အသေးစားတုန်ခါမှုများမှ ဘယ်လိုကာကွယ်ရမလဲ။

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 13.01.2022

ယေဘုယျအားဖြင့် အသေးစားတုန်ခါမှုများသည် မြေကြီးတိုင်မပါသည့်အားသွင်းတုံးကိုအသုံးပြုနေစဉ်တွင် ဖြစ်တတ်ပါသည်။ အဆိုပါဖြစ်ရပ်များသည် ဆောက်လုပ်စဉ်ကမြေကြီးတိုင်မပါသည့် အဆောက်အဦးဟောင်းများတွင် ဖြစ်နိုင်ပါသည်။ အသေးစားတုန်ခါမှုများသည် အန္တရာယ်မရှိနိုင်သော်လည်း သင့်အနေဖြင့် အဆင်မပြေပါက မြေကြီးတိုင်ပါသည့်အားသွင်းတုံးကိုသုံးရန် အကြံပြုပါသည်။ 

အောက်ဖော်ပြပါ အကြံပြုချက်များအတိုင်း မလုပ်ဆောင်မီ သင့်ကိရိယာ၏ ဆော့ဖ်ဝဲလ်နှင့် သက်ဆိုင်ရာ အက်ပလီကေးရှင်းများအား နောက်ဆုံးဗားရှင်းသို့ အဆင့်မြှင့်ထားကြောင်း သေချာစွာလုပ်ဆောင်ပါ။ သင့်မိုဘိုင်းဖုန်းဆော့ဖ်ဝဲလ်အားအပ်ဒိတ်လုပ်ရန် အောက်ပါအချက်များအတိုင်းလုပ်ဆောင်ပါ။

အဆင့် ၁။ Settings Software update သို့သွားပါ။

အဆင့် ၂။ Download and install ကိုနှိပျပါ။

အဆင့် ၃။ ပေါ်လာသည့်လမ်းညွှန်ချက်များအတိုင်း လုပ်ဆောင်ပါ။

သင်သုံးနေသည့် AC အားသွင်းခေါင်းကိုစစ်ဆေးပါ။

မြေကြီးတိုင်သည် အသုံးပြုသူ၏ လုံခြုံရေးကိုသေချာစေရန်အတွက် လျှပ်စီးကြောင်းကို ဦးတည်ရာပြောင်းသည့် လုံခြံုရေးသတ်မှတ်ချက်များကို ကိုယ်စားပြုပါသည်။ အောက်ပါပုံတွင်မြင်ရသည့်အတိုင်း မြေကြီးတိုင်ပါသည့်အားသွင်းတုံးတွင် ပလပ်ပေါက်၏အပေါ်နှင့်အောက်တွင် မြေကြီးပင် ပါနေပါလိမ့်မည်။ သင့်အနေဖြင့် မြေကြီးတိုင်မပါသည့် ပလပ်ပေါက်ကိုအသုံးပြုနေပါက ပတ်ဝန်းကျင်အနေအထားအလိုက် အသေးစားတုန်ခါမှုများကြံုတွေ့ရနိုင်ပါသည်။

မြေကြီးတိုင်မပါသည့် ပလပ်ပေါက် မြေကြီးတိုင်မပါသည့် ပလပ်ပေါက်

မြေကြီးတိုင်မပါသည့် ပလပ်ပေါက်

မြေကြီးတိုင်ပါသည့် ပလပ်ပေါက် မြေကြီးတိုင်ပါသည့် ပလပ်ပေါက်

မြေကြီးတိုင်ပါသည့် ပလပ်ပေါက်

မြေကြီးတိုင်ပါသည့်အားသွင်းတုံးကို အသုံးပြုကြည့်ပါ

မြေကြီးတိုင်ပါသည့်အားသွင်းတုံးကိုအသုံးပြုခြင်းဖြင့် အသေးစားတုန်ခါမှုများကို အလွယ်တကူတားဆီးနိုင်ပါသည်။ အောက်ပါပုံတွင်မြင်ရသည့်အတိုင်း မြေကြီးတိုင်ပါသည့်အားသွင်းတုံးနှင့် မပါသည့်အားသွင်းတုံးတို့သည် ခြားနားနေပါသည်။ သင်သုံးနေသည့်အားသွင်းကြိုးအမျိုးအစားကိုစစ်ဆေး၍ လိုအပ်ပါက မြေကြီးတိုင်ပါသည့် အားသွင်းတုံးကိုအသုံးပြုကြည့်ပါ။ အနီးဆုံးဝန်ဆောင်မှုစင်တာတွင် မြေကြီးတိုင်ပါသည့်အားသွင်းတုံးကို ၀ယ်နိုင်ပါသည်။

၂ ချောင်းပါ မြေကြီးတိုင်မပါသည့်အားသွင်းတုံး ၂ ချောင်းပါ မြေကြီးတိုင်မပါသည့်အားသွင်းတုံး

၂ ချောင်းပါ မြေကြီးတိုင်မပါသည့်အားသွင်းတုံး

၃ ချောင်းပါ မြေကြီးတိုင်ပါသည့်အားသွင်းတုံး ၃ ချောင်းပါ မြေကြီးတိုင်ပါသည့်အားသွင်းတုံး

၃ ချောင်းပါ မြေကြီးတိုင်ပါသည့်အားသွင်းတုံး

မှတ်ချက်။

  • သုံးစွဲသူနှင့်ထုတ်ကုန်လုံခြုံရေးအရ သတ္တုပစ္စည်းများကို အောက်စီဂျင်အရည်သုတ်၍ ထုတ်ထားပါသည်။ အောက်စီဂျင်အရည်သုတ်ထားသည့် ထုတ်ကုန်များတွင် အထူးသဖြင့်အားသွင်းနေစဉ်တွင် လျှပ်စစ်စီးနေသကဲ့သို့ အသေးစားတုန်ခါမှုမျိုးခံစားရနိုင်ပါသည်။ ၄င်းသည် ချို့ယွင်းချက်မဟုတ်ဘဲ သတ္တုပစ္စည်းများသုံးထားရသည့် ထုတ်ကုန်များတွင် ဖြစ်လေ့ရှိသည့်ဖြစ်ရပ်မျိုးဖြစ်ပါသည်။
  • ဖုန်း စခရင်ရှော့များနှင့် မီနူးများသည် ဖုန်းမော်ဒယ်နှင့်ဆော့ဖ်ဝဲလ်ဗားရှင်းပေါ်မူတည်၍ ကွဲပြားနိုင်ပါသည်။

Samsung Members အက်ပ်ကို ဘယ်လိုသုံးရမလဲ။

Samsung မိုဘိုင်းလ်ဖုန်းများ၊ တက်ဘလက်များနှင့် ဝတ်ဆင်နိုင်သော ပစ္စည်းများတွင် အခက်အခဲများကြုံရပါက Samsung Members အက်ပ်တွင် ကျွန်ုပ်တို့ထံ မေးမြန်းနိုင်ပါသည်။ Error များကိုတိုင်ကြားခြင်းနှင့်ပတ်သက်ပြီး ပိုမိုရှာဖွေလိုက်ပါ။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