ဖုန်းအသစ်တွင် ဘက်ထရီကုန်မြန်နေသလိုဖြစ်ပါက ဘာလုပ်ရမလဲ။

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 14.01.2022

ဘက်ထရီစားသုံးမှုနှင့် သက်တမ်းသည် ဖုန်းသုံးသည့်အကြိမ်ရေအပါအဝင် သွင်းထားသည့် အက်ပ်နှင့် သုံးစွဲသည့်အက်ပ် ၊ လုပ်ဆောင်မှုစနစ်အမှား နှင့် ကွန်ရက်ချိတ်ဆက်မှုတို့ကဲ့သို့ အကြောင်းရင်းပေါင်းများစွာပေါ် မူတည်ပါသည်။ 5G ကွန်ရက်များသည် ဘက်ထရီကိုပိုမိုစားသုံးနိုင်သော်လည်း Galaxy ဖုန်းများသည် ခေတ်မီ AI အခြေပြု ဆော့ဖ်ဝဲလ်များနှင့် ဘက်ထရီစွမ်းဆောင်ရည်ကို သင့်သုံးစွဲပုံနှင့်ကိုက်ညီစေရန် ထိန်းချုပ်ပေးထားပါသည်။

အောက်ဖော်ပြပါ အကြံပြုချက်များအတိုင်း မလုပ်ဆောင်မီ သင့်ကိရိယာ၏ ဆော့ဖ်ဝဲလ်နှင့် သက်ဆိုင်ရာ အက်ပလီကေးရှင်းများအား နောက်ဆုံးဗားရှင်းသို့ အဆင့်မြှင့်ထားကြောင်း သေချာစွာလုပ်ဆောင်ပါ။ သင့်မိုဘိုင်းဖုန်းဆော့ဖ်ဝဲလ်အားအပ်ဒိတ်လုပ်ရန် အောက်ပါအချက်များအတိုင်းလုပ်ဆောင်ပါ။

အဆင့် ၁။ Settings > Software update သို့သွားပါ။

အဆင့် ၂။ Download and install ကိုနှိပျပါ။

အဆင့် ၃။ ပေါ်လာသည့်လမ်းညွှန်ချက်များအတိုင်း လုပ်ဆောင်ပါ။

၀ယ်ပြီးခါစတွင် ဘက်ထရီအကုန် နည်းနည်းမြန်နိုင်ပါသည်။

၀ယ်ပြီးခါစတွင် အတူတူသုံးနေရင်းမှ သင့်ဖုန်းအသစ်၏ ဘက်ထရီသည် သင့်အရင်ဖုန်းထက် ပိုကုန်နေသည်ကို သတိထားမိနိုင်ပါသည်။

၀ယ်ပြီးခါစ ပထမရက်ပိုင်းတွင် အသုံးပြုသူများသည်များသောအားဖြင့် အက်ပလီကေးရှင်းများစွာကို ဖွင့်ပြီး အစောပိုင်းဖုန်းဆက်တင်များအတွက် လုပ်ဆောင်ချက်များစွာထည့်သွင်းခြင်းနှင့် ၄င်းအချိန်တွင် နောက်ခံလုပ်ဆောင်ချက်များသည် အမြင့်ဆုံးဖြစ်နေပါသည်။ ထို့ကြောင့် သင့်အနေဖြင့် ဘက်ထရီသုံးချိန်သည် ယခင်ဖုန်းသုံးရတာထက် ပိုမြန်သည်ဟု ခံစားရနိုင်ပါသည်။

5G ၀န်ဆောင်မှုသည် ဘက်ထရီပိုမိုစားသုံးနိုင်ပါသည်။

5G ကွန်ရက်ကိုချိတ်ဆက်ထားချိန်တွင် သင့်ဖုန်းသည်ပုံမှန်ထက် ဘက်ထရီကိုပိုမိုစားသုံးနိုင်ပါသည်။ လက်ရှိ 5G ၀န်ဆောင်မှုများသည် Non-Standalone (NSA)* စံနှုန်းနှင့်အညီ 4G (LTE) နှင့် 5G ကိုအတူသုံးပါသည်။ ထို့ကြောင့် ဒေတာအများအပြားကိုင်တွယ်နိုင်မည့် မြန်နှုန်းမြင့် 5G နှင့် 4G (LTE) ဆားကစ်များကိုတပြိုင်တည်း အသုံးပြုထားရပါသည်။

