Galaxy S10 တွင် ကင်မရာ အသေးစိတ်ဖော်ပြချက်များ
S10e, S10 နှင့် S10+ တို့ရှိ ကင်မရာများကို infinity display တွင် မြှပ်သွင်းထားသည်။ ဤသည်ပင် ပိုကြီးမားသည့် ဖန်သားပြင်ကို ထုတ်ပေးသောကြောင့် သုံးဖက်မြင်ကြည့်နိုင်မှု အတွေ့အကြုံမျိုး ပို၍ ထုတ်ပေးပါတယ်။
ပရော်ဖက်ရှင်နယ် ကင်မရာ-မျိုးစုံ စနစ်
S10 ဖုန်းများတွင် ကင်မရာမျိုးစုံ ပါရှိပြီး နှုန်းလွန်-အဆင့်မြင့် ရုပ်ပုံကြည်လင်ပြတ်သားနည်းတွင် အရောင်များ အရည်အသွေးမြှင့်တင်ရန်နှင့် မှုန်ဝါးနှုန်းကို ပေါင်းစည်းစတေဘယ်လိုက်ဇာ ဆော့ဖ်ဝဲလ်ဖြင့် လျှော့ချရန်အတွက် နောက်ဆုံးပေါ်နည်းပညာကို အသုံးပြုထားပါတယ်။
နှုန်းလွန်မြင်ကွင်းကျယ် မှန်ဘီလူးအသစ်ဖြင့်၊ လူသားမျက်စိမှတဆင့် မြင်နေရသလို ကင်မရာအနေအထားများ ရွေးချယ်နိုင်ပြီး မြင်ကွင်းပိုကျယ်သည့် ရုပ်ပုံများကို ရိုက်ကူးနိုင်ပါတယ်။
S10 နှင့် S10+ မော်ဒယ်များရှိ နောက်ကင်မရာ သုံးလုံးသည် သင့်ကို DSLR ကင်မရာ အသုံးပြုနေရသလို ပရော်ဖက်ရှင်နယ် အရည်အသွေးကောင်း ဓာတ်ပုံများ ရိုက်ကူးရန် ခွင့်ပြုထားပါတယ်။
သင့်မော်ဒယ်ကို ရွေးချယ်လိုက်ပါ
ကင်မရာများ၏ အရေအတွက်နှင့် တည်နေရာတို့က S10 မော်ဒယ် တစ်ခုစီအတွက် အောက်တွင် ဖော်ပြထားသည့်အတိုင်း အနည်းငယ် ခြားနားကြပါတယ်။
ရှေ့ကင်မရာ တစ်လုံး
S10e တွင် ရှေ့ကင်မရာ တစ်လုံး ပါရှိပြီး ၁၀MP ပစ်ဇယ်နှစ်ခုတွဲ အော်တိုဖိုးကပ်စ်နှင့် UHD ဆဲလ်ဖီနည်းပညာဖြင့် အထူးစီစဉ်ထားပါတယ်။
နောက်ကင်မရာ နှစ်လုံး
နောက်ခြမ်းတွင် အလျားလိုက် ပြိုင်ယှဉ်ထားသော အောက်ပါကင်မရာ နှစ်လုံး ပါရှိပါတယ်-
- အပါချာနှစ်ခုတွဲနှင့် ပစ်ဇယ်နှစ်ခုတွဲ ပါသော ၁၂MP မြင်ကွင်းကျယ်မှန်ဘီလူး (၇၇⁰)။ ၎င်းတွင် ရုပ်ပုံမှုန်ဝါးခြင်းများ လျှော့ချရန် အပြီးတပ်ဆင်ထားသည့် အလင်းအားကောင်း ရုပ်ပုံတည်ငြိမ်မှု (OIS) ဆော့ဖ်ဝဲလည်း ပါဝင်ပါတယ်။
