ဗီဒီယို‌ဖရိမ်တစ်ခုမှ ဓါတ်ပုံရိုက်ယူနည်း

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 29.05.2023

သင့် Galaxy ဖုန်းဖြင့် ဗီဒီယိုဖရိမ်မှ ဓါတ်ပုံတစ်ပုံကို လွယ်ကူလျင်မြန်စွာရိုက်ယူနိုင်ပြီဖြစ်သောကြောင့် သင်သည် အခိုက်အတန့်တစ်ခုကိုမျှ လက်မလွှတ်ရတော့ပါ။

ဗီဒီယိုများနှင့် တည်းဖြတ်ခြင်း အိုင်ကွန်များပါဝင်သည့် Galaxy ဖုန်းများ၏ပုံ။

သင့် Galaxy ဖုန်းဖြင့် ဗီဒီယိုမှ ဓါတ်ပုံတစ်ပုံကို ရိုက်ယူရန် ဤအဆင့်များကို ဆောင်ရွက်ပါ: 

ဟုမ်းစခရင်ပေါ်ရှိ Gallery အိုင်ကွန် ပုံ။ ဟုမ်းစခရင်ပေါ်ရှိ Gallery အိုင်ကွန် ပုံ။

အဆင့် ၁။ Gallery အက်ပ်ကို ဖွင့်ပါ။

ဗီဒီယိုကို ရွေးချယ်ထားသည့် gallery ပုံ။ ဗီဒီယိုကို ရွေးချယ်ထားသည့် gallery ပုံ။

အဆင့် ၂။ ဗီဒီယိုတစ်ခုကို ရွေးရန် နှိပ်ပါ။

ဖရိမ်မြင်ကွင်းဖြင့် ဗီဒီယို ပုံ။ ဖရိမ်မြင်ကွင်းဖြင့် ဗီဒီယို ပုံ။

အဆင့် ၃။သင် ရိုက်ယူလိုသော ဓါတ်ပုံကိုရှာဖွေရန် ဗီဒီယိုဖရိမ်တလျှောက် ဆွဲကြည့်ပါ။

ဖရိမ်ရိုက်ယူခြင်း အိုင်ကွန်ကို ဟိုက်လိုက်လုပ်ထားသည့် ဗီဒီယိုပုံ။ ဖရိမ်ရိုက်ယူခြင်း အိုင်ကွန်ကို ဟိုက်လိုက်လုပ်ထားသည့် ဗီဒီယိုပုံ။

အဆင့် ၄။ရိုက်ယူရန် ဖရိမ်တစ်ခုကို ရွေးချယ်ပြီးပါက ရိုက်ယူခြင်း အိုင်ကွန်ကို နှိပ်ပါ။ ထိုပုံကို Gallery ထဲတွင် အလိုအလျောက် သိမ်းထားမည် ဖြစ်ပါသည်။

ရွေးချယ်ထားသည့် ဖရိမ်ရိုက်ယူခြင်း အကြိုကြည့်ခြင်းကို ဟိုက်လိုက်လုပ်ထားသည့် ဗီဒီယို ပုံ။ ရွေးချယ်ထားသည့် ဖရိမ်ရိုက်ယူခြင်း အကြိုကြည့်ခြင်းကို ဟိုက်လိုက်လုပ်ထားသည့် ဗီဒီယို ပုံ။

အဆင့် ၅။ရွေးချယ်ထားသည့်ဖရိမ်ကို အကြိုကြည့်ရန် စခရင်၏ ဘယ်ဘက်အောက်တွင် ပေါ်လာလိမ့်မည်။ ဓါတ်ပုံကိုကြည့်ရန် နှိပ်ပါ။

ဖရိမ်ရိုက်ယူခြင်းများအားလုံးကို ဘယ်လိုကြည့်မလဲ?

ဖရိမ်ရိုက်ယူခြင်းများအားလုံးကို ကြည့်ရန် Gallery ထဲသို့ဝင်ရောက်ပြီး ဤအဆင့်များကို ဆောင်ရွက်ပါ။ 

အယ်လ်ဘမ်များကို ‌ဟိုက်လိုက်လုပ်ထားသည့် gallery ပုံ။ အယ်လ်ဘမ်များကို ‌ဟိုက်လိုက်လုပ်ထားသည့် gallery ပုံ။

အဆင့် ၁။"အယ်လ်ဘမ်များ"ကို နှိပ်ပါ။

အားလုံးကို ကြည့်မည်ကို ဟိုက်လိုက်လုပ်ထားသည့် အယ်လ်ဘမ်များ ပုံ။ အားလုံးကို ကြည့်မည်ကို ဟိုက်လိုက်လုပ်ထားသည့် အယ်လ်ဘမ်များ ပုံ။

အဆင့် ၂။ "အားလုံးကို ကြည့်မည်"ကို နှိပ်ပါ။

ဗီဒီယို ရိုက်ယူခြင်းများပါဝင်သည့် အယ်လ်ဘမ်များအားလုံး ပုံ ဗီဒီယို ရိုက်ယူခြင်းများပါဝင်သည့် အယ်လ်ဘမ်များအားလုံး ပုံ

အဆင့် ၃။ အယ်လ်ဘမ်များအားလုံးကို ပြသပေးလိမ့်မည်ဖြစ်ပြီး ဖရိမ်ရိုက်ယူခြင်းသည် "ဗီဒီယို ရိုက်ယူခြင်းများ" ဖိုလ်ဒါထဲတွင် ရှိလိမ့်မည်။

သင်ရှာနေတာကို မတွေ့ဘူးလား?

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