အထူး benefits များအတွက် ယခုပဲ မှတ်ပုံတင်လိုက်ပါ။
Frequently Asked Questions
-
နောက်ထပ်ထွက်မယ့် Galaxy Unpacked ပွဲက ဘယ်တော့လောက်ဖြစ်မလဲ? ပြီးတော့ နောက်ဆုံးပေါ် Galaxy ဖုန်းတွေနဲ့ Galaxy Watch အသစ်တွေကိုရော ဘယ်တော့ (Launch) ဖြစ်မှာလဲ?Samsung Galaxy ရဲ့ ပစ္စည်းအသစ်တွေ ထွက်ရှိဖို့အတွက် အဓိကကျတဲ့ Unpacked နဲ့ Launch event ဆိုပြီး နှစ်ခု ရှိပါတယ်။
• Samsung Galaxy Unpacked event ၏ တိုက်ရိုက်ထုတ်လွှင့်မှုကို July 22, 2026, at 7:30PM မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ဒီပွဲကို https://www.samsung.com/mm/unpacked/ မှာ မည်သူမဆို ဝင်ရောက်ကြည့်ရှုနိုင်ပြီး နောက်ထပ်ထွက်ရှိလာမယ့် Galaxy Devices တွေနဲ့ Galaxy ရဲ့ Features အသစ်တွေကို အရင်ဆုံး မြင်တွေ့ခွင့်ရရှိမှာ ဖြစ်ပါတယ်။
• Samsung Galaxy New Model တွေရဲ့ တရားဝင်ထွက်ရှိမယ့်ရက် (Release date) ကိုတော့ Event အတွင်းမှာပဲ ကြေညာပေးသွားမှာ ဖြစ်ပါတယ်။ -
မကြာခင်မှာ ကျင်းပတော့မယ့် Galaxy Unpacked အတွက် Register လုပ်ထားရင် ဘာအကျိုးခံစားခွင့်တွေ ရရှိနိုင်မှာလဲ?အသစ်ထွက်ရှိလာမယ့် Samsung Galaxy Foldable Phone တွေနဲ့ Galaxy Watch တွေရဲ့ Unpacked Event ဖိတ်ကြားချက်ကို ရယူဖို့အတွက် Register လုပ်ထားမယ်ဆိုရင် အောက်ပါအကျိုးခံစားခွင့်တွေကို ရရှိမှာ ဖြစ်ပါတယ် -
• Galaxy Unpacked Event အတွက် Register လုပ်ထားမယ်ဆိုရင် တိုက်ရိုက်ထုတ်လွှင့်မှု (Livestream) ကြည့်ရှုဖို့ ဖိတ်ကြားချက်ကို ရရှိမှာဖြစ်သလို၊ နောက်နောင် ကျင်းပမယ့် ပွဲတွေမှာလည်း Samsung ရဲ့ ဆန်းသစ်တီထွင်မှုအသစ်တွေကို အခြားသူတွေထက် အရင်ဆုံး ကြည့်ရှုခွင့် ရရှိဦးမှာ ဖြစ်ပါတယ်။
• အကယ်၍ သင်ဟာ စစ်တမ်း (Survey) ကို ဖြည့်စွက်ပြီးပါက နောက်ဆုံးပေါ် Galaxy ပစ္စည်းတွေကို ကံစမ်းနိုင်မယ့် မဲဖောက်ပေးခြင်း အစီအစဉ်မှာလည်း ပါဝင်ခွင့် ရရှိမှာ ဖြစ်ပါတယ်။
• Register လုပ်နိုင်မယ့် ကာလကတော့ July 8, 2026, at 5:30AM ကနေ July 22, 2026, at 7:29PM အထိ ဖြစ်ပါတယ်။ Galaxy Unpacked ပြီးသွားတဲ့နောက်ပိုင်းမှာတော့ ပါဝင်ခွင့်ရတော့မှာ မဟုတ်တာကြောင့် အချိန်မီ Register လုပ်ထားဖို့ မမေ့ပါနဲ့ဦးနော်။- *ခံစားခွင့် အသေးစိတ်အချက်အလက်တွေကတော့ နိုင်ငံအလိုက် ကွာခြားမှု ရှိနိုင်ပါတယ်။
- *Samsung ရဲ့ (Privacy Policy) ကို လက်ခံသဘောတူထားတဲ့ အသုံးပြုသူတွေကိုပဲ အကြောင်းကြားစာ (Notifications) တွေ ပေးပို့သွားမှာ ဖြစ်ပါတယ်။
-
Galaxy Unpacked အတွက် Register လုပ်လို့ရတဲ့ အကျိုးခံစားခွင့်နဲ့ Pre-order အကျိုးခံစားခွင့်တွေက ဘာကွာခြားလို့လဲ? နောက်ပြီး အဲဒီနှစ်ခုလုံးကိုရော ရရှိနိုင်မှာလား?Galaxy Unpacked အတွက် Register လုပ်တဲ့အခါ ရရှိနိုင်မယ့် အကျိုးခံစားခွင့်တွေနဲ့ သင် ကြိုက်နှစ်သက်တဲ့ Galaxy ဖုန်းအသစ်ကို Pre-order မှာယူတဲ့အခါ ရရှိမယ့် အကျိုးခံစားခွင့်တွေက မတူညီပါဘူး။ ဒါပေမဲ့ သင်ဟာ အဲဒီအကျိုးခံစားခွင့် နှစ်ခုလုံးကို ရရှိနိုင်ပြီး တွဲဖက်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်!
