Samsung Galaxy S22 စီးရီးများ၏ အလွန်ကောင်းမွန်သည့်အဆင့်အတန်းမြင့် စမတ်ဖုန်းအတွေ့အကြုံကိုခံစားလိုက်ပါ။

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 29.06.2022

Galaxy S22 စီးရီးများသည် Vision Booster နှင့် ဉာဏ်ရည်မြင့်အဂိုရီသမ် တို့၏ ပိုမိုတောက်ပသည့် စခရင်အရောင်ဖြင့် အပြင်တွင်အသုံးပြုရာတွင် မြင်နိုင်စေရန် ထောက်ပံ့ပေးထားပါသည်။ အရည်အသွေးမြင့် AI ကင်မရာလုပ်ဆောင်ချက်သည် အတွေ့အကြုံတိုင်းကို ကောင်းမွန်စေသည့်အပြင် မတူသည့်ရှုထောင့်များနှင့် မတူသည့်အလင်းအခြေအနေများတွင် ဆရာကျကျရိုက်ချက်များကို ပေးစွမ်းနိုင်ပါသည်။ ထို့အပြင် ၎င်းသည် S Pen ပါပြီးသား Galaxy S စီးရီးမော်ဒယ်များတွင် ပထမဆုံးဖြစ်သည်။

အောက်ဖော်ပြပါ အကြံပြုချက်များအတိုင်း မလုပ်ဆောင်မီ သင့်ကိရိယာ၏ ဆော့ဖ်ဝဲလ်နှင့် သက်ဆိုင်ရာ အက်ပလီကေးရှင်းများအား နောက်ဆုံးဗားရှင်းသို့ အဆင့်မြှင့်ထားကြောင်း သေချာစွာလုပ်ဆောင်ပါ။ သင့်မိုဘိုင်းဖုန်းဆော့ဖ်ဝဲလ်အားအပ်ဒိတ်လုပ်ရန် အောက်ပါအချက်များအတိုင်းလုပ်ဆောင်ပါ။

အဆင့် ၁။ Settings > Software update သို့သွားပါ။

အဆင့် ၂။ Download and install ကိုနှိပျပါ။

အဆင့် ၃။ ပေါ်လာသည့်လမ်းညွှန်ချက်များအတိုင်း လုပ်ဆောင်ပါ။

Samsung Galaxy S22 စီးရီးများ၏ လုပ်ဆောင်ချက်များအားကြည့်ရှုခြင်း။

Galaxy S22 Galaxy S22

Galaxy S22

Galaxy S22 plus Galaxy S22 plus

Galaxy S22+

Galaxy S22 Ultra Galaxy S22 Ultra

Galaxy S22 Ultra

Galaxy S22

Galaxy S22+

Galaxy S22 Ultra

ရုပါပုံအရည်အသွေး

6.1” FHD+ Flat

(2340 x 1080)

6.6” FHD+ Flat

(2340 x 1080)

6.8” Quad HD+ Edge

(3088 x 1440)

Dimension

70.6 x 146 x 7.6

75.8 x 157.4 x 7.6

77.9 x 163.3 x 8.9

သိုလှောင်မှုပမာဏ

128/256GB

128/256GB

128/256/512GB

RAM

8GB

8GB

8/12GB

အရှေ့ကင်မရာ

10MP

10MP

40MP

အနောက်ကင်မရာ (Wide/Tele/Ultra Wide)

50MP/10MP/12MP

50MP/10MP/12MP

108MP/10MP+10MP/12MP

Battery ပမာဏ

3,700mAh(Typical)

4,500mAh(Typical)

5,000mAh(Typical)

ကြိုးဖြင့်အားသွင်းခြင်းပါဝါ

25W

45W

45W

ကြိုးမဲ့အားသွင်းခြင်း ပါဝါ

15W

15W

15W

ချိတ်ဆက်မှု

Wi-Fi 6

UWB, Wi-Fi 6E

UWB, Wi-Fi 6E

S Pen အထောက်အပံ့

X

X

O (Built-in)