သင့်ဖုန်းသည် ကွန်ရက်အများအပြားကို တချိန်တည်းချိတ်ဆက်ထားရသည့်အတွက် ဘက်ထရီသည် သင်ခန့်မှန်းထားသည်ထက် ပိုအကုန်မြန်နိုင်ပြီး သင့်ဖုန်းသည်လည်း 3G သို့မဟုတ် LTE ကိုပိတ်ထားသည့်အချိန်တွင် နည်းနည်းပိုနွေးလာနိုင်ပါသည်။ ၄င်းကိုပြန်လည်အဖတ်ဆည်ရန်အတွက် သင့်အနေဖြင့် ဖုန်း၏အလုံးစုံလုပ်ဆောင်မှုကို ကောင်းမွန်စေပြီး တိုးတက်စေမည့် လုပ်ဆောင်ချက်များကို အသုံးပြုနိုင်ပါသည်။

* NSA(Non-Standalone): ပထမဆုံး ထွက်ရှိသည့် 5G ကွန်ရက်နှင့်ဖုန်းများကို Non-Standalone (NSA) လုပ်ဆောင်မှုအောက်တွင် ထားရှိမည်ဖြစ်ပြီး ၄င်းသည် 5G ကွန်ရက်များကို ရှိပြီးသား 4G ကွန်ယက်များဖြင့် ထောက်ပံ့ပေးခြင်းဟု ဆိုနိုင်ပါသည်။ ထို့ကြောင့် 5G ဖွင့်ထားသည့်ဖုန်းများသည် တချိန်လုံး 5G ကြိမ်နှုန်းပေါ်တွင် ဒေတာရှိနေမည်ဖြစ်သော်လည်း ဒေတာမပါ၀င်သည့် လက်ခံစင်တာများနှင်ဆာဗာများနှင့် ချိတ်ဆက်ရာတွင် 4G ကိုအသုံးပြုနေသေးသည်ဖြစ်သည်။

မှတ်ချက် - သင့်အနေဖြင့် ဖုန်းအပူလွန်ကဲနေပြီဟုထင်ပါက ခဏမသုံးဘဲ အေးသွားသည်အထိ စောင့်ပေးပါ။

သင့်ဖုန်းဘက်ထရီကို ဘယ်လိုအကောင်းဆုံးဖြစ်အောင်လုပ်မလဲ။

သင့်ဖုန်း၏ ဘက်ထရီသက်တမ်းကိုမြှင့်ချင်တာ သို့မဟုတ် သင့်အနေဖြင့် ဘက်ထရီအကုန်မြန်နေသည်ဟု ခံစားရပါက သင့်ဖုန်းကိုအလုံးစုံကောင်းမွန်အောင်လုပ်နိုင်ပြီး app power ကိုလည်း အက်ပ်တခုချင်းစီကဲ့သို့ စီမံထားနိုင်ပါသည်။ အောက်ဖော်ပြပါနည်းလမ်းများဖြင့် ဘထ္ထရီစားသုံးမှုကိုလျှော့ချနိုင်ပါသည်။

Device care လုပ်ဆောင်ချက်ကိုအသုံးပြု၍ မသုံးသည့် အက်ပ်များနှင့် သာမန်မဟုတ်သည့်ဘက်ထရီသုံးစွဲမှုများကိုထိန်းချုပ်ပြီး သင့်ဖုန်းအား ဘက်ထရီစားသုံးမှုလျှော့ချနိုင်ပါသည်။ အောက်ပါအဆင့်များအတိုင်းလိုက်ပါလုပ်ဆောင်ပါ။

အဆင့် ၁။ Setting ကိုဖွင့်ပြီး Battery and device care ကိုရွေးပါ။ 

အဆင့် ၂။ Optimize now ကိုနှိပ်ပါ။ Device care သည် သင့်ဖုန်းအားအလိုအလျောက် ကောင်းမွန်အောင်လုပ်ပေးပါသည်။

