SmartThings အက်ပ်တွင် စာရင်း ထည့်သွင်းထားသော TV ပျောက်သွားပါက ဘာလုပ်ရမည်နည်း။

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 17.03.2022

တီဗွီ  သို့မဟုတ် SmartThings အက်ပ်တွင် စာရင်းသွင်းထားသည့် အခြားစက်ပစ္စည်း ပျောက်သွားပြီး မမြင်နိုင်ပါက၊ ၎င်းကို ထပ်မံစာရင်းသွင်းခြင်းမပြုမီ သင်ကြိုးစားနိုင်သည့်အရာအချို့ရှိပါသည်။ လွယ်ကူသောနည်းလမ်း ရှိနိုင်သောကြောင့် အောက်ပါလမ်းညွှန်ချက်ကို လိုက်နာပါ။

tv smartthings connection

ကြိုးမဲ့ကွန်ရက် အခြေအနေကို စစ်ဆေးပါ။

အက်ပ်ကိုဖွင့်သည့်အခါ ဒေတာလက်ခံရရှိမှု နှေးကွေးနိုင်သည် သို့မဟုတ် ယာယီလိုင်းပြတ်တောက်မှုများ ဖြစ်ပေါ်နိုင်သည်။ Router နှင့် TV သည် ဝေးကွာနေပါက ဆက်သွယ်မှု မချောမွေ့နိုင်သလို စာရင်းသွင်းခြင်းလည်း ပျက်သွားနိုင်သည်။

tap settings on your phone tap settings on your phone

အဆင့် ၁။ သင့်စမတ်ဖုန်းရှိ Settings (ဆက်တင်များ)ကို နှိပ်ပါ။

select connections select connections

အဆင့် ၂။ Connections (ချိတ်ဆက်မှုများ)ကို နှိပ်ပါ။

select Wi Fi select Wi Fi

အဆင့် ၃။ Wi-Fi ကိုနှိပ်ပါ။

turn on data usage turn on data usage

အဆင့် ၄။ Data Usage (ဒေတာအသုံးပြုမှု)ကို နှိပ်ပြီး Mobile Data (မိုဘိုင်းဒေတာ)ကို ဖွင့်ရန် သတ်မှတ်ပါ။

မှတ်ချက် : စက်ပစ္စည်း ၁၀ ခုထက်ပိုသော router ကိုချိတ်ဆက်ထားပါက၊ စာရင်း ထည့်သွင်းခြင်းမအောင်မြင်နိုင်ပါ။

ပြသမည့်အရာများကို စစ်ဆေးပါ။

 

SmartThings အက်ပ်တွင် စာရင်း ထည့်သွင်းခြင်းကို အောင်မြင်စွာ ပြီးမြောက်ပြီးနောက်တွင်ပင် သင့် တီဗွီကို ဖုန်းမျက်နှာပြင်ပေါ်တွင် ရှာမတွေ့ပါက၊ တည်နေရာကို ပြောင်းလဲပြီး စက်အားလုံး၏စာရင်းကို စစ်ဆေးပါ။

choose a location to search choose a location to search

အဆင့် ၁။ အောက်ခြေမီနူးရှိ Device ကို နှိပ်ပြီး တည်နေရာအမည်ကို နှိပ်ပါ။

searching for all devices searching for all devices

အဆင့် ၂။ pop-up ပေါ်လာသောအခါ၊ All devices (စက်ပစ္စည်းအားလုံး) ကို ရွေးချယ်ပါ။

check the device list check the device list

အဆင့် ၃။ စက်အားလုံး၏စာရင်းကိုစစ်ဆေးပါ။

press home icon to change a location press home icon to change a location

အဆင့် ၄။ သင့် တီဗွီသည် စာရင်းတွင်မပါပါက တည်နေရာတစ်ခုပြောင်းရန် Home အိုင်ကွန်ကို နှိပ်ပါ။

changing location changing location

အဆင့် ၅။ သင့် တီဗွီ ကိုရှာရန် အခြားတည်နေရာကို ရွေးချယ်ပါ။

tv appeared on the screen tv appeared on the screen

အဆင့် ၆။ စက်ကိရိယာသည် မျက်နှာပြင်ပေါ်တွင် ပေါ်လာကြောင်း ရှာဖွေပါ။

choose all devices to search choose all devices to search

အဆင့် ၇။ All devices (စက်ပစ္စည်းအားလုံး)ကို ရွေးချယ်ပါ။

check the registered device list check the registered device list

အဆင့် ၈။ စာရင်း ထည့်သွင်းထားသော စက်အားလုံး၏စာရင်းတွင် သင့် တီဗွီကိုရှာပါ။

ဆော့ဖ်ဝဲအပ်ဒိတ်များအတွက် စစ်ဆေးပါ။

သင့်ရဲ့စမတ်ဖုန်းပေါ်ရှိဆော့ (ဖ်) ဝဲ နှင့် SmartThings အက်ပလီကေးရှင်း သည် အပ်ဒိတ်လုပ်ထားကြောင်း သေချာအောင်လုပ်ပါ။ လိုအပ်ပါကသင့်တီဗွီ၏ firmware ကိုအပ်ဒိတ်လုပ်ပါ။

မှတ်ချက်:  SmartThings အက်ပလီကေးရှင်း သည် Android 8.0 နှင့်အထက် သို့မဟုတ် iOS 12.0 နှင့်အထက်ဖုန်းများနှင့်သဟဇာတဖြစ်သည်။

select the three horizontal lines select the three horizontal lines

အဆင့် ၁။Menu (ရေပြင်ညီလိုင်းသုံးကြောင်း) ကိုနှိပ်ပါ။.

tap the smartthings settings tap the smartthings settings

အဆင့် ၂။ SmartThings Settings ကိုနှိပ်ပါ။

check the smartthings version check the smartthings version

အဆင့် ၃။ About SmartThings ကို အောက်သို့ ဆွဲချပြီး ရွေးချယ်ပေးပါ။

check the software update check the software update

အဆင့် ၄။ အက်ပ်ဒိတ်ရနေသောအခါ Update ကိုနှိပ်ပါ။

အဆင့် ၁။  ရီမုတွင်ပါသော Home ခလုတ်ကိုနှိပ်ပြီး Settings ထဲသို့ဝင်ရောက်ပါ။

tv settings home

အဆင့် ၂။ Support > Software Update ကိုရွေးချယ်ပါ။

select software update

အဆင့် ၃။  Update Now ကိုရွေးချယ်ပါ။

select update now

မှတ်စု:

  • သင်၏ Samsung Smart တီဗွီ နှင့် ပြဿနာရှိနေပါက၊ ဆော့ဖ်ဝဲလ်အပ်ဒိတ်များ ရရှိနိုင်ခြင်း ရှိမရှိ အမြဲစစ်ဆေးသင့်ပါသည်။ နောက်ဆုံးအပ်ဒိတ်ကို ဒေါင်းလုဒ်လုပ်ခြင်းသည် သင့်ပြဿနာအတွက် ပြေလည်သွားနိုင်သည်။
  • တီဗွီ၏ ဖန်သားပြင်ဓာတ်ပုံများနှင့် မီနူးများသည် စက်ပစ္စည်းမော်ဒယ်နှင့် ဆော့ဖ်ဝဲလ်ဗားရှင်းပေါ်မူတည်၍ ကွဲပြားနိုင်သည်။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