လေအေးပေးစက်အသုံးပြုရန် မီးအားထိန်းညှိစက် လိုအပ်လား။

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 04.10.2021

လေအေးပေးစက်လျှပ်စစ်ဓာတ်အားထောက်ပံ့မှုမကောင်း၍  ဗို့အားနိမ့်သောအခြေအနေများရှိခြင်း၊ သို့မဟုတ် ကိရိယာသည်မီးအားထိန်းညှိစက် မပါဘဲအလုပ်လုပ်နေပါက အအေးခံစွမ်းအား အားနည်းလာနိုင်သည်။လျှပ်စစ်ဓာတ်အားထောက်ပံ့မှုကိုမကြာခဏစစ်ဆေးပြီး လေအေးပေးစက်သည် ဗို့အားနိမ့်သောပတ်ဝန်းကျင်တွင်မရှိကြောင်း သေချာပါစေ။ ၎င်းသည် ဓာတ်အားအတက်အကျကိုစီမံခန့်ခွဲနိုင်ပြီး အစားထိုးမရသောထိခိုက်မှုကို ရှောင်ရှားနိုင်သောကြောင့် လိုအပ်သော ဗို့အားတည်ငြိမ်မှုကိုရရှိနိုင်သည်။  မီးအားထိန်းညှိစက် တပ်ဆင်ခြင်းနှင့်အသုံးပြုခြင်းသည် ဒေသဓာတ်အားထောက်ပံ့မှုအခြေအနေများပေါ် မူတည်၍ ကွဲပြားနိုင်ကြောင်း သတိပြုပါ

မီးအားထိန်းညှိစက် (voltage stabilizer) ဆိုတာဘာလဲ။

Stabilizer သည် လေအေးပေးစက်တွင်အသုံးမပြုမီ အိမ်သုံးဗို့အား ကို တည်ငြိမ်စေသော ကိရိယာတစ်ခုဖြစ်ပြီး လျှပ်စစ်ပစ္စည်းများကို လျှပ်စီးကြောင်းများဖြင့် ရိုက်ခတ်ခြင်းမှကာကွယ်ပေးသည်။

Stabilizer တစ်ခုသည် ဗို့အားအဝင်အား နည်းလွန်းခြင်း (သို့) များလွန်းခြင်းတို့ကို တည်ငြိမ်အောင်လုပ်ဆောင်ပေးပြီး  တည်ငြိမ်သော တည်ငြိမ်သော အထွက်ဗို့အားများကို air conditioner သို့ပို့လွှတ်သည်။ (သင့်အိမ်ထဲသို့ ၀ င်ရောက်လာသောဗို့အားသည် ပစ္စည်းထုတ်လုပ်သူသတ်မှတ်ထားသောဗို့အားပမာဏသို့ရောက်ရှိပါက ထိုအားကိုလျှော့ချပြီး လက်ခံနိုင်သောအကွာအဝေးတွင်သာထားပေးသည်။)

ဓာတ်အားအတက်အကျမခံနိုင်သော မည်သည့်စက်ပစ္စည်းအတွက်မဆို stabilizer တစ်ခုလိုအပ်သည်။

voltage stabilizer connected with air conditioner

သင့်လေအေးပေးစက်အတွက် မီးအားထိန်းညှိစက်တစ်လုံး။

Samsung လေအေးပေးစက်သည် stabilizer မပါဘဲ ဗို့အားအတက်အကျဖြစ်လျှင်လျှပ်စစ်အလွန်အကျွံစီးဆင်းမှုကြောင့်ပျက်စီးခြင်းမရှိဘဲ တည်ငြိမ်စွာလည်ပတ်လုပ်ဆောင်သည်။

ဒေသလက္ခဏာများပေါ် မူတည်၍ အိန္ဒိယတွင်ကဲ့သို့ဓာတ်အားပြတ်တောက်ခြင်း (သို့) ဓာတ်အားမြင့်တက်မှုမကြာခဏဖြစ်ပေါ်လေ့ရှိသောကြောင့်အိမ်သုံးပစ္စည်းများအတွက် အပိုမီးအားထိန်းညှိစက်များလိုအပ်သည်။

voltage stabilizer with air conditioner

ဒေသလက္ခဏာများ အခြေအနေများအား သုံးသပ်ပါ။

အိန္ဒိယတွင်လျှပ်စစ်ဓာတ်အားမြင့်တက်မှုအဖြစ်များသည်။ ၎င်းတို့ရဲ့တစ်အိမ်လုံး၌ လျှပ်စီးကြောင်းရုတ်တရက်မြင့်တက်မှု ဖြစ်ပေါ်နိုင်သည်။ သင့်အိမ်ရှိ အရေးကြီးသောပစ္စည်းသည် ပါဝါမြင့်တက်မှုဒဏ်ကိုခံနိုင်ရည်ဖို့လိုအပ်သည်။ ထို့ကြောင့် လေအေးပေးစက်အပြင်တခြားသော စက်များတွင်ပါ ဗို့အားအတက်အကျရှိမရှိ စစ်ဆေးသင့်သည်။

