ပထမဆုံး သင့်ဖုန်း၏ ဘက်ထရီသတ်မှတ်ချက်များကို စစ်ဆေးပါ။

ကိရိယာ ထိန်းသိမ်းစောင့်ရှောက်မှု တွင် ဘက်ထရီ အိုင်ကွန်ကို ရွေးချယ်ပါ ကိရိယာ ထိန်းသိမ်းစောင့်ရှောက်မှု တွင် ဘက်ထရီ အိုင်ကွန်ကို ရွေးချယ်ပါ

အဆင့် ၁။ သတ်မှတ်ချက်များ ရှိ ကိရိယာ ထိန်းသိမ်းစောင့်ရှောက်မှု သို့သွားပြီး ဘက်ထရီ ကိုနှိပ်ပါ။

ဘက်ထရီ မီနူး တွင် အားသွင်းခြင်း သတ်မှတ်ချက်များ ကို ထင်ရှားစွားပြထားသည်။ ဘက်ထရီ မီနူး တွင် အားသွင်းခြင်း သတ်မှတ်ချက်များ ကို ထင်ရှားစွားပြထားသည်။

အဆင့် ၂။ အားသွင်းခြင်း သတ်မှတ်ချက်များ ကိုနှိပ်ပါ။

ဘက်ထရီ သတ်မှတ်ချက်များ တွင် အားသွင်းခြင်းအမျိုးအစားကို ထင်ရှားစွာပြထားသည်။ ဘက်ထရီ သတ်မှတ်ချက်များ တွင် အားသွင်းခြင်းအမျိုးအစားကို ထင်ရှားစွာပြထားသည်။

အဆင့် ၃။ အမြန်အားသွင်းခြင်း နှင့် အမြန် ကြိုးမဲ့ အားသွင်းခြင်း ကဲ့သို့ အားသွင်းခြင်း သတ်မှတ်ချက်များ ကို အတည်ပြုနိုင်သည်။

※ 'အမြန်အားသွင်းခြင်း'၊ 'အလွန်မြန်ဆန်သောအားသွင်းခြင်း' နှင့် 'အမြန် ကြိုးမဲ့ အားသွင်းခြင်း' တို့ကို အသုံးပြုရန် အဆိုပါ လုပ်ဆောင်ချက်များကို ထောက်ပံ့ပေးနိုင်သော ပါဝါအဒပ်တာ၊ ပါဝါကြိုးနှင့် ဆက်စပ်ပစ္စည်းများ လိုအပ်ပါသည်။
※ ကြိုးမဲ့ အားသွင်းခြင်းကို အချို့သော Galaxy မော်ဒယ်များ တွင်သာလျှင် ထောက်ပံ့ထားပြီး ကြိုးမဲ့အားသွင်းသည့်ခုံများကို သီးသန့်ရောင်းချပါသည်။
※ ကြိုးမဲ့အမြန်အားသွင်းခြင်း ကို အချို့သော Galaxy မော်ဒယ်များတွင်သာ ထောက်ပံ့ထားပါသည်။
※ အချို့ Galaxy မော်ဒယ်များတွင် ‘ကြိုးမဲ့ အားသွင်းခြင်း’ထက်မြန်သော ‘အမြန် ကြိုးမဲ့ အားသွင်းခြင်း’ကို ပံ့ပိုးပေးထားသည်။
※ အားသွင်းခြင်း ရွေးချယ်စရာများက Galaxy မော်ဒယ်ပေါ်တွင် မူတည်ပြီး ပြောင်းလဲနိုင်ပါတယ်။

အားသွင်းရာတွင် ပြဿနာ ရှိနေပါသလား။ ဒါကို ကြိုးစားလုပ်ကြည့်ပါ။

  • ခဏနားပြီး သင့်စမာ့တ်ဖုန်း အားသွင်းချိန်တွင် ဖုန်းကိုအနားပေးထားပါ။

    သင့်ဖုန်းအားသွင်းနေစဉ် ဝဘ်ကိုကြည့်ရှုခြင်း၊ ဗီဒီယိုကြည့်ခြင်းနှင့် ဂိမ်းကစားခြင်းများသည် အပူလွန်ကဲခြင်းကို ကာကွယ်ရန်အတွက် အားသွင်းနှုန်းကို နှေးကွေးစေပါသည်။

    အထူးသဖြင့် အက်ပ်များစွာက တပြိုင်တည်း အလုပ်လုပ်နေလျှင် သို့မဟုတ် အင်တာနက်လိုအပ်တဲ့ အက်ပ်များကို အသုံးပြုလျှင် ဘက်ထရီအသုံးပြုမှုက အားသွင်းနှုန်းထက် ပိုများကောင်းများနိုင်ပါသည်။
  • အမြန်အားသွင်းခြင်းက အလုပ်မလုပ်ပါက အမြန်အားသွင်းသည့်ရွေးချယ်စရာကိုဖွင့်ထားမဖွင့်ထား သိရှိရန် သင်၏သတ်မှတ်ချက်များကို စစ်ဆေးပါ။

