ကျွန်ုပ်၏ တီဗွီနှင့် SmartThings အက်ပ်အကြား ချိတ်ဆက်ခြင်း ပြတ်တောက်မှုကို မည်သို့ဖြေရှင်းရမည်နည်း

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 17.03.2022

သင်၏တီဗွီနှင့် SmartThings အက်ပ်အကြား ချိတ်ဆက်မှုသည်မတည်မငြိမ်ဖြစ်ပါက သင်သည်အခြေခံချိန်ညှိချက်များကိုစစ်ဆေးသင့်သည်။ မိသားစုသည်ရုပ်ရှင်ကြည့်နေစဉ်အတွင်း သို့မဟုတ် သင်ကြိုက်နှစ်သက်သောအကြောင်းအရာကိုကြည့်နေစဉ်အတွင်း ကြားဖြတ်မှုခြင်းအလျဥ်းမရှိ​သော ​ပျော်ရွှင်ခြင်းကိုရယူပါ။

tv smartthings connection

ကြိုးမဲ့ကွန်ယက်အခြေအနေကိုစစ်ဆေးပါ

 အက်ပ်ကိုတင်သောအခါ ဒေတာလက်ခံသည်နှေးကွေးနိုင်သည် သို့မဟုတ် ယာယီပြတ်တောက်မှုများ ဖြစ်ပေါ်နိုင်သည်။ အကယ်၍ routerနှင့်တီဗွီသည် ဝေးလံပါကဆက်သွယ်မှုသည် မချောမွေ့ ဘဲ စာရင်းထည့်သွင်းခြင်းပျက်ကွက်နိုင်သည်။

tap settings tap settings

အဆင့် ၁။ သင်၏စမတ်ဖုန်းပေါ်ရှိ Settings ကိုနှိပ်ပါ။

select connections select connections

အဆင့် ၂။ Connections ကိုနှိပ်ပါ။

select Wi Fi select Wi Fi

အဆင့် ၃။ Wi-Fi ကိုနှိပ်ပါ။

enter the password enter the password

အဆင့် ၄။ Router ကိုရွေးပြီးသင်၏ PIN ကို (လိုအပ်ပါက) ထည့်ပါ။

မှတ်ချက်: စက်ကိရိယာ 10 ခုထက်ပိုသော router နှင့်ချိတ်ဆက်ပါက စာရင်းထည့်သွင်းခြင်းသည်ပျက်ကွက်နိုင်သည်။

ဆော့ဖ်ဝဲ အပ်ဒိတ်လုပ်ခြင်းများအတွက်စစ်ဆေးပါ

 

သင့်ရဲ့စမတ်ဖုန်းပေါ်ရှိဆော့ (ဖ်) ဝဲ နှင့် SmartThings အက်ပ်သည် အပ်ဒိတ်လုပ်ထားကြောင်း သေချာအောင်လုပ်ပါ။ လိုအပ်ပါကသင့်တီဗွီ၏ firmware ကိုအပ်ဒိတ်လုပ်ပါ။

 

မှတ်ချက် SmartThings အက်ပ်သည် Android 8.0 နှင့်အထက် သို့မဟုတ်  iOS 12.0 နှင့်အထက်ဖုန်းများနှင့် တွဲဖက်အသုံးပြုနိုင်ပါသည်။

SmartThings app menu SmartThings app menu

အဆင့် ၁။ Menu (အလျားလိုက်မျဉ်းသုံးကြောင်း) ကိုနှိပ်ပါ။

smartthings settings smartthings settings

အဆင့် ၂။ SmartThings Settings ကိုနှိပ်ပါ။

SmartThings app information SmartThings app information

အဆင့် ၃။ . Swipe to and tap About SmartThings သို့ပွတ်ဆွဲပြီးနှိပ်ပါ။

smartthings software update smartthings software update

အဆင့် ၄။ အပ်ဒိတ် ရရှိနိုင်ပါက Update ကိုနှိပ်ပါ။

အဆင့် ၁။ Remote မှ Home ခလုတ်ကို နှိပ်၍ settings(ချိန်ညှိချက်များ) သို့သွားပါ။

tv settings home

အဆင့် ၂။ Support > Software Update ကိုရွေးပါ။

tv software update

အဆင့် ၃ ။  Update Now ကိုရွေးပါ။

tv software update now

မှတ်ချက်

  • သင်၏ Samsung Smart TV နှင့်အခက်အခဲရှိပါက ၎င်းတွင် အတွက်ပြင်ဆင်မှုတစ်ခုပါဝင် နိုင်သည့်အတွက်ဆော့ဖ်ဝဲအပ်ဒိတ်များရှိပါသလားဆိုတာသင်အမြဲစစ်ဆေးသင့်သည်။
  • ပြထားသောပုံများနှင့် မီနူးများသည် စက်ကိရိယာမော်ဒယ်နှင့် ဆော့ဖ်ဝဲလ်အက်ပ်ဒိတ်ပေါ်မူတည်ပြီး ကွာခြားသွားနိုင်သည်။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