Galaxy S20, S20+ နှင့် S20 Ultra တို့တွင်ပါဝင်သော ကင်မရာအသစ်နှင့် ခြားနားချက်များကိုကြည့်ကြည့်ပါ။

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 13.11.2020

​ Galaxy S20 တွင်ပါဝင်သော ကင်မရာအား ဗီဒီယိုအရည်အသွေးနှင့်ဆယ်လ်ဖီနည်းပညာတို့အတွက် ရိုးရှင်းစွာအသုံးပြုနိုင်ပြီး စွမ်းဆောင်ရည်အသစ်များပါဝင်သော ကင်မရာစနစ်အသစ်စက်စက်ဖြင့် တပ်ဆင်ထားပါသည်။

 

တစ်ချက်ရိုက်ရုံမျှဖြင့် အချိန်တိုင်းတွင်ရိုက်ထားသော ဓာတ်ပုံဗီဒီယိုတစ်ခု ဖန်တီးနိုင်ပြီး ပေ ပေါင်းများစွာအကွာအဝေးမှ ဓာတ်ပုံများကို ရိုက်ကူးနိုင်သည့် အရည်အသွေးမြင့် မြင်ကွင်းကျယ်စွမ်းဆောင်ရည်ကို အသုံးပြုထားပါသည်။ ကင်မရာနည်းပညာအသစ်သည် ညနေခင်း ပြင်ပနေရာတွင် ရိုက်ကူးရာတွင်လည်း အလင်းရောင်နိမ့်ကျသောနေရာများကို အလင်းမြှင့်တင်ပေးနိုင်ပါသည်။

ကင်မရာသတ်မှတ်ချက်များကို နှိုင်းယှဉ်ခြင်း

 

Galaxy S20 စီးရီးတိုင်းတွင် အရှေ့ဘက်ကင်မရာ တစ်လုံးပါပြီး ဘေးဘောင်မပါသည့် စမတ်ဖုန်းဒီဇိုင်းကိုအပြည့်အ၀ဖော်ဆောင်ထားသော်သည်း စွမ်းဆောင်ရည်နှင့် လုပ်ဆောင်ရည်ပိုင်းကို ထိခိုက်စေခြင်းမရှိပါဘူး။ S20 Ultra ကို Ultra စွမ်းဆောင်ရည်ပေးနိုင်စေရန်အတွက် 40MP ကင်မရာမှန်ဘီလူးများ တပ်ဆင်ထားပါသည်။

 

​Galaxy S20 စီးရီးများတွင် ကင်မရာကွာခြားချက်ရှိသည်က နောက်ဘက်ကင်မရာတွင်ဖြစ်သည်။ S20+ နှင့် S20 Ultra များတွင် နောက်ကင်မရာ ၄ လုံး ပါရှိသော်လည်း S20 တွင် ၃ လုံးသာ ပါရှိပါသည်။ နောက်ထပ်လည်း DepthVision ကင်မရာများသည် (AR) ဟုခေါ်သော သဘာ၀ပိုဆန်ပြီး နောက်ဝါးဓာတ်ပုံများရိုက်ကူးရာတွင် ကင်မရာနှင့် ရိုက်ကူးခံအရာ၀ထ္ထုကြားရှိ အကွာအဝေးကို တွက်ဆပေးပါသည်။

 