Battery and device care

မြန်ဆန်သည့် optimization လုပ်ဆောင်ချက်သည် ဖုန်း၏စွမ်းဆောင်ရည်နှင့် အောက်ဖော်ပြပါ လုပ်ငန်းများကို ကောင်းမွန်စေပါသည်။

  • နောက်ကွယ်တွင် သုံးနေသည့်အက်ပ်များကိုပိတ်ခြင်း
  • သာမန်မဟုတ်သည့် ဘက်ထရီသုံးစွဲမှုများကိုစီမံခြင်း
  • ပျက်နေသည့် အက်ပ်နှင့် malware များကိုစစ်ဆေးပေးခြင်း

 

အလိုအလျောက် optimization လုပ်ဆောင်ချက်ကိုအသုံးပြုခြင်း

သင့်ဖုန်းကိုမသုံးသည့်အချိန်တွင် သင့်ဖုန်းကို အလိုအလျောက် optimization လုပ်ရန် သတ်မှတ်ထားနိုင်ပါသည်။ More options > Automation > Auto optimize daily ကိုနှိပ်ပြီး ဖွင့်ရန်အတွက် ခလုတ်ကိုနှိပ်ပါ။

နောက်ကွယ်တွင် မသုံးသည့်အက်ပ်များပွင့်နေလေလေ သင့်ဘက်ထရီက အားပိုသုံးလေလေပါပဲ။ ဘက်ထရီစားသုံးမှုလျှော့ချရန်အတွက် Background usage limits သတ်မှတ်ထားနိုင်ပါသည်။ အောက်ပါအဆင့်များအတိုင်းလိုက်ပါလုပ်ဆောင်ပါ။

Battery and device care Battery and device care

အဆင့် ၁။ Settings ကိုဖွင့်ပြီးနောက် Battery and device care ကိုရွေးပါ။

Battery and device care2 Battery and device care2

အဆင့် ၂။ နှိပ်ပါ Battery.

Battery and device care-Battery Battery and device care-Battery

အဆင့် ၃။ နှိပ်ပါ Background usage limits.

Background usage limits Background usage limits

အဆင့် ၄။ သင်ထိန်းချုပ်လိုသည့် အက်ပ်ကိုသတ်မှတ်ပါ။

အောက်ပါ ဆက်တင်များထဲမှ ရွေးနိုင်ပါသည် -

  • Put unused apps များကိုsleep လုပ်ပါ ၄င်းသည် အက်ပ်များကို အချိန်တခုထိမသုံးဖြစ်ပါက အလိုအလျောက် sleep လုပ်ပေးပါလိမ့်မည်။
  • Sleeping apps သည် နောက်တွင်ဖွင့်မထားရမည့် အက်ပ်များကို ရွေးချယ်ခွင့်ပေးထားပါသည်။ လက်ရှိ sleep လုပ်ထားတဲ့ အက်ပ်များကိုလည်းမြင်နိုင်ပါသည်။
  • Deep sleeping apps များသည် ဘယ်တော့မှ နောက်တွင် ပွင့်နေမည်မဟုတ်ဘဲ သင်ဖွင့်မှသာ ပွင့်မည်ဖြစ်သည်။
  • Never sleeping apps များသည် အလိုအလျောက် sleep ဖြစ်မသွားရမည့် အက်ပ်များကို ရွေးချယ်ခွင့်ပေးထားပါသည်။

ဘက်ထရီစားသုံးမှုနည်းအောင် အက်ပ်တခုချင်းအလိုက် optimize လုပ်နိုင်ပါသည်။ အောက်ပါအဆင့်များအတိုင်းလိုက်ပါလုပ်ဆောင်ပါ။

ဘက်ထရီစားသုံးမှုနည်းအောင် အက်ပ်တခုချင်းအလိုက် optimize လုပ်ခြင်း။ ဘက်ထရီစားသုံးမှုနည်းအောင် အက်ပ်တခုချင်းအလိုက် optimize လုပ်ခြင်း။

