ဘက်ထရီများက သုံး၍ကုန်ခမ်းသွားနိုင်ပြီး ၄င်းတို့အား အသုံးပြုပုံ နည်းစနစ်များ နှင့် ပတ်ဝန်းကျင်တို့က ၄င်းတို့၏သက်တမ်းအပေါ် သက်ရောက်စေပါသည်။အကယ်၍ သင်၏ဖုန်းကို မကြာမကြာအားသွင်းနေရကြောင်း နှင့် သင့်ဘက်ထရီ၏ သက်တမ်းက သိသိသာသာတိုတောင်းလာကြောင်း တွေ့ရှိပါက သင်နှင့်အနီးဆုံးစင်တာကို သွားရောက်ပါ။

ဘက်ထရီ ပျက်စီးယိုယွင်းလာခြင်း

ပုံမှန်အားဖြင့် ဘက်ထရီ ယိုယွင်းမှု၏ လက္ခဏာများမှာ ဘက်ထရီ သက်တမ်း သိသိသာသာ ကျဆင်းခြင်းနှင့် မမျှော်လင့်ထားသော ပိတ်ခြင်းများ ပါဝင်သည်။ မမျှော်လင့်ဘဲ ကိရိယာပိတ်သွားခြင်းများအကြောင်း လေ့လာပါ။

- ဘက်ထရီ၏ လျှပ်စစ်ဓာတုပိုင်းဆိုင်ရာ ပျက်စီးယိုယွင်းမှု

ယင်းဖြစ်ရပ်များက ဘက်ထရီကို ထပ်ခါတလဲလဲ အသုံးပြုပြီးနောက် ဖြစ်ပေါ်လာပြီး ဘက်ထရီ၏ လျှပ်စစ်ဓာတုပိုင်းဆိုင်ရာ ပျက်စီးယိုယွင်းမှုကို ဖြစ်ပေါ်စေသည်။ ပျက်စီးယိုယွင်းမှုအဆင့် မြင့်လာခြင်းက လျှပ်စစ်ဗို့အား ရုတ်တရက် ထိုးကျခြင်းကို ဖြစ်စေပြီး လျှပ်စစ်ပိုင်းဆိုင်ရာ အစိတ်အပိုင်းများကို ထိန်းသိမ်းပေးရန် စက်ပိတ်သွားသည့် ရလဒ်မျိုးရစေနိုင်ပါသည်။

- အသုံးပြုသည့်ပတ်ဝန်းကျင်ကြောင့် စက် ယာယီပိတ်သွားခြင်း

အလွန်တရာအေးလွန်းသည့် ပတ်ဝန်းကျင်တစ်ခုက ဗို့အား အမြောက်အများကျဆင်းခြင်းကို ဖြစ်စေနိုင်သည်။ ယင်းသို့သော အခြေအနေတွင် ၄င်း၏အစိတ်အပိုင်းများကို ထိန်းသိမ်းရန်အတွက် စက် ပိတ်သွားပါလိမ့်မည်။

ဘက်ထရီ ပျက်စီးယိုယွင်းခြင်း၏ လကဏာများ

ဘက်ထရီ ထိရောက်မှု ကျဆင်းလာသည်နှင့်အမျှ စက်၏မျက်နှာပြင်ပေါ်တွင် ဘက်ထရီပါဝါ အမြောက်အများကျန်နေသေးကြောင်း ပြသနေပါသော်လည်း ဘက်ထရီ ရုတ်တရက် အားကုန်ခြင်း သို့မဟုတ် စက်ပိတ်သွားခြင်းတို့ဖြစ်နိုင်ပါသေးသည်။ အကယ်၍ သင့်အနေဖြင့် ပျက်စီးယိုယွင်းလာသော ဘက်ထရီကြောင့် ပြဿနာရှိနေပါက သင်နှင့်အနီးဆုံး ဝန်ဆောင်မှုစင်တာသို့သွားရောက်ပါ။

နှင်းပွင့်ပုံသင်္ကေတ နှင်းပွင့်ပုံသင်္ကေတ

အေးသော ဆောင်းရာသီ အပူချိန်များတွင် ထိုသို့ဖြစ်နိုင်ပြီး ဖြစ်နိုင်သည့်အကြိမ်အရေအတွက်သည် ယိုယွင်းပျက်စီးသည့်အဆင့်အပေါ်မူတည်ပြီး တိုးလာနိုင်သည်။

