SmartThings ဖြင့် အခန်းလေအေးပေးစက်ကို ဘယ်လိုသုံးမလဲ

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 04.10.2021

Samsung SmartThings အက်ပလီကေးရှင်းဖြင့် ပို၍ သက်တောင့်သက်သာရှိမှုကိုခံစားပါ။ SmartThings ကိုအိမ်သုံးပစ္စည်းများနှင့် ချိတ်ဆက်ပြီး ရိုးရှင်းသောထိတွေ့မှုဖြင့်စီမံနိုင်ပါသည်။ SmartThings သည် အလိုလိုသိမြင်၊ ရိုးရှင်းပြီး သင်၏စက်ပစ္စည်းအားထိန်းချုပ်ရာတွင် ပိုမိုလွယ်ကူစေသည်။ SmartThings အက်ပလီကေးရှင်းမှတဆင့် လက်ရှိအပူချိန်ကို စစ်ဆေးနိုင်ပြီး လေအားကိုစီမံခန့်ခွဲနိုင်သလို စွမ်းအင်အသုံးပြုမှုကိုလည်းစောင့်ကြည့်နိုင်ပါတယ်။

SmartThings ဖြင့် လေအေးပေးစက် features အမျိုးမျိုးကို ခံစားပါ

သက်တောင့်သက်သာရှိသော အခန်းလေအေးပေးစက် (နံရံကပ်) ရဲ့  လုပ်ဆောင်ချက်အမျိုးမျိုးကိုသုံးရန် သင်၏စမတ်ဖုန်းကို SmartThings အက်ပလီကေးရှင်းနှင့်ချိတ်ဆက်ပါ။

မစတင်မီ သင်၏အခန်းတွင်းလေအေးပေးစက်နှင့် စမတ်ဖုန်းကို Wi-Fi ကွန်ယက်နှင့်ချိတ်ဆက်ထားကြောင်း သေချာပါစေ။ လုပ်ဆောင်ချက်အားလုံးကို Wi-Fi ချိတ်ဆက်မှုဖြင့်ရရှိနိုင်ပါသည်။ သင်၏ Samsung အကောင့်နှင့် SmartThings အက်ပ်ကို ချိတ်ဆက်ပြီး အခန်းလေအေးပေးစက်ကို သုံးပါ။

အခန်းတွင်းလေအေးပေးစက်ကို SmartThings ဖြင့်ချိတ်ဆက်နည်းကို ဖတ်ရှုလိုပါက  'How to connect to SmartThings on my air conditioner?' တွင်ကြည့်နိုင်သည်။

air conditioner with smartthings

သင့်ရဲ့အခန်းလေအေးပေးစက်ကို SmartThings နဲ့ချိတ်ဆက်လိုက်တာနဲ့ SmartThings အက်ပလီကေးရှင်းရဲ့ ပင်မမျက်နှာပြင်မှာ တပ်ဆင်ထားတဲ့အခန်းလေအေးပေးစက်ကတ်ကို မြင်ရမှာဖြစ်ပါတယ်။ အခန်းလေအေးပေးစက်ကတ်ကိုစတင်ရန်ရွေးချယ်ပြီး သင်၏နိုင်ငံကိုရွေးပါ။ အခန်းတွင်းလေအေးပေးစက်ကို ဘာသာစကားတစ်ခုသတ်မှတ်ရန် SmartThings အက်ပလီကေးရှင်းရဲ့လမ်းညွှန်ချက်ကို လိုက်နာပါ။

SmartThings home screen အမျိုးအစားများသည် ဒေသအခြေအနေများ သို့မဟုတ် သင်ရှိလေအေးပေးစက်မော်ဒယ်ပေါ်  မူတည်၍ ကွဲပြားနိုင်သည်။

tap the SmartThings air conditioner home tap the SmartThings air conditioner home

အဆင့် ၁။ SmartThings home screen ရှိ Room air conditioner ကိုနှိပ်ပါ။ ထို့နောက် SmartThings Air conditioner Home ကို သင်မြင်နိုင်သည်။