- ၁၆MP နှုန်းလွန်မြင်ကွင်းကွယ်မှန်ဘီလူး (၁၂၃⁰)။
ရှေ့ကင်မရာ တစ်လုံး
S10 တွင် ရှေ့ကင်မရာ တစ်လုံး ပါရှိပြီး ၁၀MP ပစ်ဇယ်နှစ်ခုတွဲ အော်တိုဖိုးကပ်စ်နှင့် UHD ဆဲလ်ဖီနည်းပညာတို့ ပါရှိပါတယ်။
နောက်ကင်မရာ သုံးလုံး
နောက်ခြမ်းတွင် အလျားလိုက် ပြိုင်ယှဉ်ထားသော အောက်ပါကင်မရာ သုံးလုံး ပါရှိပါတယ်-
- 2x ဇူးမ်နှင့် OIS မှုန်ဝါး-ကင်း ဆော့ပ်ဝဲ ပါသော ၁၂MP တယ်လီဖိုတိုမှန်ဘီလူး (၄၅⁰)
- အပါချာနှစ်ခုတွဲနှင့် ပစ်ဇယ်နှစ်ခုတွဲ ပါသော ၁၂MP မြင်ကွင်းကျယ်မှန်ဘီလူး (၇၇⁰)။ ၎င်းတွင် ရုပ်ပုံမှုန်ဝါးခြင်းများ လျှော့ချရန် အပြီးတပ်ဆင်ထားသည့် အလင်အားကောင်း ရုပ်ပုံတည်ငြိမ်မှု (OIS) ဆော့ဖ်ဝဲလ်ည်း ပါဝင်ပါတယ်။
- ၁၆MP နှုန်းလွန်မြင်ကွင်းကျယ်မှန်ဘီလူး (၁၂၃⁰)။
ရှေ့ကင်မရာ နှစ်လုံး
ရှေ့ခြမ်းတွင် အလျားလိုက် ပြိုင်ယှဉ်ထားသော အောက်ပါကင်မရာ နှစ်လုံး ပါရှိပါတယ်-
- UHD ဆဲလ်ဖီနည်းပညာ ပါရှိသည့် ၁၀MP ပစ်ဇယ်နှစ်ခုတွဲ အော်တိုဖိုးကပ်စ် မှန်ဘီလူး။
- ၈MP မှန်ဘီလူး၊ သင့်ဓာတ်ပုံများကို ပိုမိုအတွင်းကျသော အစိတ်အပိုင်းအထိ ထည့်ရိုက်ပေးနိုင်ပါတယ်။
နောက်ကင်မရာ သုံးလုံး
နောက်ခြမ်းတွင် အလျားလိုက် ပြိုင်ယှဉ်ထားသော အောက်ပါကင်မရာ သုံးလုံး ပါရှိပါတယ်-
- ၂x ဇူးမ်းနှင့် OIS မှုန်ဝါး-ကင်း ဆော့ပ်ဝဲ ပါသော ၁၂MP တယ်လီဖိုတိုမှန်ဘီလူး (၄၅⁰)
- အပါချာနှစ်ခုတွဲနှင့် ပစ်ဇယ်နှစ်ခုတွဲ ပါသော ၁၂MP မြင်ကွင်းကျယ်မှန်ဘီလူး (၇၇⁰)။ ၎င်းတွင် ရုပ်ပုံမှုဝါးခြင်းများ လျှော့ချရန် အပြီးတပ်ဆင်ထားသည့် အလင်းအားကောင်း ရုပ်ပုံတည်ငြိမ်မှု (OIS) ဆော့ဖ်ဝဲလ်ည်း ပါဝင်ပါတယ်။
- ၁၆MP နှုန်းလွန်မြင်ကွင်းကျယ်မှန်ဘီလူး (၁၂၃⁰)။
သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ
ကျေးဇူးပြု၍ မေးခွန်းအားလုံးဖြေဆိုပါ။
RC01_Static Content : This text is only displayed on the editor page