S20 Camera Specification

Galaxy S20

Galaxy S20+

Galaxy S20 Ultra

ရှေ့ကင်မရာ

10MP (Selfie)ဆယ်လ်ဖီ

10MP (Selfie)ဆယ်လ်ဖီ

40MP (Selfie)ဆယ်လ်ဖီ

  1. Ultra Wide ကင်မရာ

12MP Ultra Wide

12MP Ultra Wide 

12MP Ultra Wide

မြင်ကွင်းကျယ် ကင်မရာ

12MP မြင်ကွင်းကျယ်

12MP မြင်ကွင်းကျယ်

108MP မြင်ကွင်းကျယ်

တယ်လီဖိုတိုကင်မရာ

64MP တယ်လီဖိုတို

64MP တယ်လီဖိုတို

48MP တယ်လီဖိုတို

ToF ကင်မရာ

-

*DepthVision

*DepthVision

မှတ်ချက် : *DepthVision ကင်မရာဆိုသည်မှာသင့်ဓာတ်ပုံကို အဆင့်သစ်တစ်ခုဆီမြှင့်တင်ပေးနိုင်မည့်နက်ရှိုင်းမှုနှင့်အကွာအဝေးကို ဆုံးဖြတ်ပေးနိုင်သည့်Time of Flight (ToF) ဟုခေါ်သော ToF ကင်မရာဖြစ်သည်။

အဆ ၁၀၀ မြင်ကွင်းကျယ် ( S20 Ultra တစ်မျိုးတည်းသာ )

Galaxy S20 စီးရီးတိုင်းတွင်ပါရှိသည့် မြင်ကွင်းကျယ်အရည်အသွေးသည် မော်ဒယ်အမျိုးမျိုးကွဲပြားသော်လည်း တူညီသော Quad HD + 3200 x 1440ရုပ်ပုံအရည်အသွေးရှိပါသည်။ Quad HD + 3200 x 1440 ရုပ်ပုံအရည်အသွေးမှာ 60 Hz ဖြင့် ဖော်ပြသော်လည်း

 

Galaxy S20 စီးရီးများ၏120 Hz ရှိသော ရုပ်ပုံဖော်ပြနှုန်းဟာ Full HD 2400 x 1080 အရည်အသွေးအပြည့်ဖြင့် လုပ်ဆောင်ပါသည်။Galaxy S20 Ultra တွင် ၁၀ ဆအထိ မြင်ကွင်းကျယ်အရည်အသွေးနှင့် အဆ ၁၀၀ အထိ အလွန်အရည်အသွေးမြင့် ဒီဂျစ်တယ်ရုပ်ပုံချဲ့ခြင်းကို လုပ်ဆောင်ပေးနိုင်သော်လည်း Galaxy S20 နှင့် Galaxy S20+ တို့သည် ၃ ဆအထိ မြင်ကွင်းကျယ်အရည်အသွေးနှင့် အဆ ၃၀ အထိ အလွန်အရည်အသွေးမြင့်သည့် ဒီဂျစ်တယ်ရုပ်ပုံချဲ့ခြင်းကို လုပ်ဆောင်ပေးနိုင်ပါသည်။ ရုပ်ပုံအရည်အသွေး လျော့ကျမှုပြဿနာကြောင့် ဒီဂျစ်တယ်မြင်ကွင်းကျယ်ကို လက်တွေ့တွင်အသုံးမပြုကြသော်လည်း အဆ၁၀၀ အထိလုပ်ဆောင်ပေးသည့် အလွန်အရည်အသွေးမြင့် ဒီဂျစ်တယ်မြင်ကွင်းကျယ်ရုပ်ပုံအရည်အသွေးဟာ အခြားထုတ်ကုန်တွေနှင့် ကွာခြားသည်မှာ အသိအသာပင်ဖြစ်သည်။

ခွေးတစ်ကောင်ပုံအား မြင်ကွင်းကျယ်ပုံဖြင့် ပြသထားပုံ

ပိုမိုတောက်ပ ကြည်လင်သည့် Night Mode

Galaxy S20 စီးရီးများသည် အလင်းရောင်ကောင်းစွာမရရှိသည့်အချိန်မှာတောင်တောက်ပပြီးရှင်းလင်းသော ဓာတ်ပုံများကိုရိုက်ကူးနိုင်အောင်လည်း လုပ်ဆောင်ပေးနိုင်ပါသည်။ အာရုံခံပစ္စည်းအရွယ်အစား ပိုကြီးသဖြင့် ညဘက်တွင် အလင်းရောင်ကို ပိုမိုရရှိစေပါသည်။

 