Tap the three dots on the top Tap the three dots on the top

အဆင့် ၂။.အခြေခံ Settingsများကိုကြည့်လိုလျှင် ညာဘက်ထိပ်ရှိအစက်သုံးစက်ထဲဝင်ပါ။. သင်သည် Edit, Air conditioner optionsများကို စီမံခန့်ခွဲနိုင်ပြီး စက်ကိရိယာ၏ သတင်းအချက်အလက်Information ကို ကြည့်နိုင်သည်။

edit the connected device name edit the connected device name

အဆင့် ၃။ အခန်းတစ်ခန်းစီတွင်ချိတ်ဆက်ထားသော စက်၏အမည်နှင့်တည်နေရာကို သင်ပြုပြင်နိုင်သည်။ မကြာခဏသုံးသောလေအေးပေးစက်ကို favorite သို့မဟုတ် Delete device သတ်မှတ်နိုင်သည်။

သင်သည် + Add to Home screen ခလုတ်ကိုထိသောအခါ SmartThings မျက်နှာပြင်တွင် ချိတ်ဆက်ထားသောလေအေးပေးစက်အား ဖော်ပြထားသည်ကို မြင်ရလိမ့်မည်။

Air conditioner options Air conditioner options

အဆင့် ၄။ . ဤနေရာတွင် လေအေးပေးစက်ရွေးချယ်မှု Air conditioner options သတ်မှတ်နိုင်သည်။

Beep လုပ်ဆောင်ချက်ကိုပိတ်ထားလျှင် စက်မှအသံမြည်ခြင်းကို ပိတ်ပေးမည်။

SmartThings ၏ အခန်းလေအေးပေးစက်လုပ်ငန်းများကို လေ့လာပါ

SmartThings အက်ပလီကေးရှင်းကို သင်၏စက်ကိရိယာအတွက် အဝေးထိန်းစနစ်အဖြစ်သုံးနိုင်သည်။ အောက်ပါအမျိုးအစားတစ်ခုစီကိုစစ်ဆေးပါ။ သင်ဆက်တင်များကိုစီမံသောအခါ တစ်ချက်ထိပြီး ရွေးရုံသာလိုသည်။

စက်ပစ္စည်း setting mode၊ အခန်းအပူချိန်နှင့် ပါဝါအသုံးပြုမှုတို့ကို သင်ကြည့်ရှုစီမံနိုင်သည်။

air conditioner Set Temperature air conditioner Set Temperature

အပူချိန်သတ်မှတ်ခြင်း
အခန်းလေအေးပေးစက်ရဲ့အပူချိန်ကိုသတ်မှတ်နိုင်ပါသည်။

air conditioner mode air conditioner mode

Mode
သင်၏ကိရိယာပေါ်တွင် လည်ပတ်မှုပုံစံများကိုရွေးချယ်ပါ။ Modes ၅ ခုစလုံး (Auto, Cool, Dry, Purify, Heat). ကိုရနိုင်သည်။ Auto mode ကိုရွေးသောအခါ စက်သည်အပူချိန်ကို အလိုအလျောက်ထိန်းညှိပေးလိမ့်မည်။

Wind strength Wind strength

Wind Strength(လေအား)
ရွေးချယ်ထားသည့်ပုံစံပေါ် မူတည်၍ Wind strength ရွေးချယ်မှုအချို့ကို မီးခိုးရောင်စာသားအဖြစ်ဖော်ပြနိုင်သည် (ရွေးချယ်လို့မရနိုင်ပါ)။

air conditioner Wind direction air conditioner Wind direction

Wind Direction (လေလမ်းကြောင်း)
သင်သည် စက်ဖွင့်ထားချိန်တွင် Wind directions လမ်းညွှန်များကို ရွေးချယ်နိုင်သည်။ (Fixed, Horizontal, Vertical, All)

Auto Features (အလိုအလျောက်လုပ်ဆောင်ချက်များ) အမျိုးအစားအောက်တွင် သင်နှင့်သင့်လျော်သောကိုယ်ပိုင်ရွေးချယ်မှုများကို သတ်မှတ်နိုင်သည်။

air conditioner Schedule air conditioner Schedule

အချိန်ဇယား
သင်အလိုရှိသည့် အချိန်ဇယားအတိုင်း ဖွင့်/ပိတ်နိုင်သည်။ Time on/off ကို သုံး၍ သင်သတ်မှတ်နိုင်သောအချိန်ဇယား၏ အများဆုံးအရေအတွက်သည် ၁၀ ခု ဖြစ်သည်။
Time on/off ပိတ်လုပ်ဆောင်ချက်သတ်မှတ်ပြီးသည်နှင့် သင်အခန်းတွင်းလေအေးပေးစက်ကို ပလပ်တပ်ပြီး ပြန်ဖွင့်လျှင်ပင် ဆက်တင်ကျန်ရှိနေမည်။

