ဘက်ထရီများ၏ သက်တမ်းသည် အသုံးပြုပုံနည်းလမ်းများနှင့် အသုံးပြုသည့် ပတ်ဝန်းကျင်များအပေါ်တွင်မူတည်နေပါသည်။
သင့်ဖုန်းကို မကြာခဏ အားသွင်းနေရပြီး ဘက်ထရီအသုံးခံချိန် သိသာစွာ လျော့နည်းလာသည်ကို သတိပြုမိပါက အကြံပြုချက်များ ရယူရန် သင့်နေရပ်ရှိ Samsung ဝန်ဆောင်မှုစင်တာ သို့ သွားရောက်ပါ။
(ဘက်ထရီသက်တမ်းသည် အသုံးပြုခြင်းကြောင့်သာမက ကိရိယာကို မည်မျှကြာ မည်သည့်နေရာတွင် သိမ်းဆည်းထားသည်ပေါ် မူတည်၍လည်း ကျဆင်းနိုင်ပါသည်။ ဤအချက်အလက်သည် Galaxy စမတ်ဖုန်းများနှင့် Galaxy တက်ဘလက်များမှအပ အခြားထုတ်ကုန်များအတွက် ကွဲပြားနိုင်ပါသည်။)

ဘက်ထရီ ပျက်စီးယိုယွင်းလာခြင်း

ပုံမှန်အားဖြင့် ဘက်ထရီ ယိုယွင်းမှု၏ လက္ခဏာများမှာ ဘက်ထရီ သက်တမ်း သိသိသာသာ ကျဆင်းခြင်းနှင့် မမျှော်လင့်ထားသော ပိတ်ခြင်းများ ပါဝင်သည်။ မမျှော်လင့်ဘဲ ကိရိယာပိတ်သွားခြင်းများအကြောင်း လေ့လာပါ။

- ဘက်ထရီ၏ လျှပ်စစ်ဓာတုပိုင်းဆိုင်ရာ ပျက်စီးယိုယွင်းမှု

ယင်းဖြစ်ရပ်များက ဘက်ထရီကို ထပ်ခါတလဲလဲ အသုံးပြုပြီးနောက် ဖြစ်ပေါ်လာပြီး ဘက်ထရီ၏ လျှပ်စစ်ဓာတုပိုင်းဆိုင်ရာ ပျက်စီးယိုယွင်းမှုကို ဖြစ်ပေါ်စေသည်။ ပျက်စီးယိုယွင်းမှုအဆင့် မြင့်လာခြင်းက လျှပ်စစ်ဗို့အား ရုတ်တရက် ထိုးကျခြင်းကို ဖြစ်စေပြီး လျှပ်စစ်ပိုင်းဆိုင်ရာ အစိတ်အပိုင်းများကို ထိန်းသိမ်းပေးရန် စက်ပိတ်သွားသည့် ရလဒ်မျိုးရစေနိုင်ပါသည်။

- အသုံးပြုသည့်ပတ်ဝန်းကျင်ကြောင့် စက် ယာယီပိတ်သွားခြင်း

အလွန်တရာအေးလွန်းသည့် ပတ်ဝန်းကျင်တစ်ခုက ဗို့အား အမြောက်အများကျဆင်းခြင်းကို ဖြစ်စေနိုင်သည်။ ယင်းသို့သော အခြေအနေတွင် ၄င်း၏အစိတ်အပိုင်းများကို ထိန်းသိမ်းရန်အတွက် စက် ပိတ်သွားပါလိမ့်မည်။

ဘက်ထရီ ပျက်စီးယိုယွင်းခြင်း၏ လကဏာများ

ဘက်ထရီ၏ စွမ်းဆောင်ရည် လျော့နည်းလာသည်နှင့်အမျှ ဖုန်းမျက်နှာပြင်တွင် ဘက်ထရီအား လုံလောက်စွာ ကျန်ရှိနေကြောင်း ပြသနေသော်လည်း ဘက်ထရီအား မြန်မြန်ဆန်ဆန် ကုန်ခမ်းသွားခြင်း သို့မဟုတ် စက် အလိုအလျောက် ပိတ်သွားခြင်းများ ဖြစ်နိုင်ပါသည်။
ဘက်ထရီ ယိုယွင်းပျက်စီးမှုကြောင့် ပြဿနာများ ကြုံတွေ့နေရပါက အကြံပြုချက်များ ရယူရန် သင့်နေရပ်ရှိ Samsung ဝန်ဆောင်မှုစင်တာ သို့ သွားရောက်ပါ။

