ကျွန်ုပ်၏ရေခဲလုပ်စက်က ရေခဲအလုံအလောက် မထုတ်ပေးရင် ဘာလုပ်သင့်သလဲ။

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 07.10.2020

သင့်ရေခဲသေတ္တာတွင် တပ်ဆင်ထားသော ရေခဲ ခဲစက်နှင့်ပတ်သက်၍ ပြဿနာရှိနေပါက အောက်ပါလမ်းညွှန်ချက်များကို လိုက်လုပ်ပါ။ ဤစာမျက်နှာတွင် မော်ဒယ်အများစုအတွက် အခြေခံသတင်းအချက်အလက်မျှသာ ပါဝင်သောကြောင့် သင့်ရေခဲသေတ္တာမော်ဒယ်အတွက် အသုံးပြုသူလက်စွဲကို ကြည့်ခြင်းသည်လည်း ကောင်းပါသည်။

ထုတ်ပေးထားသော ရေခဲတုံးပမာဏကို စစ်ဆေးပါ

Samsung ရေခဲသေတ္တာများသည် တစ်နေ့လျှင် ရေခဲတုံး ၁၂၀ ခန့် ထုတ်ပေးပါသည်။ ဆိုလိုသည်မှာ ရေခဲသေတ္တာသည် မိနစ် ၉၀ ကြာတိုင်း ရေခဲ ၁ ဗန်းစာကို ထုတ်ပေးပါသည် (ယင်းသည် မော်ဒယ်အလိုက် ကွဲပြားပါသည်)။ အကယ်၍ ရေခဲသေတ္တာသည် ၂၄ နာရီအတွင်း ရေခဲတုံး ၅၀ ထက်လျော့၍ ထုတ်ပေးပါက သို့မဟုတ် ရေခဲခံခွက်အတွင်း ရေခဲတုံးများ မရှိပါက အောက်ပါလမ်းညွှန်ချက်များကို ဦးစွာလိုက်လုပ်ပါ။ ဆက်လက်ဖြစ်ပွားနေပါက နောက်ထပ်ပံ့ပိုးမှုရရန်အတွက် အနီးဆုံး Samsung ဝန်ဆောင်မှုစင်တာသို့ ဆက်သွယ်ပေးပါ။

ရေခဲသေတ္တာကို ပထမဆုံးအကြိမ် အသုံးပြုခြင်း သို့မဟုတ် အချိန်ကြာမြင့်စွာ ပိတ်ထားပြီးနောက်မှ ပြန်အသုံးပြုခြင်းဖြစ်ပါက ရေခဲမထုတ်မီ အနည်းဆုံး ခြောက်နာရီကြာအောင် ခလုတ်ဖွင့်ထားသင့်ပါသည်။

မှတ်ချက် - ရေခဲလုပ်စက်သည် ရေခဲကို သန့်ရှင်းသောရေမှပြုလုပ်ကြောင်း သေချာစေရန်အတွက် ရေခဲလုပ်စက်က ပထမဆုံးသုံးကြိမ် ထုတ်ပေးသော ရေခဲတုံးများ (အတုံး ၃၀ ခန့်) ကို လွှင့်ပစ်သင့်ပါသည်။

တံခါးဖွင့်ထားစဉ်တွင် ရေခဲလုပ်စက်သည် ရေခဲကို ထုတ်မပေးနိုင်ပါ။ တံခါးကို လုံးဝပိတ်ကာ ရေခဲကိုထုတ်ရန် ပြန်ကြိုးစားကြည့်ပါ။

ရေခဲလုပ်စက် လုပ်ဆောင်မှု
ရေခဲသေတ္တာသည် ICE OFF ပုံစံတွင် ဖြစ်နေခြင်းရှိမရှိ ကြည့်ပါ။ Ice Type ခလုတ်ကိုနှိပ်ခြင်းဖြင့် ရေခဲလုပ်စက် လုပ်ဆောင်မှုကို စတင်စေနိုင်ပါသည်။

Child Lock လုပ်ဆောင်မှု
ဤလုပ်ဆောင်မှုကို ဖွင့်ထားပါက ယင်းသည် လုပ်ဆောင်နိုင်မှုကို ပိတ်ထားပါသည်။ 

မှတ်ချက် - 

  • ဖော်ပြသည့်ဒိုင်ခွက်၏ အမှန်တကယ်ဒီဇိုင်းမှာ သင့်တွင်ရှိသော မော်ဒယ်အလိုက် ကွဲပြားခြင်းရှိနိုင်ပါသည်။
  • ဤပုံတွင် အင်္ဂလိပ်ဘာသာဖြင့် ရည်ညွှန်းထားခြင်းဖြစ်သော်လည်း သင့်နိုင်ငံတွင် အသုံးပြုသော ဘာသာစကားဖြင့် ရရှိနိုင်ပါသည်။ 

အပူချိန်ကို ပြန်လည်သတ်မှတ်ခြင်း
ရေခဲသေတ္တာ၏ အပူချိန်ဖော်ပြချက်တွင် ပိုနိမ့်သောဆက်တင်အား သတ်မှတ်ပါ။ ရေခဲခန်းအတွက် - ၁၅ °C နှင့်အောက် ဖြစ်သင့်ပါသည်။ 

ရေခဲထုတ်စက်ကို ပြန်သတ်မှတ်ခြင်း
ရေခဲထုတ်စက်ကို ပြန်သတ်မှတ်လိုက်ပါက ရေခဲလုပ်စက်က ပြန်လည်၍ ရေခဲလုပ်ပေးခြင်း မပြုမီ ၂၄ နာရီစောင့်ပါ။

ဒိုင်ခွက်ပေါ်တွင် ရေစစ်အညွှန်းကို ကြည့်ပါ
ရေခဲသည် သေးနေခြင်း၊ နောက်နေခြင်း သို့မဟုတ် ဖုဖောင်းနေခြင်းဖြစ်ပါက ရေစစ်ကို စစ်ဆေးကာ လဲလှယ်ပါ။ ရေစစ်ပိတ်ဆို့သွားခြင်း မဖြစ်စေရန်အတွက် ရေစစ်ကို ခြောက်လတစ်ကြိမ် လဲလှယ်သင့်ပါသည်။

မှတ်ချက် - 

  • ဖော်ပြသည့်ဒိုင်ခွက်၏ အမှန်တကယ်ဒီဇိုင်းမှာ သင့်တွင်ရှိသော မော်ဒယ်အမျိုးအစားအပေါ် မူတည်၍ ကွဲပြားခြင်းရှိနိုင်ပါသည်။
  • ဤပုံတွင် အင်္ဂလိပ်ဘာသာဖြင့် ရည်ညွှန်းထားခြင်းဖြစ်သော်လည်း သင့်နိုင်ငံတွင် အသုံးပြုသော ဘာသာစကားဖြင့် ရရှိနိုင်ပါသည်။ 

ရေဖိအားကို စစ်ဆေးပါ
ရေဖိအားသည် လုံလောက်အောင် မြင့်မားကြောင်း သေချာအောင်စစ်ပါ။

 

ရေပိုက်လိုင်းကို စစ်ဆေးပါ
ယင်းကို ရေခဲသေတ္တာနှင့် မှန်ကန်စွာသွယ်ထားကြောင်းနှင့် ရေပိုက်ခေါင်းသည် တွန့်လိမ်နေခြင်း သို့မဟုတ် ပျက်စီးနေခြင်းမရှိကြောင်း သေချာအောင်စစ်ပါ။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