air conditioner Motion detection air conditioner Motion detection

လှုပ်ရှားမှုကိုထောက်လှမ်းခြင်း
အခန်းလေအေးပေးစက်သည် ရွေ့လျားမှုကိုခြေရာခံပြီး စွမ်းအင်ချွေတာနေစဉ် လေလမ်းကြောင်းကို အလိုအလျောက်ပြောင်းလဲလိမ့်မည်။ မည်သည့်လှုပ်ရှားမှုမှ မတွေ့လျှင် saver mode ကို Standby or Keep cool သို့သတ်မှတ်နိုင်သည်။ ပြောင်းလဲချိန်ကိုသတ်မှတ်လျှင် ၎င်းသည်စွမ်းအင်ချွေတာရန်ကူညီလိမ့်မည်။

air conditioner welcome cooling air conditioner welcome cooling

အေးမြမှုအားကြိုဆိုခြင်း
သင်အိမ်နှင့်ပိုနီးလာသည်နှင့်အမျှ သင်အခန်းတွင်းလေအေးပေးစက်ကို ကြိုတင်ဖွင့်နိုင်သည့် အကြောင်းကြားချက်တစ်ခုရရှိလိမ့်မည်။

air conditioner Good Sleep air conditioner Good Sleep

ကောင်းကောင်းအိပ်စက်ခြင်း
ညဘက်တွင် တသမတ်တည်းနှင့် သက်တောင့်သက်သာ
ရှိသောအအေးအတွက် အလိုအလျောက်အပူချိန်ကိုပြောင်းပေးသည်။

မှတ်ချက်။   ကောင်းကောင်းအိပ်စက်ခြင်းအနေအထားသို့ပြောင်းလဲရန်နှင့် ပက်သက်ပြီး  'How to use Good Sleep mode on my air conditioner?' တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

SmartThings အသုံးပြုလျှင် သင်၏စက်ပစ္စည်းကို စီမံခန့်ခွဲရန် ပိုမိုလွယ်ကူပြီးသန့်ရှင်းစေလိမ့်မည်။

  • Auto dry အလိုအလျောက်အခြောက်ခံခြင်း - အအေးခံပြီးနောက် အတွင်းပိုင်းအစိုဓာတ်အားလုံးကို ခြောက်သွေ့သန့်ရှင်းအောင်ထားရမည်။  screen ပေါ်ရှိ 'on' နှင့် 'start ' ခလုတ်ကိုနှိပ်ပါ။ ၁၀ မိနစ်မှ ၃၀ မိနစ်ခန့်ကြာလိမ့်မည်။
  • Freeze Wash လေးအေးဖြင့်ဆေးကြောခြင်း - အခန်းလေအေးပေးစက်၏အပူလဲလှယ်စက်ကို သန့်ရှင်း၍ အနံ့အသက်ပျောက်စေသည်။

မှတ်ချက်။  Freeze Wash feature ကိုသုံးရန်၊ ပြင်ပယူနစ်နှင့်ချိတ်ဆက်ထားသောလေအေးပေးစက်အားလုံးပိတ်ထားပေးပါ။

မှတ်ချက်။

  • ရနိုင်သောနည်းပညာများနှင့် လုပ်ဆောင်ချက်များသည် နိုင်ငံ၊ ၀န်ဆောင်မှုပေးသူ၊ ကွန်ယက်ပတ်ဝန်းကျင် (သို့) ထုတ်ကုန်ပေါ် မူတည်၍ ကွဲပြားနိုင်သည်။
  • အက်ပလီကေးရှင်းကိုသင်မစမ်းမီ သင့်စက်၏ဆော့ဝဲနှင့်ဆက်စပ်သောအက်ပ်များကို နောက်ဆုံးဗားရှင်း သို့  အပ်ဒိတ်လုပ်ထားပါ။
  • အပေါ်တွင်ပြထားသောပုံများသည် ကိရိယာမော်ဒယ်များပေါ်မူတည်ပြီး ကွဲပြားခြားနားမှုရှိနိုင်ပါသည်။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