ပါဝါထောက်ပံ့ရေးတွင် ပြဿနာတစ်ခုဖြစ်ပေါ်ပါက လေအေးပေးစက်သည် အနိမ့်ပါဝါဖြင့် အလိုအလျောက်လည်ပတ်လိမ့်မည်။ ၎င်းကြောင့် အခန်းအပူချိန်လုံလောက်စွာမအေးတာမျိုးကို သင်ခံစားရနိုင်သည်။

အထူးသဖြင့် နွေရာသီတွင် လေအေးပေးစက်မကြာခဏသုံးသောအခါ ဓာတ်အားပြဿနာများကြောင့် လျှပ်စစ်ပစ္စည်းများသည် လျှပ်စစ်ဗို့အားနိမ့်သောပတ်ဝန်းကျင်၌ ရှိနေကြောင်းဆုံးဖြတ်နိုင်သည်။

တည်ငြိမ်သော ဓာတ်အားထောက်ပံ့ရေးရရှိရန်လိုအပ်ပါက stabilizers များကိုတပ်ဆင်နိုင်သည်။ voltage stabilizer သည် လေအေးပေးစက်အား ဗို့အားအတက်အကျများမှ ကာကွယ်ပေးနိုင်ပါသည်။

ဓာတ်အားပြတ်တောက်မှုကြောင့် လေအေးပေးစက်တွင် ပါဝါထောက်ပံ့မှုပြတ်တောက်သွားပြီး ပါဝါပြန်တက်လာသောအခါ လေအေးပေးစက်သည် ယခင်ဆက်တင်များအတိုင်း အလိုအလျောက်ပြန်လုပ်ဆောင်လာလိမ့်မည်။

  • လေအေးပေးစက်သုံးနေစဉ်  ပါဝါထောက်ပံ့မှုဓာတ်အားပြတ်တောက်ပါက လျှပ်စစ်ဓာတ်အားပြတ်တောက်ပြီး ၃ မိနစ်ခန့်အကြာထိ compressor သည် လည်ပတ်လိမ့်မည်။
  • ဤအခြေအနေအောက်တွင် indoor unit သည် ၃ မိနစ်ကြာလည်ပတ်လိမ့်မည်ဖြစ်ပြီး နောက်ပိုင်းတွင် compressor သည် ၃ မိနစ်အလုပ်လုပ်ပြီး လေအေးပြန်ထွက်လာလိမ့်မည်။
  • ပါဝါထောက်ပံ့မှုကိုတစ်ဖန်ပြန်လည်ရယူပြီးနောက် စက်သည်အလိုအလျောက်လည်ပတ်လိမ့်မည်။

မှတ်ချက်။ ဓာတ်အားပြတ်တောက်ပါက လျှပ်စစ်ဓာတ်အားပြန်လည်ရရှိမှု၏သက်ရောက်မှုများကို ကြိုတင်ပြင်ဆင်ရန် လျှပ်စစ်ထွက်ပေါက်မှပလပ်ဖြုတ်ရန် အကြံပြုပါသည်။

မှတ်ရန်။

  • Stabilizer တပ်ဆင်ခြင်းနှင့်အသုံးပြုခြင်းသည် ဒေသနှင့် ထိုဒေသတွင်းဓာတ်အားထောက်ပံ့မှုအခြေအနေပေါ် မူတည်၍ ကွဲပြားနိုင်သည်။
  • Stabilizer တပ်ဆင်ရန်လိုအပ်ပါက ကျွမ်းကျင်လျှပ်စစ်ပညာရှင်၏ညွှန်ကြားချက်အတိုင်းလိုက်နာပါ။
  • Stabilizer အမျိုးအစားနှင့် စျေးကွက်တွင်ရနိုင်သောကိရိယာများသည် ဒေသအခြေအနေပေါ် မူတည်သည်။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