• ပစ္စည်းတွေ ဈေးကွက်ထဲ Launch မလုပ်ခင် အချိန်အထိ မည်သူမဆို Unpacked event အတွက် Register ပြုလုပ်နိုင်ပြီး Register လုပ်ထားသူတွေအနေနဲ့ နောက်ပိုင်းမှာ ပစ္စည်းတွေဝယ်ယူတဲ့အခါ အသုံးပြုနိုင်မယ့် အကျိုးခံစားခွင့်တွေကို ရရှိမှာ ဖြစ်ပါတယ်။ ဒါ့အပြင် စစ်တမ်း (Surveys) တွေမှာပါ ပါဝင်ဖြေဆိုပေးမယ်ဆိုရင် Galaxy ထုတ်ကုန်တွေကို ကံစမ်းနိုင်မယ့် မဲဖောက်ပေးခြင်း အစီအစဉ်မှာလည်း ပါဝင်ခွင့် ရရှိဦးမှာ ဖြစ်ပါတယ်။
• Samsung Galaxy ကို Pre-order မှာယူတယ်ဆိုတာကတော့ Galaxy ပစ္စည်းတွေကို ကြိုတင်ဘွတ်ကင်လုပ်ပြီး ဝယ်ယူတာကို ဆိုလိုတာဖြစ်ပြီး၊ ဝယ်ယူသူတွေအနေနဲ့ မိမိတို့ဝယ်ယူတဲ့ ထုတ်ကုန်အလိုက် သီးသန့်ပေးအပ်တဲ့ Pre-order အထူးပရိုမိုးရှင်း ခံစားခွင့်တွေကို ရရှိမှာ ဖြစ်ပါတယ်။
• Galaxy Unpacked ပွဲအတွက် Register လုပ်ပြီး ပွဲအပြီးမှာ ကျင်းပမယ့် Pre-order ကာလမှာလည်း ပါဝင်ဝယ်ယူမယ်ဆိုရင် အကျိုးခံစားခွင့် နှစ်ခုလုံးကို ရရှိနိုင်မှာ ဖြစ်ပါတယ်။ အကောင်းဆုံး အထူးပရိုမိုးရှင်းတွေကို ရရှိနိုင်ဖို့အတွက် July 22, 2026, at 7:30PM မတိုင်မီ အချိန်မီ စာရင်းပေးသွင်းပေးဖို့ လိုအပ်ပါတယ်နော်။*ခံစားခွင့် အသေးစိတ်အချက်အလက်တွေကတော့ နိုင်ငံအလိုက် ကွာခြားမှု ရှိနိုင်ပါတယ်။
-
Galaxy AI နဲ့ One UI ဗားရှင်းအသစ်ကနေ ဘယ်လိုမျိုး user experience အသစ်တွေကို မျှော်လင့်ထားလို့ရမလဲ?One UI ဗားရှင်းအသစ်မှာ ပါဝင်လာမယ့် Galaxy AI ဟာ သင့်ရဲ့စိတ်ကြိုက် ပြင်ဆင်ဖန်တီးနိုင်မှုတွေကို ပိုမိုလုပ်ဆောင်ပေးနိုင်မှာဖြစ်ပြီး၊ Galaxy ရဲ့ အကောင်းဆုံး AI ဖုန်းတွေပေါ်မှာ ပိုမိုအဆင်ပြေချောမွေ့တဲ့ သုံးစွဲမှုတွေကို ပေးစွမ်းသွားမှာ ဖြစ်ပါတယ်။
• Galaxy AI ဟာ သင့်ရဲ့ လိုအပ်ချက်တွေနဲ့ အရေးကြီးတဲ့အချက်တွေကို အနီးစပ်ဆုံး နားလည်ပေးနိုင်တဲ့အတွက် သီးသန့်ဖန်တီးထားတဲ့ ကိုယ်ပိုင် (AI assistant) တစ်ယောက် ရှိနေသလိုမျိုး အကောင်းဆုံး အတွေ့အကြုံကို ပေးစွမ်းမှာ ဖြစ်ပါတယ်။ သူက သင်နောက်ထပ် ဘာလုပ်မလဲဆိုတာကို ကြိုတင်ခန့်မှန်းပေးနိုင်ပြီး သင့်ရဲ့ နေ့စဉ်လုပ်ရိုးလုပ်စဉ်တွေနဲ့အညီ လိုက်လျောညီထွေဖြစ်အောင် ကူညီပေးမှာပါ။ ဒါကြောင့် Samsung ecosystem တစ်ခုလုံးမှာ သင့်ရဲ့ လုပ်ငန်းစွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်ပြီး နေ့စဉ်ဖြတ်သန်းမှုတွေကို ပိုမိုမြန်ဆန်ချောမွေ့စေမှာ ဖြစ်ပါတယ်။