အကောင်းဆုံး ဗီဒီယိုနှင့်ကင်မရာအတွေ့အကြုံ

Galaxy S22 စီးရီးများသည် မှန်ဘီလူးများစွာဖြင့် ပိုကောင်းသည့်ပုံရိပ်ကိုထောက်ပံ့ပေးနိုင်သည့် ပရိုအဆင့် ကင်မရာလုပ်ဆောင်ချက်ကိုလည်း မြှင့်တင်ပေးထားပါသည်။ Galaxy S22 Ultra တွင် အဆ ၁၀၀ အထိ Space Zoom ချဲ့နိုင်သည့် Dual Tele Zoom စနစ် ကို ၃ဆအထိနှင့် Optical Zoom ကို ၁၀ ဆ ၊ AI-enhanced Super Resolution Zooming ကို အဆ ၁၀၀ အထိ ပါဝင်ပါသည်။

မည်သည့်အလင်းရောင်အောက်တွင်မဆို အဆင့်မြှင့်တင်ထားသည့် Super Clear Glass ၊ ပိုကြီးသည့် Pixel ဆင်ဆာများ ၊ Auto Framerate ၊ Super Night Solution ၊ Adaptive Pixel နှင့် အသေးစိတ်မြှင့်တင်မှုများဖြင့် ပိုမိုပြတ်သားသည့် ရုပ်ပုံနှင့် ဗီဒီယိုများကိုရိုက်ကူးနိုင်ပြီဖြစ်သည်။

အံ့ဩစရာ ညဘက်ပုံရိပ်များကိုဖမ်းယူလိုက်ပါ။

Galaxy S22 စီးရီးများသည် ပိုမိုမြှင့်တင်ထားသည့် အသံနိမ့်လုပ်ဆောင်ချက်ဖြင့် အလင်းများကိုပိုမိုစုပ်ယူနိုင်စေပြီး ပိုမိုတောက်ပပြီးအသေးစိတ်ကျသည့် ညဓာတ်ပုံနှင့်ဗီဒီယိုများအတွက် ပိုကြီးသည့် Pixel နှင့် Pixel Binning နည်းပညာကိုအသုံးပြုထားပါသည်။

Galaxy S22 Ultra ၏ 108MP ရုပ်ပုံအရည်အသွေးမြင့် ကင်မရာတွင် အကြီးဆုံး pixel ဆင်ဆာ ပါရှိပါသည်။ ၎င်းသည် အလင်းရောင်​မှေးမှိန်ခြင်းကို သိရှိနိုင်ပြီး ၎င်း၏ မီဂါပစ်ဇယ် များကို အတူတူတွဲပေးပါသည်။ အရွယ်အစားတိုးပွားစေရန် pixel အတုံး ၉ ခုကို ဖန်တီးပြီး ၎င်းကြောင့် အလင်းများစွာဖြင့် 2.4μm pixels အထိ ရရှိစေနိုင်ပါသည်။ အသံနိမ့် လုပ်ဆောင်ချက်သည် အစက်အပြောက်များမဖြစ်စေဘဲ အမှောင်ထဲတွင် ပိုမိုကြည်လင်အသေးစိတ်ကျသည့် ပုံများကို ဖမ်းယူနိုင်ရန် ကူညီပေးပါသည်။

