ကျွန်ုပ်၏ Galaxy စက်ကိရိယာတွင်navigation bar ကို မည်သို့မြင်နိုင်မည်နည်း။

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 10.08.2022

Navigation bar သည် သင့် home screen သို့မဟုတ် recent tabs ကို လျင်မြန်ပြီး လွယ်ကူစွာဖြင့် ဝင်ရောက်ကြည့်ရှုနိုင်စေသည့် သင်၏ Galaxy စက်ပစ္စည်းပေါ်ရှိ ကိရိယာတစ်ခုဖြစ်သည်။ အခါအားလျော်စွာ navigation bar ကို မမြင်ရဘဲ ဝှက်ထားသလို ဖြစ်နေနိုင်ပါသည်။ ၎င်းကို သင့်စခရင်မြင်ကွင်းပေါ်တွင် မည်သို့မြင်ရမည်နည်းကို ပိုမိုသိရှိလိုပါက အောက်တွင်ဖတ်ရှုပါ။ 

Galaxy စက်ကိရိယာပေါ်တွင် မြင်ရသည့် navigation bar ၏ မြင်ကွင်းပုံစံ

သင့် Galaxy စက်ကိရိယာတွင် shortcut သုံးခုပါသည့် ဘားလိုင်းတစ်ခုရှိသည်။ ၎င်းကို navigation bar ဟုခေါ်သည်။ ၎င်းမှတဆင့် သင်သည် မတူညီသောခလုတ်သုံးခုကိုနှိပ်ခြင်းဖြင့် ရွေးချယ်စရာသုံးခုကို သင်ဝင်ရောက်ကြည့်နိုင်သည်-

  • Recent button(မကြာသေးမှီက သုံးထားသည်များကို ကြည့်ရန် ခလုတ်)
  • Home screen button(မူလမျက်နှာပြင်ကို သွားရန် ခလုတ်)
  • Back button(နောက်သို့ ပြန်သွားရန် ခလုတ်)

သို့သော် သင့်စခရင်ပေါ်ရှိ ပွတ်ဆွဲသည့်အမူအရာဖြင့် ခလုတ်များကို အစားထိုးသည့် ပွတ်ဆွဲခြင်းအမူအရာရွေးချယ်မှုကို ရွေးချယ်ထားသောကြောင့် navigation bar ကို ဝှက်ထားရန် ယခင်က ရွေးချယ်ဆုံးဖြတ်ထားသလို ဖြစ်နေပေလိမ့်မည်။

မျက်နှာပြင်ပေါ်တွင် သင်၏ navigation bar ကို ပြန်မြင်လိုပါက အောက်ပါအဆင့်များကို လိုက်နာပါ-

1 “Settings” မီနူးကိုဖွင့်ပြီး “Display” ကိုနှိပ်ပါ။
2 “Navigation bar” ရွေးချယ်မှု အထိဆင်းပြီး ၎င်းကိုနှိပ်ပါ။
3 “Buttons” နှင့် “Swipe gestures” တို့ကို ရွေးချယ်နိုင်ပါသည်။ သင့်စခရင်ပေါ်ရှိ navigation bar ကိုမြင်လိုပါက “Buttons” ကိုရွေးချယ်ပါ။

ပြောင်းနိုင်ပါသည်။ သင့် navigation bar ခလုတ်များ၏ စီထားပုံကို ပြောင်းလဲလိုပါက အောက်ပါအဆင့်များကို လိုက်နာပါ -

1 “Navigation bar” မီးနူးသို့ ဝင်ရောက်ရန် အထက်ပါအဆင့်များကို ပြန်လုပ်ပါ။
2 “Buttons” ရွေးထားပြီး မျက်နှာပြင်အောက်ခြေနားသို့ ဆင်းပါ။ “Button order” မီနူးတွင် သင်ထားလိုသော navigation bar အမျိုးအစားကို ရွေးချယ်ပါ။

မတူညီသော ပုံစံနှစ်ခုကြားတွင် သင်ရွေးချယ်နိုင်သည်-

  • လတ်တလောခလုတ် – ပင်မစခရင်ခလုတ် – နောက်သို့ခလုတ်.
  • နောက်သို့ခလုတ် – ပင်မစခရင်ခလုတ် – လတ်တလောခလုတ်. 

အချို့သောအက်ပ်များ သို့မဟုတ် လုပ်ဆောင်ချက်များကို အသုံးပြုနေစဉ် navigation bar သည် ပျောက်သွားနိုင်သည်။

navigation bar ကို ကိုကြည့်ရန် သင့်စခရင်၏အောက်ခြေနားမှ လွယ်ကူစွာပင် အပေါ်သို့ပွတ်ဆွဲပါ။

navigation bar ကို ကိုကြည့်ရန် အပေါ်သို့ပွတ်ဆွဲသည့် အမူအရာပုံစံဖြင့် သင့်စခရင်၏ မြင်ကွင်းပုံစံ

ကျေးဇူးပြု၍ သတိပြုပါ - ဗီဒီယိုကို အလျားလိုက်ကြည့်ရှုရန် သင့် Galaxy စက်ကိရိယာကို လှည့်ပါက သင့်စခရင်ပေါ်တွင် ဘယ်ဘက် ပွတ်ဆွဲခြင်း သို့မဟုတ် ညာဘက်သို့ ပွတ်ဆွဲခြင်း ဖြင့် လမ်းညွှန်ဘားကို ပြသပေးပါလိမ့်မည်။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