သင့် Samsung Galaxy စမတ်ဖုန်း အားမဝင်ပါက ဘာလုပ်နိုင်ပါသလဲ

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 08.01.2026

သင့် Galaxy ဖုန်းကို အားသွင်းမရခြင်း သို့မဟုတ် ပုံမှန်ထက် ပိုမိုအချိန်ကြာမြင့်စွာအားသွင်းရခြင်း များဖြစ်နေပါက၊ ဘက်ထရီ၊ အားသွင်းကြိုး၊ အားသွင်းခေါင်း အဒပ်တာ၊ ကြိုးမဲ့အားသွင်းကိရိယာ၊ အားသွင်းပေါက်၊ စိုထိုင်းဆ ရှာဖွေတွေ့ရှိမှု သို့မဟုတ် စက်၏အပူချိန်တို့တွင် ပြဿနာရှိနေသည်နှင့် သက်ဆိုင်နေနိုင်သည်။ ပြဿနာဖြစ်နေသောအကြောင်းရင်းကို ရှာဖွေပြီး ပုံမှန်အားသွင်းခြင်းကို ပြန်လည်ရရှိရန် အောက်ပါလမ်းညွှန်ချက်ကို ဖတ်ပါ။

ခန့်မှန်းအားသွင်းချိန်ကို စစ်ဆေးပါ။

ဘက်ထရီ အားပြည့်ရန် ကျန်ရှိနေသော အားသွင်းချိန်ကို ကြည့်ရှုနိုင်ပါသည်။

သတ်မှတ်ချက်များ အိုင်ကွန်ကို ထောက်ပြထားသည် သတ်မှတ်ချက်များ အိုင်ကွန်ကို ထောက်ပြထားသည်

အဆင့် ၁။ သတ်မှတ်ချက်များ ကို နှိပ်ပါ။

သတ်မှတ်ချက်များအက်ပ်တွင် ဘက်ထရီ မီနူးကို ထောက်ပြထားထားသည် သတ်မှတ်ချက်များအက်ပ်တွင် ဘက်ထရီ မီနူးကို ထောက်ပြထားထားသည်

အဆင့် ၂။ ဘက်ထရီ ကို ရွေးချယ်ပါ။

ဘက်ထရီစာမျက်နှာတွင် အားသွင်းချိန်အပိုင်းကို ထောက်ပြထားသည် ဘက်ထရီစာမျက်နှာတွင် အားသွင်းချိန်အပိုင်းကို ထောက်ပြထားသည်

အဆင့် ၃။ ကျန်ရှိနေသော အားသွင်းချိန်ကို စစ်ဆေးပါ။

အကြောင်းကြားချက်ပန်နယ်တွင် အားသွင်းခြင်းအချက်လက်ပြထားသည့်နေရာကို ‌ထောက်ပြထားသည် အကြောင်းကြားချက်ပန်နယ်တွင် အားသွင်းခြင်းအချက်လက်ပြထားသည့်နေရာကို ‌ထောက်ပြထားသည်

အဆင့် ၄။ ကျန်ရှိနေသော အားသွင်းချိန်ကို အကြောင်းကြားချက်ပန်နယ်တွင် စစ်ဆေးပါ။

မှတ်ချက-

  • ခန့်မှန်းအားသွင်းချိန်သည် စက်၏အခြေအနေနှင့် အားသွင်းနေသည့်ပတ်ဝန်းကျင်အပေါ် မူတည်၍ ကွဲပြားနိုင်သည်။
  • စက်၏ အပူချိန် အလွန်မြင့်နေခြင်း သို့မဟုတ် အလွန်နိမ့်နေခြင်းများ ဖြစ်ပါက အားသွင်းချိန်ကို ပြသမည် မဟုတ်ပါ။

အားအဝင်နှေးခြင်း သို့မဟုတ် အားမဝင်သည့်အခါ စစ်ဆေးရမည့်အရာများ

အားသွင်းနေစဉ် ဖုန်းအသုံးပြုခြင်းကို ရပ်ထားပါ

အားသွင်းနေစဉ် ဂိမ်းများ၊ ဗီဒီယိုကြည့်ရှုခြင်း၊ အင်တာနက်သုံး၍ရှာဖွေခြင်းကဲ့သို့ စွမ်းဆောင်ရည်မြင့်သော အက်ပ်များကို အသုံးပြုခြင်းသည် စက်၏ အပူချိန်ကို မြင့်တက်လာစေပြီး အားသွင်းအမြန်နှုန်းကို နှေးကွေးစေနိုင်ပါသည်။

 