• One UI (Update) ဟာ သင့်ကို စိတ်ပါဝင်စားမှု အပြည့်ရှိနေစေဖို့နဲ့ ပိုပြီးအာရုံစိုက်နိုင်စေဖို့အတွက် ရိုးရှင်းလွယ်ကူပြီး အဆက်အစပ်မိတဲ့ ပတ်ဝန်းကျင်ကို ပေးစွမ်းမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Foldable design တွေရဲ့ စွမ်းဆောင်ရည်ကို အကောင်းဆုံး အသုံးချနိုင်မယ့် Update တွေအပြင်၊ One UI မှာ သင့်အကြောင်းနဲ့ သင့်ရဲ့ အလေ့အထတွေကို ပိုမိုနားလည်ပေးမယ့် Galaxy AI လည်း ပါဝင်လာတာကြောင့် ပိုမိုချောမွေ့လွယ်ကူတဲ့ အပြန်အလှန်လုပ်ဆောင်မှုတွေကို ရရှိစေမှာ ဖြစ်ပါတယ်။
• အသစ်ထွက်ရှိမယ့် Galaxy AI ကို အစောဆုံး လက်တွေ့ဆန်းသစ်နိုင်ဖို့အတွက် Galaxy Unpacked Event ကို အခုပဲ Register လုပ်လိုက်ပါ။
Galaxy AI စာမျက်နှာသို့ သွားရန်။ -
ဒီFoldable Phone အသစ်တွေကို ဆန်းသစ်တီထွင်မှု အားကောင်းစေတာ ဘယ်အချက်တွေဖြစ်မယ်ထင်လဲ?အခုအသစ်ထွက်ရှိလာမယ့်Samsung Galaxy Foldable ဖုန်းတွေဟာ တမူထူးခြားပြီး စွမ်းဆောင်ရည်မြင့်မားတဲ့အတွက် ကျွန်တော်တို့ရဲ့ new generation တွေ ဖြစ်ပြီး၊ အခြားဖုန်းတွေနဲ့ မတူဘဲ သိသိသာသာ ကွဲပြားစေမယ့် Samsung ရဲ့ ကိုယ်ပိုင် Signature နဲ့ ဆန်းသစ်တီထွင်မှုတွေ ပါဝင်လာမှာ ဖြစ်ပါတယ်။ ပိုမိုမြင့်မားလာတဲ့ Hardware စွမ်းဆောင်ရည်၊ ဆန်းသစ်တဲ့ ဖုန်းဒီဇိုင်းပုံစံတွေနဲ့ အကောင်းဆုံးဖြစ်အောင် Level up လုပ်ထားတဲ့ Software တွေကြောင့် ဒီဖုန်းတွေဟာ ကျွန်တော်တို့ရဲ့ စိတ်လှုပ်ရှားစရာအကောင်းဆုံး စမတ်ဖုန်းတွေ ဖြစ်လာမှာပါ။ ပိုမိုစုံလင်တဲ့ Samsung ဖုန်းရဲ့ Feature အသစ်တွေကိုတော့ Galaxy Unpacked အတွင်းမှာ ထုတ်ဖော်ပြသသွားမှာ ဖြစ်ပါတယ်။
• အခွင့်အရေးတွေကို လက်လွတ်မခံရအောင် Galaxy Unpacked ပွဲကို အခုပဲ မဖြစ်မနေ Register လုပ်ထားလိုက်ပါ။ -
Galaxy ဖုန်းဆီကို ပြောင်းလဲအသုံးပြုဖို့ ဘယ်လောက်အထိ လွယ်ကူလဲ?iPhone ကနေ Samsung ကို ပြောင်းသုံးချင်တာပဲဖြစ်ဖြစ်၊ Samsung ကို ပြောင်းလဲအသုံးပြုဖို့ဆိုတာ အဆင့်အနည်းငယ်လုပ်ရုံနဲ့တင် တကယ်ကို ရိုးရှင်းလွယ်ကူပါတယ်။
