင်မော်ဒယ်များအတွက် ဘလူးတုသ်ကို ဖြုတ်၍ Wi-Fi ကိုနှိပ်ပြီးနောက် အော်တို သို့မဟုတ် အမြဲဖွင့်ထားပါ ကိုရွေးပါ။
  • Galaxy Watch4 နှင့် Watch5 တွင် Wi-Fi ကိုဖွင့်ပါ။

မှတ်ချက် :

  • သင့်နာရီအား Wi-Fi သို့ချိတ်ဆက်သည့်အချိန်တွင် သင့်မော်ဒယ်အလိုက် ဘလူးတုသ် ပိတ်ထားရန် လိုအပ်နိုင်ပါသည်။ 

၃။ Galaxy Watch4 နှင့် Galaxy Watch5 စီးရီးများတွင် ရနိုင်သည့်ကွန်ယက်ကိုနှိပ်၍ ချိတ်ဆက်ပြီးနောက် လိုအပ်ပါက စကားဝှက်ထည့်သွင်းပေးပါ။

ဖျောက်ထားသည့် ကွန်ရက်သို့ချိတ်ဆက်ရန်အတွက် ကွန်ယက်ထည့်ပါ ကိုနှိပ်၍ လုံခြုံရေး အမျိုးအစားကိုရွေးချယ်ပါ( လုံခြုံရေး ကိုနှိပ်ရန်လိုအပ်နိုင်ပါသည်)။ ထို့နောက် ကွန်ယက်အမည် ကိုနှိပ်၍ အမည်နှင့်စကားဝှက် ကိုထည့်သွင်းပြီးနောက် ပြီးပါပြီ ကိုနှိပ်ပါ။ ချိတ်ဆက်မည် ကိုနှိပ်ပါ။

မှတ်ချက် :

  • နာရီ၊ ဆော့ဖ်ဝဲဗားရှင်းနှင့် ဝန်ဆောင်မှုပေးသူအလိုက် ရနိုင်သည့်လုပ်ဆောင်ချက်များနှင့် သတ်မှတ်ချက်များကွဲပြားနိုင်ပါသည်။
  • Sync Wi-Fi ပရိုဖိုင်လုပ်ဆောင်ချက်ကိုဖွင့်ထားခြင်းဖြင့် သင့်ဖုန်းတွင်သိမ်းဆည်းထားသည့် ကွန်ရက်များကို အလိုအလျောက်ချိတ်ဆက်နိုင်ပါသည်။ ယခုလုပ်ဆောင်ချက်သည် နာရီမော်ဒယ်အားလုံးတွင် မရရှိနိုင်ပါ။
  • Galaxy Fit တွင် Wi-Fi စီမံခန့်ခွဲ၍မရခြင်း။

၁. သင့်စမတ်ဖုန်းနှင့် Wi-Fi ထုတ်လွှင့်စက်ချိတ်ဆက်ပြီး အင်တာနက်သို့ချိတ်ဆက်မှုရှိမရှိ စစ်ဆေးပါ။

၂. သင့်စမတ်ဖုန်းသည် Wi-Fi ထုတ်လွှင့်စက်သို့မချိတ်ဆက်နိုင်ပါက သို့မဟုတ် သင်သည် ချိတ်ဆက်ပြီးသည့်နောက်တွင် အင်တာနက်သို့မချိတ်ဆက်နိုင်ပါက Wi-Fi ထုတ်လွှင့်စက်ကို ပိတ်ဖွင့်လုပ်ပြီးနောက် ပြန်လည်ချိတ်ဆက်ပါ။

မှတ်ချက် :

  • အချို့ Wi-Fi ထုတ်လွှင့်စက်များ၏ လုံခြုံရေးသတ်မှတ်ချက်များအပေါ်မူတည်၍ အချို့ထုတ်လွှင့်စက်များသည် Galaxy Watch နှင့် မချိတ်ဆက်နိုင်ခြင်းမျိုးရှိနိုင်ပါသည်။

၁။ နာရီ ပင်မ စခရင်၏ အပေါ်မှ အောက်သို့ဆွဲချ၍ အမြန်သတ်မှတ်ချက်များပန်နယ် ကိုဖွင့်ပြီး သတ်မှတ်ချက်များ ပုံကို နှိပ်ပါ။

မှတ်ချက် :

  • သတ်မှတ်ချက်များကို Galaxy Fit မှ ဝင်ရောက်၍မရနိုင်ပါ။ ထိုအစား သင့်ဖုန်းမှ Galaxy Wearable အက်ပ်ကိုဖွင့်ပါ။

၂။ အထွေထွေ ကိုနှိပ်၍ ပြန်သတ်မှတ်ပါ ကိုနှိပ်ပြီးနောက် ပြန်သတ်မှတ်ပါ ကိုထပ်နှိပ်၍ အတည်ပြုပါ။

  • Gear Fit2 Pro အတွက် ဂီယာအချက်အလက် ကိုနှိပ်၍ ဂီယာပြန်သတ်မှတ်မည် ကိုနှိပ်ပါ။
  • Galaxy Fit အတွက် နာရီအကြောင်း ကိုသွား၍နှိပ်ပါ။ နာရီ ပြန်သတ်မှတ်မည် ကိုနှိပ်၍ ပြန်သတ်မှတ်မည်ကိုနှိပ်ပြီးအတည်ပြုပါ။

သင့်နာရီကို ပြန်သတ်မှတ်ပြီးသည့်နောက်တွင် Galaxy Wearable အက်ပ်နှင့် ပြန်လည်ချိတ်ဆက်ရန် လိုအပ်ပါလိမ့်မည်။ ချိတ်ဆက်မှုပြီးဆုံးသည့်နောက်တွင် သင်သည် ဆော့ဖ်ဝဲအပ်ဒိတ်များကို စစ်ဆေးနိုင်ပါသည်။

မှတ်ချက် :

  • ပြန်သတ်မှတ်ခြင်းမလုပ်ဆောင်မီ သင့်နာရီမှ ဒေတာများကို Galaxy Wearable အက်ပ်ကိုသုံး၍ အရံသိမ်းဆည်းထားကြောင်းသေချာပါစေ။ မည်သည့်ဒေတာဆုံးရှုံးမှုအတွက်မဆို Samsung တွင် တာဝန်မရှိပါ။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