မိုဘိုင်းဖုန်းတွင် ဖုန်းအားသွင်းခြင်း သို့မဟုတ် ခဏခဏစက်ကျခြင်းပြဿနာများဖြစ်လာရင် ဘာလုပ်ရမလဲ။

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 13.01.2022

သင့်ဖုန်းကောင်းကောင်းအားမသွင်းရတဲ့အခါ သို့မဟုတ် ဖုန်းဖွင့်တဲ့အခါ ပြဿနာတွေကြုံရရင် တော်တော်ကိုစိတ်ရှုပ်စရာကောင်းနိုင်ပါတယ်။ တခါတရံ အပ်ဒိတ်သွင်းပြီးနောက်မှ သင့်ဖုန်းသည် တကယ်တက်မလာဘဲ ခဏခဏ စက်ကျနေပါက Boot loop ကျနေခြင်းဖြစ်သည်။ ပြင်ပ အက်ပ်များသည် သင့်ဖုန်းကို ကျပန်း သို့မဟုတ် ဆက်တိုက်ကျစေခြင်းမျိုး ဖြစ်စေနိုင်ပါသည်။ ၄င်းကဲ့သို့ကိစ္စများတွင် ပြဿနာကိုရှာဖွေရန် အောက်ပါအဆင့်များအတိုင်း လိုက်ပါလုပ်ဆောင်ပါ။

အောက်ဖော်ပြပါ အကြံပြုချက်များအတိုင်း မလုပ်ဆောင်မီ သင့်ကိရိယာ၏ ဆော့ဖ်ဝဲလ်နှင့် သက်ဆိုင်ရာ အက်ပလီကေးရှင်းများအား နောက်ဆုံးဗားရှင်းသို့ အဆင့်မြှင့်ထားကြောင်း သေချာစွာလုပ်ဆောင်ပါ။ သင့်မိုဘိုင်းဖုန်းဆော့ဖ်ဝဲလ်အားအပ်ဒိတ်လုပ်ရန် အောက်ပါအချက်များအတိုင်းလုပ်ဆောင်ပါ။

အဆင့် ၁။ Settings > Software update သို့သွားပါ။

အဆင့်၂။ Download and install ကိုနှိပျပါ။

အဆင့် ၃။ ပေါ်လာသည့်လမ်းညွှန်ချက်များအတိုင်း လုပ်ဆောင်ပါ။

ဖုန်းအားမဝင်ပါက ဘာလုပ်ရမလဲ

ဖုန်းအားမဝင်သည့် အဖြစ်များသည့်ယေဘုယျအကြောင်းရင်းများမှာ -

  • မကောင်းသည့် ကြိုး ၊ အားသွင်းခေါင်း ၊ ပလပ်နှင့် အားသွင်းတုံး
  • အားသွင်းပေါက်တွင် အပိုင်းအစများ ချေးများရှိနေခြင်း
  • ပြင်ပ အက်ပ်များမှ အားသွင်းမှုကိုနှောင့်ယှက်နေခြင်း
  • ဆော့ဖ်ဝဲလ်အဆင့်မြှင့်တင်ဖို့ လိုအပ်နေခြင်း

ပထမဆုံးအဆင့်အနေဖြင့် ပြဿနာသည် သင့်အားသွင်းတုံး သို့မဟုတ် အားသွင်းကြိုးတွင်ရှိနေသလား စစ်ဆေးပါ။

အဆင့် ၁။ ဖုန်းနှင့်တွဲပေးထားသည့် အားသွင်းခေါင်းကိုသုံးပါ။

အဆင့် ၂။ ထိခိုက်ပျက်စီးမှုရှိမရှိ စစ်ဆေးပါ။

အဆင့် ၃။ ကြိုးအသစ်နှင့်ကြိုးစားကြည့်ပါ။

အဆင့် ၄။ တခြား ပလပ်ပေါက်တွင်သွင်းကြည့်ပါ။

အားသွင်းပေါက်တွင် အညစ်အကြေး ဖုန်နှင့် အပိုင်းအစများ ပိတ်နေခြင်းသည် အဖြစ်များသည့် ယေဘုယျအားသွင်းမရသည့်ပြဿနာများထဲမှ အကြောင်းရင်းတခုဖြစ်သည်။ အညစ်အကြေးနှင့် အပ်ချည်မျှင်များသည် အားသွင်းခေါင်းထဲတွင် စုဖွဲ့သွားနိုင်ပြီး အားသွင်းကြိုးကို အားသွင်းပေါက်အတွင်းရှိ အချိန်အဆက်များနှင့် သေချာစွာမချိတ်ဆက်နိုင်ရန် တားဆီးပါသည်။ ၄င်းသည် သင့်ဖုန်း အားကောင်းကောင်းသွင်းမရတော့ခြင်း သို့မဟုတ် လုံးဝအားသွင်းမရခြင်းကို ဖြစ်စေနိုင်ပါသည်။