  • ညဘက်ဗီဒီယိုများရိုက်ကူးခြင်း: အလင်းအခြေအနေအလိုက် အလိုအလျောက် framerate နှင့် shutter အမြန်နှုန်းချိန်ဆမှုများသည် ညအချိန်တွင် ပိုမိုတောက်ပပြီး အသေးစိတ်ပုံရိပ်များကို ပေးစွမ်းနိုင်ပါသည်။
  • ညဘက်ဓာတ်ပုံများရိုက်ကူးခြင်း: ပြန်လည်ဒီဇိုင်းဆွဲထားသည့် AI ISP သည် ဓာတ်ပုံများကို ပိုမိုကောင်းမွန်စေပြီး ဆူညံသံလျှော့ချပေးပြီး shutter တခုတည်းဖြင်း အပိုင်းလိုက်လှုပ်ရမ်းနိုင်ပါသည်။ 
  • ညဘက် portrait များရိုက်ကူးခြင်း: အဆင့်မြှင့်ထားသည့် ညဘက်အဖြေရှာမှုလုပ်ဆောင်ချက်သည် ဆယ်လ်ဖီ ၊ 1x နှင့် 3x အနီးအဝေးမှန်ဘီလူး တို့တွင်ပါဝင်ပြီး ပိုမိုတောက်ပပြတ်သားသည့် ဓာတ်ပုံများကို ရှုထောင့်အမျိုးမျိုးမှ ရိုက်ကူးနိုင်စေပါသည်။
Galaxy S22 စီးရီးမှ ညဓာတ်ပုံများ ရိုက်ကူးနေပုံ

ပိုမိုကြည်လင်သည့် ဖန်နှင့် မှန်ဘီလူး

နောက်ကင်မရာရှိ ပိုမိုကြည်လင်သည့်မှန်ဘီလူးများသည် မှန်ဘီလူးရောင်ပြန်ခြင်းကို နှိမ့်ချပေးပြီး အမြန်လုပ်ဆောင်သည့် AI သည် လက်ငင်းနီးပါးဉာဏ်ရည်လုပ်ဆောင်ချက်ကို ပေးစွမ်းပါသည်။ ၎င်းသည် အမှောင်ထဲတွင်ပင်လျင် ရောင်ပြန်သို့မဟုတ် အလင်းပြန်မှုမရှိဘဲ ပိုမိုပြတ်သားသည့် ရိုက်ကူးမှုကို ရရှိစေရန် အကူအညီပေးပါသည်။

မှတ်ချက် - ပိုမိုကြည်လင်သည့် မှန်ဘီလူးကို Galaxy S22 Ultra ၏ ဘေးကင်မရာတွင်သာ တပ်ဆင်ထားပါသည်။

Super HDR

Super HDR သည် အရောင်ကို ၆၄ဆ အထိ ပြသပေးသောကြေင့် ရိုက်ကူးမှုတိုင်းတွင် ချောမွေ့သည့် ဗီဒီယိုများရရှိလာသည်ကို သတိထားမိမည်ဖြစ်သည်။

Super HDR သည် Algorithm Optimization ဖြင့် အလင်းနှင့်အမှောင်ကွက်များရှိ အလင်းအမှောင်နှုန်းကို အကောင်းဆုံးလုပ်ဆောင်ပေးခြင်းဖြင့် ပိုမိုလက်တွေ့ဆန်သည့် ရလဒ်ကို ထောက်ပံ့ပေးပါသည်။ ယခုလုပ်ဆောင်ချက်သည် ရွှေ့လျား၀ထ္ထုများ နှင့် ဆူညံမှုပုံစံများကို ဆန်းစစ်ပေးသောကြောင့် သင့်အနေဖြင့် ပိုမိုရှင်းလင်းသည့် ဗီဒီယိုများကို ဖန်တီးနိုင်ပြီး မည်သည့်အလင်းရောက်အောက်တွင်မဆို ပိုမိုမြင်သာစေနိုင်ပါသည်။

Adaptive Pixel Sensor အသစ်

Galaxy S22 စီးရီးကင်မရာများသည် Adaptive Pixel နည်းပညာပံ့ပိုးပေးထားသောကြောင့် သင်စိတ်ကူး၍တောင်မရနိုင်သည့် ရှင်းလင်းမှုနှင့် အတိမ်အနက်ကို အထူးသဖြင့် ဓာတ်ပုံအရည်အသွေးများတွင် ကြုံတွေ့နိုင်ပါသည်။

