ဖုန်းခေါ်ဆိုမှုနှင့် ဆယ်လူလာဒေတာများ မရနိုင်သည့်အချိန်တွင် SIM ကဒ်ကို စစ်ဆေးပါ။

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 13.01.2022

အကယ်၍ ဖုန်း သို့မဟုတ် စာများရုတ်တရက် ရပ်သွားခြင်းနှင့် ဆယ်လူလာဒေတာမရနိုင်ခြင်း ဖြစ်လာပါက SIM ကဒ်ကြောင့်ဖြစ်နိုင်ပါသည်။ ရံဖန်ရံခါ သင်ဖုန်းပြောင်းသည့်အခါတွင် SIM ကဒ်ကို လွဲမှားစွာထည့်ထားမိခြင်းကြောင့် ပြဿနာများဖြစ်နိုင်ပါသည်။ SIM ကဒ်စစ်ဆေးနည်းကို အောက်တွင်ပိုမိုလေ့လာပါ။

အောက်ဖော်ပြပါ အကြံပြုချက်များအတိုင်း မလုပ်ဆောင်မီ သင့်ကိရိယာ၏ ဆော့ဖ်ဝဲလ်နှင့် သက်ဆိုင်ရာ အက်ပလီကေးရှင်းများအား နောက်ဆုံးဗားရှင်းသို့ အဆင့်မြှင့်ထားကြောင်း သေချာစွာလုပ်ဆောင်ပါ။ သင့်မိုဘိုင်းဖုန်းဆော့ဖ်ဝဲလ်အားအပ်ဒိတ်လုပ်ရန် အောက်ပါအချက်များအတိုင်းလုပ်ဆောင်ပါ။

အဆင့် ၁။ Settings > Software update သို့သွားပါ။

အဆင့် ၂။ Download and install ကိုနှိပျပါ။

အဆင့် ၃။ ပေါ်လာသည့်လမ်းညွှန်ချက်များအတိုင်း လုပ်ဆောင်ပါ။

စစ်ဆေးမှု ၁။ SIM ကဒ် ပျက်စီးမှုရှိ ၊မရှိ

ဖုန်းအသစ်သို့ပြောင်းသည့်အခါ ဖုန်းအဟောင်းတွင်သုံးခဲ့သည့် SIM ကဒ်ကို တခါတရံ ဖုန်းအသစ်တွင် သုံးတတ်ကြပါသည်။ သို့ရာတွင် SIM ကဒ်ဆိုသည်မှာ ၀ယ်ယူရလွယ်သည့်ပစ္စည်းဖြစ်သည့်အလျှောက် ကြာရှည်စွာအသုံးပြုပါက ပျက်စီးမှုများရှိနိုင်ပါသည်။

ပထမဦးစွာ ဖုန်းထဲမှ SIM ကဒ် အံခွက်ကို ထုတ်၍ SIM ကဒ်၏ သတ္တုအကန့်များ ပျက်စီးယိုယွင်းနေခြင်းရှိမရရှိ စစ်ဆေးပါ။ SIM ကဒ်ပျက်စီးနေပါက SIM အသစ်ဖြင့် အစားထိုးပါ။

စစျဆေးမှု ၂။ SIM ကဒ် သေချာထည့်ထားခြင်း ရှိ၊ မရှိ

SIM ကဒ်အား အွံခွက်တွင်မှန်ကန်စွာထည့်ထားခြင်းမရှိဘဲ ဖုန်းထဲသို့ထည့်ထားပါက SIMကဒ်ကို ဖုန်းမှအသိအမှတ်ပြုမည်မဟုတ်ပေ။ SIM ကဒ်ကိုအသိအမှတ်မပြုပါက အံခွက်ကိုထုတ်၍ ကဒ်ကိုသေချာစွာထည့်ထားခြင်း ရှိ၊မရှိ စစ်ဆေးပါ။ SIM ကဒ်ထောင့်များအား ကောင်းစွာညှိထားကြောင်း သေချာလုပ်ဆောင်ထားခြင်းသည်လည်း တစိတ်တဒေသအားဖြင့် အရေးကြီးပါသည်။

SIM ကဒ်အံခွက်ကို ထည့်သည့်အခါတွင် မော်ဒယ်အလိုက် ကွဲပြားနိုင်သည့်အတွက် SIM ကဒ်လှည့်သည့်ဘက်ကို သတိထားပါ။ ဥပမာအားဖြင့် S21 စီးရီးများတွင် ၄င်းတို့ကို သတ္တုအံခွက်ဖြင့် အပေါ်ဘက်လှည့်ဒီဇိုင်းထုတ်ထားပြီး S20 စီးရီးများသည် အောက်ဘက်လှည့် သတ္တုအံခွက်ဒီဇိုင်းဖြင့်ထုတ်လုပ်ထားပါသည်။ အောက်ဖော်ပြပါ ပုံနမူနာများကိုကြည့်ပါ။

SIM ကဒ်

① S21 စီးရီ                                            ② S20 စီးရီ      

မှတ်ချက် - SIM ကဒ် လှည့်သည့်ဘက်သည် ဖုန်းနှင့်မော်ဒယ်အလိုက် ကွဲပြားနိုင်ပါသည်။

စစျဆေးမှု ၃။ SIM ကဒ်ကို အံခွက်တွင် ခိုင်မာတိကျစွာထည့်ထားခြင်းရှိ၊ မရှိ

သင်ယခင်က micro SIM ကဒ်သုံးခဲ့ပါက ဖုန်းအသစ်အတွက် nano SIM ကဒ်ဆိုဒ်ဖြစ်အောင်ဖြတ်ရပါမည်။ ထောင့်ဖြတ်များသည် ကောင်းစွာဖြတ်ထားကြောင်း သေချာစွာလုပ်ဆောင်ရန် လိုအပ်ပါသည်။ ဖြတ်ထားသည့် SIM ကဒ်ကို ကောင်းစွာအသိအမှတ်မပြုခြင်းနှင့် ဖုန်းခေါ်ဆိုမှုများ ၊ စာပို့/လက်ခံမှုများနှင့် ဆယ်လူလာဒေတာများတွင် ပြဿနာများဖြစ်လာနိုင်သည့်အတွက် nano SIM ကဒ်အသစ်ဝယ်သုံးရန် အကြံပြုပါသည်။

  • Micro SIM: အလတ်ဆိုဒ် SIM ကဒ် ၊ ယခင်မော်ဒယ်များတွင် လူကြိုက်များ 
  • Nano SIM: အသေးဆုံး SIM ကဒ်ဆိုဒ်ဖြစ်ပြီး ဖုန်းအသစ်အများစုတွင် သုံးကြပါသည်။
SIM card 2

     ① Micro SIM                                  ② Nano SIM   

Samsung Members အက်ပ်ကို ဘယ်လိုသုံးရမလဲ။

Samsung မိုဘိုင်းလ်ဖုန်းများ၊ တက်ဘလက်များနှင့် ဝတ်ဆင်နိုင်သော ပစ္စည်းများတွင် အခက်အခဲများကြုံရပါက Samsung Members အက်ပ်တွင် ကျွန်ုပ်တို့ထံ မေးမြန်းနိုင်ပါသည်။ Error များကိုတိုင်ကြားခြင်းနှင့်ပတ်သက်ပြီး ပိုမိုရှာဖွေလိုက်ပါ။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