ကြိုးနားကြပ်တွင် အသံမလာပါကဘာလုပ်ရမလဲ

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 13.01.2022

သင်သည် ကြိုးနားကြပ်ကို သင့် Galaxy ဖုန်းမှချိတ်ဆက်ထားသော်လည်းအသံမကြားရပါက သင့်နားကြပ်မကောင်းတော့ခြင်း သို့မဟုတ် သင့်ဖုန်း၏နားကြပ်ပေါက်ပြဿနာဖြစ်နေခြင်းကြောင့်ဖြစ်နိုင်ပါသည်။ သင့်ပြဿနာကိုအဖြေရှာရန် အောက်ပါလမ်းညွှန်ကိုဖတ်ပါ။

အောက်ဖော်ပြပါ အကြံပြုချက်များအတိုင်း မလုပ်ဆောင်မီ သင့်ကိရိယာ၏ ဆော့ဖ်ဝဲလ်နှင့် သက်ဆိုင်ရာ အက်ပလီကေးရှင်းများအား နောက်ဆုံးဗားရှင်းသို့ အဆင့်မြှင့်ထားကြောင်း သေချာစွာလုပ်ဆောင်ပါ။ သင့်မိုဘိုင်းဖုန်းဆော့ဖ်ဝဲလ်အားအပ်ဒိတ်လုပ်ရန် အောက်ပါအချက်များအတိုင်းလုပ်ဆောင်ပါ။

အဆင့် ၁။ Settings > Software update သို့သွားပါ။

အဆင့်၂။ Download and install ကိုနှိပျပါ။

အဆင့် ၃။ ပေါ်လာသည့်လမ်းညွှန်ချက်များအတိုင်း လုပ်ဆောင်ပါ။

နားကြပ်အတွက် အခြေခံပြဿနာအဖြေရှာခြင်းကိုလုပ်ဆောင်ပါ။

သင့်ကြိုးနားကြပ်တွင် ပြင်ပထိခိုက်မှုရှိမရှိစစ်ဆေးပါ။ နားကြပ်ခေါင်းကွေးနေ သို့မဟုတ် ကျိုးနေခြင်း ၊ သို့မဟုတ် ကြိုးပျက်စီးနေခြင်း ၀ါယာများစုတ်နေခြင်းတို့ဖြစ်နေပါက သင့်နားကြပ်မှအသံမကြားရနိုင်ပါ။

ကွေးနေသည့်ကြိုး ကွေးနေသည့်ကြိုး

သင့်နားကြပ်ခေါင်းကွေးနေခြင်းရှိမရှိ စစ်ဆေးပါ။

ပျက်စီးနေသည့်ကြိုး ပျက်စီးနေသည့်ကြိုး

ကြိုးတွင်ပျက်စီးနေခြင်းရှိမရှိ စစ်ဆေးပါ။

  • ပြင်ပပျက်စီးမှုမတွေ့ရသော်လည်း နားကြပ်များပျက်စီးနေနိုင်ပါသည်။ သင့်တွင် နားကြပ်ချိတ်ဆက်နိုင်မည့်အခြားဖုန်းရှိပါက ၄င်းတို့နှင့်စမ်းကြည့်ပါ။
  • နားကြပ်ကို ဖုန်း၏အသံနားကြပ်ပေါက်ထဲ အပြည့်အဝထည့်ထားခြင်းရှိမရှိ စစ်ဆေးပါ။ အပြည့်အဝမထည့်ထားပါက နားကြပ်ကိုအသိအမှတ်ပြုမည်မဟုတ်ဘဲ အသံသည်လည်းဖုန်းစပီကာမှသာ ပွင့်လာပါလိမ့်မည်။
နားကြပ်ပေါက်အပြည့်အဝမထည့်ထားခြင်း နားကြပ်ပေါက်အပြည့်အဝမထည့်ထားခြင်း