အဆင့် ၁။ Settings ကိုဖွင့်၍ Apps ကိုရွေးပါ။

ဘက်ထရီစားသုံးမှုနည်းအောင် အက်ပ်တခုချင်းအလိုက် optimize လုပ်ခြင်း - အက်ပ်များ ဘက်ထရီစားသုံးမှုနည်းအောင် အက်ပ်တခုချင်းအလိုက် optimize လုပ်ခြင်း - အက်ပ်များ

အဆင့် ၂။ More options (ဒေါင်လိုက်အစက် ၃ စက်) ကိုနှိပ်ပါ။

ဘက်ထရီစားသုံးမှုနည်းအောင် အက်ပ်တခုချင်းအလိုက် optimize လုပ်ခြင်း - ပိုမိုရွေးချယ်စရာများ ဘက်ထရီစားသုံးမှုနည်းအောင် အက်ပ်တခုချင်းအလိုက် optimize လုပ်ခြင်း - ပိုမိုရွေးချယ်စရာများ

အဆင့် ၃။ရွေးပါ Special access.

ဘက်ထရီစားသုံးမှုနည်းအောင် အက်ပ်တခုချင်းအလိုက် optimize လုပ်ခြင်း - အထူးခွင့်ပြုချက် ဘက်ထရီစားသုံးမှုနည်းအောင် အက်ပ်တခုချင်းအလိုက် optimize လုပ်ခြင်း - အထူးခွင့်ပြုချက်

အဆင့် ၄။ ရွေးပါ Optimize battery usage.

ဘက်ထရီစားသုံးမှုနည်းအောင် အက်ပ်တခုချင်းအလိုက် optimize လုပ်ခြင်း - ဘက်ထရီအသုံးပြုခြင်းအား Optimize လုပ်ခြင်း ဘက်ထရီစားသုံးမှုနည်းအောင် အက်ပ်တခုချင်းအလိုက် optimize လုပ်ခြင်း - ဘက်ထရီအသုံးပြုခြင်းအား Optimize လုပ်ခြင်း

အဆင့် ၅။ သင် optimize လုပ်ချင်သည့် အက်ပ်ကိုရွေးပါ။ Optimized လုပ်ထားသည့် အက်ပ်များသည် ဘက်ထရီသိပ်မသုံးပါ။

မှတ်ချက်-

  • Optimized လုပ်ထားသည့် အက်ပ်များသည် ဘက်ထရီစားသုံးမှုနည်းပါးမည်ဖြစ်သော်လည်း အချို့နောက်ကွယ်မှလုပ်ဆောင်ချက်များကို ကန့်သတ်ထားပါလိမ့်မည်။

Samsung Support ဖြင့် Galaxy ဘကျထရီ အကြောင်း ပိုမိုလေ့လာလိုက်ပါ။

မှတ်ချက်- 

  • လက်တွေ့ဘက်ထရီ သက်တမ်းမှာ ကွန်ရက်ပတ်ဝန်းကျင် ၊ လုပ်ဆောင်မှုနှင့် အသုံးပြုသည့် အက်ပ်များ ၊ ဖုန်းခေါ်ဆိုမှု စာပို့မှုအကြိမ်ရေ ၊ အားသွင်းသည့်အကြိမ်ရေနှင့် အခြားအကြောင်းရင်းများစွာပေါ်မူတည်ပြီး ကွဲပြားနိုင်ပါသည်။
  • ဖုန်း စခရင်ရှော့များနှင့် မီနူးများသည် ဖုန်းမော်ဒယ်နှင့်ဆော့ဖ်ဝဲလ်ဗားရှင်းပေါ်မူတည်၍ ကွဲပြားနိုင်ပါသည်။

Samsung Members အက်ပ်ကို ဘယ်လိုသုံးရမလဲ။

Samsung မိုဘိုင်းလ်ဖုန်းများ၊ တက်ဘလက်များနှင့် ဝတ်ဆင်နိုင်သော ပစ္စည်းများတွင် အခက်အခဲများကြုံရပါက Samsung Members အက်ပ်တွင် ကျွန်ုပ်တို့ထံ မေးမြန်းနိုင်ပါသည်။ Error များကိုတိုင်ကြားခြင်းနှင့်ပတ်သက်ပြီး ပိုမိုရှာဖွေလိုက်ပါ။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