အဆင့် ၁။ ဖုန်းကို ပါ၀ါပိတ်ပါ

အဆင့် ၂။ အားသွင်းပေါက်ထဲသို့ ဓာတ်မီးဖြင့်ထိုးကြည့်ပါ ဖုန် သို့မဟုတ် အညစ်အကြေး၊ အထူးသဖြင့် သတ္တုအားသွင်းအချိတ်အဆက်များပေါ်တွင် ဖွုံးအုပ်နေသည်ကို တွေ့ရပါက အားသွင်းပေါက်ကို သန့်ရှင်းပေးဖို့လိုအပ်ပါသည်။

အဆင့် ၃။ ဖုန်နှင့်အပိုင်းအစများကို ဖယ်ရှားရန်အတွက် အားသွင်းပေါက်ထဲသို့ လေဖြင့်အသာလေးမှုတ်ကြည့်ပါ။

အဆင့် ၄။ အားသွင်းပေါက် ပိတ်နေသေးပါက သန့်ရှင်းရေးလုပ်ရန် ကျွမ်းကျင်သူဆီယူသွားပါ။

မှတ်ချက်

  • အားသွင်းပေါက်ထဲသို့ မည်သည့်အရာမျှ မထည့်ပါနှင့်။ ထိုသို့လုပ်ခြင်းသည် အားသွင်းပေါက်ကို ထိခိုက်ပျက်စီးစေနိုင်ပါသည်။

အားသွင်းပေါက်ထဲတွင် ရေ သို့မဟုတ် အစိုဓာတ်ရှိနေပါက သင့်ဖုန်းသည် အားသွင်းလိမ့်မည်မဟုတ်ပါ။ ၄င်းသည် ဖုန်းအား ပျက်စီးထိခိုက်ခြင်းနှင့် ပေါက်ကွဲခြင်းတို့မှကာကွယ်ရန် လုံခြုံရေးအရ စံလုပ်ဆောင်ချက်ဖြစ်သည်။ အားသွင်းပေါက်ထဲတွင်ရေရှိနေသည်ကို သင့်ဖုန်းကသိရပါက တခါတရံ အားသွင်းပေါက်အပေါ်တည့်တည့် စခရင်ပေါ် သို့မဟုတ် notification panel တွင် ရေစက်ပုံပြပါလိမ့်မည်။ ရေစက်ပုံလေးတွေ့ရပါက ခြောက်သွေ့အောင်ထားနေစဉ် ဖုန်းကိုသေချာစွာပိတ်ထားပါ။

အချို့အစိုဓာတ်များသည် နာရီအနည်းငယ်အတွင်း အငွေ့ပျံသွားမည်ဖြစ်သော်လည်း သင့်အနေဖြင့် အားသွင်းပေါက်အားလေဖြင့်အသာအယာမှုတ်ပေးခြင်း သို့မဟုတ် အားသွင်းပေါက်ကို အေးမြခြောက်သွေ့သောလေနှင့် ထိတွေ့စေခြင်းတို့ ကြိုးစားကြည့်နိုင်ပါသည်။ ရေစက်ပုံပေါ်နေသော်လည်း သင့်အနေဖြင့် အားသွင်းပေါက်ခြောက်သွေ့နေသည်မှာ သေချာနေပါက သင့်ဖုန်းကိုထပ်ပြီး အပိတ်အဖွင့်လုပ်ကြည့်ပါ။

ထိုသို့လုပ်ပြီးသည့်နောက်တွင် ရေစက်ပုံပေါ်နေသေးပါက USB အတွက် cache များကို ရှင်းပေးပါ။

အဆင့် ၁။ Settings သို့သွားပြီး Apps ကိုနှိပ်ပါ။

အဆင့် ၂။ (ဒေါင်လိုက်အစက် ၃ စက်)သင်္ကေတ More options ကိုနှိပ်ပြီး Show system apps ကိုနှိပ်ပါ။

အဆင့် ၃။ အောက်သို့ဆွဲချပြီး USB Settings ကိုနှိပ်ပါ။

အဆင့် ၄။ Storage ကိုနှိပ်၍ Clear data နှင့် Clear cache ကိုနှိပ်ပါ။

ဆော့ဖ်ဝဲလ်နှင့်ဆိုင်တဲ့ ပြဿနာဟုတ်မဟုတ် စစ်ဆေးရန်အတွက် လက်ရှိအားရှိနေစဉ်တွင် ဖုန်းအား ပိတ်ဖွင့်လုပ်ကြည့်ပါ။