ယခုဉာဏ်ရည်မြင့် ကင်မရာသည် သင့်ပတ်ဝန်းကျင်ရှိ အလင်းကို သိရှိပေးပါသည်။ အလင်းမငြိမ်ပါက အသစ်ပါဝင်လာသည့် Adaptive Pixel Sensor မှ ချိန်ညှိပေးပြီး 108MP အရည်အသွေးမြင့်မုဒ် မှ 12MP High sensitivity မုဒ် သို့ပြောင်းလဲပေးခြင်း သို့မဟုတ် ၂ မျိုးစလုံးဖြင့် တိုက်ရိုက်ရိုက်ကူးခြင်း ၊ ဖရိမ်များကို ပေါင်းစည်းပြီး ပိုမိုအသေးစိတ်ကျပြီး တောက်ပသည့်ဓာတ်ပုံကို ဖန်တီးပေးပါသည်။

108MP (Galaxy S22 Ultra) ၊ 50MP (Galaxy S22+/S22)နှင့် AI တို့သည် သင့်ဓာတ်ပုံကျွမ်းကျင်မှုကို တိုးတက်စပါလိမ့်မည်။ ၎င်းသည် အတွင်းကျကျသင်ယူခြင်း ကို ရရှိစေပြီး သင့်ဓာတ်ပုံကို မယုံနိုင်စရာအသေးစိတ်များဖြင့် ပိုမိုတိုးတက်စေပါသည်။

Galaxy S22 ultra ကင်မရာ tap resolution မီနူး Galaxy S22 ultra ကင်မရာ tap resolution မီနူး

အဆင့် ၁။ ကင်မရာ အက်ပ်ကိုဖွင့်ပါ။

Galaxy S22 Ultra ကင်မရာမှ 108mp ပုံရိပ်အရည်အသွေးရွေးချယ်ခြင်း Galaxy S22 Ultra ကင်မရာမှ 108mp ပုံရိပ်အရည်အသွေးရွေးချယ်ခြင်း

အဆင့် ၂။ အပေါ်မီနူးဘားမှ ရိုက်ကူးမှုရွေးချယ်စရာများတွင် Galaxy S22 Ultra မှ [3:4 (108MP)] သို့မဟုတ် Galaxy S22+/S22 မှ [3:4 (50MP)] ကိုရွေးချယ်ခြင်း။

Galaxy S22 ultra ကင်မရာမှ Detail Enhancer အတွက် tap dot ပုံ Galaxy S22 ultra ကင်မရာမှ Detail Enhancer အတွက် tap dot ပုံ

အဆင့် ၃။ သင်သည် စခရင်ညာဘက်အောက်ထောင့်မှ အစက် ကိုနှိပ်ပြီး Detail Enhancer ကိုဖွင့်သည့်အခါတွင် ပိုမိုကောင်းမွန်သည့် ပုံများကို ရိုက်ကူးခြင်းဖြစ်ပါသည်။

Galaxy S22 ultra ကင်မရာ detail enhancer မုဒ် ဖွင့်ခြင်း Galaxy S22 ultra ကင်မရာ detail enhancer မုဒ် ဖွင့်ခြင်း

အဆင့် ၄။ Detail Enhancer လုပ်ဆောင်ချက် ဖွင့်ပြီး

မှတ်ချက် -

  • မော်ဒယ်အလိုက် ရုပ်ပုံအရည်အသွေး ကွဲပြားနိုင်ပါသည်။

ပိုမိုတောက်ပသည့် AMOLED 2x Display

Galaxy S22 Ultra တွင် ၆.၈ လက်မ Edge Quad HD+ Dynamic AMOLED 2x display နှင့် Vision Booster ပါရှိပါသည်။ ၎င်းသည် ကျွန်တော်တို့၏ 16% ပိုမိုလင်းပြီး 3,000,000:1 အလင်းအမှောင်အချိုးဖြင့် အံ့အားသင့်ဖွယ် display အတွေ့အကြုံဖြစ်ပါသည်။ ထို့အပြင် 120Hz ချိန်ညှိနိုင်သည့် ပြန်လည်လတ်ဆတ်နှုတ်းသည် အသုံးပြုရာတွင် ချောမွေ့စေခြင်းနှင့် စခရင်တွင်ပေါ်နေသည်ကို အကောင်းဆုံးမြင်ကွင်းအဖြစ် ချိန်ညှိပေးပါသည်။