ဗီဒီယိုဂိမ်းပုံ သင်္ကေတ ဗီဒီယိုဂိမ်းပုံ သင်္ကေတ

ဂိမ်းကစားရန် နှင့် ကင်မရာ အက်ပ်များကဲ့သို့သော စွမ်းဆောင်ရည်မြင့် အက်ပ်များကြောင့် စွမ်းဆောင်ရည် ကျဆင်းခြင်း နှင့် တုံ့ပြန်မှုနှေးကွေးခြင်းတို့ကိုသင်ကြုံတွေ့ရနိုင်ပါသည်။

ဘက်ထရီ အစားလဲရမည့်အချိန်

အကယ်၍ သင်သည် မမျှော်မှန်းထားသည့် စက်ပိတ်မှုများ၊ ဘက်ထရီသက်တမ်း အကြီးအကျယ်ကျဆင်းခြင်းများ၊ သို့မဟုတ် အခြား ဘက်ထရီနှင့်ဆက်စပ်သည့် ပြဿနာများ မကြာမကြာ ကြုံတွေ့ရပါက သင့်စက်ကိရိယာကိုစစ်ဆေးရန် အနီးဆုံးဝန်ဆောင်မှုစင်တာသို့ သွားရောက်ပါ။သင့်စက်ကိရိယာ၏ အာမခံပေါ်မူတည်ပြီး သင့်အနေဖြင့် အမခဲ့ အစားထိုးတစ်ခုရရန်အတွက် အရည်အချင်းပြည့်မှီနိုင်ပါသည်။သင်၏ဘက်ထရီကိုအစားလဲရန်လိုအပ်ကြောင်းကို ကိရိယာ၏ စာတမ်းပေါ်သတင်းမှတဆင့် သင့်အား အသိပေးနိုင်ပါသည်။

1. သင်၏ ' အခြေအနေပြ ဘား (Status bar) ' ရှိ အသိပေးချက်ပေါ်တွင် နှိပ်လိုက်ပါ.

ဘတ္ထရီယိုယွင်းခြင်း၊ စွမ်းဆောင်ရည် ကျဆင်းခြင်းဆိုင်ရာ စက်ပစ္စည်း စောင့်ရှောက်မှု အကြံပြုချက်ပြပုံ။ ဘတ္ထရီယိုယွင်းခြင်း၊ စွမ်းဆောင်ရည် ကျဆင်းခြင်းဆိုင်ရာ စက်ပစ္စည်း စောင့်ရှောက်မှု အကြံပြုချက်ပြပုံ။

2. သင့်ဘက်ထရီ၏ အခြေအနေအကြောင်း အချက်အလက်ကို စစ်ဆေးပါ.

ဘတ္ထရီယိုယွင်းခြင်း၊စွမ်းဆောင်ရည်ကျဆင်းခြင်းမှတ်ချက်ပုံ။ ဘတ္ထရီယိုယွင်းခြင်း၊စွမ်းဆောင်ရည်ကျဆင်းခြင်းမှတ်ချက်ပုံ။

အလွယ်တကူအသုံးပြုနိုင်သော ဘက်ထရီအတွက် ကိုယ်တိုင်ပြစ်ချက်ရှာဖွေမှု

Samsung Galaxy ဖုန်း၏ ဘတ္ထရီ ကျန်းမာရေးကို စစ်ဆေးပါ။

သင်၏စက်ပစ္စည်းက လေးလံနှေးကွေးလာပါသလား။ Samsung Members App တွင်ရနိုင်သော Phone Care စနစ်ကို သုံးကြည့်ပါ။
သင့်ဘတ္ထရီအခြေအနေကို စစ်ဆေးပြီး ၎င်း၏အသုံးပြုမှုကို စက္ကန့်ပိုင်းအတွင်း အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်နိုင်သည်။

၁။ Samsung Members App ကိုဖွင့်ပြီး အောက်ခြေရှိ "Support" ကိုနှိပ်ပါ။

ပံ့ပိုးမှုသင်္ကေတ (Support icon) ကို အသားပေးထားသော Samsung Members App မြင်ကွင်း။ ပံ့ပိုးမှုသင်္ကေတ (Support icon) ကို အသားပေးထားသော Samsung Members App မြင်ကွင်း။

2။ "Phone diagnostics" မှတစ်ဆင့် သင်၏ဘတ္ထရီအခြေအနေကို စစ်ဆေးပါ။

Phone Diagnostics ပရိုဂရမ်ကို အသားပေးပြသထားသော Galaxy S23 Ultra Diagnostics  မြင်ကွင်း။ Phone Diagnostics ပရိုဂရမ်ကို အသားပေးပြသထားသော Galaxy S23 Ultra Diagnostics  မြင်ကွင်း။