အဆင့် ၁။ ဖုန်းကိုပိတ်ပြီး ၁၀ စက္ကန့်စောင့်ပါ။

အဆင့် ၂။ ဖုန်းနှင့်တွဲရက်ပါသည့် အားသွင်းတုံးကိုသွင်းပါ။

အသေးစား reboot ကို ခလုတ်များနှိပ်၍ လုပ်ဆောင်နိုင်ပါသည်။ Note10 ၊ Fold ၊ Z Flip နှင့်အထက်ကဲ့သို့ဖုန်းများတွင် Home သို့မဟုတ် သီးခြား Power ခလုတ်မပါပါက အသံချဲ့ခလုတ်နှင့် ဘေးခလုတ်များကို တပြိုင်တည်းဖိထားပါ။ သင့်ဖုန်း တုန်ခါပြီး Samsung တံဆိပ်ပေါ်လာပါက Reboot လုပ်ရန်အတွက် ခလုတ်များကိုလွှတ်လိုက်ပါ။

သင့်ဖုန်းပွင့်မလာပါက ဘာလုပ်ရမလဲ

သင့်ဖုန်းပွင့်မလာခြင်း သို့မဟုတ် ပါ၀ါမလာခြင်းတို့ဖြစ်ပါက အောက်ဖော်ပြပါအဆင့်များအတိုင်း လုပ်ဆောင်ကြည့်ပါ။

အဆင့် ၁။ သင့်ဖုန်းတွင် အားလုံလောက်မှုရှိမရှိ အတည်ပြုပါ။

ဘက်ထရီလုံးဝမရှိတော့ပါက သင့်ဖုန်းပွင့်လာမည်မဟုတ်ပါ။ ဖုန်းမဖွင့်မီ ဖုန်းနှင့်တွဲရက်ပါသော အားသွင်းတုံးကိုသုံး၍ ဘက်ထရီအား အားအပြည့်သွင်းပါ

အဆင့် ၂။ သင့်ဖုန်းအားသွင်းပေါက်တွင် ထိခိုက်ပျက်စီးမှုမရှိကြောင်းအတည်ပြုပါ။

သင့်ဖုန်း အပူလွန်ကဲနေခြင်း ၊ ဖောင်းနေခြင်း သို့မဟုတ် ပျက်စီးနေခြင်းမရှိကြောင်း သေချာစေရန် သင့်ဖုန်းအား သေချာစွာစစ်ဆေးပါ။ သင့်ဖုန်းအားသွင်းပေါက်ကိုလည်း စစ်ဆေးပြီး ဖုန်နှင့်အပိုင်းအစများရှိနေပါက ဖယ်ထုတ်ပါ။

အဆင့် ၃။ သင့်ဖုန်းနှင့်တွဲရက်ပါသည့် သင့်တော်သည့်အားသွင်းတုံး သို့မဟုတ် သင့်တော်သည့် အားသွင်းတုံးကို သုံးနေကြောင်း အတည်ပြုပါ။

အားသွင်းတုံး၏ ဗို့များ အမ်ပီအာနှင့် ပလပ်အမျိုးအစားသည် ဖုန်းနှင့်တွဲရက်ပါသည့် အားသွင်းတုံးနှင့် မတူပါက သင့်ဖုန်းကို အပြင်းအထန်ထိခိုက်ပျက်စီသွားစေခြင်းမျိုး ရှိနိုင်ပါသည်။

သင့်ဖုန်း ခဏခဏ reboot ဖြစ်နေပါက ဘယ်လိုပြဿနာရှာဖွေမလဲ။

သင့်အနေဖြင့် ဆော့ဖ်ဝဲလ်အပ်ဒိတ် ၊ factory reset သို့မဟုတ် Safe mode ကိုလုပ်ဆောင်၍ ပထမဦးစွာ ပြဿနာဖြစ်စေသည့် အက်ပ်ရှိမရှိ စစ်ဆေးနိုင်ပါသည်။

ရွေးချယ်စရာ ၁ ဆော့ဖ်ဝဲအပ်ဒိတ်များကို ကိုယ်တိုင်ဒေါင်းလုဒ်ရယူခြင်း 

Settings သို့သွား၍ Software update ကိုနှိပ်ပြီး Check for updates ကိုနှိပ်ပါ။ 

ရွေးချယ်စရာ ၂ ပြဿနာဖြစ်စေနိုင်သည့် အက်ပ်ကိုရှာဖွေရန် Safe Mode လုပ်ဆောင်ချက်ကိုသုံးပါ။

