Galaxy ဖုန်းအားသွင်းရာတွင်ကြာနေပါသည်။ ဘယ်လိုပြန်ပြင်ရမလဲ။

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 13.01.2022

နောက်ဆုံးပေါ် Galaxy မိုဘိုင်းဖုန်းများကို ကြိုးဖြင့်ရော ကြိုးမဲ့စနစ်ဖြင့်ပါ တပ်ဆင်ထားပေးပါသည်။ ယခုဖော်ပြပါ နားလည်လွယ်သည့်လမ်းညွှန်သည် သင့်အား အဆိုပါလုပ်ဆောင်ချက်များဖွင့်နည်းအား ပြသပေးမည်ဖြစ်ပြီး ထို့ကြောင့်သင့်အနေဖြင့် သင့် Galaxy ဖုန်းအတွက် ပိုမြန်တဲ့အားသွင်းမှုနဲ့ အသာစီးရယူနိုင်ပါပြီ။

သင့်ဖုန်းနှင့်အားသွင်းတုံးအလိုက် ကျွန်ုပ်တို့မှ များပြားလှသည့်အမြန်အားသွင်းမှုဆိုင်ရာ ရွေးချယ်စရာများကိုထောက်ပံ့ပေးထားပါသည်။ သင့်အနေဖြင့် ကြိုးဖြင့် သို့မဟုတ် ကြိုးမဲ့စနစ်ကို ရွေးချယ်နိုင်ပါသည်။

ကြိုးဖြင့်အမြန်အားသွင်းရန်အတွက် အမျိုးအစားသုံးမျိုးရှိပါသည်။Adaptive Fast Charging (max 15W), Super Fast Charging (max 25W), နှင့် Super Fast Charging 2.0 (max 45W) တို့ုဖြစ်သည်။

ကြိုးမဲ့အမြန်အားသွင်းရန် အမျိုးအစား ၂ မျိုးရှိပါသည်။ Fast Charge 1.0 (max 9W) နှင့် Fast Charge 2.0 (max 15W) တို့ုဖြစ်သည်။

မှတ်ချက်-

  • အကောင်းဆုံးစွမ်းဆောင်ရည်နှင့် လုံခြုံမှုရရှိနိုင်ရန်အတွက် Samsung မှထုတ်ထားသည့် အားသွင်းတုံးနှင့် ကြိုးများကိုသုံးရန် လွန်စွွာအကြံပြုအပ်ပါသည်။
  • သင့် Galaxy ဖုန်း၏ အားသွင်းမြန်မှုသည် သင့်ဖုန်းမော်ဒယ်နှင့် အားသွင်းတုံး သို့မဟုတ်ကြိုး၏ အခြေအနေပေါ်မူတည်၍ ကွဲပြားနိုင်ပါသည်။
  • ဖုန်းဝယ်သည့်အခါ သင့်ဖုန်းတွင် အားသွင်းမြန်မှုကိုထောက်ပံ့ပေး ထား၊မထား စစ်ဆေးရန်အတွက် တွဲရက်ပါသည့် လက်စွဲသို့မဟုတ် samsung.com တွင် သက်ဆိုင်ရာထုတ်ကုန်အချက်အလက်များကို စစ်ဆေးပါ။

Battery and device care Battery and device care

➊ Setting သို့သွား၍ Battery and device care ကိုနှိပ်ပါ။

Device Care Battery Device Care Battery

➋ “Battery” ကိုနှိပ်ပါ။


နောက်ထပ် Battery Setting များ နောက်ထပ် Battery Setting များ

➌ “More battery settings” ကိုနှိပ်ပါ။

အားသွင်းမှုဆက်တင်များကိုဖွင့်ရန် ခလုတ်ကိုနှိပ်လိုက်ပါ။ အားသွင်းမှုဆက်တင်များကိုဖွင့်ရန် ခလုတ်ကိုနှိပ်လိုက်ပါ။

➍ "Fast charging", "Super fast charging" သို့မဟုတ် "Fast wireless charging" ကိုဖွင့်ရန်အတွက် ခလုတ်ကိုနှိပ်လိုက်ပါ။