    01. ‘သတ်မှတ်ချက်များ’ တွင်းရှိ ‘ကိရိယာ ထိန်းသိမ်းစောင့်ရှောက်မှု’ သို့ သွားပြီး ‘ဘက်ထရီ ' ကို နှိပ်ပါ

    02. သတ်မှတ်ချက်များ သို့သွားရန် ‘ပိုမိုကြည့်ရှုပါ’ ကိုခေါက်လိုက်ပါ

    03. ‘အမြန်အားသွင်းခြင်း’၊ ‘အလွန်မြန်မြန် အားသွင်းခြင်း’ နဲ့ ‘အမြန် ကြိုးမဲ့ အားသွင်းခြင်း’ အခြေအနေကို အောက်ဘက်ရှိ အားသွင်းခြင်း အမျိုးအစားတွင် စစ်ဆေးပါ။

    ※ ပုံမှန်ပါဝါအဒပ်တာ ကိုအသုံးပြု၍ သင့် ‌ဖုန်းကို အမြန်အားသွင်းလို့ မရနိုင်ပါ။
    ※ အမြန် ကြိုးမဲ့ အားသွင်းခြင်း အလုပ်မလုပ်ပါက အထက်တွင်ဖော်ပြထားသည့် သတ်မှတ်ချက်များကို စစ်ဆေးပြီး မြန်နှုန်းမြင့် ပါဝါအဒပ်တာ ကို အသုံးပြုနေကြောင်း အတည်ပြုပါ။
  • သင့် ကိရိယာ(သို့မဟုတ်)ပတ်ဝန်းကျင်၏ အပူချိန်က မြင့်လွန်း(သို့မဟုတ်)နိမ့်လွန်းပါက ကိရိယာ၏ အကာအကွယ်စနစ်သည် အားသွင်းနှုန်းကို နှေးကွေးစေနိုင်ပါသည်။

    လျင်မြန်တည်ငြိမ်စွာ အားသွင်းရန်အတွက် သင့်စက်ပစ္စည်းကို အခန်းအပူချိန်တွင် အားသွင်းရန် အကြံပြုအပ်ပါသည်။
  • ကွန်ပျူတာနှင့် ချိတ်ဆက်ထားသော ပါဝါကြိုးဖြင့် အားသွင်းနေပါက ပါဝါအဒပ်တာဖြင့် အားသွင်းခြင်းထက် ဗို့အားနည်းသောကြောင့် အားသွင်းနှုန်း နှေးကွေးနိုင်ပါသည်။ အကောင်းဆုံး ရလဒ်များ ရရှိစေရန် ပါဝါအဒပ်တာကို အသုံးပြုရန် အကြံပြုအပ်ပါသည်။
  • - အားသွင်းပေါက် သို့မဟုတ် အားသွင်းကြိုး အတွင်း ပြင်ပအရာဝတ္ထု တစ်ခုခု ဝင်ကပ်နေပါက စက်၏ ကာကွယ်ရေးစနစ်အရ အားသွင်းမှုကို အလိုအလျောက် ပိတ်သွားနိုင်ပါသည်။ နူးညံ့သော ဘရပ်ရှ်ကို အသုံးပြုပြီး အဆိုပါ ပြင်ပအရာဝတ္ထုကို ဖယ်ရှားကာ ထပ်မံ အားသွင်းကြည့်ပါ။

    - ကြိုးမဲ့အားသွင်းရာ စက်နှင့် ပါဝါအဒက်တာ ကြားတွင် ပြင်ပအရာဝတ္ထုတစ်ခုခု ရှိနေပါက အားသွင်းနှုန်းနှေးကွေးနိုင်ပါသည်။ အဆိုပါ ပြင်ပအရာဝတ္ထုကို ဖယ်ရှားပါ ပြီးမှ ထပ်မံ အားသွင်းကြည့်ပါ။

    - အားသွင်းပေါက် သို့မဟုတ် ပါဝါကြိုး အတွင်း စိုထိုင်းမှု ရှိနေကြောင်း တွေ့ရှိပါက စက်၏ ကာကွယ်ရေးစနစ်မှ စိုထိုင်းမှု တွေ့ရှိကြောင်း အသိပေးပြီး အားသွင်းမှုကို အလိုအလျောက် ပိတ်သွားမည် ဖြစ်ပါသည်။