အပြည့်ထည့်မထားသည့် နားကြပ်ခေါင်း

နားကြပ်ပေါက်အပြည့်ထည့်ထားခြင်း နားကြပ်ပေါက်အပြည့်ထည့်ထားခြင်း

အပြည့်ထည့်ထားသည့်နားကြပ်ခေါင်း

ဖုန်းရှိ တွဲဖက်အသုံးအဆောင်များသည် နားကြပ်ပေါက်အပြည့်မသွင်းနိုင်အောင် တားဆီးထားနိုင်ပါသည်။ သင့်ဖုန်းကာဗာ သို့မဟုတ် ကပ်ခွာများကိုနားကြပ်မတပ်ခင်ဖြုတ်ထားကြည့်ပါ။

အလုပ်ဖြစ်မဖြစ်စစ်ဆေးရန် ဖုန်းဘေးရှိအသံခလုတ်ကိုနှိပ်ကြည့်ပါ။

အသံခလုတ်နှိပ်ခြင်း

သင့်တွင်နားကြပ်အပိုရှိပါက အလုပ်လုပ်မလုပ်သိရအောင် ဖုန်းနှင့်ချိတ်ကြည့်ပါ။ ပြဿနာဖြစ်နေသေးပါက ဖုန်းရှိနားကြပ်ပေါက်ပျက်စီးမှုရှိမရှိကို ဓာတ်မီးဖြင့်စစ်ဆေးပါ။ ပင်များကွေးနေပါက ၀န်ဆောင်မှုရယူရန်လိုအပ်ပါသည်။ ၀န်ဆောင်မှုရက်ချိန်းရယူရန် ၀န်ဆောင်မှုစင်တာ ကိုသွားရောက်ပါ။

နားကြပ်တပ်ခြင်း

မှတ်ချက် -

  • ဖုန်းမော်ဒယ်လိုက် အသံခလုတ်နှင့်နားကြပ်ပေါက်တည်နေရာများ ကွဲပြားနိုင်ပါသည်။

Sound mode တွင် Ringtone နှင့် Notification အသံများသည် နားကြပ်နှင့်စပီကာ ၂ ခုစလုံးမှ လာပါသည်။ သင်သည် အသံကိုနားကြပ်တခုတည်းမှသာ လာစေချင်ပါက သင့် Sound mode ကို အောက်ပါအဆင့်များအတိုင်းလိုပ်ဆောင်၍ ပြောင်းလဲနိုင်ပါသည်။

Sound mode ဘယ်လိုပြောင်းမလဲ

  • Vibrate: အသိပေးစာရသည့်အခါ ဖုန်းတုန်ခါလာခြင်း သင့်ဖုန်းတွင် သီချင်းသို့မဟုတ်ဗီဒီယိုမှအသံများကိုလည်း ဖွင့်နိုင်ပါသည်။
  • Mute: အသိပေးစာရသည့်အခါ အသံ သို့မဟုတ် တုန်ခါမှုမပြုခြင်း သင့်ဖုန်းတွင် သီချင်းသို့မဟုတ်ဗီဒီယိုမှအသံများကိုလည်း ဖွင့်နိုင်ပါသည်။
Sound and vibration မီနူး Sound and vibration မီနူး

အဆင့် ၁။ Settings ကိုဖွင့်၍ Sound and vibration ကိုနှိပ်ပါ။

Vibrate mode Vibrate mode

အဆင့် ၂ - ၁။ Vibrate ကိုရွေးချယ်ပါ။

Mute mode Mute mode

အဆင့် ၂ -၂။ သို့မဟုတ် Mute ကိုရွေးချယ်ပါ။

မှတ်ချက်- ဖုန်း စခရင်ရှော့များနှင့် မီနူးများသည် ဖုန်းမော်ဒယ်နှင့်ဆော့ဖ်ဝဲလ်ဗားရှင်းပေါ်မူတည်၍ ကွဲပြားနိုင်ပါသည်။

Samsung Members အက်ပ်ကို ဘယ်လိုသုံးရမလဲ။

Samsung မိုဘိုင်းလ်ဖုန်းများ၊ တက်ဘလက်များနှင့် ဝတ်ဆင်နိုင်သော ပစ္စည်းများတွင် အခက်အခဲများကြုံရပါက Samsung Members အက်ပ်တွင် ကျွန်ုပ်တို့ထံ မေးမြန်းနိုင်ပါသည်။ Error များကိုတိုင်ကြားခြင်းနှင့်ပတ်သက်ပြီး ပိုမိုရှာဖွေလိုက်ပါ။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