မှတ်ချက်-

  • မီနူးပေါ်ရှိနာမည်များသည် ဖုန်းမော်ဒယ်နှင့်ဆော့ဖ်ဝဲလ်ဗားရှင်းပေါ်မူတည်၍ ကွဲပြားနိုင်ပါသည်။
  • "Fast charging" ဖွင့်ခြင်းသည် ကြိုးဖြင့်အားသွင်းခြင်းအတွက်ဖြစ်ပြီး  "Fast wireless charging" သည် ကြိုးမဲ့အားသွင်းခြင်းအတွက်ဖြစ်သည်။ သင်ထားလိုသည့် အားသွင်းနည်းကိုရွေးချယ်ပြီးဖွင့်ပေးပါ။
  • အားသွင်းနေစဉ်အတွင်း သင့်ဖုန်းတွင်ယခုလုပ်ဆောင်ချက်ကို ဖွင့်(သို့)ပိတ်ခြင်း မလုပ်ပါနှင့်။

အားသွင်းကြိုးအမျိုးအစားကွဲတိုင်းတွင် မတူသည့် လျှပ်စစ်ထွက်နှုန်းရှိပါသည်။ အကောင်းဆုံးစွမ်းဆောင်ရည်ရရန်အတွက် Samsung မှထုတ်ထားသည့် အားသွင်းတုံးကိုသုံးရန် အကြံပြုပါသည်။

 

Adaptive Fast Charging

- 9V-1.67A (15W) power output ကိုထောက်ပံ့ပေးသည့် Samsung အားသွင်းတုံးများသည်  ‘Adaptive Fast Charging’ ဆိုသည့်စာဖြင့် အားသွင်းနေသည့်ပုံပေါ်လာပါလိမ့်မည်။

 

Super Fast Charging

- 9V-2.77A (25W), 15V-3A (45W), သို့မဟုတ် 20V-2.25A (45W) power outputs ကိုထောက်ပံ့ပေးသည့် Samsung အားသွင်းတုံးများသည်  ‘Super Fast Charging’ ဆိုသည့်စာဖြင့် အားသွင်းနေသည့်ပုံပေါ်လာပါလိမ့်မည်။

မှတ်ချက်-

  • ပြင်ပအားသွင်းတုံးများအတွက် Samsung မှ ကိုက်ညီမှုအာမခံချက်မပေးနိုင်ပါ။

အားသွင်းတုံးကို ဘယ်လိုသေချာဆက်သွယ်မလဲ။

တဆင့်ချင်းစီကိုကြည့်ရန် ဆွဲတင်ပါ သို့မဟုတ် နှိပ်ပါ။

သင့်အားသွင်းတုံးကို မှန်ကန်စွာတပ်ဆင်ထားခြင်း ရှိ၊မရှိ စစ်ဆေးပါ။

USB ကြိုးနှင့် အားသွင်းတုံးကိုချိတ်ဆက်ပါ။ USB ကြိုးနှင့် အားသွင်းတုံးကိုချိတ်ဆက်ပါ။

အားသွင်းတုံးနှင့်ကြိုးကို လုံခြုံစွာချိတ်ဆက်ထားကြောင်းစစ်ဆေးပါ။

USB ကြိုးနှင့် ဖုန်းကိုချိတ်ဆက်ပါ။ USB ကြိုးနှင့် ဖုန်းကိုချိတ်ဆက်ပါ။

ကြိုးနှင့် ဖုန်းကိုသေချာစွာချိတ်ဆက်ထားကြောင်းစစ်ဆေးပါ။

မှတ်ချက်-

  • နံရံပလပ်မှ အားသွင်းတုံးမဖြုတ်မီ အားသွင်းတုံးကိုသင့်ဖုန်းမှအရင်ဖြုတ်ပါ။

Samsung မှထုတ်ထားသည့်အားသွင်းတုံ

အကောင်းဆုံးစွမ်းဆောင်ရည်ကိုရရှိရန်အတွက် Samsung မှထုတ်ထားသည် ကြိုးမဲ့အားသွင်းပြား သို့မဟုတ် ၀ယ်စဉ်ကပါလာသည့် အားသွင်းတုံးကိုသုံးပါ။

