သင့် Galaxy စက်တွင် အမြန်အားသွင်းနည်းကို စနစ်ထည့်သွင်းရန်

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 27.09.2024

Galaxy စက်များတွင် ကြိုးမဲ့ အမြန်အားသွင်းခြင်းနှင့် လိုက်လျောညီထွေရှိသော အမြန်ကြိုးတပ်အားခြင်းအား ပံ့ပိုးရန် အတွင်းပိုင်းကွိုင်တစ်ခု ရှိသည်။ ဤထည့်သွင်းထားသည့် လုပ်ဆောင်ချက်သည် ဘက်ထရီအား ပုံမှန်အားသွင်းနည်းလမ်းများထက် ပိုမိုမြန်ဆန်စွာ အားသွင်းနိုင်စေပါသည်။

Samsung အမြန်အားသွင်းကိရိယာဖြင့် Galaxy စက်ပစ္စည်းကို အပြည့်သွင်းထားသည်။

မှတ်ချက်များ-

  • ဤဆက်တင်များ၏အမည်သည် သင့်စက်ပစ္စည်းမော်ဒယ်နှင့် ဆော့ဖ်ဝဲဗားရှင်းပေါ်မူတည်၍ ကွဲပြားနိုင်သည်။
  • အားသွင်းနှုန်းသည် အားသွင်းပတ်ဝန်းကျင်နှင့် အခြားအချက်များပေါ်မူတည်၍ ကွဲပြားနိုင်သည်။
  • အမြန်အားသွင်းခြင်းကို အချို့သောမော်ဒယ်များတွင် ပံ့ပိုးမထားပါ။
  • သင့်လျော်သော ကေဘယ်ကြိုးများနှင့် အဒက်တာများ (TA) ကိုအခြေခံ၍ ကွဲပြားမှုများရှိနေသောကြောင့်၊ သတ်မှတ်ချက်များကို ဖြည့်ဆည်းပေးသည့် Samsung-certified ဆက်စပ်ပစ္စည်းများကို အသုံးပြုရန် အကြံပြုအပ်ပါသည်။

Settings ပင်မမျက်နှာပြင် Settings ပင်မမျက်နှာပြင်

အဆင့် ၁။ Settings ကိုဖွင့်ပါ > Battery ကို နှိပ်ပါ။

Battery ဆက်တင်များ မျက်နှာပြင် Battery ဆက်တင်များ မျက်နှာပြင်

အဆင့် ၂။ Charging settings ကို ရွေးပါ။

Charging settings မျက်နှာပြင် Charging settings မျက်နှာပြင်

အဆင့် ၃။ အင်္ဂါရပ်တစ်ခုစီကိုဖွင့်ရန် ခလုတ်ကိုနှိပ်ပါ။

အောက်ပါမုဒ်များကို သင်ဖွင့်နိုင်သည်-

  • Show charging information- Always On Display ကို ပိတ်ထားသည် သို့မဟုတ် မပြသသည့်အခါ ဘက်ထရီပမာဏကို ပြသပြီး အားအပြည့်သွင်းပြီးချိန်ကို ခန့်မှန်းပါ။

  • Fast charging- လိုက်လျောညီထွေရှိသော အမြန်ကြိုးတပ်အားသွင်းကိရိယာ (15W နှင့်အထက်) ကိုအသုံးပြုသည့်အခါ ဤမုဒ်ကိုဖွင့်ပါ။

  • Fast wireless charging- အမြန်ကြိုးမဲ့အားသွင်း pad (9W နှင့်အထက်) ကိုအသုံးပြုသည့်အခါ ဤမုဒ်ကိုဖွင့်ပါ။

မှတ်ချက်- သင့်စက်ပစ္စည်းအား အားသွင်းနေချိန်တွင် ဤအင်္ဂါရပ်ကို သင်ဖွင့်နိုင် သို့မဟုတ် ပိတ်နိုင်မည်မဟုတ်ပေ။

တဆင့်ချင်းစီကိုကြည့်ရန် ဆွဲတင်ပါ သို့မဟုတ် နှိပ်ပါ။

သင့်အားသွင်းတုံးကို မှန်ကန်စွာတပ်ဆင်ထားခြင်း ရှိ၊မရှိ စစ်ဆေးပါ။

USB ကြိုးနှင့် အားသွင်းတုံးကိုချိတ်ဆက်ပါ။ USB ကြိုးနှင့် အားသွင်းတုံးကိုချိတ်ဆက်ပါ။

အားသွင်းတုံးနှင့်ကြိုးကို လုံခြုံစွာချိတ်ဆက်ထားကြောင်းစစ်ဆေးပါ။

USB ကြိုးနှင့် ဖုန်းကိုချိတ်ဆက်ပါ။ USB ကြိုးနှင့် ဖုန်းကိုချိတ်ဆက်ပါ။

ကြိုးနှင့် ဖုန်းကိုသေချာစွာချိတ်ဆက်ထားကြောင်းစစ်ဆေးပါ။

မှတ်ချက်-

  • နံရံပလပ်မှ အားသွင်းတုံးမဖြုတ်မီ အားသွင်းတုံးကိုသင့်ဖုန်းမှအရင်ဖြုတ်ပါ။
  • အားသွင်းအဒက်တာအား သီးခြားရောင်းချပါသည်။

Samsung မှထုတ်ထားသည့်အားသွင်းတုံ

တဆင့်ချင်းစီကိုကြည့်ရန် ဆွဲတင်ပါ သို့မဟုတ် နှိပ်ပါ။

သင့်ကြိုးမဲ့အားသွင်းတုံးသည် ချိတ်ဆက်ပြီး မှန်ကန်စွာထားရှိကြောင်းစစ်ဆေးပါ။

ကြိုးမဲ့အားသွင်းတုံး ကြိုးဖြင့်ချိတ်ဆက်ခြင်း ကြိုးမဲ့အားသွင်းတုံး ကြိုးဖြင့်ချိတ်ဆက်ခြင်း

ကြိုးမဲ့အားသွင်းတုံးနှင့် ကြိုးကို လုံခြုံစွာချိတ်ဆက်ထားကြောင်းစစ်ဆေးပါ။

ကြိုးမဲ့အားသွင်းတုံး သေချာစွာထားရှိခြင်း ကြိုးမဲ့အားသွင်းတုံး သေချာစွာထားရှိခြင်း

သင့်ဖုန်းကို သေချာစွာတင်ထားပြီး ကြိုးမဲ့အားသွင်းတုံးပေါ်ရှိကွိုင်နှင့် ထိစပ်မှုရှိကြောင်း သေချာစွလုပ်ဆောင်ပါ။

မှတ်ချက်များ-

  • အားသွင်းကွိုင်၏တည်နေရာသည် စက်၏မော်ဒယ်ပေါ်မူတည်၍ ကွဲပြားနိုင်သည်။
  • ကြိုးမဲ့အားသွင်းခြင်းကို အသုံးပြုသည့်အခါ၊ ပိုထူသော ဘက်ထရီဖြစ်ပါက အားသွင်းချိန် ပိုကြာနိုင်ပါသည်။
  • အားသွင်းချိန်နှင့် ကာဗာပစ္စည်းများ မတူညီသောကြောင့် အားသွင်းချိန် ကွဲပြားနိုင်သည်။
  • ကြိုးမဲ့အားသွင်းကိရိယာကို သီးခြားရောင်းချပါသည်။

Samsung မှထုတ်ထားသည့် ကြိုးမဲ့အားသွင်းတုံး

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ

RC01_Static Content : This text is only displayed on the editor page