3။ "Test all" ကိုနှိပ်ပါ။

Test all ခလုတ်အားအသားပေးဖော်ပြထားသော Diagnostics မြင်ကွင်း။ Test all ခလုတ်အားအသားပေးဖော်ပြထားသော Diagnostics မြင်ကွင်း။

Samsung Galaxy Watch ၏ ဘတ္ထရီကျန်းမာရေးကို စစ်ဆေးပါ။

Galaxy Watch ၏ စွမ်းဆောင်ရည်ကို စမ်းသပ်ရန်နှင့် သင့်ဘတ္ထရီကျန်းမာရေးကို စစ်ဆေးရန်အတွက် Galaxy Diagnostics အင်္ဂါရပ်အသစ်ကို အသုံးပြုပါ။


※ Self-diagnosis ကို Watch 4၊ Watch 5 စီးရီးနှင့် နောက်ပိုင်းမော်ဒယ်များတွင် ပံ့ပိုးထားသည်။

၁။ Samsung Members App ကိုဖွင့်ပြီး အောက်ခြေရှိ "Support" ကိုနှိပ်ပါ။

ပံ့ပိုးမှုအားရွေးချယ်ခြင်း (Support option) ကို အသားပေးဖော်ပြထားသည့် Galaxy စက်ပစ္စည်းရှိ Members app မြင်ကွင်း။ ပံ့ပိုးမှုအားရွေးချယ်ခြင်း (Support option) ကို အသားပေးဖော်ပြထားသည့် Galaxy စက်ပစ္စည်းရှိ Members app မြင်ကွင်း။

2။ “Connected device diagnostics”ကို နှိပ်ပါ။

Galaxy Watch ကို အသားပေးဖော်ပြထားသော ချိတ်ဆက်ထားသော စက်ပစ္စည်းများမြင်ကွင်း။ Galaxy Watch ကို အသားပေးဖော်ပြထားသော ချိတ်ဆက်ထားသော စက်ပစ္စည်းများမြင်ကွင်း။

3။ diagnostic options မှ “Battery status option” ကို ရွေးချယ်ပါ။

diagnostics options မှ ဘတ္ထရီအခြေအနေပြသင်္ကေတအား အသားပေးဖော်ပြထားသည့်ပုံ။ diagnostics options မှ ဘတ္ထရီအခြေအနေပြသင်္ကေတအား အသားပေးဖော်ပြထားသည့်ပုံ။

※ Galaxy မိုဘိုင်းစက်ပစ္စည်းနှင့် ဝတ်ဆင်နိုင်သောစက်ပစ္စည်းတို့အား ချိတ်ဆက်ထားခြင်းနှင့် Galaxy Wearable app၊ Members app နှင့် စက်ပစ္စည်း၏ software များအားလုံး နောက်ဆုံးပေါ်အဆင့်မြှင့်တင်ထားပြီးမှသာ ဝတ်ဆင်နိုင်သောစက်ပစ္စည်းများ၏ ကိုယ်တိုင်စမ်းသပ်စစ်ဆေးခြင်း(ချိတ်ဆက်ထားသော စက်ပစ္စည်းဆိုင်ရာ စမ်းသပ်စစ်ဆေးခြင်းပြဇယား)ကို Samsung Members app တွင် ဖော်ပြမည်ဖြစ်ပါသည်။

Samsung ဘက်ထရီ သုတေသန အတည်ပြုချက်

အရည်အသွေးသေချာစေခြင်းမှတဆင့်

ဘေးကင်းလုံခြုံပြီး အရည်အသွေးမြင့်မားသော ဘက်ထရီများပေးအပ်ရန် အလို့ငှာ Samsung Galaxy က နိုင်ငံတကာ ဘေးကင်းလုံခြုံရေး အဆင့်အတန်းများအတိုင်း လိုက်နာပါသည်။ကျွန်ုပ်တို့က ကုမ္ဗဏီတွင်း အတည်ပြုချက်များ နှင့် ယုံကြည်ရသည့် တတိယပါတီ CA များ၏ အရည်အသွေးစမ်းသပ်ချက်များမှတဆင့် ဖြတ်သန်းပြီးသော ဘက်ထရီများကို ပေးအပ်ပါသည်။

※ ကမ္ဘာလုံးဆိုင်ရာ လိုအပ်ချက်များ၏ ပြင်ပမှ ထပ်ဆောင်း အတည်ပြုလက်မှတ်များက နိုင်ငံ/ ထုတ်ကုန် အလိုက် ကွဲပြားနိုင်ပါသည်။

RC01_Static Content : This text is only displayed on the editor page