အေးသော ဆောင်းရာသီ အပူချိန်များတွင် ထိုသို့ဖြစ်နိုင်ပြီး ဖြစ်နိုင်သည့်အကြိမ်အရေအတွက်သည် ယိုယွင်းပျက်စီးသည့်အဆင့်အပေါ်မူတည်ပြီး တိုးလာနိုင်သည်။

ဂိမ်းများနှင့် ကင်မရာ အက်ပ်များကဲ့သို့ စွမ်းဆောင်ရည်လိုအပ်မှုမြင့်မားသော အက်ပ်အချို့သည် စွမ်းဆောင်ရည် လျော့နည်းလာခြင်းနှင့် တုံ့ပြန်ချိန် နှေးကွေးလာခြင်းများကို ဖြစ်စေနိုင်ပါသည်။

ဘက်ထရီ အစားလဲရမည့်အချိန်

မမျှော်လင့်ဘဲ စက်ပိတ်သွားခြင်းများ၊ ဘက်ထရီအသုံးခံချိန် အလွန်အမင်း လျော့နည်းသွားခြင်းများ သို့မဟုတ် အခြား ဘက်ထရီဆိုင်ရာ ပြဿနာများကို မကြာခဏ ကြုံတွေ့နေရပါက သင့်စက်ကို စစ်ဆေးစေရန် အနီးဆုံး Samsung ဝန်ဆောင်မှုစင်တာသို့ သွားရောက်ပါ။
သင့်စက်၏ အာမခံအခြေအနေအပေါ် မူတည်၍ ဘက်ထရီကို အခမဲ့ အစားထိုးပေးခြင်း ရရှိနိုင်ပါသည်။
ထို့အပြင် ဘက်ထရီ အစားထိုးရန် လိုအပ်ကြောင်းကို စက်ပေါ်တွင် ပေါ်လာသော အသိပေးချက် မက်ဆေ့ချ် (pop-up message) ဖြင့် သင့်အား အသိပေးနိုင်ပါသည်။

၀၁။ သင်၏ ' အခြေအနေပြ ဘား (Status bar) ' ရှိ အသိပေးချက်ပေါ်တွင် နှိပ်လိုက်ပါ.

ဘက်ထရီ အိုမင်းခြင်းနှင့် စွမ်းဆောင်ရည် ကျဆင်းခြင်းအကြောင်း လမ်းညွှန်ချက်ပြသနေသော ကိရိယာ ထိန်းသိမ်းစောင့်ရှောက်မှု မျက်နှာပြင် ဘက်ထရီ အိုမင်းခြင်းနှင့် စွမ်းဆောင်ရည် ကျဆင်းခြင်းအကြောင်း လမ်းညွှန်ချက်ပြသနေသော ကိရိယာ ထိန်းသိမ်းစောင့်ရှောက်မှု မျက်နှာပြင်

၀၂။ သင့်ဘက်ထရီ၏ အခြေအနေအကြောင်း အချက်အလက်ကို စစ်ဆေးပါ.

ဘက်ထရီ အိုမင်းခြင်းနှင့် စွမ်းဆောင်ရည် ကျဆင်းခြင်းအကြောင်း ရှင်းပြနေသော ပေါ့ပ်အပ် မျက်နှာပြင် ဘက်ထရီ အိုမင်းခြင်းနှင့် စွမ်းဆောင်ရည် ကျဆင်းခြင်းအကြောင်း ရှင်းပြနေသော ပေါ့ပ်အပ် မျက်နှာပြင်

အလွယ်တကူအသုံးပြုနိုင်သော ဘက်ထရီအတွက် ကိုယ်တိုင်ပြစ်ချက်ရှာဖွေမှု

Samsung Galaxy ဖုန်း၏ ဘတ္ထရီ ကျန်းမာရေးကို စစ်ဆေးပါ။

သင့်ကိရိယာ နှေးကွေးနေသည်ဟု ခံစားရပါက သို့မဟုတ် ၎င်း၏စွမ်းဆောင်ရည် မှန်ကန်မှုမရှိဟု ထင်ပါက Samsung Members အက်ပ်ရှိ ချို့ယွင်းချက်ရှာဖွေခြင်း လုပ်ဆောင်ချက်ကို အသုံးပြုပါ။
သင့်ဘတ္ထရီအခြေအနေကို စစ်ဆေးပြီး ၎င်း၏အသုံးပြုမှုကို စက္ကန့်ပိုင်းအတွင်း အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်နိုင်သည်။