    စိုထိုင်းမှုကို ဖယ်ရှားပြီးနောက် ထပ်မံကြိုးစားပါ။

    ※ စိုထိုင်းမှု တွေ့ရှိပါက (ရေစက် အိုင်ကွန် ပေါ်လာပါက) ပါဝါအဒပ်တာ ကို သင့်စက်မှ ဖြုတ်လိုက်ပါ။ စိုထိုင်းမှုရှိနေစဉ် အားသွင်းပါက အားသွင်းပေါက် ကို ချေးစားစေနိုင်ပြီး စက်ကိုလည်း ပျက်စီးစေနိုင်ပါသည်။ အားသွင်းပေါက် သံချေးတက်နေပါက စက်ကို ပြုပြင်ရန်အတွက် အနီးဆုံး Samsung ဝန်ဆောင်မှုစင်တာသို့ သွားပါ။
  • ပါဝါကြိုး ကို စက် သို့မဟုတ် ပါဝါအဒပ်တာ နှင့် မှန်ကန်စွာ မချိတ်ဆက်ထားပါက၊ ကြာရှည်အသုံးပြုမှုကြောင့် ချိတ်ဆက်ကိရိယာ၏ ပင်များ ပုံပြောင်းသွားပါက၊ သို့မဟုတ် ပြင်ပအရာဝတ္ထုများကြောင့် မျက်နှာပြင် ချေးစားသွားပါက အားသွင်းနှုန်း နှေးကွေးနိုင်ပါသည်။

    ဤအခြေအနေဖြင့် ဆက်လက် အားသွင်းနေပါက စက် ပျက်စီးနိုင်ခြင်း သို့မဟုတ် အပူလွန်ကဲလာခြင်းဖြစ်နိုင်ပါသည်။ အကြံပြုချက်များ ရယူရန် သင့်နေရပ်ရှိ Samsung ဝန်ဆောက်မှုစင်တာ သို့ သွားရောက်ရန် အကြံပြုအပ်ပါသည်။

  • အားသွင်းနေခြင်း ရပ်သွားပါသလား။

    စက်ပစ္စည်းနှင့် ပါဝါအဒက်တာ နှစ်ခုစလုံးသည် အားသွင်းနေစဉ် အပူချိန် မြင့်တက်လာနိုင်သည်။

    ဒါက လုံးဝပုံမှန်ပါပဲ။ အပူချိန်က သတ်မှတ်အဆင့်ထက် ကျော်သွားလျှင် သို့မဟုတ် နည်းနေလျှင် ကိရိယာကို ကာကွယ်ရန် အားသွင်းခြင်းကို ရပ်ကောင်းရပ်လိုက်နိုင်ပါသည်။
  • အက်ပ်အချို့ကို မပိတ်ဘဲ အားသွင်းခြင်းစတင်ပါက စက် အပူလွန်ကဲလာနိုင်ပါသည်။ စက် အပူလွန်ကဲနေသည်ဟု ထင်ပါက ဖွင့်ထားသော အက်ပ်များအားလုံးကို ပိတ်ပြီး ပါဝါအဒပ်တာ ကို ဖြုတ်ပါ။ စက် အေးသွားပြီးနောက်တွင်မှ အားသွင်းမှုကို ပြန်လည်လုပ်ဆောင်ပါ။
  • ပါဝါကြိုး သို့မဟုတ် စက်၏ အားသွင်းပေါက် ပျက်စီးနေပါက စက် သို့မဟုတ် ပါဝါကြိုး အပူလွန်ကဲနိုင်ပါသည်။

    ပါဝါကြိုးအသစ်ဖြင့် အစားထိုးပါ သို့မဟုတ် Samsung ဝန်ဆောင်မှုစင်တာသို့ သွားရောက်၍ ပြုပြင်ပါ။
  • - စက်နှင့် ပါဝါအဒက်တာကြားတွင် ပြင်ပသတ္တု သို့မဟုတ် သံလိုက်အရာဝတ္ထုများ ရှိမရှိ စစ်ဆေးပြီး ရှိပါက ဖယ်ရှားကာ စက်ကို ပါဝါအဒက်တာမှ ခွာထားပါ။

    - ကိရိယာ ပြန်အေးသွားသည်နှင့်တပြိုင်နက် အားပြန်သွင်းပါ။

    - ကိရိယာကို ယင်း၏အကာအတွက်
  • နွေရာသီတွင် ကားအတွင်းကဲ့သို့ ပူလွန်သော ပတ်ဝန်းကျင်တွင် အားသွင်းပါက စက်ကို ကာကွယ်ရန် အားသွင်းမှုကို အလိုအလျောက် ရပ်တန့်သွားစေနိုင်ပါသည်။

    အေးမြသောပတ်ဝန်းကျင်တွင် အားသွင်းကြည့်ပါ။

※ မီနူးအမည်များ၊ လမ်းကြောင်းများနှင့် မျက်နှာပြင်အပြင်အဆင်များသည် သင့်စက်၏ မော်ဒယ်၊ ဆော့ဖ်ဝဲ သို့မဟုတ် အက်ပ်ဗားရှင်းပေါ် မူတည်၍ ကွဲပြားနိုင်ပါသည်။

RC01_Static Content : This text is only displayed on the editor page