Galaxy S22 စီးရီး တောက်ပသည့်  amoled 2x display

မှတ်ချက် - Galaxy စီးရီး၏ တောက်ပသည့် amoled 2x display သည် VDE Germany မှ ရာနှုန်းပြည့် မိုဘိုင်းအရောင်နှုန်းထားကို DCI P3 အရောင်အတိုင်းအတာအတွင်း အသိအမှတ်ပြုမှု ရရှိထားပြီးဖြစ်သည်။

Vision Booster

Vision Booster ဆိုသည်မှာ ပြငပမှလာသည့် ပြင်းထန်သည့်ရောင်ခြည်များကို ဆန့်ကျင်၍ ပိုကောင်းသည့် မြင်ကွင်းအတွက် အသံကိုက်ညီမှုကိုထောက်ပံ့ပေးသည့် နည်းပညာဖြစ်ပါသည်။

Vision Booster ၏ algorithm သည် ပစ်ဇယ်တခုချင်းစီ၏တန်ဖိုးကို စစ်ဆေးပြီး စခရင်တွင်ပေါ်လာသမျှတိုင်း၏ နောက်ခံဒေတာကိုဆန်းစစ်ပေးပါသည်။ ထို့နောက် စခရင်ချိန်ညှိရန် tone mapping လုပ်ဆောင်ပြီး ပိုမှောင်သည့်နေရာများကို ပိုလင်းပြီး အရောင်စိုအောင်နှင့် ပိုပြတ်သားသည့် ဓာတ်ပုံများအတွက် နေရောင်အောက်တွင်ပင်လျှင် အရောင်ချိန်ညှိမှုကို အဆုံးထိ မြှင့်တင်ပေးထားပါသည်။

Galaxy S22 စီးရီး vision booster

Samsung Support ဖြင့် ‘ Samsung Galaxy S22 စီးရီးများမှ ပိုတောက်ပချောမွေ့သည့် အဆင့်မြင့် စခရင်နှင့် တွေ့ဆုံလိုက်ပါ။ ‘ တွင် Galaxy S22 စီးရီးများ၏ အဆင့်မြှင့်တင်ထားသော စခရင်လုပ်ဆောင်ချက်များအကြောင်း ပိုမိုလေ့လာလိုက်ပါ။

မှတ်ချက် - Vision Booster လုပ်ဆောင်ချက်သည် ဖုန်းမှ အလိုအလျောက် ရွေးချယ်ပေးသည့် ရွေးချယ်မှုဖြစ်ပါသည်။

အလွန်မြန်မြန်အားသွင်းခြင်းဖြင့် ပိုမိုတာရှည်ခံသည့် ဘက်ထရီ

Galaxy S22 စီးရီး၏ အဆင့်မြှင့်ထားသည့် ဘက်ထရီသည် ပါဝါစားသုံးမှုအနည်းဆုံးဖြစ်အောင် ဒီဇိုင်းထုတ်ထားသောကြောင့် ပိုမိုကြာရှည်အသုံးခံပါသည်။

ထို့အပြင် Galaxy S22+/S22 Ultra တို့တွင် Super Fast 45W Power အားသွင်းခေါင်းလည်းရရှိနိုင်ပြီဖြစ်ပါသည်။ Galaxy S22+/S22 Ultra တို့တွင် ၁၀ မိနစ်ခန့်အားသွင်းရုံဖြင့် ဗီဒီယိုရိုက်ကူးမှုအချိန် မိနစ် ၅၀ ၊ ဗီဒီယိုခေါ်ဆိုမှုအချိန် ၇၀ မိနစ် နှင့် သင့်စိတ်ကြိုက် ဗီဒီယိုများကို ၃ နာရီနှင့် ၄၀ မိနစ်အထိ ကြည့်ရှုနိုင်ပါသည်။