၀၁။ Samsung Members အက်ပ်ကို ဖွင့်ပြီး အောက်ခြေရှိ 'ပံ့ပိုးကူညီမှု' ကို နှိပ်ပါ။

Samsung Members အက်ပ်တွင် ပံ့ပိုးကူညီမှု အိုင်ကွန်ကို ထင်ရှားစွာပြထားသည် Samsung Members အက်ပ်တွင် ပံ့ပိုးကူညီမှု အိုင်ကွန်ကို ထင်ရှားစွာပြထားသည်

၀၂။ ဖုန်း ချို့ယွင်းချက်ရှာဖွေခြင်းမှတစ်ဆင့် သင့်ဘက်ထရီ အခြေအနေကို စစ်ဆေးရန် 'စတင်လိုက်ပါ' ကို နှိပ်ပါ။

ဖုန်း ချို့ယွင်းချက်ရှာခြင်းများ ကို ထင်ရှားစွာပြထားသော Galaxy Z Flip7 ချွတ်ယွင်းချက်ရှာခြင်းများ ဖုန်း ချို့ယွင်းချက်ရှာခြင်းများ ကို ထင်ရှားစွာပြထားသော Galaxy Z Flip7 ချွတ်ယွင်းချက်ရှာခြင်းများ

၀၃။ ချို့ယွင်းချက်ရှာဖွေခြင်း ရွေးချယ်စရာများမှ 'ဘက်ထရီ အခြေအနေ' ရွေးချယ်စရာကို ရွေးပါ။

ဘက်ထရီအိုင်ကွန်ကို ထင်ရှားစွာပြထားသော ချွတ်ယွင်းချက်ရှာခြင်းများ ဘက်ထရီအိုင်ကွန်ကို ထင်ရှားစွာပြထားသော ချွတ်ယွင်းချက်ရှာခြင်းများ

Samsung Galaxy Watch ၏ ဘတ္ထရီကျန်းမာရေးကို စစ်ဆေးပါ။

Galaxy Watch ၏ စွမ်းဆောင်ရည်ကို စမ်းသပ်ရန်နှင့် သင့်ဘတ္ထရီကျန်းမာရေးကို စစ်ဆေးရန်အတွက် Galaxy Diagnostics အင်္ဂါရပ်အသစ်ကို အသုံးပြုပါ။


※ Watch4 စီးရီးနှင့် နောက်ပိုင်း မော်ဒယ်များတွင် ကိုယ်တိုင်ချို့ယွင်းချက်ရှာဖွေခြင်းကို ပံ့ပိုးပါသည်။

၀၁။ Samsung Members အက်ပ်ကို ဖွင့်ပြီး အောက်ခြေရှိ 'ပံ့ပိုးကူညီမှု' ကို နှိပ်ပါ။

 Samsung Members အက်ပ်တွင် ပံ့ပိုးကူညီမှု အိုင်ကွန်ကို ထင်ရှားစွာပြထားသည်  Samsung Members အက်ပ်တွင် ပံ့ပိုးကူညီမှု အိုင်ကွန်ကို ထင်ရှားစွာပြထားသည်

၀၂။ 'ချိတ်ဆက်ထားသော ကိရိယာ ချို့ယွင်းချက်ရှာဖွေခြင်း' ကို နှိပ်ပါ။

ချိတ်ဆက်ထားသော စက်ပစ္စည်းများအနက် Galaxy watch8 ကို ထင်ရှားစွာပြထားသည်။ ချိတ်ဆက်ထားသော စက်ပစ္စည်းများအနက် Galaxy watch8 ကို ထင်ရှားစွာပြထားသည်။

၀၃။ ချို့ယွင်းချက်ရှာဖွေခြင်း ရွေးချယ်စရာများမှ 'ဘက်ထရီ အခြေအနေ' ရွေးချယ်စရာကို ရွေးပါ။

ချွတ်ယွင်းချက်ရှာခြင်း ရွေးချယ်စရာများမှ ဘက်ထရီ အခြေအနေ အိုင်ကွန်ကို ထင်ရှားစွာပြထားသည်။ ချွတ်ယွင်းချက်ရှာခြင်း ရွေးချယ်စရာများမှ ဘက်ထရီ အခြေအနေ အိုင်ကွန်ကို ထင်ရှားစွာပြထားသည်။