အမြန်အားသွင်းခြင်း သတ်မှတ်ချက်များကို စစ်ဆေးပါ

သင့်စက်တွင် အမြန်အားသွင်းခြင်းကို သုံးနိုင်ပါက AFC (Adaptive Fast Charging) ကို အသုံးပြုရန် အကြံပြုပါသည်။ အားသွင်းနှုန်း နှေးကွေးနေပါက သင့်စက်ပစ္စည်းတွင် အမြန်အားသွင်းခြင်း ကို ဖွင့်ထားပြီးခြင်းရှိမရှိ စစ်ဆေးပါ။

သတ်မှတ်ချက်များ အိုင်ကွန်ကို ထောက်ပြထားသည် သတ်မှတ်ချက်များ အိုင်ကွန်ကို ထောက်ပြထားသည်

အဆင့် ၁။ သတ်မှတ်ချက်များ ကို နှိပ်ပါ။

သတ်မှတ်ချက်များအက်ပ်တွင် ဘက်ထရီ မီနူးကို ထောက်ပြထားထားသည် သတ်မှတ်ချက်များအက်ပ်တွင် ဘက်ထရီ မီနူးကို ထောက်ပြထားထားသည်

အဆင့် ၂။ ဘက်ထရီ ကို ရွေးချယ်ပါ။

ဘက်ထရီစာမျက်နှာပေါ်တွင် အားသွင်းခြင်း သတ်မှတ်ချက်များမီနူးကို ထောက်ပြထားသည် ဘက်ထရီစာမျက်နှာပေါ်တွင် အားသွင်းခြင်း သတ်မှတ်ချက်များမီနူးကို ထောက်ပြထားသည်

အဆင့် ၃။ အားသွင်းခြင်းသတ်မှတ်ချက်များ ကို ရွေးချယ်ပါ။

အားသွင်းခြင်းသတ်မှတ်ချက်များစာမျက်နှာတွင် အမြန်အားသွင်းခြင်းနှင့် အမြန်ကြိုးမဲ့အားသွင်းခြင်းကို ထောက်ပြထားသည် အားသွင်းခြင်းသတ်မှတ်ချက်များစာမျက်နှာတွင် အမြန်အားသွင်းခြင်းနှင့် အမြန်ကြိုးမဲ့အားသွင်းခြင်းကို ထောက်ပြထားသည်

အဆင့် ၄။ အမြန်အားသွင်းခြင်း နှင့် အမြန် ကြိုးမဲ့ အားသွင်းခြင်း ကို ဖွင့်ပါ။

မှတ်ချက-

  • ပုံမှန် အားသွင်းကိရိယာကို အသုံးပြု၍ အမြန်အားသွင်းခြင်း ကိုမရနိုင်ပါ။
  • ကြိုးမဲ့အမြန်အားသွင်းခြင်းအတွက် အားသွင်းကိရိယာသည် အမြန်အားသွင်းခြင်းကို ပြုလုပ်နိုင်ကြောင်း သေချာအောင်စစ်ဆေးပါ။

သင့်စက်ကို သင့်လျော်သော အပူချိန်တွင် အားသွင်းပါ

စက် သို့မဟုတ် ပတ်ဝန်းကျင် အပူချိန် အလွန်မြင့်နေခြင်း သို့မဟုတ် အလွန်နိမ့်နေခြင်း ရှိပါက အားသွင်းမှုကို အကန့်အသတ်ရှိနိုင်ပါသည်။ အားသွင်းခြင်း တည်ငြိမ်မှုရှိစေရန် စက်ကို အခန်းအပူချိန်တွင် အားသွင်းရန် အကြံပြုပါသည်။

 

Samsung မှထောက်ခံချက်ပေးထားသော အားသွင်းကိရိယာများနှင့် ကြိုးများကို အသုံးပြုပါ

အရည်အသွေးနိမ့် သို့မဟုတ် ထောက်ခံချက်မပေးထားသော အားသွင်းကိရိယာများ နှင့် ကြိုးများသည် အားသွင်းခြင်းကိုကြာစေခြင်း သို့မဟုတ် အားဝင်မှုပြတ်တောက်ခြင်းတို့ကို ဖြစ်စေနိုင်သည်။ အားသွင်းခြင်း တည်ငြိမ်မှုရှိစေရန် Samsung မှထောက်ခံချက်ပေးထားသော အားသွင်းကိရိယာများ သို့မဟုတ် အသိအမှတ်ပြုခံထားရသည့် ဆက်စပ်ပစ္စည်းများကို အသုံးပြုပါ။

 

အားသွင်းပေါက်နှင့် ကြိုးအခြေအနေကို စစ်ဆေးပါ

အားသွင်းပေါက် သို့မဟုတ် အားသွင်းကြိုး ချိတ်ဆက်ရာနေရာတွင် ဖုန်မှုန့် သို့မဟုတ် အမှိုက်များ ကပ်နေပါက ဘေးကင်းရေးအတွက် အားသွင်းမှုကို ပိတ်ဆို့ထားနိုင်ပါသည်။ နူးညံ့သောစုတ်တံကိုသုံး၍ အမှိုက်များကိုဖယ်ရှားပါ။

