စမတ်ဖုန်းနှင့် တက်ဘလက်များ
Remote Service ဆိုတာဘာလဲ?
Samsung Call Center သို့ခေါ်ဆို၍ ကျွမ်းကျင်သော Samsung Customer Service Agentများမှ လူကြီးမင်းတို့၏ဖုန်းတွင်ကြုံတွေ့နေရသည့် ဆော့ဖ်ဝဲလ်နှင့်ပတ်သက်သော အခက်အခဲများအား တိုက်ရိုက်ကြည့်ရှု ဖြေရှင်းဆောင်ရွက်ပေးနိုင်သော ဝန်ဆောင်မှုတစ်မျိုးဖြစ်ပါသည်။
Remote Service ဖြင့်ပြုလုပ်ပေးနိုင်သော
ဝန်ဆောင်မှုများ
- Data များရွှေ့ပြောင်းခြင်း၊ Data Backup ပြုလုပ်ခြင်းနှင့် ပြန်လည်ထည့်သွင်းခြင်း
- Feature အသစ်အသုံးပြုပုံများအား ရှင်းပြပေးနိုင်ခြင်း
- Software နှင့် Application များ Update ပြုလုပ်ပေးခြင်း
- Setting မှားယွင်းပြောင်းလဲမိ၍ကြုံတွေ့နေရသော အခက်အခဲများအား ဖြေရှင်းပေးခြင်း
Remote Service ၏ အားသာချက်များ
- Customer Service Agent နှင့်အတူတူရှိနေသကဲ့သို့ တိုက်ရိုက်ပြောဆိုအကူအညီရယူနိုင်ခြင်း
- ဖုန်း၏ Settingနှင့် Featureများအတွက် အကောင်းဆုံးအကြံညာဏ်များရယူနိုင်ခြင်း
- လုပ်ဆောင်ပုံအဆင့်ဆင့်တို့ကို မိမိဖုန်းScreenပေါ်တွင် တိုက်ရိုက်ကြည့်ရှုနိုင်ခြင်း
Remote Service အသုံးပြုရန် လိုအပ်ချက်များ
- သင်၏ဖုန်းသည် အနည်းဆုံး Android 2.4 (ICS) ဗားရှင်းဖြစ်ရမည်။
- သင်၏ဖုန်းတွင် ကောင်းမွန်သော အင်တာနက်လိုင်းရှိရမည်။
- သင်၏ဖုန်းတွင် Smart Tutor Application သွင်းထားရမည်။
Remote Service အသုံးပြုနည်း
ကိုယ်ရေးအချက်အလက်ဆိုင်ရာ လုပ်ဆောင်ချက်များ
RC01_Static Content