• ပထမဆုံးအနေနဲ့ သင့်ဖုန်းက တခြားတံဆိပ်ဖြစ်နေရင်ပဲဖြစ်ဖြစ်၊ ဖုန်းမှန် (Screen) ကွဲနေရင်တောင်မှ ဖုန်းအသစ်ဝယ်ယူတဲ့နေရာမှာ အလှဲအလှယ်အထူးလျှော့စျေး (Discount) ရရှိဖို့ Trade-In မှာအကျုံးဝင်၊ မဝင်ဆိုတာကို အရင်ဆုံး စစ်ဆေးကြည့်ပါ။
• Samsung Galaxy ကို Pre-order မှာယူတယ်ဆိုတာကတော့ Galaxy ပစ္စည်းတွေကို ကြိုတင်ဘွတ်ကင်လုပ်ပြီး ဝယ်ယူတာကို ဆိုလိုတာဖြစ်ပြီး၊ ဝယ်ယူသူတွေအနေနဲ့ မိမိတို့ဝယ်ယူတဲ့ ထုတ်ကုန်အလိုက် သီးသန့်ပေးအပ်တဲ့ Pre-order အထူးပရိုမိုးရှင်း ခံစားခွင့်တွေကို ရရှိမှာ ဖြစ်ပါတယ်။
• ဖုန်းအသစ်ပြောင်းဖို့ အဆင်သင့်ဖြစ်ပြီဆိုရင်တော့ ပိုမိုကောင်းမွန်လာတဲ့ Smart Switch ကိုသုံးပြီး သင့်ရဲ့ အချက်အလက် (Data) တွေကို ကြိုးမဲ့စနစ် (Wireless) နဲ့ အလွယ်တကူ ပြောင်းရွှေ့နိုင်ပါတယ်။ Samsung ရဲ့ new generation Smart Switch ဟာ ဘာ App မှ ထပ်ထည့်စရာမလိုဘဲ ဓာတ်ပုံ၊ ဗီဒီယို၊ ဖုန်းနံပါတ်မှတ်တမ်း၊ ဖုန်းခေါ်ဆိုမှုမှတ်တမ်း၊ ပင်မစာမျက်နှာ (Home screen) အပြင်အဆင်နဲ့ eSIM အပါအဝင် အရင်ကထက် ပိုမိုစုံလင်တဲ့ Data အမျိုးအစားတွေကို ပြောင်းရွှေ့ပေးနိုင်ပါတယ်။ ဖုန်းစတင်ပြင်ဆင်ချိန် (Setup) မှာ ပေါ်လာမယ့် QR code ကို Scan ဖတ်လိုက်ရုံပါပဲ။
• နောက်ဆုံးအဆင့်အနေနဲ့ သင့်ရဲ့ ဖုန်းအဟောင်းကို ပေးပို့လိုက်ရုံပါပဲ။ အကယ်၍ သင်ဟာ Samsung ရဲ့ Trade-In အစီအစဉ်မှာ ပါဝင်ထားတယ်ဆိုရင် သင့်ရဲ့ဖုန်းအဟောင်းကို Samsung ထံ ပြန်လည်အပ်နှံပြီး Galaxy အသစ်တစ်လုံးကို စိတ်ကြိုက်အသုံးပြုနိုင်ပါပြီ။
• အကယ်၍ ဖုန်းမပြောင်းခင်မှာ Galaxy Phone တွေကို သုံးရတာ ဘယ်လိုမျိုးလဲဆိုတာကို သိချင်တယ်ဆိုရင်တော့ Try Galaxy ကို အသုံးပြုပြီး သင့်ရဲ့ လက်ရှိဖုန်းပေါ်မှာတင် လက်တွေ့စမ်းသပ်ကြည့်နိုင်ပါတယ်။
[Switch to Galaxy] စာမျက်နှာသို့ သွားရန်။- * Trade-in အစီအစဉ်ရဲ့ အသေးစိတ်အချက်အလက်တွေဟာ ဒေသ၊ နိုင်ငံ ဒါမှမဟုတ် အော်ပရေတာ (Carrier) အပေါ် မူတည်ပြီး ကွဲပြားမှု ရှိနိုင်ပါတယ်။
- *ပိုမိုကောင်းမွန်အောင် အဆင့်မြှင့်တင်ထားတဲ့ နည်းလမ်းသစ်နဲ့ iOS ကနေ Galaxy ဆီကို အချက်အလက် (Data) လွှဲပြောင်းတဲ့ လုပ်ဆောင်ချက်ဟာ Galaxy ဖုန်းတွေမှာ Android™ 17 or နောက်ပိုင်းဗားရှင်း) နဲ့ One UI 9 or နောက်ပိုင်းဗားရှင်း အသုံးပြုထားပြီး၊ iOS ဖုန်းတွေမှာ iOS 26.6 or နောက်ပိုင်းဗားရှင်း) အသုံးပြုထားမှသာ ရရှိနိုင်မှာ ဖြစ်ပါတယ်။