ကြိုးမဲ့အားသွင်းခြင်းကို အသုံးပြုသည့်အခါ စက်နှင့် အားသွင်းသည့်အပြား၏ကြားတွင် ပြင်ပအရာဝတ္ထုများ မရှိစေရန် သေချာစစ်ဆေးပါ၊ ရှိနေပါက အားသွင်းနှုန်းကို နှေးကွေးစေနိုင်သောကြောင့်ဖြစ်ပါသည်။

ပျက်စီးနေသော သို့မဟုတ် ချေးတက်နေသော အားသွင်းပေါက်များ၊ သို့မဟုတ် အားသွင်းကြိုးများကြောင့် အားသွင်းချိန်ကြာမြင့်ခြင်း သို့မဟုတ် အပူလွန်ကဲလာခြင်းတို့ ဖြစ်စေနိုင်ပါသည်။ ကြာရှည်စွာအသုံးပြုထားသော အားသွင်းကြိုးများကို စစ်ဆေးပြီး လိုအပ်ပါကအသစ်ပြောင်းလဲသင့်ပါသည်။

 

သင့်စက်ကို ပြန်လည်စတင်ပါ

ဖုန်းတွင် အားကျန်နေသေးပါက Soft reboot ကို စမ်းလုပ်ကြည့်ပါ။ ဤနည်းလမ်းသည် စက်၏ ယာယီမှတ်ဉာဏ်ကို ပြန်လည်အစပြုစေပြီး ပြဿနာသည် ဆော့ဖ်ဝဲလ်ဆိုင်ရာ ဟုတ်၊ မဟုတ်ကို ခွဲခြားသိရှိနိုင်ရန် ကူညီပေးပါသည်။ Reboot လုပ်ရန် ပါဝါ (Power) ခလုတ် နှင့် အသံလျှော့ (Volume Down) ခလုတ် ကို စက် ပြန်လည်စတင်သည်အထိ ဖိနှိပ်ထားပါ။

စက်တွင်ပါသောခလုတ်များထဲမှ ပါဝါခလုတ် နှင့် အသံလျှော့ခလုတ် ကိုထောက်ပြထားသည်။

မှတ်ချက- သင့်စက်၏ မော်ဒယ်အပေါ် မူတည်၍ နှိပ်ရမည့် ခလုတ်တွဲစပ်မှုများ အနည်းငယ် ကွဲပြားနိုင်ပါသည်။

Samsung Members ကို အသုံးပြု၍ စမ်းသပ်ကြည့်ပါ

Samsung Members ကို အသုံးပြု၍ ဘက်ထရီ နှင့် အားသွင်းခြင်းတွင် ချို့ယွင်းချက်ရှာဖွေခြင်း ကို ပြုလုပ်နိုင်ပါသည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် ပြဿနာသည် ကြိုး၊ ကြိုးမဲ့အားသွင်းခြင်း၊ သို့မဟုတ် ဘက်ထရီအခြေအနေ နှင့်သက်ဆိုင်နေခြင်း ရှိ၊ မရှိကို အဖြေရှာရန် အကူအညီဖြစ်နိုင်ပါသည်။ အောက်ပါအဆင့်များအတိုင်း လိုက်လုပ်ပါ။

အဆင့် ၁။ Members အက်ပ်ကို နှိပ်ပါ။

အက်ပ်များစာမျက်နှာပေါ်မှ Members အက်ပ်အိုင်ကွန်ကို ထောက်ပြထားသည် အက်ပ်များစာမျက်နှာပေါ်မှ Members အက်ပ်အိုင်ကွန်ကို ထောက်ပြထားသည်

အဆင့် ၂။ ပံ့ပိုးကူညီမှု ကို ရွေးချယ်ပါ။

Members အက်ပ်တွင် ပံ့ပိုးကူညီမှု တက်ဘ်ကို ထောက်ပြထားသည် Members အက်ပ်တွင် ပံ့ပိုးကူညီမှု တက်ဘ်ကို ထောက်ပြထားသည်

အဆင့် ၃။ ဖုန်း ချို့ယွင်းချက်ရှာဖွေခြင်း ​ကို လုပ်ဆောင်ရန် စတင်လိုက်ပါ ကိုနှိပ်ပါ။

ပံ့ပိုးမှုစာမျက်နှာပေါ်တွင် စတင်လိုက်ပါ ခလုတ်ကို ထောက်ပြထားသည် ပံ့ပိုးမှုစာမျက်နှာပေါ်တွင် စတင်လိုက်ပါ ခလုတ်ကို ထောက်ပြထားသည်

