Galaxy ဖုန်းကို ဘယ်လိုသန့်ရှင်းမလဲ။

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 22.09.2020

သင့် Galaxy ဖုန်းအား  သန့်ရှင်းရေးပြုလုပ်ခြင်းနှင့် ပိုးမွှားအန္တရာယ်မှကာကွယ်ရန် အောက်တွင်ဖော်ပြထားသော လမ်းညွှန်ချက်များအား  ကိုးကားလုပ်ဆောင်ပါ။

သင့်ဖုန်းကို သန့်ရှင်းရေးလုပ်ရန်အတွက် လိုက်နာရန် လမ်းညွှန်ချက်အချို့မှာ အောက်ပါအတိုင်းဖြစ်သည်။

  • သန့်ရှင်းရေးမပြုလုပ်မီ သင့် Galaxy စမတ်ဖုန်းအားပါဝါပိတ်ရန် ၊ ဖုန်းကာဗာများချွတ်ထားရန် ၊ ကြိုး သို့မဟုတ် အသုံးအဆောင်ပစ္စည်းအားလုံးကိုဖြုတ်ထားရန်
  • နူးညံ့ပြီး အမျှင်မပါသည့် ကင်မရာသန့်ရှင်းသည့်အဝတ်ကဲ့သို့သော အဝတ်နုနုဖြင့် သင့်ဖုန်းအပြင်ဘက်နေရာများအား ဖြည်းညှင်းစွာ သုတ်ပေးပါ။

 

ဖုန်းကာဗာဖြုတ်ခြင်း ၊ ကြိုးဖြုတ်ခြင်းနှင့် သင့်ဖုန်းအပြင်ဘက်အား သန့်ရှင်းခြင်းတို့ကို ပြထားသောပုံများ
  • ဖုန်း၏ အပေါက်များအား စိုစွတ်မှုမရှိစေဘဲ သင့်ဖုန်းပေါ်သို့ အရည်များကို တိုက်ရိုက်လောင်းချခြင်း မပြုလုပ်ရန် လိုအပ်ပါက အဝတ်၏ ထောင့်နားများကို ရေသန့်အနည်းငယ်ဖြင့် သို့မဟုတ် ဟိုက်ဒရိုကလိုရစ်အက်ဆစ် (၅၀ - ၈၀ ppm ) သို့မဟုတ် အရက်ကိုအခြခံသည့် ( အီသနော ၇၀ ရာခိုင်နှုန်းအထက် သို့မဟုတ် အရက်ပျံ) စသည်တို့ကိုအသုံးပြု၍ သင့်ဖုန်းအရှေ့နှင့်အနောက်ခြမ်းအား အရမ်းမဖိမိစေဘဲညင်သာစွာသုတ်၍ သန့်ရှင်းပေးပါ။ အလွန်အမင်းမပွတ်တိုက်မိစေရန် ရှောင်ကြဉ်ပါ။
  • လေဖိအားဖြင့် သို့မဟုတ် စပရေး သို့မဟုတ် အရည်များဖြင့် သင့်ဖုန်းကို တိုက်ရိုက်မလောင်းချပါနှင့်။
အစွန်းချွတ်ဆေးပုံစံအရည်များဖြင့် သင့်ဖုန်းကို မဖြန်းမိစေရန် ပြသထားသောပုံ။
  • ယခု သန့်ရှင်းရေးအကြံပြုချက်များသည် သင့်ဖုန်း၏မှန် ၊ ကြွေထည်နှင့် သတ္တုမျက်နှာပြင်များအတွက်သာရည်ရွယ်ပြီးအပျော့စားအသုံးအဆောင်ပစ္စည်းများဖြစ်သည့်သားရေ ၊ ရာဘာ သို့မဟုတ်ပလတ်စတစ်တို့ဖြင့်ပြုလုပ်ထားသည်များအတွက် အသုံးပြုနိုင်မည်မဟုတ်ပါ။
မိုဘိုင်းဖုန်း၏ မှန်မျက်နှာပြင်အား သန့်ရှင်းပြနေပုံ။ အပျော့စားအသုံးအဆောင်များပုံ။

မှတ်သားရန် 

  • လမ်းညွှန်ချက်ပေးသည်များမှာ Galaxy စမတ်ဖုန်းများGalaxy tablet များနှင့် Galaxy Watch ( နာရီလက်ပတ်များပါ ပါဝင်သည်)
  • လမ်းညွှန်ချက်မပေးသည်များမှာ Galaxy Buds ၊ ကီးဘုတ် ( ပြင်ပသုံး ကီးဘုတ်များနှင့် Galaxy လက်ပ်တော့များ၏ ကီးဘုတ်များ) ၊ လက်ပတ်ပစ္စည်းများ၏ ပလတ်စတစ် လက်ပတ်ကြိုးများနှင့် ဖော်ပြမထားသည့် အခြားသောSamsung ထုတ်ကုန်များ။

ငြင်းဆိုချက်:

  • ဖော်ပြထားသောလမ်းညွှန်ချက်များဧ။် အကျိုးအာနိသင် အတွက် Samsung မှတစုံတရာ အာမခံချက်ပေးနိုင်မည်မဟုတ်ပါ။ မိမိဖုန်းအားစနစ်တကျ သန့်ရှင်းရေးပြုလုပ်ပေးခြင်းဖြင့် ဖုန်းရှိ ဘက်တီးရီးယား၊ ပိုးမွားများ နှင့် ဗိုင်းရပ်စ်အားလုံး ကို သုတ်သင်ရှင်းပေးခြင်းသာဖြစ်သည်။

 

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