သင့်အနေဖြင့် လုံးဝ ပါ၀ါပိတ်ပြီးပြန်ဖွင့်ခြင်း Volume တိုးသည့်ခလုတ်ကို ဖိနှိပ်ထားခြင်းဖြင့် Safe Mode သို့ဝင်ရောက်နိုင်ပါသည်။

ရွေးချယ်စရာ ၃ သာမန်မဟုတ်သည့် boot loop ကျခြင်းဖြစ်လာပါက factory reset လုပ်နိုင်ပါသည်။

    အဆင့် ၁။ Android Recovery သို့ Boot ၀င်ရောက်ခြင်း

  • သင့်ဖုန်းတွင် သီးခြား Bixby ခလုတ်ရှိပါက - Bixby ခလုတ်, Volume up, နှင့် Power ခလုတ်တို့ကို တပြိုင်တည်းဖိထားပါ။
  • သင့်ဖုန်းတွင် Home ခလုတ် သို့မဟုတ် သီးခြား Power ခလုတ်မပါရှိပါက - Volume up နှင့် ဘေးခလုတ် ကိုတပြိုင်တည်းဖိထားပါ။

    အဆင့် ၂။ Volume up နှင့် Volume Down ခလုတ်များကိုသုံး၍ Delete all user data သို့မဟုတ် Wipe data/Factory reset ကိုရွေးပြီး Power ခလုတ်ကိုနှိပ်လိုက်ပါ။

    အဆင့် ၃။ Volume up နှင့် Volume Down ခလုတ်များကိုသုံး၍ သင့်ရွေးချယ်မှုကိုအတည်ပြုပြီးနောက် Power ခလုတ်ကိုနှိပ်လိုက်ပါ။

    အဆင့် ၄။ Factory reset လုပ်ငန်းစဉ်ပြီးဆုံးသည့်အချိန်တွင် Reboot device ကိုရွေးရန် Power ခလုတ်ကိုနှိပ်ပါ။

    အဆင့် ၅။ သင့်ဖုန်း Reboot လုပ်ပြီးသည်နှင့် သင့်ဖုန်းကိုဝင်ရောက်ရန် အကောင့်အသေးစိတ်များကို ဖြည့်သွင်းပါ။

အကယ်၍ အဆိုပါအဆင့်များအလုပ်မဖြစ်ဘဲ သင့်ဖုန်း သို့မဟုတ် တက်ဘလက်တွင် ပြဿနာဖြစ်နေသေးပါက ၀န်ဆောင်မှုရယူရန် Support Center ကိုဆက်သွယ်ပါ။

မှတ်ချက်

  • Factory reset သည် အသုံးပြုသူဒေတာအားလုံးကို ဖျက်သွားမည်ဖြစ်သည်။ ဖုန်း သို့မဟုတ် တက်ဘလက်ကိုဖွင့်ရန် ယခင် synced လုပ်ထားဖူးသည့် Google အကောင့် အသေးစိတ်အချက်အလက်များ လိုအပ်ပါလိမ့်မည်။
  • ဟာ့ဒ်ဝဲလ်အား factory reset လုပ်ခြင်းသည် ဖုန်းအတွင်းရှိ အချက်အလက်များအားလုံးကို ဖျက်သွားပါလိမ့်မည်။ အွန်လိုင်း သို့မဟုတ် SD ကဒ်သို့ သိမ်းဆည်းထားခြင်းမရှိသည့် အချက်အလက်များသည် ရာသက်ပန် ပျောက်ဆုံးသွားပါလိမ့်မည်။

မှတ်ချက် ကိရိယာ၏ စခရင်ရှော့များနှင့် မီနူးသည် ကြိုးမဲ့ဝန်ဆောင်မှုပေးသူ ၊ ဖုန်းမော်ဒယ်နှင့် ဆော့ဖ်ဝဲလ်ဗားရှင်းအလိုက် ကွဲပြားနိုင်ပါသည်။

Samsung Members အက်ပ်ကို ဘယ်လိုသုံးရမလဲ။

Samsung မိုဘိုင်းလ်ဖုန်းများ၊ တက်ဘလက်များနှင့် ဝတ်ဆင်နိုင်သော ပစ္စည်းများတွင် အခက်အခဲများကြုံရပါက Samsung Members အက်ပ်တွင် ကျွန်ုပ်တို့ထံ မေးမြန်းနိုင်ပါသည်။ Error များကိုတိုင်ကြားခြင်းနှင့်ပတ်သက်ပြီး ပိုမိုရှာဖွေလိုက်ပါ။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