※ ဝတ်ဆင်နိုင်သော ကိရိယာ ကိုယ်တိုင်ချို့ယွင်းချက်ရှာဖွေခြင်း (ချိတ်ဆက်ထားသော ကိရိယာ ချို့ယွင်းချက်ရှာဖွေခြင်း မီနူး) သည် Galaxy မိုဘိုင်းကိရိယာနှင့် ဝတ်ဆင်နိုင်သော ကိရိယာ ချိတ်ဆက်ထားသည့်အခါနှင့် Galaxy Wearable အက်ပ်၊ Members အက်ပ်နှင့် ကိရိယာ ဆော့ဖ်ဝဲ အားလုံး နောက်ဆုံးပေါ်ဖြစ်သည့်အခါတွင်သာ Samsung Members အက်ပ်တွင် ပြသပါသည်။

Samsung ဘက်ထရီ သုတေသန အတည်ပြုချက်

အဆင့်အမျိုးမျိုးဖြင့် ဘေးကင်းလုံခြုံမှုရှိစေရန် ဒီဇိုင်း

သုံးစွဲသူ ဘေးကင်းလုံခြုံရေး နှင့် အဆင်ပြေချောမွေ့စေရေးကို ဦးစားပေးရန်အလို့ငှာ Samsung က စက်ကိရိယာ ထုတ်လုပ်ချိန်အတောအတွင်း အဆင့်အမျိုးမျိုးဖြင့် ဘေးကင်းလုံခြုံမှုရှိစေမည့် စစ်ဆေးချက်တစ်ခုကိုအကောင်အထည်ဖော်ပြုလုပ်ခဲ့ပါသည်။ဘက်ထရီ ဒီဇိုင်းကိုသာမကပဲ စက်ကိရိယာများ အမြင့်မှပြုတ်ကျသည့်အခါ ထိခိုက်သက်ရောက်မှု လျှော့ချရေးအတွက်လည်း လိုက်လျောညီထွေရှိစေရန် စမ်းသပ်ချက်အများအပြားကို လုပ်ဆောင်ခဲ့ပါသည်။ဒီဇိုင်း လုံခြုံရေး နှင့် ဆော့ဖ်ဝဲရ် ကာကွယ်ရေး အတိုင်းအတာများက ထုတ်လုပ်ရေးတွင် အခရာအချက်များဖြစ်ကြသည်။

※ စမ်းသပ်ချက်အမျိုးအစား နှင့်အတိုင်းအတာသည် ထုတ်ကုန်ပေါ်မူတည်ပြီး ပြောင်းလဲနိုင်ပါသည်။

အရည်အသွေးသေချာစေခြင်းမှတဆင့်

ဘေးကင်းလုံခြုံပြီး အရည်အသွေးမြင့်မားသော ဘက်ထရီများပေးအပ်ရန် အလို့ငှာ Samsung Galaxy က နိုင်ငံတကာ ဘေးကင်းလုံခြုံရေး အဆင့်အတန်းများအတိုင်း လိုက်နာပါသည်။ကျွန်ုပ်တို့က ကုမ္ဗဏီတွင်း အတည်ပြုချက်များ နှင့် ယုံကြည်ရသည့် တတိယပါတီ CA များ၏ အရည်အသွေးစမ်းသပ်ချက်များမှတဆင့် ဖြတ်သန်းပြီးသော ဘက်ထရီများကို ပေးအပ်ပါသည်။

※ ကမ္ဘာလုံးဆိုင်ရာ လိုအပ်ချက်များ၏ ပြင်ပမှ ထပ်ဆောင်း အတည်ပြုလက်မှတ်များက နိုင်ငံ/ ထုတ်ကုန် အလိုက် ကွဲပြားနိုင်ပါသည်။
※ သက်ဆိုင်ရာ အသိအမှတ်ပြုလက်မှတ်များ၊ စံနှုန်းများနှင့် အာဏာပိုင်များတွင် UN၊ CB၊ RoHS (နိုင်ငံတကာ)၊ KC (ကိုရီးယား)၊ UL နှင့် CTIA (အမေရိကန်)၊ GB (တရုတ်)၊ PSE (ဂျပန်)၊ BIS (အိန္ဒိယ)၊ BSMI (ထိုင်ဝမ်) နှင့် အခြားများ ပါဝင်ပါသည်။

RC01_Static Content : This text is only displayed on the editor page