သင်သည် Galaxy S22 စီးရီးများကို ဖုန်း သို့မဟုတ် စခရင်ပိတ်ထားချိန်တွင် အမြန်အားသွင်းခြင်း / အလွန်မြန်မြန်အားသွင်းခြင်း လုပ်ဆောင်ချက်ဖြင့် ပိုမိုမြန်ဆန်အောင် အားသွင်းနိုင်ပါသည်။

Samsung Support ဖြင့် Galaxy S22 စီးရီးများ၏ ဘက်ထရီအားသွင်းခြင်းနှင့်ပတ်သက်၍ Samsung Galaxy S22 စီးရီးများကို ကြိုးသို့မဟုတ် ကြိုးမဲ့ဖြင့် ဘယ်လိုအမြန်အားသွင်းမလဲ တွင် ပိုမိုလေ့လာနိုင်ပါသည်။

မှတ်ချက် -

  • ဘက်ထရီအသုံးပြုချိန်နှင့် ကြာချိန်တို့သည် အသုံးပြုသူအခြေအနေ၊ အတွေ့အကြုံနှင့် သတ်မှတ်ချက်များ ၊ ဖုန်းအ​ေုခအနေပေါ်တွင် မူတည်ကွဲပြားနိုင်ပါသည်။
  • 45W အားသွင်းခေါင်းနှင့် ကြိုးများကို သီးခြားစီရောင်းချပေးပါသည်။ အလွန်မြန်မြန်အားသွင်းခြင်းလုပ်ဆောင်ချက်အတွက် Samsung မှ မူလ 45W အားသွင်းခေါင်းနှင့် Type-C မှ Type-C 5A ကြိုးတို့ကိုအသုံးပြုရန် အကြံပြုပါသည်။

Galaxy S22 Ultra မှ S Pen

Galaxy S22 Ultra သည် S Pen ပါပြီးသား Galaxy S စီးရီးမော်ဒယ်များတွင် ပထမဆုံးဖြစ်သည်။

Galaxy Note20 နှင့် S21 Ultra ယှဉ်ကြည့်ပါက Galaxy S22 Ultra ၏ S Pen သည် သုံးဆ ပိုမိုတုံ့ပြန်နိုင်ပြီး ဟာ့ဒ်ဝဲတိုးတက်မှုများလုပ်ထားရုံတင်မကဘဲ AI ကိုလည်းတိုးတက်မှုများလုပ်ထားပါသည်။

Samsung Galaxy S22 Ultra ဖြင့် S Pen အသုံးပြုနည်းနှင့် ကိုက်ညီမှုစစ်ဆေးခြင်း တွင် Galaxy S22 Ultra ၏ S Pen အသုံးပြုနည်းအကြောင်း ပိုမိုလေ့လာလိုက်ပါ။

S pen ပါဝင်သည့် Galaxy S22 ultra

မှတ်ချက် - ဖုန်း စခရင်ရှော့များနှင့် မီနူးများသည် ဖုန်းမော်ဒယ်နှင့်ဆော့ဖ်ဝဲလ်ဗားရှင်းပေါ်မူတည်၍ ကွဲပြားနိုင်ပါသည်။

Samsung Members အက်ပ်ကို ဘယ်လိုသုံးရမလဲ။

Samsung မိုဘိုင်းလ်ဖုန်းများ၊ တက်ဘလက်များနှင့် ဝတ်ဆင်နိုင်သော ပစ္စည်းများတွင် အခက်အခဲများကြုံရပါက Samsung Members အက်ပ်တွင် ကျွန်ုပ်တို့ထံ မေးမြန်းနိုင်ပါသည်။ Error များကိုတိုင်ကြားခြင်းနှင့်ပတ်သက်ပြီး ပိုမိုရှာဖွေလိုက်ပါ။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