အဆင့် ၄။ စစ်ဆေးမှုကိုစတင်ရန် ဘက်ထရီ အခြေအနေ ကြိုး အား သွင်းခြင်း၊ သို့မဟုတ် ကြိုးမဲ့အား သွင်းနေသည် ကို နှိပ်ပါ။

ချို့ယွင်းချက်ရှာဖွေခြင်းစာရင်းတွင် ဘက်ထရီအခြေအနေကို ထောက်ပြထားသည် ချို့ယွင်းချက်ရှာဖွေခြင်းစာရင်းတွင် ဘက်ထရီအခြေအနေကို ထောက်ပြထားသည်
ချို့ယွင်းချက်ရှာဖွေခြင်းစာရင်းတွင် ကြိုးဖြင့်အားသွင်းခြင်းနှင့် ကြိုးမဲ့အားသွင်းခြင်းကို ထောက်ပြထားသည် ချို့ယွင်းချက်ရှာဖွေခြင်းစာရင်းတွင် ကြိုးဖြင့်အားသွင်းခြင်းနှင့် ကြိုးမဲ့အားသွင်းခြင်းကို ထောက်ပြထားသည်

အဆင့် ၅။ ရလဒ်များကို ပြန်လည်သုံးသပ်ပြီး ပြဿနာတစ်စုံတစ်ရာ တွေ့ရှိပါက ဖန်သားပြင်စာမျက်နှာပေါ်ရှိ လမ်းညွှန်ချက်များအတိုင်း လိုက်လုပ်ပါ။

ချို့ယွင်းချက်ရှာဖွေခြင်းရလဒ်များ စာမျက်နှာတွင် ဘက်ထရီအခြေအနေကိုထောက်ပြထားသည် ချို့ယွင်းချက်ရှာဖွေခြင်းရလဒ်များ စာမျက်နှာတွင် ဘက်ထရီအခြေအနေကိုထောက်ပြထားသည်
ချို့ယွင်းချက်ရှာဖွေခြင်းရလဒ်များ စာမျက်နှာတွင် ကြိုးဖြင့်အားသွင်းခြင်းကို ထောက်ပြထားသည် ချို့ယွင်းချက်ရှာဖွေခြင်းရလဒ်များ စာမျက်နှာတွင် ကြိုးဖြင့်အားသွင်းခြင်းကို ထောက်ပြထားသည်
ချို့ယွင်းချက်ရှာဖွေခြင်းရလဒ်များ စာမျက်နှာတွင် ကြိုးမဲ့အားသွင်းခြင်းကို ထောက်ပြထားသည် ချို့ယွင်းချက်ရှာဖွေခြင်းရလဒ်များ စာမျက်နှာတွင် ကြိုးမဲ့အားသွင်းခြင်းကို ထောက်ပြထားသည်

အောက်ပါ ဖြတ်လမ်းလင့်ခ်ကို နှိပ်၍လည်း ဖုန်း ချို့ယွင်းချက်ရှာဖွေခြင်း စာမျက်နှာကို တိုက်ရိုက်ဖွင့်နိုင်ပါသည်။

Samsung Members အက်ပ်ဖြင့် သင့် Galaxy ဖုန်းတွင် ချို့ယွင်းချက်ရှာဖွေပါ

မှတ်ချက-

  • Samsung Members အက်ပ် ထည့်သွင်းထားသော Galaxy စက်များတွင်သာ ကိုယ်တိုင်ချို့ယွင်းချက်ရှာဖွေခြင်းကို အသုံးပြုနိုင်ပါသည်။
  • အင်တာနက်ချိတ်ဆက်မှု မတည်ငြိမ်ပါက Samsung Internet အက်ပ်ကို အသုံးပြု၍ ထပ်မံကြိုးစားပါ။
  • စက်ကို ပြန်လည်စတင်ပြီး ချို့ယွင်းချက်ရှာဖွေခြင်းကို ပြန်လည်လုပ်ဆောင်ခြင်းသည်လည်း ယာယီပြဿနာများကို ဖြေရှင်းရန် အထောက်အကူဖြစ်စေနိုင်ပါသည်။
  • မီနူးအမည်များ၊ လမ်းကြောင်းများနှင့် ဖန်သားပြင်စာမျက်နှာအပြင်အဆင်များသည် သင့်စက်၏ မော်ဒယ်၊ ဆော့ဖ်ဝဲ သို့မဟုတ် အက်ပ်ဗားရှင်း အပေါ် မူတည်၍ ကွဲပြားနိုင်ပါသည်။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ

RC01_Static Content : This text is only displayed on the editor page