ပိုကြီးပါသည်။ Night Mode နှင့် HDR ဟုခေါ်သောစွမ်းရည်မြင့်အလင်းအမှောင်ထိန်းကျောင်းမှုဟာ မှန်ကန်သော အလင်းအမှောင်အရည်အသွေးကို ရရှိစေပါသည်။ ပို၍ရှင်းလင်းတောက်ပသည့် Night Mode ဖြင့်ရိုက်သောဓာတ်ပုံများ။

ဖယောင်းတိုင်ပုံအား Night Mode ဖြင့်ရိုက်ပြထားခြင်း

ကင်မရာအား စိတ်ကြိုက်ရွေးချယ်အသုံးပြုခြင်း

Galaxy S20 စီးရီးသည် ဓာတ်ပုံများရှိ အရောင်များကို များပြားစွာခွဲထုတ်နိုင်ပြီး မူလရိုက်ထားသည့် ဓာတ်ပုံတွင် အသုံးချခြင်းအပြင် ဓာတ်ပုံအား အရောင်ပြန်တင်ခြင်းအလုပ်ကိုပါ လုပ်ဆောင်ပေးနိုင်ပါသည်။ သင့်ကိုယ်ပိုင် အကောင်းဆုံးဓာတ်ပုံကို ဖန်တီးရစေနိုင်ပါသည်။ 

 

သင်သဘောကျသော ဓာတ်ပုံမျိုးရိုက်ကူးလိုသည့်အခါတွင် အဆိုပါဓာတ်ပုံကို ဓာတ်ပုံသိမ်းသည့်နေရာတွင် သိမ်းလိုက်ရုံဖြင့် Galaxy S20 စီးရီးများတွင်ပါဝင်သော AI မှ အရောင်အရည်အသွေးကို ခွဲထုတ်ပြီး အရောင်ခွဲခြမ်းသည့်စနစ်သိမ်းဆည်းသည့်နေရာ အလိုက် သိမ်းဆည်းထားလိုက်မည်ဖြစ်သည်။

အဆင့် ၁ ကင်မရာအက်ပလီကေးရှင်းကိုဖွင့်၍ ညာဘက်အပေါ်ထောင့်နားရှိ Filter ဆိုသည့်နေရာကိူ နှိပ်ပါ။ နှိပ်လိုက်သည်နှင့် My Filters များကိုကြည့်နိုင်သည့်နေရာသို့ရောက်ရှိမည်ဖြစ်ပါသည်။ 

အဆင့် ၂ filter အသစ်တစ်ခုဖန်တီးနိုင်ရန် + လက္ခဏာကိုနှိပ်ပြီးပါက သင့်ဖုန်းထဲတွင်ရှိသည့်ဓာတ်ပုံသိမ်းသည့် အက်ပလီကေးရှင်းပွင့်လာပါမည်။

Galaxy S20 ဖြင့် filter function ကိုအသုံးပြုပြထားပုံ

အဆင့် ၃ Pictures သို့မဟုတ် Albums ကိုနှိပ်၍ သင်လိုချင်သော filter ပါရှိသည့် ဓာတ်ပုံကိုရှာပါ။

အဆင့် ၄ ဓာတ်ပုံကိုနှိပ်ပြီးသည့်နှင့် ပုံကြီးတစ်ခုအဖြစ်ပေါ်လာမည်ဖြစ်သည်။ အမည်အသစ်သတ်မှတ်ရန် filter ဟူသည့်အမည်အားနှိပ်ပြီးပါကထပ်မံသိမ်းဆည်းရန် Save ကို နှိပ်ပါ။

My Filters ကိုအသုံးပြုနေသည့် Galaxy S20 ၏ပုံ

မှတ်ချက် : 

  •  filter ကိုပယ်ဖျက်ရန်အတွက် ဖန်တီးထားသော filter ကို အောက်သို့ဆွဲချပြီး Delete အားနှိပ်ပါ။
  •  သင့် filters များကို ထိပြီးဖိထားခြင်းအားဖြင့်လည်း မတူသောနေရာများအတွင် အသီးသီးနေရာချပေးနိုင်သည်။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