 

- Fast Charging 1.0 သည် 15W power (အမြင့်ဆုံး 9W charging power)အထက်ကို ထောက်ပံ့ပေးသည့် အားသွင်းတုံးလိုအပ်ပါသည်။

- Fast Charging 2.0 သည် 25W power (အမြင့်ဆုံး 15W charging power)အထက်ကို ထောက်ပံ့ပေးသည့် အားသွင်းတုံးလိုအပ်ပါသည်။

 

အချို့မော်ဒယ်များသည် ၀ယ်စဉ်ကပါသည့်အားသွင်းတုံးများဖြင့်သာ ရနိုင်ပါသည်။ အချက်အလက်များပိုမိုသိရှိရန်အတွက် ဖုန်းဝယ်သည့်အခါတွင် တခါတည်းပါသည့်လက်စွဲ သို့မဟုတ် samsung.com ထုတ်ကုန်အချက်အလက်ကိုဝင်၍ စစ်ဆေးပါ။

မှတ်ချက်-

  • ပြင်ပအားသွင်းတုံးများအတွက် Samsung မှ ကိုက်ညီမှုအာမခံချက်မပေးနိုင်ပါ။
  • အားသွင်းချိန်ပိုမြန်စေရန်အတွက် ဖုန်းသို့မဟုတ် ဖုန်းမျက်နှာပြင်ပိတ်ထားသည့်အချိန်တွင် အားသွင်းပါ။

ကြိုးမဲ့အားသွင်းတုံးကို ဘယ်လိုသေချာချိတ်ဆက်မလဲ

တဆင့်ချင်းစီကိုကြည့်ရန် ဆွဲတင်ပါ သို့မဟုတ် နှိပ်ပါ။

သင့်ကြိုးမဲ့အားသွင်းတုံးသည် ချိတ်ဆက်ပြီး မှန်ကန်စွာထားရှိကြောင်းစစ်ဆေးပါ။

ကြိုးမဲ့အားသွင်းတုံး ကြိုးဖြင့်ချိတ်ဆက်ခြင်း ကြိုးမဲ့အားသွင်းတုံး ကြိုးဖြင့်ချိတ်ဆက်ခြင်း

ကြိုးမဲ့အားသွင်းတုံးနှင့် ကြိုးကို လုံခြုံစွာချိတ်ဆက်ထားကြောင်းစစ်ဆေးပါ။

ကြိုးမဲ့အားသွင်းတုံး သေချာစွာထားရှိခြင်း ကြိုးမဲ့အားသွင်းတုံး သေချာစွာထားရှိခြင်း

သင့်ဖုန်းကို သေချာစွာတင်ထားပြီး ကြိုးမဲ့အားသွင်းတုံးပေါ်ရှိကွိုင်နှင့် ထိစပ်မှုရှိကြောင်း သေချာစွလုပ်ဆောင်ပါ။

မှတ်ချက်-

  • အားသွင်းကွိုင်ရှိသည့်နေရာသည် ဖုန်းမော်ဒယ်အလိုက်ကွဲပြားနိုင်ပါသည်။
  • ဖုန်းကာဗာအထူ ၃မီလီမီတာကျော်ပါက ၀ပ်များကိုလျော့ကျစေပြီး အပူထွက်စေသည့်အတွက် အကျိုးဆက်အနေဖြင့် အားသွင်းချိန်ပိုကြာနိုင်ပါသည်။
  • အားသွင်းချိန်များသည် အားသွင်းသည့်အခြေအနေနှင့် ဖုန်းကာဗာကုန်ကြမ်းများအပေါ်မူတည်၍ ကွဲပြားနိုင်ပါသည်။

Samsung မှထုတ်ထားသည့် ကြိုးမဲ့အားသွင်းတုံး

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